အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ လွဲခဲ့ရတဲ့ခံစားချက်ကို ဖွင့်ဟပြောပြလာတဲ့ မေသန်းနု
Related image
Related image
crd;7 day daily
Unicode
‘ထာဝရအမေ’ ဇာတ် ကားဖြင့် အမျိုးသမီးဇာတ်ဆောင် ဆုရရှိရန် ပရိသတ်များက
ခန့်မှန်း သော်လည်း လွဲချော်ခဲ့သည့်အပေါ် ၎င်း၏ စိတ်ခံစားချက်ကို သရုပ်ဆောင် မေသန်းနုက ပြောသည်။
‘‘မဆင့်ကတော့ အစက တည်းက ကြိုတင်ပြင်ဆင်ထားပါ တယ်။ ကိုယ်ရခဲ့သည်ရှိသော် အ ရမ်းပျော်မယ်။ မရခဲ့ရင်လည်း သူ များအတွက်
ကိုယ်ပျော်ပေးမယ် ဆိုပြီး အကယ်ဒမီပေးပွဲမတိုင်ခင် ကြိုတွေးထားတာပါ’’ဟု
၎င်းက ပြောသည်။
‘ထာဝရအမေ’ဇာတ်ကားထူးချွန်ဆုသုံးဆုသာရရှိသဖြင့် အရည်အသွေးနှင့်ဆုကို နှိုင်းယှဉ်ပါက နည်းသည်ဟု ခံစားရကြောင်း ၎င်းက ဆိုသည်။
‘‘မဆင့်ကတော့ ဒီကားမှာ ဓာတ်ပုံလည်းအရမ်းကြိုက်တယ်။ ဇာတ်ညွှန်းလေးလည်း ကြိုက်တယ်။ မဆင့်တို့အတွေ့အကြုံအရပေါ့ လေ။ ဒါပေမဲ့
မရတာကတော့ သူ တို့သတ်မှတ်ထားတဲ့ စည်းကမ်းချက်လိုနေလို့ ဖြစ်မှာပေါ့နော်’’ဟု ၎င်းက ပြောကြားသည်။
ဖခင်က ဒါရိုက်တာဆုရပြီး မိခင်ဖြစ်သူ ၎င်းက ထူးချွန်ဆုနှင့် လွဲချော်ခဲ့သည့်အပေါ် သားမင်း သန့်မောင်မောင်က စိတ်မကောင်းဖြစ်ရသည်ဟု ဆိုသည်။
‘‘သားသားကလည်း မျှော် လင့်တာပေါ့နော်။ ဒီကားမှာ မေ မေက သေချာလုပ်ထားတာဆို တော့ ဆုရရင်ကောင်းမှာပဲတဲ့။ အရင်ကတည်းက ၅၃
ကားဆို တော့ ယှဉ်ပြိုင်မှုတွေလည်း အ များကြီးရှိတယ်။ မဆင့်ကိုယ်တိုင် လည်း အဲဒီကားကိုပြန်ကြည့်ပြီး အားရတယ်။ တော်တော်လေး လည်း သတိထားပြီး
အဲဒီကားမှာ အလုပ်လုပ်ထားတယ်။ ဒီကား တစ်ကားလုံးကလည်း မဆင့်အ ပေါ်မှာ တာဝန်အရမ်းကြီးတယ်။ အရမ်းသတိထားပြီး လုပ်ထားတဲ့ အတွက်
အောင်မြင်မှုကတော့ လို ချင်တယ်’’ဟု ၎င်းက ပြောသည်။
စီးပွားရေးလောကထဲ တိုး ဝင်ခဲ့သောကြောင့် အနုပညာ အလုပ်နှင့် တစ်နှစ်ခွဲခန့်ကွာဝေး ပြီး ယခုပြန်လည်လုပ်ကိုင်ချိန်တွင် စိတ်လှုပ်ရှားရကြောင်း
ပြောသည်။‘‘မဆင့်စီးပွားရေးလောက ထဲကို တိုးဝင်လိုက်တဲ့အခါမှာ က မောက်ကမတွေ၊ ကိုယ်မထင်ထားတဲ့ဟာတွေ အများကြီးကြုံတွေ့ရတဲ့အခါကျတော့
ကိုယ့်ရဲ့အနုပညာအလုပ်နဲ့ ဘာမှမဆိုင်တဲ့ဟာတွေ ကိုယ့်မှာပတ်သက်ရတယ်။ တွေ့ကြုံရတယ်။ အမှုအခင်းတွေ ဖြစ်ရတဲ့အခါကျတော့ တော်တော်လေးကို
ကိုယ့်ဘဝနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ ဒါပေမဲ့ မဆင့်က ကိုယ့်စိတ်ကို ရပ်နိုင်အောင်၊ စိတ်မကျသွားအောင် ကိုယ့်ကိုယ်ကိုယ်ပဲ တည်ဆောက်ပါတယ်။ ဘာလို့လဲဆိုတော့
ဒါက ကံကံ၏ အကျိုးတွေလေ။ အဲဒါတွေနဲ့လည်း ပတ်သက်နေတယ်။ ကိုယ့်ရဲ့ဝဋ်ကြွေးရှိရင်လည်း ဆပ်ရမယ်။ မဆင့်ကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ
စိတ်ဓာတ်မကျအောင်၊ ခွန်အားတွေဖြစ်အောင်ရပ်တည်ခဲ့တယ်’’ဟု မေသန်းနုက ပြောကြားသည်။
crd;7 day daily
Be the first to comment
Leave a Reply
Your email address will not be published.
*