ဖူးရခဲလွတဲ့ ဇလုံေတာင္ေတာ္ ေရႊေရာင္လႊမ္းေနတဲ့ ဗြီဒီယိုဖိုင္ ႏွင့္ ဇလုံေတာင္ေတာ္ တည္ရွိရာ ေနရာ ဘုရားသမိုင္းေတာ္

ဇလုံေတာင္ေတာ္ကို ေရႊေရာင္လႊမ္းတ့ဲပုံေလး တင္လိုက္ေတာ့ အားလုံးက ေမးၾကတယ္။

တကယ္ေရႊေရာင္လားတ့ဲ၊ဇလုံေတာင္ကို ေရႊေရာင္လႊမ္းတ့ဲ အခ်ိန္က ေန႔တိုင္းမလႊမ္းပါဘူူး။

လႊမ္းတ့ဲေန႔ဆိုလည္း ညေန 5:00ကေန 5:10မိနစ္ေလာက္အထိပါပဲတ့ဲ။ဒီေန႔ေတာ့ 5:20 ေလာက္အထိ ေရႊေရာင္လႊမ္းတုန္းပါ။

ကၽြန္ေတာ္တို႔ေတြ ကံထူးလို႔ ဖူးခြင့္ရတာပါ။ကၽြန္ေတာ္က ဒီတႀကိမ္နဲ႔ဆို ေလးႀကိမ္ရွိပါၿပီ။အခု တႀကိမ္မွ ဖူူးခြင့္ရတာပါ။

အားလုံး ဖူးေမွ်ာ္လို႔ရေအာင္ video file ေလးပါ တင္ေပးလိုက္ပါတယ္ရွင့္။

May Phyuwin

ဇလုံတောင်တော်ကို ရွှေရောင်လွှမ်းတဲ့ပုံလေး တင်လိုက်တော့ အားလုံးက မေးကြတယ်။

တကယ်ရွှေရောင်လားတဲ့၊ဇလုံတောင်ကို ရွှေရောင်လွှမ်းတဲ့ အချိန်က နေ့တိုင်းမလွှမ်းပါဘူူး။

လွှမ်းတဲ့နေ့ဆိုလည်း ညနေ 5:00ကနေ 5:10မိနစ်လောက်အထိပါပဲတဲ့။ဒီနေ့တော့ 5:20 လောက်အထိ ရွှေရောင်လွှမ်းတုန်းပါ။

ကျွန်တော်တို့တွေ ကံထူးလို့ ဖူးခွင့်ရတာပါ။ကျွန်တော်က ဒီတကြိမ်နဲ့ဆို လေးကြိမ်ရှိပါပြီ။အခု တကြိမ်မှ ဖူူးခွင့်ရတာပါ။

အားလုံး ဖူးမျှော်လို့ရအောင် video file လေးပါ တင်ပေးလိုက်ပါတယ်ရှင့်။

May Phyuwin

ဗြီဒီယိုဖိုင္ျဖင့္ ဖူးေျမာ္ရန္….

============

ေရႊေရာင္ လႊမ္းတယ္လို႔ နာမည္ႀကီးေနတဲ့ “ဇလုံေတာင္ေတာ္” တည္ရွိရာ ေနရာႏွင့္ “ဇလုံေတာင္ေတာ္” ဘုရားသမိုင္း အစံု

ဇလုံေတာင္ေတာ္ တည္ရွိရာ ေနရာႏွင့္ ဇလုံေတာင္ေတာ္ ဘုရားသမိုင္း

စစ္ကိုင္းတိုင္း ေဒသႀကီး ကသာခ႐ိုင္ ဗန္းေမာက္ၿမိဳ႕နယ္တြင္ တည္ရွိၿပီး ဗန္းေမာက္ၿမိဳ႕မွ ေျမာက္ဘက္ ၁၂ မိုင္ခန္႔ အကြာ ေတာအတြင္း ပင္လယ္ေရ

မ်က္ႏွာျပင္အထက္ အျမင့္ေပ ၃ဝ၉ဝ ျမင့္ေသာ ေတာင္ေပၚတြင္ တည္ရွိပါတယ္။

ေျမပုံၫႊန္း အက္စ္ဂ်ီ ၄၅၁၃၄၉ ျဖစ္ပါတယ္။

ေတာေတာင္ လွ်ဳိေျမာင္မ်ား နက္႐ႈိင္းလွပါတယ္။

Image result

** ဇလုံေတာင္ ဘုရားသမိုင္း ***

ေဂါတမ ဗုဒၶျမတ္စြာ ဘုရားရွင္သည္ မဟာ သကၠရာဇ္ ၁၂၃ ခုႏွစ္ဝါေတာ္ ၂ဝ

အရတြင္ သိၾကားမင္း ဖန္ဆင္းေသာ နတ္ပန္းရထား၅ဝဝ ျဖင့္ ရဟႏၲာ အရွင္သူျမတ္ ၅ဝဝ ၿခံရံၿပီး ေကာင္းကင္ခရီးမွ

ဇလံုေတာင္ေတာ္သို႔ ၾကြေတာ္မူခ့ဲပါတယ္။

ဇလံုေတာင္ (ေခၚ) ေဂါေဒါပလႅင္ေတာင္ေတာ္သည္ အေရွ႕ ဧရာဝတီ၊ အေနာက္ သလႅာဝတီျမစ္ ႏွစ္လီတို႔၏ အလယ္ဗဟိုတြင္ တည္ရွိပါတယ္။

ေဂါေဒါပလႅင္ေတာင္ေတာ္တြင္ ဧရာပတၳနတ္နဂါးမင္း သားအဖတို႔၏ ေတာင္းပန္

ေလွ်ာက္ထားမႈေၾကာင့္ ခုနစ္ရက္ သီတင္းသုံးေတာ္မူလ်က္ နဂါးမင္းသား အဖ လွဴဒါန္းေသာ ဆြမ္းကုိ ဘုဥ္းေပး သုံးေဆာင္ေတာ္မူခဲ့ပါတယ္။

Image result for ဇလံုေတာင္

က်န္ရွိေသာဆြမ္း၊ ဆြမ္းဟင္းမ်ား ကုိလည္း စိန္၊ ေရႊ၊ ေငြ၊ ေက်ာက္သံ ပတၱျမားရတနာ

မ်ားျဖစ္ေစေၾကာင္း ဆုေတာင္း အဓိ႒ာန္ျပဳလ်က္ ေတာင္၏ ဝဲယာ၊ ေရွ႕ေနာက္ စြန္႔ႀကဲ ပက္ဖ်န္းခ့ဲသည္ ဟု သမိုင္းေက်ာက္စာတြင္ ေဖာ္ျပထားပါတယ္။

ထုိေတာင္ေတာ္တြင္ ဗ်ာဒိတ္ေတာ္ေပး ဘုရားပုံေတာ္ႀကီး တစ္ဆူလည္း ဖူးျမင္ႏုိင္ပါတယ္။ ဗ်ာဒိတ္စကား မိန္႔ၾကားေတာ္မူသည္မွာ ”ညီဘြား အာနႏၵာ

ေအာင္ေျမေခၚေသာ ဤေဂါေဒါပလႅင္ေတာင္ကလပ္၌ ပြင့္ေတာ္မူလတ႕ံၱေသာ

‘အရိေမေတၱယ် ဘုရားရွင္’ သည္ ငါဘုရားက့ဲသု႔ိ အလွဴခံယူကာ တရားထူးကုိ ေဟာၾကားေတာ္မူလိမ့္မည္” ဟုဗ်ာဒိတ္ေတာ္ထားခဲ့ေလ၏။

ထိုေၾကာင့္ ထိုေဒသ၏ ေျမာက္ဘက္တြင္ ဖားကန္႔

ေက်ာက္စိမ္းတြင္းမ်ား၊အေနာက္ဘက္၊ ေတာင္ဘက္ႏွင႔္ အေရွ႕ဘက္ တို႔တြင္ ေရႊတြင္းမ်ားျဖစ္လာသည္ ဟု ေဒသခံမ်ားက ယုံၾကည္ခ့ဲၾကတယ္။

ထု႔ိျပင္ အရပ္ေလးမ်က္ႏွာလုံး ကြၽန္းေတာႀကီး မ်ားသည္လည္းတန္ဖိုးမျဖတ္ႏုိင္ေသာ

ရတနာမ်ား ျဖစ္သည္။ ဘုရားသမိုင္းတြင္ ၄င္းက်ာက္ေတာင္သည္ငါးဆူေျမာက္

အရိေမေတၱယ် ဘုရားရွင္ တရားေဟာၾကား မည့္ေနရာျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

ေက်ာက္ေတာင္သည္ သံေတာင္ ၄၄၄ ေတာင္ျဖစ္၍ ေပအားျဖင့္ ၆၆၆ေပ ျမင့္သည္။

Image result for ဇလံုေတာင္

ဤ ေက်ာက္ေတာင္ကို ဘုရားပြင့္မည့္ သလြန္ေတာင္ေတာ္ ဟု ေခၚခ့ဲၿပီးေနာင္တြင္

ေဒသခံမ်ားက ဇလုံေမွာက္ ထားသည္ႏွင႔္ တူ၍ ဇလုံေတာင္ ဟုေခၚခ့ဲျခင္း ျဖစ္ေၾကာင္း သိရပါတယ္။

လြန္ခ႔ဲေသာ ႏွစ္ ၈ဝ ခန္႔က ေျမပုံ ေပၚတြင္လည္း သလြန္ေတာင္ ဟုသာေဖာ္ျပထားသည္ကုိ ေတြ႕ရသည္။ ေက်ာက္ေတာင္ႀကီး ေပၚတြင္

ဘုရားတည္ခ့ဲသည္မွာ သကၠရာဇ္ ၄၉၂ ခုႏွစ္က ျဖစ္သည့္အတြက္ ႏွစ္ေပါင္း ၉ဝဝ ခန္႔ျကာခ့ဲၿပီ ျဖစ္ပါတယ္။

အရွင္ဓမၼဒႆီ အမည္ရွိ အရွင္ အရဟံႏွင့္တပည့္ အရွင္အာစာရ မေထရ္ျမတ္ႏွစ္ပါးသည္ ေဂါေဒါပလႅင္ ေခၚ ဇလုံေတာင္သု႔ိ

ၾကြေရာက္ေတာ္မူခဲ့ၿပီးဣစၧာသယ လိုတရ ခ်မ္းသာႀကီး ေအာင္ေတာ္မူ၊ ေအာင္ဆုယူ ေစတီမ်ားကုိဦးစြာပထမ တည္ထား ကုိးကြယ္ခ့ဲၾကပါတယ္။

ထို႕ေနာက္ သကၠရာဇ္ ၁၂၁၁ ခုႏွစ္တြင္ ဝိဇၨာမဟိဒၶိ အရွင္ဟု ေပၚလြင္ထင္ရွားေသာ ဘုန္းႀကီး ဦးသာေအး အရွင္ျမတ္က ေအာင္ေတာ္မူ၊ေအာင္ဆုယူ ေစတီမ်ားကုိ

ဒုတိယအႀကိမ္ မြမ္းမံ ျပဳျပင္၍ ‘ေအာင္ေက်ာ္ေအးေအာင္ ဇလုံေတာင္’ ဟု သာသနာျပဳ ေမာ္ကြန္းတင္ခ့ဲပါတယ္။

သကၠရာဇ္ ၁၂၇၆ ခုႏွစ္တြင္ စက္ေတာကုိးဌာန အဝင္ကန္ရြာ

ေက်ာင္းဆရာေတာ္ႏွင့္တိုက္သူႀကီး ဦးေရႊသီး ၊ ရပ္ေဝးရပ္နီးၿမိဳ႕ရြာ ဒါယကာတို႔က ေၾကးအခ်ိန္ ၂၅ ပိႆာျဖင့္ေၾကးေခါင္းေလာင္း သြန္းလုပ္ လွဴဒါန္းၿပီး

Image result for ဇလံုေတာင္

သကၠရာဇ္ ၁၂၉၇ ခုႏွစ္တြင္ ေသာင္သြတ္ၿမိဳ႕ဝဲတက္ရြာ ဇာတိ အရွင္ကုေဝရက သားေတာ္ေတာင္ ေက်ာက္ပလႅင္၌ဂႏၶကုဋိတိုက္ ေစတီငါးဆူ တည္ထားကာ

ဉာဏ္ေတာ္ ေလးေပရွိ၊ လိုတိုင္းျပည့္ဗ်ာဒိတ္ေပး ပၪၥေလာဟာ ဗုဒၶ႐ုပ္ပြားေတာ္ သြန္းေလာင္း၍ တတိယအႀကိမ္ထူးျခားစြာ သာသနာျပဳ ခဲ့ေၾကာင္း သိရွိရပါတယ္။

သကၠရာဇ္ ၁၃၁၁ ခုႏွစ္တြင္ စက္ေတာ ကုန္း႐ိုးႀကီးေက်ာင္း ဆရာေတာ္ႀကီးႏွင့္အလယ္ရြာ၊ ကန္ရြာ၊ အေနာက္တာ ဆရာေတာ္ႀကီးမ်ား ဦးေဆာင္၍

ရပ္ေဝးရပ္နီးျမိဳ႕ရြာ ဒါယကာတို႔က ေအာင္ဆုယူ ေစတီမ်ား ကုိ မြမ္းမံျပင္ဆင္၍

စတုတၴအႀကိမ္ေရႊထီးေတာ္ အထြတ္တင္လွဴကာ သာသနာျပဳ ခဲ့ေၾကာင္း သာသနာ ေမာ္ကြန္းတင္ေက်ာက္စာတြင္ ေဖာ္ျပထားပါတယ္။

ဤေက်ာက္ေတာင္ႀကီးမွာ ခမည္းေတာ္ေတာင္ ႏွင့္ မယ္ေတာ္ေတာင္

ေက်ာက္လုံးႀကီးမ်ား ႏွစ္လုံးပူးတြဲၿပီး ေဘးအနည္းငယ္ နိမ့္ေသာ ႏွစ္ဖက္တြင္ သားေတာ္ေတာင္၊ သမီးေတာ္ေတာင္ တြဲေနပါတယ္။

လြန္ခ႔ဲေသာ ႏွစ္ေလးဆယ္ခန္႔က သမီးေတာ္ ေက်ာက္ေတာင္ႀကီး ပ့ဲက်ခဲ့ပါတယ္။အဆိုပါ ေက်ာက္လံုးႀကီး ပ့ဲက်ေသာ အသံသည္ ဗန္းေမာက္ၿမိဳ႕နယ္

တစ္နယ္လုံးသိမ့္သိမ့္တုန္ ျမည္ဟည္း ႐ိုက္ခတ္ခ့ဲေၾကာင္း သိရသည္

ေက်ာက္ေတာင္ထိပ္ကုိတက္သည့္ အခါတြင္ ေက်ာက္ေတာင္ႀကီး ႏွစ္လုံးၾကားမွ အုတ္ေလွကားျဖင့္ ေကြ႕ပတ္ တက္ရပါတယ္၊။

က်ဥ္းက်ပ္ေနေသာ ေနရာတြင္ ေက်ာက္တံခါးႀကီး လည္းရွိပါတယ္။

အကုသုိလ္မ်ားသူမေက်ာ္ႏုိင္၊ မဝင္ႏုိင္ဟု ဆိုၾကပါတယ္။ အမွန္တကယ္ မဝင္ႏိုင္သူကုိလည္း ေတြ႕ခ့ဲရပါတယ္။

ေက်ာက္ေတာင္ႀကီးေပၚရွိ ဘုရားမ်ားကုိ ေတာင္ေျခမွလည္း ထင္ထင္ရွားရွားဖူးေျမာ္ရပါတယ္။ ကုတ္ကတ္ တြယ္တက္ရေသာ ေနရာလည္း

ရွိပါတယ္။အေပၚေက်ာက္တုံးႀကီး တစ္ခုႏွင႔္ တစ္ခုၾကား ေက်ာက္ေက်ာမွ

တစ္ဆင့္ကူးသြားရသည္မွာလည္း ႏွစ္ဖက္လုံး နက္႐ႈိင္းေသာ ေခ်ာက္ႀကီးွွႏွင့္ ျဖစ္၍အသည္းယားစရာ ျဖစ္ၾကရပါတယ္၊။

အခ်ဳိ႕သူမ်ား မကူးရဲပါ။ ဤ ေက်ာက္ေတာင္ႀကီးတြင္ ဇလုံေတာင္ အရွင္ႀကီး

ရွိေၾကာင္း၊ဤဇလုံေတာင္ ဘုရားဖူးလွ်င္ အရိေမေတၱယ် ဘုရားဖူးရန္ စာရင္းတြင္ ပါဝင္မည္ျဖစ္ေၾကာင္း အဆိုတစ္ရပ္ ရွိၾကပါတယ္။

”ဇလုံေတာင္အရွင္ စာရင္းမဝင္ရင္ ေမတၱာရွင္န႔ဲ လြဲရမယ္” ဟုဆိုသည္။

ထို႔ေၾကာင့္ ရပ္ေဝးရပ္နီး ေဒသမ်ားမွ ႏွစ္စဥ္ ဘုရားဖူး

လာၾကေၾကာင္းေတြ႕ျမင္ရသည္။ အခ်ိဳ႕ဆိုလွ်င္ ႏွစ္ရက္သုံးရက္ လမ္းေလွ်ာက္ လာၾကေၾကာင္းေတြ႕ျမင္ရသည္။

Credit …မူရင္းေရးသူ

Related image

ဇလုံတောင်တော် တည်ရှိရာ နေရာနှင့် ဇလုံတောင်တော် ဘုရားသမိုင်း

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် တည်ရှိပြီး ဗန်းမောက်မြို့မှ မြောက်ဘက် ၁၂ မိုင်ခန့် အကွာ တောအတွင်း ပင်လယ်ရေ

မျက်နှာပြင်အထက် အမြင့်ပေ ၃ဝ၉ဝ မြင့်သော တောင်ပေါ်တွင် တည်ရှိပါတယ်။

မြေပုံညွှန်း အက်စ်ဂျီ ၄၅၁၃၄၉ ဖြစ်ပါတယ်။

တောတောင် လျှိုမြောင်များ နက်ရှိုင်းလှပါတယ်။

** ဇလုံတောင် ဘုရားသမိုင်း ***

ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မဟာ သက္ကရာဇ် ၁၂၃ ခုနှစ်ဝါတော် ၂ဝ အရတွင် သိကြားမင်း ဖန်ဆင်းသော နတ်ပန်းရထား၅ဝဝ ဖြင့် ရဟန္တာ

အရှင်သူမြတ် ၅ဝဝ ခြံရံပြီး ကောင်းကင်ခရီးမှ
ဇလုံတောင်တော်သို့ ကြွတော်မူခဲ့ပါတယ်။

ဇလုံတောင် (ခေါ်) ဂေါဒေါပလ္လင်တောင်တော်သည် အရှေ့ ဧရာဝတီ၊ အနောက် သလ္လာဝတီမြစ် နှစ်လီတို့၏ အလယ်ဗဟိုတွင် တည်ရှိပါတယ်။

ဂေါဒေါပလ္လင်တောင်တော်တွင် ဧရာပတ္ထနတ်နဂါးမင်း သားအဖတို့၏ တောင်းပန်

လျှောက်ထားမှုကြောင့် ခုနစ်ရက် သီတင်းသုံးတော်မူလျက် နဂါးမင်းသား အဖ လှူဒါန်းသော ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူခဲ့ပါတယ်။

ကျန်ရှိသောဆွမ်း၊ ဆွမ်းဟင်းများ ကိုလည်း စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြားရတနာ များဖြစ်စေကြောင်း ဆုတောင်း အဓိဋ္ဌာန်ပြုလျက် တောင်၏ ဝဲယာ၊

ရှေ့နောက် စွန့်ကြဲ ပက်ဖျန်းခဲ့သည် ဟု သမိုင်းကျောက်စာတွင် ဖော်ပြထားပါတယ်။

ထိုတောင်တော်တွင် ဗျာဒိတ်တော်ပေး ဘုရားပုံတော်ကြီး တစ်ဆူလည်း ဖူးမြင်နိုင်ပါတယ်။ ဗျာဒိတ်စကား မိန့်ကြားတော်မူသည်မှာ ”ညီဘွား အာနန္ဒာ

အောင်မြေခေါ်သော ဤဂေါဒေါပလ္လင်တောင်ကလပ်၌ ပွင့်တော်မူလတ့ံ္တသော ‘အရိမေတ္တေယျ ဘုရားရှင်’ သည် ငါဘုရားကဲ့သို့ အလှူခံယူကာ

တရားထူးကို ဟောကြားတော်မူလိမ့်မည်” ဟုဗျာဒိတ်တော်ထားခဲ့လေ၏။

ထိုကြောင့် ထိုဒေသ၏ မြောက်ဘက်တွင် ဖားကန့် ကျောက်စိမ်းတွင်းများ၊အနောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက် တို့တွင်

ရွှေတွင်းများဖြစ်လာသည် ဟု ဒေသခံများက ယုံကြည်ခဲ့ကြတယ်။

Image result for ဇလံုေတာင္

ထို့ပြင် အရပ်လေးမျက်နှာလုံး ကျွန်းတောကြီး များသည်လည်းတန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်သည်။ ဘုရားသမိုင်းတွင် ၄င်းကျာက်တောင်သည်ငါးဆူမြောက်

အရိမေတ္တေယျ ဘုရားရှင် တရားဟောကြား မည့်နေရာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကျောက်တောင်သည် သံတောင် ၄၄၄ တောင်ဖြစ်၍ ပေအားဖြင့် ၆၆၆ပေ မြင့်သည်။

ဤ ကျောက်တောင်ကို ဘုရားပွင့်မည့် သလွန်တောင်တော် ဟု ခေါ်ခဲ့ပြီးနောင်တွင်

ဒေသခံများက ဇလုံမှောက် ထားသည်နှင့် တူ၍ ဇလုံတောင် ဟုခေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

လွန်ခဲ့သော နှစ် ၈ဝ ခန့်က မြေပုံ ပေါ်တွင်လည်း သလွန်တောင် ဟုသာဖော်ပြထားသည်ကို တွေ့ရသည်။ ကျောက်တောင်ကြီး ပေါ်တွင်

ဘုရားတည်ခဲ့သည်မှာ သက္ကရာဇ် ၄၉၂ ခုနှစ်က ဖြစ်သည့်အတွက် နှစ်ပေါင်း ၉ဝဝ ခန့်ကြာခဲ့ပြီ ဖြစ်ပါတယ်။

အရှင်ဓမ္မဒဿီ အမည်ရှိ အရှင် အရဟံနှင့်တပည့် အရှင်အာစာရ မထေရ်မြတ်နှစ်ပါးသည် ဂေါဒေါပလ္လင် ခေါ် ဇလုံတောင်သို့

ကြွရောက်တော်မူခဲ့ပြီးဣစ္ဆာသယ လိုတရ ချမ်းသာကြီး အောင်တော်မူ၊ အောင်ဆုယူ စေတီများကိုဦးစွာပထမ တည်ထား ကိုးကွယ်ခဲ့ကြပါတယ်။

ထို့နောက် သက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် ဝိဇ္ဇာမဟိဒ္ဓိ အရှင်ဟု ပေါ်လွင်ထင်ရှားသော ဘုန်းကြီး ဦးသာအေး အရှင်မြတ်က

အောင်တော်မူ၊အောင်ဆုယူ စေတီများကို ဒုတိယအကြိမ် မွမ်းမံ ပြုပြင်၍ ‘အောင်ကျော်အေးအောင် ဇလုံတောင်’ ဟု သာသနာပြု မော်ကွန်းတင်ခဲ့ပါတယ်။

သက္ကရာဇ် ၁၂၇၆ ခုနှစ်တွင် စက်တောကိုးဌာန အဝင်ကန်ရွာ

ကျောင်းဆရာတော်နှင့်တိုက်သူကြီး ဦးရွှေသီး ၊ ရပ်ဝေးရပ်နီးမြို့ရွာ ဒါယကာတို့က ကြေးအချိန် ၂၅ ပိဿာဖြင့်ကြေးခေါင်းလောင်း သွန်းလုပ် လှူဒါန်းပြီး

သက္ကရာဇ် ၁၂၉၇ ခုနှစ်တွင် သောင်သွတ်မြို့ဝဲတက်ရွာ ဇာတိ အရှင်ကုဝေရက သားတော်တောင် ကျောက်ပလ္လင်၌ဂန္ဓကုဋိတိုက် စေတီငါးဆူ တည်ထားကာ

ဉာဏ်တော် လေးပေရှိ၊ လိုတိုင်းပြည့်ဗျာဒိတ်ပေး ပ ဉ္စလောဟာ ဗုဒ္ဓရုပ်ပွားတော် သွန်းလောင်း၍ တတိယအကြိမ်ထူးခြားစွာ သာသနာပြု ခဲ့ကြောင်း သိရှိရပါတယ်။

သက္ကရာဇ် ၁၃၁၁ ခုနှစ်တွင် စက်တော ကုန်းရိုးကြီးကျောင်း ဆရာတော်ကြီးနှင့်အလယ်ရွာ၊ ကန်ရွာ၊ အနောက်တာ ဆရာတော်ကြီးများ

ဦးဆောင်၍ ရပ်ဝေးရပ်နီးမြို့ရွာ ဒါယကာတို့က အောင်ဆုယူ စေတီများ ကို

မွမ်းမံပြင်ဆင်၍ စတုတ္ထအကြိမ်ရွှေထီးတော် အထွတ်တင်လှူကာ သာသနာပြု ခဲ့ကြောင်း သာသနာ မော်ကွန်းတင်ကျောက်စာတွင် ဖော်ပြထားပါတယ်။

Image result for ဇလံုေတာင္

ဤကျောက်တောင်ကြီးမှာ ခမည်းတော်တောင် နှင့် မယ်တော်တောင်

ကျောက်လုံးကြီးများ နှစ်လုံးပူးတွဲပြီး ဘေးအနည်းငယ် နိမ့်သော နှစ်ဖက်တွင် သားတော်တောင်၊ သမီးတော်တောင် တွဲနေပါတယ်။

လွန်ခဲ့သော နှစ်လေးဆယ်ခန့်က သမီးတော် ကျောက်တောင်ကြီး ပဲ့ကျခဲ့ပါတယ်။အဆိုပါ ကျောက်လုံးကြီး ပဲ့ကျသော အသံသည် ဗန်းမောက်မြို့နယ်

တစ်နယ်လုံးသိမ့်သိမ့်တုန် မြည်ဟည်း ရိုက်ခတ်ခဲ့ကြောင်း သိရသည်

ကျောက်တောင်ထိပ်ကိုတက်သည့် အခါတွင် ကျောက်တောင်ကြီး နှစ်လုံးကြားမှ အုတ်လှေကားဖြင့် ကွေ့ပတ် တက်ရပါတယ်၊။

ကျဉ်းကျပ်နေသော နေရာတွင် ကျောက်တံခါးကြီး လည်းရှိပါတယ်။

အကုသိုလ်များသူမကျော်နိုင်၊ မဝင်နိုင်ဟု ဆိုကြပါတယ်။ အမှန်တကယ် မဝင်နိုင်သူကိုလည်း တွေ့ခဲ့ရပါတယ်။

ကျောက်တောင်ကြီးပေါ်ရှိ ဘုရားများကို တောင်ခြေမှလည်း ထင်ထင်ရှားရှားဖူးမြော်ရပါတယ်။ ကုတ်ကတ် တွယ်တက်ရသော နေရာလည်း

ရှိပါတယ်။အပေါ်ကျောက်တုံးကြီး တစ်ခုနှင့် တစ်ခုကြား ကျောက်ကျောမှ တစ်ဆင့်ကူးသွားရသည်မှာလည်း နှစ်ဖက်လုံး နက်ရှိုင်းသော

ချောက်ကြီးှှနှင့် ဖြစ်၍အသည်းယားစရာ ဖြစ်ကြရပါတယ်၊။

Image may contain: outdoor and nature

အချို့သူများ မကူးရဲပါ။ ဤ ကျောက်တောင်ကြီးတွင် ဇလုံတောင် အရှင်ကြီး

ရှိကြောင်း၊ဤဇလုံတောင် ဘုရားဖူးလျှင် အရိမေတ္တေယျ ဘုရားဖူးရန် စာရင်းတွင် ပါဝင်မည်ဖြစ်ကြောင်း အဆိုတစ်ရပ် ရှိကြပါတယ်။

”ဇလုံတောင်အရှင် စာရင်းမဝင်ရင် မေတ္တာရှင်နဲ့ လွဲရမယ်” ဟုဆိုသည်။

ထို့ကြောင့် ရပ်ဝေးရပ်နီး ဒေသများမှ နှစ်စဉ် ဘုရားဖူး

လာကြကြောင်းတွေ့မြင်ရသည်။ အချို့ဆိုလျှင် နှစ်ရက်သုံးရက် လမ်းလျှောက် လာကြကြောင်းတွေ့မြင်ရသည်။

Credit …မူရင်းရေးသူ

Be the first to comment

Leave a Reply

Your email address will not be published.


*