ရက်စက်လိုက်တာ… လေနတ်မင်းကြီးရယ်…


မုံရွာ၊ ဧပြီ ၃
















မုံရွာဂေဇက်

3.4.2018



မိုက်မိုက်

မုံရွာတွင် လေပြင်းမွှေ ငှက်ပျောဖူးတော် မြေခ

မုံရွာ၊ ဧပြီ ၃

ယနေ့ ဧပြီလ ၃ ရက်နေ့ ညနေပိုင်းက တိုက်ခဲ့သော လေပြင်းကြောင့် မုံရွာမြို့၏ မြောက်ဘက်ပိုင်း ရပ်ကွက်ကြီး များတွင် လေပြင်းဒဏ်ကြောင့် အပင်များ

ပြိုလဲမှုရှိခဲ့ကာ နေအိမ် အချို့ ပျက်ဆီး ဆုံးရှုံးခဲ့သည်ဟု သိရသည်။

အလုံမြို့ ကမ်းနားလမ်းပိုင်းသည် လေပြင်းဒဏ်ပို ခံခဲ့ရပြီး အိမ်များ အမိုးလန်ခြင်း အပင်

ပြိုလဲခြင်းများ ဖြစ်ခဲ့သည် ဟု အလုံ စစ်ပင်ရပ်ကွက်မှ ဒေသခံ ဦးစောဝင်းက ပြောသည်။

“လောလောဆယ်တော့ စာရင်းကောက် နေတုန်းပဲ မျက်မြင် အပျက်အစီး

စာရင်းကိုက အိမ် ၂၅ လုံးလောက် အမိုး လန်တယ် အပင်ပိတဲ့ အိမ်တစ်အိမ်တော့ ရှိတယ်” ဟု သူက ဆက်ပြောသည်။

အလုံနယ်မြေ ရဲကင်းမှ တာဝန်ရှိ အရာရှိအား ဆက်သွယ် မေးမြန်းရာ

လက်ရှိ အချိန်တွင် လဘက်ရည်ဆိုင် တစ်ဆိုင် သစ်ပင်လဲကျ၍ ပျက်စီးခဲ့သည် ဟု ဆိုပြီး မုံရွာ – ရေဦး ကားလမ်း ခေတ္တ ပိတ်ခဲ့သည်ဟု သူက အတည်ပြုသည်။

ချင်းတွင်းမြစ် သဲသော်ပြင်တွင် ကျင်းပရန် ပြင်ဆင် နေသော ချင်းတွင်း

သင်္ကြန်တွင်လည်း အပျက်အစီး အနည်းငယ်သာ ရှိခဲ့ပြီး၊ သဲပန်းပုရုပ်များ ပျက်စီးချင်း မရှိဟု သတင်းထောက်က သတင်း ပေးပို့သည်။

ချင်းတွင်းမြစ် တစ်ဘက်ကမ်း ရွှေတောင်ဦး စေတီ တွင်လည်း ဘုရားထီးတင်ရန် ငြမ်းစဉ်ထားစဉ် စေတီတော် ထိပ်ပိုင်း ကြာမှောက်ကြာလန် ပြိုကျသွားခဲ့သည် ဟု

ယင်းနေရာကို ရောက်ရှိနေသည့် မုံရွာဂေဇက် သတင်းထောက်က သတင်း ပေးပို့သည်။

မုံရွာ – ယာကြီး လမ်းမဘေး ဘန့်ဘွေးရွာ အနီး အပင်များ အမြစ်ကျွတ်လဲခြင်း နေအိမ်များ အမိုးလန် နေသည်ကို တွေ့ရှိခဲ့သည် ဟု မုံရွာမှ ကနီသို့

ပြန်နေသည့် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။

လေပြင်းမှာ အနောက်မြောက်ဘက်မှ တိုက်ခတ်လာသော လေပြင်း

တစ်နာရီလျှင် ၁၅ မိုင်နှုန်း ရှိမည် ဟု တိုင်း မိုးဇလက ခန့်မှန်း ပြောဆိုထားသည်။

မုံရွာဂေဇက်

3.4.2018

ယနေ့ညနေ ၅ ; ၄၅ မိနစ်အချိန်မှာလေပြင်းများတိုက်ခတ်မှု့ကြောင့်မုံရွာမြို့ရဲ့ အနောက်ဖက်ကမ်းမှ

ထီးတော်ပြင်ဆင်ရန်ငြမ်းဆင်ထားသောရွှေတောင်ဦးဘုရားမှ ငှက်ပျောဖူးတော် မြေခခဲ့ရပါတယ်

မိုက်မိုက်

Be the first to comment

Leave a Reply

Your email address will not be published.


*