တစ္လကို (၄) သိန္းရမယ္၊ စက္ရံုမွာ အလုပ္လုပ္ရမယ္ဆိုလို႔ ယံုၾကည္ၿပီး လိုက္သြားမိတဲ့ က်မရဲ႕ ျဖစ္ရပ္

တစ္လကို (၄) သိန္းရမယ္၊ စက္ရံုမွာ အလုပ္လုပ္ရမယ္ဆိုလို႔ ယံုၾကည္ၿပီး လိုက္သြားမိတဲ့ က်မရဲ႕ ျဖစ္ရပ္

လူကုန္ကူးမႈ အိပ္မက္ဆိုးကို ဆက္မမက္ခ်င္ေတာ့ပါ

ေသြး (စစ္ကိုင္း)။ ။

“ဟိုမွာ… တစ္လမွာ ၄ သိန္းရမယ္၊ စက္ရံုမွာ အလုပ္လုပ္ရမယ္ဆိုလို႔ ယံုယံုၾကည္ၾကည္နဲ႔ လိုက္သြားမိတယ္။ က်မမွာ မ်က္ ေစ့သူငယ္ နားသူငယ္နဲ႔…၊

ေနာက္ဆံုးေတာ့ တရုတ္မယားအေနနဲ႔ ေရာင္းစားလိုက္ၾကတယ္။ ျမန္မာျပည္ကို ျပန္ေရာက္ လာတာပဲ ေက်းဇူးတင္ေနရေသးတယ္”

“နင္… ထြက္မေျပးနဲ႔တဲ့။ တစ္ေန႔တစ္ေန႔ ေလာကငရဲပါပဲ။ က်မကို ယူလိုက္တဲ့ တရုတ္အတြက္ ကေလးတစ္ေယာက္ ေမြး ေပးရတယ္။ ဒါေပမယ့္ အဲဒီလူနဲ႔၊

အဲဒီေနရာမွာ က်မမေပ်ာ္ဘူး။ သူအျပင္ထြက္သြားတဲ့ တေန႔မွာ မရအရ ထြက္ေျပးၿပီး

ျမန္မာျပည္က ရဲတပ္ဖြဲ႔နဲ႔ ဆက္သြယ္ခဲ့တယ္။ ကေလးကို သတိရေပမယ့္ … က်မလြတ္ေျမာက္မွျဖစ္မွာ..”

တရုတ္ႏိုင္ငံမွာ ေရာင္းစားခံခဲ့ရတဲ့ မိန္းကေလးေတြထဲက ႏွစ္ေယာက္ရဲ႕ ရင္ဖြင့္ေျပာျပတာေတြ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ ထဲကေန တရုတ္ႏိုင္ငံထဲကို

လူကုန္ကူးမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ဆက္ျဖစ္ေပၚေနဆဲျဖစ္သလို တဖက္က

လူကုန္ကူးမႈ တိုက္ဖ်က္ေရးအတြက္ လုပ္ေဆာင္ေနေပမယ့္လည္း ေန႔စဥ္နဲ႔အမွ် လူကုန္ကူးမႈေတြ စိုးရိမ္စရာေကာင္းေအာင္ ျဖစ္ေပၚ ေနပါေသးတယ္။

အသက္ ၂၀ ၀န္းက်င္ပဲရွိေသးတဲ့ “သႏၱာၿဖိဳး” ဟာ မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္ထဲက ေက်းရြာတစ္ရြာကပါ။ မိသားစုရဲ႕ စား၀တ္ ေနေရး ၾကပ္တည္းမႈကို

တေထာင့္တေနရာကေန ေျဖရွင္းမယ္လို႔ ဆံုးျဖတ္ခ်က္ခ်ထားသူပါ။ ရန္ကုန္ကို တက္လာၿပီး အလွျပင္သင္တန္းတက္ခဲ့ပါတယ္။

သင္တန္းဆင္းလာၿပီးတဲ့ေနာက္ အလွျပင္ဆိုင္တစ္ဆိုင္မွာ အလုပ္၀င္ခဲ့ပါတယ္။ ဒါေပမယ့္ သူမရတဲ့ လခက တစ္သိန္း ငါး ေသာင္း က်ပ္ပါ။

အေဆာင္လခက တစ္လမွာ ၄ ေသာင္းက်ပ္ေပးရလို႔ ေခြ်တာျပီး စားေသာက္တာေတာင္ နယ္က မိဘေတြဆီ တစ္လမွာ ၂ ေသာင္းက်ပ္ထက္

ပိုၿပီးပို႔မေပးႏိုင္ခဲ့ပါ။ သူမလုပ္ေနတဲ့ အလွျပင္ဆိုင္ကို ပံုမွန္လာတတ္တဲ့

အမ်ိဳးသမီးႀကီးတစ္ေယာက္ရဲ႕ အဆက္အသြယ္ေကာင္းမႈနဲ႔ တရုတ္မယားအျဖစ္ လူကုန္ကူးခံရဖို႔ ျဖစ္လာခဲ့ပါတယ္။

“သူက ဆိုင္ကိုလာရင္… လက္ေကာက္ေတြက တံေတာင္ဆစ္ေလာက္ ၀တ္လာတယ္။ သမီးကို သနားတယ္တဲ့။ တရုတ္က အထည္အလိပ္ခ်ဳပ္တဲ့ စက္ရံုမွာလုပ္ရင္

တစ္လကို ၄ သိန္းေလာက္ ရမယ္လို႔လည္း ေျပာတယ္။ ေနာက္က်မွ သမီး ေရာင္း စားတာ ခံလိုက္ရၿပီလို႔ သိလိုက္ရတာ။ သမီး ေငြမက္လို႔ မဟုတ္ပါဘူး။

မိသားစုအတြက္ ေထာက္ပံ့ေပးခ်င္တဲ့စိတ္နဲ႔ သူ႔ကို ယံုၾကည္မိၿပီး ျဖစ္သြားတာ။

သမီးရဲ႕မွတ္ပံုတင္ကိုလည္း သူေရာင္းစားလိုက္တဲ့ တရုတ္က သိမ္းထားလိုက္တယ္။ ထမင္း ေတာင္ ၀၀မစားရပါဘူး။ သမီးတစ္ခု ကံေကာင္းတာက

ျမန္ျမန္ျပန္လြတ္ေျမာက္လာတာပါ” လို႔ ေျပာျပတယ္။

အလုပ္အကိုင္ အခြင့္အလမ္း နည္းပါးမႈ၊ တစ္ဦးခ်င္း၀င္ေငြနည္းပါးမႈ၊ သဘာ၀ေဘးအႏၱရာယ္က်ေရာက္မႈ စတဲ့အေၾကာင္း ရင္းေတြက မိန္းကေလးေတြကို

လူကုန္ကူးခံရေစဖို႔ တြန္းပို႔ေနတဲ့အခ်က္ေတြ ျဖစ္ေနပါတယ္။ လူပြဲစားေတြအတြက္ေတာ့ ဒီလိုလူကုန္ကူးတဲ့အလုပ္ကေန အျမတ္ေတြ

ၿမိဳးၿမိဳးျမက္ျမက္ရေနတဲ့အတြက္ လူကုန္ကူးမႈက ဆက္လက္ျဖစ္ေပၚေနမွာပါ။

ဒီမိန္းကေလးတေယာက္ ေရာင္းလိုက္ရရင္ သူတို႔ ရတဲ့ပြဲစားခက ျမန္မာေငြနဲ႔ သိန္း(၅၀)ကေန သိန္း (၁၀၀)အထိ ရွိတယ္ လို႔ သိရပါတယ္။

မိန္းကေလးေတြ အသက္ငယ္ရင္ ငယ္သလို ေစ်းေကာင္းရတယ္လို႔လည္း ဆိုပါတယ္။ အသက္ (၁၆) ႏွစ္ေအာက္ မိန္းက ေလးဆိုရင္ ယြမ္တစ္သိန္းႏွစ္ေသာင္း၊

(၁၆)ႏွစ္ေက်ာ္ရင္ ယြမ္တစ္သိန္းကေန တစ္သိန္းႏွစ္ေသာင္း၊ အသက္ (၁၈)ႏွစ္က ေန အသက္(၂၀)၀န္းက်င္ဆိုရင္ ယြမ္(၈)ေသာင္းကေန (၉)ေသာင္းအထိ

ေပါက္ေစ်းရွိပါသတဲ့။ တစ္ယြမ္မွာ ျမန္မာက်ပ္ ေငြ (၂၀၀) ၀န္းက်င္ျဖစ္ပါတယ္။

“လင္းလင္းႏြယ္” က ဧရာ၀တီတိုင္းေဒသႀကီး၊ ဘိုကေလးၿမိဳ႕နယ္ကပါ။ ရန္ကုန္မွာ အလုပ္တစ္ခုလုပ္မယ္ဆိုၿပီး လိႈင္သာ ယာစက္မႈဇုန္က အထည္ခ်ဳပ္စက္ရံုတခုမွာ

အလုပ္၀င္လုပ္ခဲ့တာ(၃)ႏွစ္နီးပါးရွိပါၿပီ။ သူကအလုပ္ကို ခင္တြယ္သူတေယာက္ မို႔

အလုပ္လုပ္ရတာ ပင္ပန္းတယ္လို႔ သေဘာမထားပါဘူး။ ဒါေပမယ့္ လစာက နည္းပါးလြန္းတာေၾကာင့္ စား၀တ္ေနေရး ခက္ခဲလာပါတယ္။

“တကယ္လို႔ ရန္ကုန္မွာပဲ လစာ(၂)သိန္းခြဲေလာက္ ရရင္ကို ညီမ ေကာင္းေကာင္းရပ္တည္ေနႏိုင္ပါတယ္။ အခုက် တရက္ လုပ္အားခ ၃၆၀၀ နဲ႔

ရပ္တည္ဖို႔က မလြယ္ဘူးေလ။ ညီမနဲ႔ ခင္ေနတဲ့ အစ္မႀကီးတေယာက္က နင့္အရည္အခ်င္းမ်ိဳးနဲ႔ဆို တရုတ္က အထည္ခ်ဳပ္စက္ရံုမွာလုပ္ရင္

တစ္လ(၅)သိန္းေလာက္ ရႏိုင္တယ္လို႔ ေျပာတယ္။ သူေျပာေျပာခ်င္း ညီမက ျဖစ္ ႏိုင္ပါ့မလားလို႔ စဥ္းစားမိေသးတယ္။ ဒါေပမယ့္ ဒီမွာက ဆက္လက္ရပ္တည္ေနထိုင္ဖို႔

အဆင္မေျပေတာ့ သူေခၚရာလိုက္ ခဲ့တယ္။ ေနာက္ေတာ့ ေရာင္းစားခံလိုက္ရတာ”

လင္းလင္းႏြယ္ဟာ လူပြဲစားေတြရဲ႕ သားေကာင္ျဖစ္ရသူေတြထဲက မိန္းကေလးတစ္ေယာက္ ျဖစ္ပါတယ္။ ဘုိကေလးနဲ႔ ရန္ ကုန္ကလြဲၿပီး ဘယ္မွ

မေရာက္ဖူးသူမို႔ တရုတ္ျပည္ဆိုတာ “နတ္ဘံုနတ္နန္းလား” လို႔ေတာင္ ထင္မိပါသတဲ့။ အမ်ဳိးသမီးၾကီး တေယာက္က သူမနဲ႔အတူတူ တျခားမိန္းကေလး (၂)ေယာက္ကို

ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕ကို ၂၀၁၆ ႏွစ္ဆန္းပိုင္းမွာ ေခၚ ေဆာင္လာခဲ့တာ ျဖစ္ပါတယ္။

ေနာက္ပိုင္းမွ လင္းလင္းႏြယ္ သိလိုက္ရတာက အဆင့္ဆင့္ေသာ လက္လႊဲမႈေတြနဲ႔အတူ ေရာင္းစားခံလိုက္ရၿပီဆိုတာပါပဲ။ သူမက အသက္

(၂၅)ႏွစ္အရြယ္ပဲ ရွိေသးတာမို႔ ကေလးတစ္ေယာက္ ေမြးေပးၿပီးေနာက္ပိုင္း ဘယ္လို လြတ္ေျမာက္ ေအာင္ လုပ္ရမလဲဆိုတာကို အျမဲစဥ္းစားေနခဲ့ပါတယ္။

သူ႔ရဲ႕မွတ္ပံုတင္ကအစ လက္ကိုင္ဖုန္းအဆံုး အားလံုးသိမ္းဆည္းခံ ထားရတာပါ။ ဒါေပမယ့္ တစ္ရက္မွာေတာ့ အခြင့္အေရးရတုန္း အျပင္ထြက္ခြင့္ရလာပါတယ္။

သူမက ဗမာလူမ်ိဳး အမ်ိဳးသမီးတစ္ေယာက္ကို အနီး၀န္းက်င္မွာ မေတာ္တဆေတြ႔လို႔ ကူညီႏိုင္မလားလို႔ အက်ိဳးအေၾကာင္း ေျပာၿပီး အကူအညီ ေတာင္းခဲ့ပါတယ္။

ကံေကာင္းတာက အဲဒီအမ်ိဳးသမီးက မူဆယ္က လူကုန္ကူးမႈ တိုက္ဖ်က္ေရး ရဲတပ္ ဖြဲ႔ဆီ ဖုန္းဆက္ေပးၿပီး ကူညီခဲ့ပါတယ္။

“ျပန္ေတြးၾကည့္ရင္ အိပ္မက္ဆိုးတစ္ခုပါပဲ။ ညီမေမြးထားတာက သားေလးပါ။ သူတို႔က သမီးဆို သိပ္မလိုခ်င္လို႔ စြန္႔ပစ္တာ ေတြေတာင္ ရွိပါတယ္။ ညီမကေတာ့

ကိုယ့္ဘ၀ကို အသစ္က ျပန္စဖို႔ပဲ စိတ္ကူးထားပါတယ္”

ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္အတြင္း တစ္ႏိုင္ငံလံုး အတိုင္းအတာနဲ႔ လူကုန္ကူးမႈ(၂၂၆)မႈ ေဖာ္ထုတ္ႏိုင္ခဲ့တယ္လို႔ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႔ရဲ႕

သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။ တိုင္းေဒသႀကီးေတြထဲမွာ ရန္ကုန္၊ မႏၱေလး၊ ပဲခူးနဲ႔ မေကြးတိုင္းေဒသႀကီးတို႔က လူကုန္ကူးမႈ အျမင့္မားဆံုးျဖစ္ေနပါတယ္။

အစိုးရက တရား၀င္ ထုတ္ျပန္တဲ့ စာရင္းဇယားအရ ျမန္မာႏိုင္ငံ လူဦးေရရဲ႕ (၃၅)ရာခိုင္ႏႈန္းေက်ာ္ဟာ အလုပ္အကိုင္ လုိအပ္ခ်က္ေတြ ရွိေနတယ္လို႔ ဆိုပါတယ္။

မိန္းကေလးေတြကို အပ်ိဳစင္ေတြသာမကဘဲ တခ်ိဳ႕ဆို ဗိုက္ထဲက သေႏၶသားကိုပါ အေရာင္းအ၀ယ္ လုပ္ေနတာေတြ ရွိတယ္လို႔ လူကုန္ကူးမႈ တားဆီးေရးမွာ

ပါ၀င္ကူညီေဆာင္ရြက္ေနသူတဦးရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

ဒါဟာ တရုတ္ ႏိုင္ငံမွာ ကေလးေမြးဖြားႏိုင္မယ့္ မိန္းကေလးဦးေရ နည္းပါးေနတာကို ျမင္ႏိုင္ၿပီး တစ္အိမ္ေထာင္ ကေလးတေယာက္ မူ၀ါဒ (One Child Policy) ရဲ႕

ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြပါ။ အခုေနာက္ပိုင္းမွာ ကေလးႏွစ္ေယာက္ထိ ယူခြင့္ရွိလာၿပီဆိုေပ မယ့္ မိန္းကေလးဦးေရ နည္းပါးေနဆဲပါ။

တကယ္လို႔ ဗိုက္ထဲက ကေလးဟာ ေယာက္်ားေလးဆိုရင္ ယြမ္ ၄ ေသာင္းအထိ ရတယ္လို႔ သိရပါတယ္။ ေရႊလီၿမိဳ႕မွာ တစ္ ေန႔ကို အနည္းဆံုး

မိန္းကေလး(၂)ေယာက္ကေန (၃)ေယာက္အထိ တရုတ္ႏိုင္ငံထဲ ေရာင္းစားခံေနရဆဲလည္း ျဖစ္ပါ တယ္။

“ဒီလို ျဖစ္လိမ့္မယ္လို႔ ဘယ္တုန္းကမွ မထင္ခဲ့ဘူး။ ကံေကာင္းတာက ညီမ(၆)လေလာက္နဲ႔ ျပန္လြတ္ေျမာက္လာခဲ့တာပဲ။ အထူးသျဖင့္ မူဆယ္မွာရွိတဲ့

သူေတြနဲ႔ We Chat ကေန အဆက္အသြယ္ရခဲ့လို႔ပါ။ မဟုတ္ရင္…

တရုတ္မယားသာမက ဘူး… ကေလးပါ ေမြးေပးေနရဦးမွာပါ” လို႔ လူကုန္ကူးမႈခံခဲ့ရသူ ေဆာင္းပါးအစမွာ ေဖာ္ျပခဲ့တဲ့ သႏၱာၿဖိဳးက ေျပာပါတယ္။ သူမကို

ျဖားေယာင္းေသြးေဆာင္ၿပီး ေခၚေဆာင္သြားတဲ့ အမ်ိဳးသမီးကိုလည္း တရားစြဲဆိုထားတယ္လို႔ဆိုပါတယ္။

လူကုန္ကူးခံရတဲ့့ မိန္းကေလးေတြ ျပန္လည္လြတ္ေျမာက္လာေရး အကူအညီေပး ေဆာင္ရြက္ေနတဲ့ ကိုညီညီ (အမည္လႊဲ) က အကူအညီေပးရတာဟာ

အႏၱရာယ္မ်ားသလို လူပြဲစားေတြရဲ႕ အၿငိဳးအေတးေတြပါ ခံရတယ္လို႔ ေျပာပါတယ္။

“တကယ္တမ္း ကြ်န္ေတာ္တို႔ကယ္ႏိုင္တာက လူကုန္ကူးခံရတဲ့ အေရအတြက္ရဲ႕ (၂၀)ရာခိုင္ႏႈန္းေလာက္ပဲ ရွိပါတယ္။ က်န္ ေနတာ (၈၀)ရာခိုင္ႏႈန္းေလာက္

ရွိေနပါေသးတယ္။ လူကုန္ကူးခံရသူအမ်ားစုက ၿမိဳ႕ျပထက္ ေက်းလက္ေဒသေတြက ပိုမ်ား တယ္။ သူတို႔က ပညာသိပ္မတတ္တာ၊ နားေယာင္လြယ္တာ၊ ဥပေဒကို

ေသေသခ်ာခ်ာ နားမလည္တာေတြေၾကာင့္ သား ေကာင္ ျဖစ္သြားၾကရတယ္” လို႔လည္း ရွင္းျပပါတယ္။

တရုတ္မွာ ေရာင္းစားခံလိုက္ရတဲ့ မိန္းကေလးေတြကို ဖုန္းေပးမကိုင္တာေၾကာင့္ သူတို႔ ဘယ္ေနရာမွာရွိသလဲ ဆိုတာကို အလြယ္တကူ မသိရပါဘူး။ We Chat ကေန

ဆက္သြယ္ရင္ေတာင္ အေကာင့္ဖြင့္ထားမွ ကူညီေနသူေတြနဲ႔ ခ်ိတ္ဆက္မိ ႏိုင္ပါတယ္။ တခ်ိဳ႕ မိန္းကေလးေတြဆို ထြက္ေျပးဖို႔ ႀကိဳးစားလို႔ အသတ္ခံရတာေတာင္ ရွိပါသတဲ့။

အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြကို လူကုန္ကူးမႈ က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားခဲ့ရင္ “လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒ” အရ အနည္းဆံုး

ေထာင္ဒဏ္(၅)ႏွစ္ကေန အမ်ားဆံုး ေထာင္ဒဏ္(၁၀)ႏွစ္အထိ ခ်မွတ္ခံရႏိုင္သလို ေငြဒဏ္လည္း ခ်မွတ္ခံရႏိုင္ပါတယ္။ ျပည္တြင္းမွာ မိန္းကေလးေတြအတြက္

အလုပ္အကိုင္အခြင့္အလမ္း ဖန္တီးေပးႏိုင္မွ၊ လူကုန္ကူးမႈနဲ႔ ပတ္သက္ၿပီး သိသင့္သိထိုက္တာေတြကို အခုထက္ပိုၿပီး ပညာေပးႏိုင္မွ၊ လူပြဲစားေတြကို

ထိထိေရာက္ေရာက္ အေရးယူႏိုင္ မွ ျဖစ္မယ္ဆိုတဲ့ သံုးသပ္မႈေတြလည္း ရွိေနပါတယ္။

“သမီးက ရိုးရိုးသားသားပဲ လုပ္ကိုင္စားေသာက္ခ်င္ပါတယ္။ ငါးပိရည္နဲ႔ပဲ စားေနရ၊ စားေနရ…၊ တရုတ္မယားေတာ့ ဘယ္ ေတာ့မွ ေနာက္ထပ္အျဖစ္မခံႏိုင္ဘူး” လို႔

ေျပာျပတဲ့ သႏၱာၿဖိဳးရဲ့စကားက လူ႔အဖြဲ႔အစည္းအပါအ၀င္ အစိုးရအဖြဲ႔၀င္ကိုပါ ေပး ေနတဲ့ သတင္းစကားပါဘဲ။

Credit – Hi

============

လူကုန်ကူးမှု အိပ်မက်ဆိုးကို ဆက်မမက်ချင်တော့ပါ

သွေး (စစ်ကိုင်း)။ ။

“ဟိုမှာ… တစ်လမှာ ၄ သိန်းရမယ်၊ စက်ရုံမှာ အလုပ်လုပ်ရမယ်ဆိုလို့ ယုံယုံကြည်ကြည်နဲ့ လိုက်သွားမိတယ်။ ကျမမှာ မျက် စေ့သူငယ် နားသူငယ်နဲ့…၊

နောက်ဆုံးတော့ တရုတ်မယားအနေနဲ့ ရောင်းစားလိုက်ကြတယ်။ မြန်မာပြည်ကို ပြန်ရောက် လာတာပဲ ကျေးဇူးတင်နေရသေးတယ်”

“နင်… ထွက်မပြေးနဲ့တဲ့။ တစ်နေ့တစ်နေ့ လောကငရဲပါပဲ။ ကျမကို ယူလိုက်တဲ့ တရုတ်အတွက် ကလေးတစ်ယောက် မွေး ပေးရတယ်။ ဒါပေမယ့် အဲဒီလူနဲ့၊

အဲဒီနေရာမှာ ကျမမပျော်ဘူး။ သူအပြင်ထွက်သွားတဲ့ တနေ့မှာ မရအရ

ထွက်ပြေးပြီး မြန်မာပြည်က ရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ခဲ့တယ်။ ကလေးကို သတိရပေမယ့် … ကျမလွတ်မြောက်မှဖြစ်မှာ..”

တရုတ်နိုင်ငံမှာ ရောင်းစားခံခဲ့ရတဲ့ မိန်းကလေးတွေထဲက နှစ်ယောက်ရဲ့ ရင်ဖွင့်ပြောပြတာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ထဲကနေ တရုတ်နိုင်ငံထဲကို

လူကုန်ကူးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်ဖြစ်ပေါ်နေဆဲဖြစ်သလို တဖက်က လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေပေမယ့်လည်း နေ့စဉ်နဲ့အမျှ

လူကုန်ကူးမှုတွေ စိုးရိမ်စရာကောင်းအောင် ဖြစ်ပေါ် နေပါသေးတယ်။

အသက် ၂၀ ၀န်းကျင်ပဲရှိသေးတဲ့ “သန္တာဖြိုး” ဟာ မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကျေးရွာတစ်ရွာကပါ။ မိသားစုရဲ့ စားဝတ် နေရေး ကြပ်တည်းမှုကို

တထောင့်တနေရာကနေ ဖြေရှင်းမယ်လို့ ဆုံးဖြတ်ချက်ချထားသူပါ။ ရန်ကုန်ကို တက်လာပြီး အလှပြင်သင်တန်းတက်ခဲ့ပါတယ်။

သင်တန်းဆင်းလာပြီးတဲ့နောက် အလှပြင်ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူမရတဲ့ လခက တစ်သိန်း ငါး သောင်း ကျပ်ပါ။

အဆောင်လခက တစ်လမှာ ၄ သောင်းကျပ်ပေးရလို့ ချွေတာပြီး စားသောက်တာတောင် နယ်က မိဘတွေဆီ တစ်လမှာ ၂ သောင်းကျပ်ထက်

ပိုပြီးပို့မပေးနိုင်ခဲ့ပါ။ သူမလုပ်နေတဲ့ အလှပြင်ဆိုင်ကို ပုံမှန်လာတတ်တဲ့

အမျိုးသမီးကြီးတစ်ယောက်ရဲ့ အဆက်အသွယ်ကောင်းမှုနဲ့ တရုတ်မယားအဖြစ် လူကုန်ကူးခံရဖို့ ဖြစ်လာခဲ့ပါတယ်။

“သူက ဆိုင်ကိုလာရင်… လက်ကောက်တွေက တံတောင်ဆစ်လောက် ၀တ်လာတယ်။ သမီးကို သနားတယ်တဲ့။ တရုတ်က အထည်အလိပ်ချုပ်တဲ့ စက်ရုံမှာလုပ်ရင်

တစ်လကို ၄ သိန်းလောက် ရမယ်လို့လည်း ပြောတယ်။ နောက်ကျမှ သမီး ရောင်း စားတာ ခံလိုက်ရပြီလို့ သိလိုက်ရတာ။ သမီး ငွေမက်လို့ မဟုတ်ပါဘူး။

မိသားစုအတွက် ထောက်ပံ့ပေးချင်တဲ့စိတ်နဲ့ သူ့ကို ယုံကြည်မိပြီး ဖြစ်သွားတာ။ သမီးရဲ့မှတ်ပုံတင်ကိုလည်း သူရောင်းစားလိုက်တဲ့ တရုတ်က သိမ်းထားလိုက်တယ်။

ထမင်း တောင် ၀၀မစားရပါဘူး။ သမီးတစ်ခု ကံကောင်းတာက မြန်မြန်ပြန်လွတ်မြောက်လာတာပါ” လို့ ပြောပြတယ်။

အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှု၊ တစ်ဦးချင်းဝင်ငွေနည်းပါးမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု စတဲ့အကြောင်း ရင်းတွေက

မိန်းကလေးတွေကို လူကုန်ကူးခံရစေဖို့ တွန်းပို့နေတဲ့အချက်တွေ ဖြစ်နေပါတယ်။ လူပွဲစားတွေအတွက်တော့ ဒီလိုလူကုန်ကူးတဲ့အလုပ်ကနေ အမြတ်တွေ

မြိုးမြိုးမြက်မြက်ရနေတဲ့အတွက် လူကုန်ကူးမှုက ဆက်လက်ဖြစ်ပေါ်နေမှာပါ။ ဒီမိန်းကလေးတယောက် ရောင်းလိုက်ရရင် သူတို့ ရတဲ့ပွဲစားခက မြန်မာငွေနဲ့

သိန်း(၅၀)ကနေ သိန်း (၁၀၀)အထိ ရှိတယ် လို့ သိရပါတယ်။

မိန်းကလေးတွေ အသက်ငယ်ရင် ငယ်သလို စျေးကောင်းရတယ်လို့လည်း ဆိုပါတယ်။ အသက် (၁၆) နှစ်အောက် မိန်းက လေးဆိုရင် ယွမ်တစ်သိန်းနှစ်သောင်း၊

(၁၆)နှစ်ကျော်ရင် ယွမ်တစ်သိန်းကနေ တစ်သိန်းနှစ်သောင်း၊ အသက် (၁၈)နှစ်က နေ အသက်(၂၀)၀န်းကျင်ဆိုရင် ယွမ်(၈)သောင်းကနေ

(၉)သောင်းအထိ ပေါက်စျေးရှိပါသတဲ့။ တစ်ယွမ်မှာ မြန်မာကျပ် ငွေ (၂၀၀) ၀န်းကျင်ဖြစ်ပါတယ်။

“လင်းလင်းနွယ်” က ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်ကပါ။ ရန်ကုန်မှာ အလုပ်တစ်ခုလုပ်မယ်ဆိုပြီး လှိုင်သာ ယာစက်မှုဇုန်က

အထည်ချုပ်စက်ရုံတခုမှာ အလုပ်ဝင်လုပ်ခဲ့တာ(၃)နှစ်နီးပါးရှိပါပြီ။ သူကအလုပ်ကို ခင်တွယ်သူတယောက် မို့ အလုပ်လုပ်ရတာ ပင်ပန်းတယ်လို့

သဘောမထားပါဘူး။ ဒါပေမယ့် လစာက နည်းပါးလွန်းတာကြောင့် စားဝတ်နေရေး ခက်ခဲလာပါတယ်။

“တကယ်လို့ ရန်ကုန်မှာပဲ လစာ(၂)သိန်းခွဲလောက် ရရင်ကို ညီမ ကောင်းကောင်းရပ်တည်နေနိုင်ပါတယ်။ အခုကျ တရက် လုပ်အားခ ၃၆၀၀ နဲ့

ရပ်တည်ဖို့က မလွယ်ဘူးလေ။ ညီမနဲ့ ခင်နေတဲ့ အစ်မကြီးတယောက်က နင့်အရည်အချင်းမျိုးနဲ့ဆို တရုတ်က အထည်ချုပ်စက်ရုံမှာလုပ်ရင်

တစ်လ(၅)သိန်းလောက် ရနိုင်တယ်လို့ ပြောတယ်။ သူပြောပြောချင်း ညီမက ဖြစ် နိုင်ပါ့မလားလို့ စဉ်းစားမိသေးတယ်။ ဒါပေမယ့် ဒီမှာက

ဆက်လက်ရပ်တည်နေထိုင်ဖို့ အဆင်မပြေတော့ သူခေါ်ရာလိုက် ခဲ့တယ်။ နောက်တော့ ရောင်းစားခံလိုက်ရတာ”

လင်းလင်းနွယ်ဟာ လူပွဲစားတွေရဲ့ သားကောင်ဖြစ်ရသူတွေထဲက မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ ဘိုကလေးနဲ့ ရန် ကုန်ကလွဲပြီး ဘယ်မှ

မရောက်ဖူးသူမို့ တရုတ်ပြည်ဆိုတာ “နတ်ဘုံနတ်နန်းလား” လို့တောင် ထင်မိပါသတဲ့။ အမျိုးသမီးကြီး တယောက်က သူမနဲ့အတူတူ တခြားမိန်းကလေး (၂)ယောက်ကို

ရှမ်းပြည်နယ်၊ မူဆယ်မြို့ကို ၂၀၁၆ နှစ်ဆန်းပိုင်းမှာ ခေါ် ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှ လင်းလင်းနွယ် သိလိုက်ရတာက အဆင့်ဆင့်သော လက်လွှဲမှုတွေနဲ့အတူ ရောင်းစားခံလိုက်ရပြီဆိုတာပါပဲ။ သူမက အသက်

(၂၅)နှစ်အရွယ်ပဲ ရှိသေးတာမို့ ကလေးတစ်ယောက် မွေးပေးပြီးနောက်ပိုင်း ဘယ်လို လွတ်မြောက် အောင် လုပ်ရမလဲဆိုတာကို အမြဲစဉ်းစားနေခဲ့ပါတယ်။

သူ့ရဲ့မှတ်ပုံတင်ကအစ လက်ကိုင်ဖုန်းအဆုံး အားလုံးသိမ်းဆည်းခံ ထားရတာပါ။ ဒါပေမယ့် တစ်ရက်မှာတော့ အခွင့်အရေးရတုန်း အပြင်ထွက်ခွင့်ရလာပါတယ်။

သူမက ဗမာလူမျိုး အမျိုးသမီးတစ်ယောက်ကို အနီးဝန်းကျင်မှာ မတော်တဆတွေ့လို့ ကူညီနိုင်မလားလို့ အကျိုးအကြောင်း ပြောပြီး အကူအညီ တောင်းခဲ့ပါတယ်။

ကံကောင်းတာက အဲဒီအမျိုးသမီးက မူဆယ်က လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ် ဖွဲ့ဆီ ဖုန်းဆက်ပေးပြီး ကူညီခဲ့ပါတယ်။

“ပြန်တွေးကြည့်ရင် အိပ်မက်ဆိုးတစ်ခုပါပဲ။ ညီမမွေးထားတာက သားလေးပါ။ သူတို့က သမီးဆို သိပ်မလိုချင်လို့ စွန့်ပစ်တာ တွေတောင် ရှိပါတယ်။ ညီမကတော့

ကိုယ့်ဘဝကို အသစ်က ပြန်စဖို့ပဲ စိတ်ကူးထားပါတယ်”

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူကုန်ကူးမှု(၂၂၆)မှု ဖော်ထုတ်နိုင်ခဲ့တယ်လို့ လူကုန်ကူးမှု

တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ တိုင်းဒေသကြီးတွေထဲမှာ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ မကွေးတိုင်းဒေသကြီးတို့က

လူကုန်ကူးမှု အမြင့်မားဆုံးဖြစ်နေပါတယ်။ အစိုးရက တရားဝင် ထုတ်ပြန်တဲ့

စာရင်းဇယားအရ မြန်မာနိုင်ငံ လူဦးရေရဲ့ (၃၅)ရာခိုင်နှုန်းကျော်ဟာ အလုပ်အကိုင် လိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

မိန်းကလေးတွေကို အပျိုစင်တွေသာမကဘဲ တချို့ဆို ဗိုက်ထဲက သန္ဓေသားကိုပါ

အရောင်းအဝယ် လုပ်နေတာတွေ ရှိတယ်လို့ လူကုန်ကူးမှု တားဆီးရေးမှာ ပါ၀င်ကူညီဆောင်ရွက်နေသူတဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါဟာ တရုတ် နိုင်ငံမှာ ကလေးမွေးဖွားနိုင်မယ့် မိန်းကလေးဦးရေ နည်းပါးနေတာကို မြင်နိုင်ပြီး တစ်အိမ်ထောင် ကလေးတယောက် မူဝါဒ (One

Child Policy) ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပါ။ အခုနောက်ပိုင်းမှာ

ကလေးနှစ်ယောက်ထိ ယူခွင့်ရှိလာပြီဆိုပေ မယ့် မိန်းကလေးဦးရေ နည်းပါးနေဆဲပါ။

တကယ်လို့ ဗိုက်ထဲက ကလေးဟာ ယောက်ျားလေးဆိုရင် ယွမ် ၄ သောင်းအထိ ရတယ်လို့ သိရပါတယ်။ ရွှေလီမြို့မှာ တစ် နေ့ကို အနည်းဆုံး

မိန်းကလေး(၂)ယောက်ကနေ (၃)ယောက်အထိ တရုတ်နိုင်ငံထဲ ရောင်းစားခံနေရဆဲလည်း ဖြစ်ပါ တယ်။

“ဒီလို ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ကံကောင်းတာက ညီမ(၆)လလောက်နဲ့ ပြန်လွတ်မြောက်လာခဲ့တာပဲ။ အထူးသဖြင့် မူဆယ်မှာရှိတဲ့

သူတွေနဲ့ We Chat ကနေ အဆက်အသွယ်ရခဲ့လို့ပါ။ မဟုတ်ရင်… တရုတ်မယားသာမက ဘူး… ကလေးပါ မွေးပေးနေရဦးမှာပါ” လို့

လူကုန်ကူးမှုခံခဲ့ရသူ ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ သန္တာဖြိုးက ပြောပါတယ်။

သူမကို ဖြားယောင်းသွေးဆောင်ပြီး ခေါ်ဆောင်သွားတဲ့ အမျိုးသမီးကိုလည်း တရားစွဲဆိုထားတယ်လို့ဆိုပါတယ်။

လူကုန်ကူးခံရတဲ့့ မိန်းကလေးတွေ ပြန်လည်လွတ်မြောက်လာရေး အကူအညီပေး ဆောင်ရွက်နေတဲ့ ကိုညီညီ (အမည်လွှဲ) က အကူအညီပေးရတာဟာ

အန္တရာယ်များသလို လူပွဲစားတွေရဲ့ အငြိုးအတေးတွေပါ ခံရတယ်လို့ ပြောပါတယ်။

“တကယ်တမ်း ကျွန်တော်တို့ကယ်နိုင်တာက လူကုန်ကူးခံရတဲ့ အရေအတွက်ရဲ့ (၂၀)ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ကျန် နေတာ (၈၀)ရာခိုင်နှုန်းလောက်

ရှိနေပါသေးတယ်။ လူကုန်ကူးခံရသူအများစုက မြို့ပြထက် ကျေးလက်ဒေသတွေက ပိုများ တယ်။ သူတို့က ပညာသိပ်မတတ်တာ၊ နားယောင်လွယ်တာ၊ ဥပဒေကို

သေသေချာချာ နားမလည်တာတွေကြောင့် သား ကောင် ဖြစ်သွားကြရတယ်” လို့လည်း ရှင်းပြပါတယ်။

တရုတ်မှာ ရောင်းစားခံလိုက်ရတဲ့ မိန်းကလေးတွေကို ဖုန်းပေးမကိုင်တာကြောင့် သူတို့ ဘယ်နေရာမှာရှိသလဲ ဆိုတာကို အလွယ်တကူ မသိရပါဘူး။ We Chat

ကနေ ဆက်သွယ်ရင်တောင် အကောင့်ဖွင့်ထားမှ ကူညီနေသူတွေနဲ့ ချိတ်ဆက်မိ

နိုင်ပါတယ်။ တချို့ မိန်းကလေးတွေဆို ထွက်ပြေးဖို့ ကြိုးစားလို့ အသတ်ခံရတာတောင် ရှိပါသတဲ့။

အမျိုးသမီးနဲ့ ကလေးငယ်တွေကို လူကုန်ကူးမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားခဲ့ရင် “လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ” အရ

အနည်းဆုံး ထောင်ဒဏ်(၅)နှစ်ကနေ အများဆုံး ထောင်ဒဏ်(၁၀)နှစ်အထိ ချမှတ်ခံရနိုင်သလို ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါတယ်။ ပြည်တွင်းမှာ

မိန်းကလေးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှ၊ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို အခုထက်ပိုပြီး

ပညာပေးနိုင်မှ၊ လူပွဲစားတွေကို ထိထိရောက်ရောက် အရေးယူနိုင် မှ ဖြစ်မယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

“သမီးက ရိုးရိုးသားသားပဲ လုပ်ကိုင်စားသောက်ချင်ပါတယ်။ ငါးပိရည်နဲ့ပဲ စားနေရ၊ စားနေရ…၊ တရုတ်မယားတော့ ဘယ် တော့မှ နောက်ထပ်အဖြစ်မခံနိုင်ဘူး” လို့

ပြောပြတဲ့ သန္တာဖြိုးရဲ့စကားက လူ့အဖွဲ့အစည်းအပါအဝင် အစိုးရအဖွဲ့ဝင်ကိုပါ ပေး နေတဲ့ သတင်းစကားပါဘဲ။

Credit – Hi

Be the first to comment

Leave a Reply

Your email address will not be published.


*