ကံဆိုးမိုးေမွာင္မက်မီွ အေျခအေနမ်ားမွာ အခ်ိန္ကိုက္ ရိုက္ကူးထားမိတဲ့ ဓာတ္ပုံမ်ား

ဓာတ္ပံုေတြကိုကိုယ္လိုခ်င္တဲ့အေနအထားအတိုင္းရေအာင္ ရိုက္ကူးႏိုင္ဖို႔ဆိုတာမလြယ္ကူပါဘူး။ ျဖစ္ရပ္တစ္ခုၾကံဳတဲ့အခါၾကံဳေတြ႔လာတဲ့ျဖစ္ရပ္ကိုအခ်ိန္ကိုက္ရိုက္ကူးျဖစ္ဖို႔ဆိုတာပိုေတာင္ခက္ခဲ

ပါေသးတယ္။ ေအာက္မွာေဖာ္ျပထားတဲ့ဓာတ္ပံုေတြကေတာ့ ကံဆိုးမိုးေမွာင္မက်ခင္အခ်ိန္ေလးေတြမွာအခ်ိန္ကိုက္ရိုက္ကူးထားမိတဲ့ဓာတ္ပံုေတြျဖစ္ပါတယ္။

ရဲသားၾကီးတစ္ဦးက သာမန္ရိုးက်ေတြ႔ျမင္ေနက် မဟုတ္တဲ့ ရာဇ၀တ္သားကို ဖမ္းဆီးေနပံုပါ။ ရဲသားၾကီးက ကားကို လမ္းေဘးထိုးရပ္ထားတုန္း (၆)ေပအရြယ္ရွိတဲ့ မိေက်ာင္းၾကီးက

အေနာက္ကေန တိတ္တိတ္ေလး ေပၚလာခဲ့တာပါ။ မိနစ္(၂၀)နီးပါးေလာက္ အခုလိုအေနအထားမ်ိဳးနဲ႔ ရွိေနၿပီးေတာ့မွ မိေက်ာင္းၾကီးဟာ ေရထဲကို ျပန္ဆင္းသြားခဲ့ပါတယ္။

ဓာတ္ပံုတစ္ပံုမွာဆိုရင္ ေရွ႕ကားမွာရွိတဲ့သစ္လံုးေတြက ျပဳတ္က်လာၿပီး ကားဆီကိုလာမွန္ေတာ့မယ့္အေျခအေနကိုရိုက္ကူးထားတာပါ။

လဲက်လာတဲ့သစ္လံုးေတြထဲမွာသစ္လံုးၾကီးတစ္လံုးဟာ

အမ်ိဳးသမီးၾကီးတစ္ေယာက္ေမာင္းလာတဲ့ကားေရွ႕တည့္တည့္ကိုပံ်သန္းလာေနတာကိုလည္း ေျခာက္ျခားဖြယ္ေတြ႔ရမွာပါ။

အခုဓာတ္ပံုမွာေတာ့ ဗြက္ေတာထဲမွာ ကားတစ္စီးျဖတ္ေမာင္းသြားၿပီး ေဘးမွာလမ္းေလ်ာက္ေနတဲ့ ေရလႊာေလ်ာစီးအမ်ိဳးသမီးႏွစ္ေယာက္ကို

တစ္ကိုယ္လံုးစုိရြဲသြားေအာင္ ပက္ျဖန္းမယ့္ အေျခအေနကို ေတြ႔ရတာပါ။

အမ်ိဳးသမီးတစ္ဦးရဲ႕ ေခါင္းနားမွာရွိေနတဲ့ ေရခြက္တစ္ခြက္ကို ျမင္ရမွာပါ။ ၾကည့္ရတာေတာ့ အမ်ိဳးသမီးဟာ ေျဖေဖာ်္ပြဲတစ္ခုကို ေရာက္ေနတယ္ ထင္ပါတယ္။

ေရအျပည့္ရွိတဲ့ ေရခြက္က သူမဆီကို မထိခိုက္မိခင္မွာ သြန္က်လာတဲ့ေရေတြဟာ ေလထဲမွာ လွပတဲ့ ပံုသ႑ာန္ေလးျဖစ္ေနတာကို ေတြ႔ရမွာျဖစ္ပါတယ္။

ႏြားရိုင္းသတ္ပြဲကဓာတ္ပံုတစ္ပံုျဖစ္ပါတယ္။ ႏြားရိုင္းၾကီးတစ္ေကာင္ဟာ ပြဲၾကည့္ပရိသတ္ထဲကို နယ္ကြ်ံၿပီး၀င္လာဟန္ရွိပါတယ္။

ယခုဓာတ္ပံုမွာေတာ့ ဆိုင္ကယ္ၿပိဳင္ေမာင္းေနတဲ့ ၿပိဳင္ပြဲ၀င္ဆိုင္ကယ္သမားတစ္ေယာက္ရဲ႕ဓာတ္ပံုပါ။

ဟန္ခ်က္ပ်က္ၿပီးဆိုင္ကယ္ေမွာက္ကာ ကိုယ္ေပၚကိုဆိုင္ကယ္ျပန္ပိမက်ခင္အခုလိုေတြ႔ရတာပါ။ ေနာက္ထပ္ေျခာက္ျခားစရာေကာင္းတာတစ္ခုက ၿပိဳင္ပြဲမွာ

တျခားၿပိဳင္ပြဲ၀င္ေတြလည္းရွိေနတာေၾကာင့္ လဲက်သြားတဲ့ဆိုင္ကယ္သမားအေပၚကို တက္ၾကိတ္မိသြားမလားဆိုတာေတာ့ အေသခ်ာမသိရပါဘူး။

အလြန္တုန္လႈပ္စရာေကာင္းတဲ့ ျမင္ကြင္းပါ။ သမုဒၵရာအလယ္မွာေလွေလးတစ္စီးသြားေနၿပီး

ေလွကေလးရဲ႕ အေနာက္ကေနလိုက္လာတဲ့ ငါးမန္းအၾကီးၾကီးတစ္ေကာင္ကို ျမင္ရမွာျဖစ္ပါတယ္။

စက္ဘီးစီးသမားနဲ႔ေလွေလွာ္လာတဲ့စံုတြဲတို႔ ေတြ႔ၾကတဲ့ဓာတ္ပံုပါ။ စက္ဘီးစီးသမားက ဟန္ခ်က္ပ်က္ၿပီး ကုန္းေပၚမွာစက္ဘီးစီးလာရာကေန ေရထဲကိုထိုးက်သြားခဲ့တယ္လို႔

ထင္ရပါတယ္။ အခုဓာတ္ပံုကေတာ့ ေလွေပၚပါသူေတြေရာ၊ စက္ဘီးစီးသမားေတြေရာ ေရမစိုခင္ရိုက္ကူးထားမိတဲ့ ဓာတ္ပံုပဲျဖစ္ပါတယ္။

ေတြ႔ရတဲ့ဓာတ္ပံုမွာေတာ့ ရုတ္တရက္ၾကည့္ရင္ ထူးဆန္းတာကို ျမင္မိမွာမဟုတ္ပါဘူး။

ဒါေပမယ့္ေသခ်ာၾကည့္ရင္ေတာ့ မတ္တပ္ရပ္ေနတဲ့အမ်ိဳးသမီးရဲ႕ဘယ္ဘက္ေရေအာက္မွာ မိေက်ာင္းၾကီးတစ္ေကာင္ကိုျမင္ရမွာပါ။

မ်က္စိအျမင္ကို ေတာ္ေတာ္ေလး လွည့္စားေစတဲ့ ဓာတ္ပံုပါ။ ဓာတ္ပံုထဲမွာ ေတြ႔ရတဲ့အမ်ိဳးသားရဲ႕ လက္ထဲမွာ ဆိုဒါ/လက္ဖက္ရည္ခြက္ကို ကိုင္ထားခဲ့ပါတယ္။

ထိုအခ်ိဳရည္ေတြက အမ်ိဳးသမီးေပၚကို ဖိတ္စင္ၾကလိမ့္မယ္လို႔ယူဆရပါတယ္။

လင္းလင္း (ShweMom)

Ref: Yorkfeed

..

Unicode

ဓာတ်ပုံတွေကိုကိုယ်လိုချင်တဲ့အနေအထားအတိုင်းရအောင် ရိုက်ကူးနိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။ ဖြစ်ရပ်တစ်ခုကြုံတဲ့အခါကြံုတွေ့လာတဲ့ဖြစ်ရပ်ကိုအချိန်ကိုက်ရိုက်ကူးဖြစ်ဖို့ဆိုတာပိုတောင်ခက်ခဲပါ

သေးတယ်။ အောက်မှာဖော်ပြထားတဲ့ဓာတ်ပုံတွေကတော့

ကံဆိုးမိုးမှောင်မကျခင်အချိန်လေးတွေမှာအချိန်ကိုက်ရိုက်ကူးထားမိတဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။

ရဲသားကြီးတစ်ဦးက သာမန်ရိုးကျတွေ့မြင်နေကျ မဟုတ်တဲ့ ရာဇဝတ်သားကို ဖမ်းဆီးနေပုံပါ။ ရဲသားကြီးက ကားကို လမ်းဘေးထိုးရပ်ထားတုန်း (၆)ပေအရွယ်ရှိတဲ့ မိကျောင်းကြီးက

အနောက်ကနေ တိတ်တိတ်လေး ပေါ်လာခဲ့တာပါ။ မိနစ်(၂၀)နီးပါးလောက်

အခုလိုအနေအထားမျိုးနဲ့ ရှိနေပြီးတော့မှ မိကျောင်းကြီးဟာ ရေထဲကို ပြန်ဆင်းသွားခဲ့ပါတယ်။

ဓာတ်ပုံတစ်ပုံမှာဆိုရင် ရှေ့ကားမှာရှိတဲ့သစ်လုံးတွေက ပြုတ်ကျလာပြီး ကားဆီကိုလာမှန်တော့မယ့်အခြေအနေကိုရိုက်ကူးထားတာပါ။

လဲကျလာတဲ့သစ်လုံးတွေထဲမှာသစ်လုံးကြီးတစ်လုံးဟာ

အမျိုးသမီးကြီးတစ်ယောက်မောင်းလာတဲ့ကားရှေ့တည့်တည့်ကိုပျံသန်းလာနေတာကိုလည်း ခြောက်ခြားဖွယ်တွေ့ရမှာပါ။

အခုဓာတ်ပုံမှာတော့ ဗွက်တောထဲမှာ ကားတစ်စီးဖြတ်မောင်းသွားပြီး ဘေးမှာလမ်းလျောက်နေတဲ့ ရေလွှာလျောစီးအမျိုးသမီးနှစ်ယောက်ကို

တစ်ကိုယ်လုံးစိုရွဲသွားအောင် ပက်ဖြန်းမယ့် အခြေအနေကို တွေ့ရတာပါ။

အမျိုးသမီးတစ်ဦးရဲ့ ခေါင်းနားမှာရှိနေတဲ့ ရေခွက်တစ်ခွက်ကို မြင်ရမှာပါ။ ကြည့်ရတာတော့ အမျိုးသမီးဟာ ဖြေဖောျ်ပွဲတစ်ခုကို ရောက်နေတယ် ထင်ပါတယ်။

ရေအပြည့်ရှိတဲ့ ရေခွက်က သူမဆီကို မထိခိုက်မိခင်မှာ သွန်ကျလာတဲ့ရေတွေဟာ လေထဲမှာ လှပတဲ့ ပုံသဏ္ဍာန်လေးဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

နွားရိုင်းသတ်ပွဲကဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။ နွားရိုင်းကြီးတစ်ကောင်ဟာ ပွဲကြည့်ပရိသတ်ထဲကို နယ်ကျွံပြီးဝင်လာဟန်ရှိပါတယ်။

ယခုဓာတ်ပုံမှာတော့ ဆိုင်ကယ်ပြိုင်မောင်းနေတဲ့ ပြိုင်ပွဲဝင်ဆိုင်ကယ်သမားတစ်ယောက်ရဲ့ဓာတ်ပုံပါ။ ဟန်ချက်ပျက်ပြီးဆိုင်ကယ်မှောက်ကာ

ကိုယ်ပေါ်ကိုဆိုင်ကယ်ပြန်ပိမကျခင်အခုလိုတွေ့ရတာပါ။ နောက်ထပ်ခြောက်ခြားစရာကောင်းတာတစ်ခုက ပြိုင်ပွဲမှာ

တခြားပြိုင်ပွဲဝင်တွေလည်းရှိနေတာကြောင့် လဲကျသွားတဲ့ဆိုင်ကယ်သမားအပေါ်ကို တက်ကြိတ်မိသွားမလားဆိုတာတော့ အသေချာမသိရပါဘူး။

အလွန်တုန်လှုပ်စရာကောင်းတဲ့ မြင်ကွင်းပါ။ သမုဒ္ဒရာအလယ်မှာလှေလေးတစ်စီးသွားနေပြီး လှေကလေးရဲ့

အနောက်ကနေလိုက်လာတဲ့ ငါးမန်းအကြီးကြီးတစ်ကောင်ကို မြင်ရမှာဖြစ်ပါတယ်။

စက်ဘီးစီးသမားနဲ့လှေလှော်လာတဲ့စုံတွဲတို့ တွေ့ကြတဲ့ဓာတ်ပုံပါ။ စက်ဘီးစီးသမားက ဟန်ချက်ပျက်ပြီး ကုန်းပေါ်မှာစက်ဘီးစီးလာရာကနေ ရေထဲကိုထိုးကျသွားခဲ့တယ်လို့

ထင်ရပါတယ်။ အခုဓာတ်ပုံကတော့ လှေပေါ်ပါသူတွေရော၊ စက်ဘီးစီးသမားတွေရော ရေမစိုခင်ရိုက်ကူးထားမိတဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။

တွေ့ရတဲ့ဓာတ်ပုံမှာတော့ ရုတ်တရက်ကြည့်ရင် ထူးဆန်းတာကို မြင်မိမှာမဟုတ်ပါဘူး။ ဒါပေမယ့်သေချာကြည့်ရင်တော့ မတ်တပ်ရပ်နေတဲ့အမျိုးသမီးရဲ့ဘယ်ဘက်ရေအောက်မှာ

မိကျောင်းကြီးတစ်ကောင်ကိုမြင်ရမှာပါ။

မျက်စိအမြင်ကို တော်တော်လေး လှည့်စားစေတဲ့ ဓာတ်ပုံပါ။ ဓာတ်ပုံထဲမှာ တွေ့ရတဲ့အမျိုးသားရဲ့ လက်ထဲမှာ ဆိုဒါ/လက်ဖက်ရည်ခွက်ကို ကိုင်ထားခဲ့ပါတယ်။

ထိုအချိုရည်တွေက အမျိုးသမီးပေါ်ကို ဖိတ်စင်ကြလိမ့်မယ်လို့ယူဆရပါတယ်။

လင်းလင်း (ShweMom)

Ref: Yorkfeed

Be the first to comment

Leave a Reply

Your email address will not be published.


*