သမရိုးက်မဟုတ္ ျဖစ္တည္ခဲ့ေသာ ဗုဒၶရုပ္ပြားေတာ္တစ္ဆူအေၾကာင္း

အခ်ိန္က နံနက္ ၁၁နာရီ၊ ျပင္ဦးလြင္ျမိဳ႕နယ္၊ ေရငယ္ေက်းရြာအလြန္၊ မႏၱေလး-လားရိႈးကားလမ္းမၾကီး မိုင္တိုင္ ၄၇/၁ မွာ ယာဥ္တိမ္းေမွာက္မႈ တစ္ခုျဖစ္ခဲ့တယ္။

ကားေပၚကေန လြင့္က်လာတာက ဥာဏ္ေတာ္ ၁၅ေပ၊ အေလးခ်ိန္ ၁၇တန္ရိွတဲ့ ၾကီးမားသည့္ ဆင္းတုေတာ္ၾကီး တစ္ဆူ။ လူေတြ ၾကီးၾကီးမားမား ထိခိုက္မႈမရိွလို႔ ေတာ္ပါေသးတယ္။ သည္လိုအျဖစ္မ်ိဳး အရင္က မျဖစ္ဘူးေတာ့

နယ္ခံေတြအၾကား စိတ္ဝင္တစား လာၾကည့္ၾကသူေတြရိွသလို၊ သတင္းနားစြင့္သူမ်ားကလည္း မနည္းမေနာ။

ဒါေတြက သည္ေန႔ သည္ရက္မွာ ျဖစ္ေနတာေတာ့ မဟုတ္ပါဘူး။ လြန္ခဲ့တဲ့အႏွစ္၂၀ – ၁၉၉၇ခု၊ ဧျပီလ၊ ၆ရက္ေန႔မွာ ျဖစ္သြားခဲ့တာပါ။

ဆင္းတုေတာ္ၾကီးရဲ႕ ဇစ္ျမစ္ကို စံုစမ္းၾကတဲ့အခါ ေရႊလီရိွ လူတစ္ေယာက္က မႏၱေလးျမိဳ႕က ေအာင္သီဟေက်ာက္ဆစ္လုပ္ငန္းကို သည္အခ်ိဳး၊ သည္အရြယ္အစား ဆင္းတုေတာ္တစ္ဆူ ထုလုပ္ေပးဖို႔

အလုပ္အပ္ႏွံခဲ့တယ္လို႔ သိရသည္။ ဆင္းတုေတာ္ၾကီး ထုလုပ္ ျပီးစီးတဲ့အခါ ေရႊလီမွာရိွတဲ့ အလုပ္အပ္ႏွံသူဆီ ပို႔ဖို႔ အလာလမ္းမွာ ခုလို ယာဥ္တိမ္းေမွာက္မႈ ျဖစ္ခဲ့တာပါ။ နယ္ခံေတြၾကား အာသီတ ျဖစ္လာတာက

ဆင္းတုေတာ္ၾကီးကို ေရႊလီသို႔ ဆက္မပို႔ေစခ်င္ၾကေတာ့ဘဲ ျပင္ဦးလြင္မွာပဲ ပူေဇာ္ခ်င္စိတ္ ျဖစ္လာၾကတာပါပဲ။ မႏၱေလးက ဆင္းတုေတာ္ထုလုပ္သူ ကိုယ္တိုင္ကလည္း ေရႊလီကို မပို႔ေစခ်င္ေတာ့ဘူး။ ျပင္ဦးလြင္မွာပဲ

စံေစခ်င္တယ္။ ဒါနဲ႔ သူက ၂သိန္း အရင္မတည္ျပီး ေဒသခံေတြ စုေပါင္း လွဴဒါန္းေငြ ၈သိန္းေပါင္းျပီး ေအာင္သီဟေက်ာက္ဆစ္လုပ္ငန္းကို စုစုေပါင္း ၁၀သိန္း အေလ်ာ္အစား ေပးေျခလိုက္ၾကသည္။

တာဝန္ရိွရပ္ဖိရပ္ဖႏွင့္ ဗိုလ္ခ်ဳပ္ရဲျမင့္တို႔မွ ျပင္ဦလြင္ျမိဳ႕ရိွ ႏိုင္ငံေတာ္ၾသဝါဒစရိယဆရာေတာ္ႏွင့္ သံဃာ့နာယကဆရာေတာ္မ်ားကို ဗုဒၶရုပ္ပြားေတာ္အတြက္ စံေက်ာင္းႏွင့္ေစတီ တည္လိုေၾကာင္း

ေလွ်ာက္တင္ၾကသည္။ ဆရာေတာ္မ်ားမွ ဆင္းတုေတာ္ကို အေနကဇာတင္ခါ မဟာအံ့ထူးကံသာဆုေတာင္းျပည့္ဘုရားဟု ဘြဲ႕တံဆိပ္ေတာ္ ဆပ္ကပ္လွဴဒါန္းျပီး လုပ္ေဆာင္သင့္သည္မ်ားကို

မိန္႔ၾကားေပးသည္။ စံေက်ာင္းႏွင့္ေစတီေတာ္ကို ျပင္ဦးလြင္ျမိဳ႕၊ ေရငယ္ေက်းရြာအလြန္၊ ဓမၼရတီကုန္းျမင့္ေနရာတြင္

တည္ေဆာက္ခဲ့ၾကသည္။ ထီးေတာ္တင္ပြဲကို ယာဥ္တိမ္းေမွာက္မႈျဖစ္ျပီး ေနာက္သံုးႏွစ္အၾကာ ၂၀၀၀ခု၊ ဧျပီလ၊ ၁၁ရက္ေန႔တြင္ က်င္းပႏိုင္ခဲ့သည္။

Credit – Chan Myae Ei
#travellerchan

Unicode

အချိန်က နံနက် ၁၁နာရီ၊ ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ကျေးရွာအလွန်၊ မန္တလေး-လားရှိုးကားလမ်းမကြီး မိုင်တိုင် ၄၇/၁ မှာ ယာဉ်တိမ်းမှောက်မှု တစ်ခုဖြစ်ခဲ့တယ်။

ကားပေါ်ကနေ လွင့်ကျလာတာက ဉာဏ်တော် ၁၅ပေ၊ အလေးချိန် ၁၇တန်ရှိတဲ့ ကြီးမားသည့် ဆင်းတုတော်ကြီး တစ်ဆူ။ လူတွေ ကြီးကြီးမားမား ထိခိုက်မှုမရှိလို့ တော်ပါသေးတယ်။ သည်လိုအဖြစ်မျိုး အရင်က မဖြစ်ဘူးတော့

နယ်ခံတွေအကြား စိတ်ဝင်တစား လာကြည့်ကြသူတွေရှိသလို၊ သတင်းနားစွင့်သူများကလည်း မနည်းမနော။

ဒါတွေက သည်နေ့ သည်ရက်မှာ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့အနှစ်၂၀ – ၁၉၉၇ခု၊ ဧပြီလ၊ ၆ရက်နေ့မှာ ဖြစ်သွားခဲ့တာပါ။

ဆင်းတုတော်ကြီးရဲ့ ဇစ်မြစ်ကို စုံစမ်းကြတဲ့အခါ ရွှေလီရှိ လူတစ်ယောက်က မန္တလေးမြို့က အောင်သီဟကျောက်ဆစ်လုပ်ငန်းကို သည်အချိုး၊ သည်အရွယ်အစား ဆင်းတုတော်တစ်ဆူ ထုလုပ်ပေးဖို့

အလုပ်အပ်နှံခဲ့တယ်လို့ သိရသည်။ ဆင်းတုတော်ကြီး ထုလုပ် ပြီးစီးတဲ့အခါ ရွှေလီမှာရှိတဲ့ အလုပ်အပ်နှံသူဆီ ပို့ဖို့ အလာလမ်းမှာ ခုလို ယာဉ်တိမ်းမှောက်မှု ဖြစ်ခဲ့တာပါ။ နယ်ခံတွေကြား အာသီတ

ဖြစ်လာတာက ဆင်းတုတော်ကြီးကို ရွှေလီသို့ ဆက်မပို့စေချင်ကြတော့ဘဲ ပြင်ဦးလွင်မှာပဲ ပူဇော်ချင်စိတ် ဖြစ်လာကြတာပါပဲ။ မန္တလေးက ဆင်းတုတော်ထုလုပ်သူ ကိုယ်တိုင်ကလည်း ရွှေလီကို မပို့စေချင်တော့ဘူး။

ပြင်ဦးလွင်မှာပဲ စံစေချင်တယ်။ ဒါနဲ့ သူက ၂သိန်း အရင်မတည်ပြီး ဒေသခံတွေ စုပေါင်း လှူဒါန်းငွေ ၈သိန်းပေါင်းပြီး အောင်သီဟကျောက်ဆစ်လုပ်ငန်းကို စုစုပေါင်း ၁၀သိန်း အလျော်အစား ပေးခြေလိုက်ကြသည်။

တာဝန်ရှိရပ်ဖိရပ်ဖနှင့် ဗိုလ်ချုပ်ရဲမြင့်တို့မှ ပြင်ဦလွင်မြို့ရှိ နိုင်ငံတော်သြဝါဒစရိယဆရာတော်နှင့် သံဃာ့နာယကဆရာတော်များကို ဗုဒ္ဓရုပ်ပွားတော်အတွက် စံကျောင်းနှင့်စေတီ တည်လိုကြောင်း

လျှောက်တင်ကြသည်။ ဆရာတော်များမှ ဆင်းတုတော်ကို အနေကဇာတင်ခါ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားဟု ဘွဲ့တံဆိပ်တော် ဆပ်ကပ်လှူဒါန်းပြီး လုပ်ဆောင်သင့်သည်များကို

မိန့်ကြားပေးသည်။ စံကျောင်းနှင့်စေတီတော်ကို ပြင်ဦးလွင်မြို့၊ ရေငယ်ကျေးရွာအလွန်၊ ဓမ္မရတီကုန်းမြင့်နေရာတွင်

တည်ဆောက်ခဲ့ကြသည်။ ထီးတော်တင်ပွဲကို ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး နောက်သုံးနှစ်အကြာ ၂၀၀၀ခု၊ ဧပြီလ၊ ၁၁ရက်နေ့တွင် ကျင်းပနိုင်ခဲ့သည်။

Credit – Chan Myae Ei
#travellerchan

Be the first to comment

Leave a Reply

Your email address will not be published.


*