အပတ္စဥ္တင္ေပးေနၾကျဖစ္ေသာ ဆရာဇင္ေယာ္ႏွီရဲ႕ ခုႏွစ္ရက္သားသမီး တစ္ပတ္စာ ေဟာစတမ္း (၁၄.၅.၁၈ မွ ၂၀.၅.၁၈ထိ)

တနဂၤေႏြသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ စိတ္ခ်မ္းသာစရာ ခရီးေတြ တစ္ခုၿပီးတစ္ခု သြားျဖစ္မယ္။ ႏိုင္ငံရပ္ျခားခရီး စီစဥ္ေနသူမ်ား အထေျမာက္ေအာင္ျမင္မယ္။ ရပ္ေဝးက ေဆြမ်ိဳးမိတ္ေဆြေတြနဲ႔

အမွတ္မထင္ ျပန္လည္ဆံုဆည္းရတတ္ပါတယ္။ ရပ္ေဝးဆရာသမား ႀကီးကဲသူေတြက အကူအညီေကာင္း ေပးလိမ့္မယ္။ အဖိုးတန္ပစၥည္းႏွစ္မ်ိဳး ဝင္လာတတ္ပါတယ္။

ေအာက္လက္ငယ္သားေတြ က်န္းမာေရးညံ့မယ္။ စိတ္ညစ္ရာဧည့္သည္ ေရာက္လာတတ္ တယ္။ ယာဥ္ေတြ၊ စက္ေတြနဲ႔ ထိမိခိုက္မိျဖစ္တတ္ပါတယ္။ ကေလးတစ္ေယာက္အတြက္

စိတ္ညစ္ရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာလည္း အလြန္စိတ္႐ႈပ္ရမယ္။ ေရာဂါေဟာင္း ျပႆနာေဟာင္းေတြ ျပန္ေပၚတတ္ပါတယ္။ ႀကီးကဲသူေတြနဲ႔လည္း

စိတ္သေဘာကြဲရတတ္ပါတယ္။ အလုပ္မွာ ေရွ႕တိုးရခက္၊ ေနာက္ဆုတ္ရခက္ အေျခအေနမ်ိဳးေတြ ႀကံဳလာမယ္။ မထင္မွတ္တဲ့ ေနရာက ေငြေတြအမ်ားႀကီး

ဝင္လာတတ္ပါတယ္။ စိတ္ညစ္ရတာ ျပႆနာျဖစ္တာေတြႀကံဳမယ္။ ႀကီးကဲသူေတြနဲ႔လည္း

စိတ္သေဘာကြဲရတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၉/၃။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ေမႊးေသာပန္း ၉ ပြင့္လွဴပါေလ။

တနလၤာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ စိတ္ရွည္ရွည္ထားဖို႔ အေရးႀကီးပါတယ္။ စကားမ်ား ရန္ျဖစ္ရတတ္တယ္။ ကိုယ့္ေၾကာင့္ျဖစ္တဲ့ျပႆနာ သူမ်ားေၾကာင့္ျဖစ္တဲ့ ျပႆနာပါ ဆက္ေနတတ္ပါတယ္။

ဘယ္လိုပဲ ကင္းေအာင္ေနေန ျပႆနာေတြက လာၿပီး ပတ္သက္ေနတတ္ပါတယ္။ မိသားစုအတြင္းမွာလည္း တစ္ေယာက္တစ္ ေပါက္ဆိုသလို ျဖစ္ေနမယ္။ ၿပီးသြားၿပီလို႔ထင္တဲ့

ျပႆနာေတြ ျပန္ေပၚလာတတ္တယ္။ အလုပ္မွာ စိတ္ကုန္ စရာေတြ ႀကံဳလာမယ္။ အလုပ္ေျပာင္းခ်င္စိတ္ေတြ ေပၚလာတတ္ပါတယ္။ အင္မတန္ရင္းႏွီးသူထဲက နာေရး

ႀကံဳလိမ့္မယ္။ ေနရာကိစၥ၊ အေဆာက္အဦးကိစၥေတြ အဆင္မေျပျဖစ္မယ္။ မိခင္အေဒၚ

စသူေတြ က်န္းမာေရး ညံ့မယ္။ ေအာက္လက္ငယ္သားအတြက္ စိတ္ခ်မ္းသာစရာေတြ ျဖစ္လာမယ္။ ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ေနတဲ့လူေတြ ျပန္ေပၚလာတတ္တယ္။

က်န္းမာေရးအတြက္ ေငြကုန္ေၾကးက်မ်ားတတ္ပါတယ္။ အစီအစဥ္မရွိဘဲနဲ႔ သင္တန္းတစ္ခု တက္ျဖစ္တာ၊ ပညာေကာင္းရတာေတြ ႀကံဳလာမယ္။ ဆရာသမား၊ ႀကီးကဲသူမ်ားလက္မွာ

ထိမိခိုက္မိျဖစ္တတ္တယ္။ ကံအက်ိဳးေပးဂဏန္း ၁/၉။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ သေျပ ၂၁ ညြန္႔လွဴပါေလ။

အဂၤါသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ကံေတာ္ေတာ္နိမ့္ပါတယ္။ ဘာမဆို သတိႀကီးစြာထားဖို႔လိုပါတယ္။ လုပ္သမွ် ဒုကၡဆိုသလိုျဖစ္ေနမယ္။ အလုပ္ေတြပ်က္စီးကုန္တာ၊ အလုပ္ျပဳတ္တာမ်ိဳးေတြဟာ

ဒီကိန္းမ်ိဳးနဲ႔ ပတ္သက္ေနေလ့ရွိပါတယ္။ ဒါေၾကာင့္ အေတာ့္ကို သတိထားဖို႔လိုပါတယ္။ မျဖစ္စေလာက္နဲ႔ အမႈအခင္း လို ေျဖရွင္းရတဲ့ အေျခအေနမ်ိဳးအထိ ေရာက္သြားတတ္ပါတယ္။

အဖိုးတန္ပစၥည္းေတြ အေရာင္းမွား အဝယ္မွားတတ္တယ္။ မိတ္ေဆြေမာင္ႏွမမ်ားနဲ႔လည္း စကားမ်ားရတတ္ပါတယ္။ ေနရာထိုင္ခင္းကိစၥ မထင္မွတ္ဘဲ ျပင္ဆင္ေျပာင္းေရႊ႕ရတတ္တယ္။

ေအာက္လက္ငယ္သားရဲ႕ အခ်စ္ေရးအိမ္ေထာင္ေရး ႐ႈပ္ေထြးမယ္။ ဒုကၡေပးမယ့္ဧည့္သည္ ေရာက္လာ တတ္ပါတယ္။ စိတ္ဓာတ္က်တာ၊ စိတ္႐ႈပ္တာေတြေၾကာင့္ က်န္းမာေရး

ထိခိုက္သြားတတ္ပါတယ္။ မိန္းမႀကီးတစ္ေယာက္က အကူအညီေကာင္းေတြ

ေပးလာတတ္ပါတယ္။ ေငြကံကေလးကလည္း ေကာင္းေနပါတယ္။

အခ်စ္ေရးအိမ္ေထာင္ေရးမွာလည္း စိတ္ခ်မ္းသာရမယ္။ ကံအက်ိဳးေပးဂဏန္း ၂/၁။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ကံ့ေကာ္ ၁၅ ညြန္႔လွဴပါေလ။

ဗုဒၶဟူးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ဘာမဆို ႏွစ္မ်ိဳးႏွစ္ခု ႀကံဳလာတတ္ပါတယ္။ အလုပ္ႏွစ္မ်ိဳး ဝင္ေငြႏွစ္မ်ိဳးျဖစ္ေနမယ္။ သူတစ္ပါးရဲ႕တာဝန္ကိုလည္း ပူးတြဲထမ္းေဆာင္ရတတ္ပါတယ္။

ခရီးကိစၥေတြ၊ ရပ္ေဝးနဲ႔ဆက္ႏြယ္တဲ့အလုပ္ေတြ ေအာင္ျမင္မယ္။ ေငြလည္းတအားရႊင္ေနလိမ့္မယ္။ ထီထိုး သင့္ပါတယ္။ အဖိုးတန္ပစၥည္းေတြဝင္လာမယ္။

ဘာသာေရးပတ္သက္တဲ့ ပစၥည္းေတြလည္း ဝင္လာတတ္ပါ တယ္။ ေနရာထိုင္ခင္းကိစၥ စိတ္ညစ္ရတာ၊ မိသားစုအတြင္း စကားမ်ားရန္ျဖစ္ရတာေတြ ႀကံဳရတတ္ပါ တယ္။

ေအာက္လက္ငယ္သားအတြက္ေတာ့ ဝမ္းသာစရာေတြ ႀကံဳလာမယ္။ ရပ္ေဝးက ေဆြမ်ိဳးေတြနဲ႔ ျပန္ဆံုရတတ္ပါတယ္။ အနီးကပ္ေဆြမ်ိဳးမိတ္ေဆြေတြနဲ႔ကေတာ့ အဆင္မေျပႀကီးစြာျဖစ္မယ္။

အခ်စ္ေရး၊ အိမ္ေထာင္ေရး အဆင္ေျပမယ္။ ဒါေပမယ့္ ရပ္ေဝးခြဲရတတ္ပါတယ္။ စာရြက္စာတမ္းအတြက္ စိတ္ညစ္ရတာ၊ စာရင္းဇယားမွားယြင္းတာ၊ ဆရာသမား

ႀကီးကဲသူေတြက အထင္လြဲတာ၊ သူတစ္ပါးရဲ႕ကိစၥ ၾကားညပ္ေျဖရွင္းရတာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြမွာ အထစ္အေငါ့ ႀကီးစြာႀကံဳမယ္။

မိသားစုနဲ႔ စိတ္သေဘာကြဲၿပီး အိမ္ကထြက္သြားမိတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၃/၆။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ နွင္းဆီ ၇ ပြင့္ လွဴပါေလ။

ၾကာသပေတးသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ဆံုးျဖတ္ရခက္တဲ့ အၾကပ္အတည္းေတြ ႀကံဳတတ္ပါတယ္။ ခရီးကိစၥေတြ လြဲေခ်ာ္မယ္။ ေျခေထာက္မွာ ထိခိုက္မိတတ္ပါတယ္။ မိသားစုနဲ႔ စိတ္သေဘာ

ႀကီးစြာကြဲရတတ္တယ္။ ညွိမရႏိႈင္းမရေတြ ျဖစ္တတ္ပါတယ္။ မိဘဆရာသမား ႀကီးကဲသူေတြ ထိမိခိုက္မိျဖစ္တတ္တယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥ အစီအစဥ္ေတြ

လြဲေခ်ာ္သြားတတ္တယ္။ အလုပ္မွာ အေႏွာက္အယွက္ အၿပိဳင္အဆိုင္ေတြ ေပၚလာမယ္။ ေငြေရးေၾကးေရး ႐ႈပ္ေထြးတတ္ပါတယ္။ ရပ္ေဝးပစၥည္းေတြေရာက္လာတာ၊

ရပ္ေဝးမိတ္ေဆြေမာင္ႏွမက အကူအညီေကာင္းေပးတာ ႏိုင္ငံျခား၊ လူမ်ိဳးျခား အဆက္အသြယ္ေကာင္းရတာ၊ ရပ္ေဝးေအာက္လက္ငယ္သားရဲ႕ သတင္းေကာင္း ၾကားတာ၊

ျပႆနာတစ္ခု ႀကီးႀကီးမားမား ရွင္းရေတာ့မလိုနဲ႔ အဆင္ေျပသြားတာေတြ ႀကံဳလိမ့္မယ္။ အခ်စ္ေရးအိမ္ေထာင္ေရးကေတာ့ အေတာ့ကို သတိထားဖို႔လိုပါတယ္။ လမ္းခြဲရမတတ္ ျဖစ္

ကုန္တတ္ပါတယ္။ ခရီးတိုေတြလည္း တစ္ခုၿပီးတစ္ခု သြားေနရတတ္တယ္။ အေရးႀကီးတဲ့ စာရြက္စာ တမ္းေတြ ပ်က္စီးေပ်ာက္ဆံုးတာ၊ စာခ်ဳပ္စာတမ္းမွားတာ၊ ကတိေပးမွားတာမ်ိဳးေတြ

ႀကံဳရတတ္ပါတယ္။ က်န္းမာေရး ဆိုးဆိုးဝါးဝါးမရွိလွေပမဲ့ ခြဲစိတ္ကုသမႈနဲ႔ တစ္မ်ိဳးမဟုတ္တစ္မ်ိဳး

ပတ္သက္ရတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၈/၄။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ေမၿမိဳ႕ပန္း ၅ ပြင့္ ညြန္႔လွဴပါေလ။

ေသာၾကာသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ေဆြမ်ိဳးမိတ္ေဆြအတြက္ ေဆး႐ံုေဆးခန္း၊ ဒါမွမဟုတ္ ႐ံုးေတြဂါတ္ေတြ ေရာက္ရတတ္ပါတယ္။ ပစၥည္းတစ္ခု အဝယ္အေရာင္းကိစၥ ျပႆနာျဖစ္တတ္တယ္။

ေအာက္လက္ငယ္သား အိမ္ကထြက္သြားတာ၊ သူတစ္ပါးကိစၥ ေခါင္းခံရွင္းရတာ၊ တမင္ရန္စေႏွာက္ယွက္ခံရတာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။ ရပ္ေဝးမိတ္ေဆြ၊ ေဆြမ်ိဳးေတြက

အကူအညီေကာင္း ေပးလာလိမ့္မယ္။ ဝမ္းသာစရာ စာေတြ၊ အဆက္အသြယ္ေတြ ေရာက္လာမယ္။ ေနရာထိုင္ခင္း၊ အေဆာက္အဦးကိစၥ အေျခအေနေကာင္း ႀကံဳလာမယ္။

ေကာင္းေသာခရီးေဝး သြားရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ အထစ္အေငါ့ေလးေတြ ႀကံဳၿပီးတဲ့ေနာက္ ေကာင္းေသာ အေျခအေနကို ေျပာင္းသြားပါလိမ့္မယ္။

က်န္းမာေရးအေနနဲ႔ အမ်ိဳးသမီးဆိုရင္ အမ်ိဳးသမီးေရာဂါ၊ အမ်ိဳးသား ဆိုရင္ အစာအိမ္နဲ႔ပတ္သက္လို႔ သတိထားပါ။ ပညာေရးကိစၥ၊ သင္တန္းကိစၥ

အေျခအေနေကာင္းႀကံဳမယ္။ ဆရာေကာင္းသမား ေကာင္းေတြ ေတြ႕မယ္။ ကိုယ့္ရဲ႕ဆရာရင္းထဲက ဆုထူးဂုဏ္ထူး ရတာမ်ိဳးႀကံဳမယ္။ ေငြေတြလည္း ေဝါကနဲ

ဝင္လာတတ္ပါတယ္။ ေဈးဆိုင္မွာ စကားမ်ားရတဲ့အျဖစ္မ်ိဳး ႀကံဳရတတ္ပါတယ္။ တစ္ေယာက္တည္း ႀကိတ္ၿပီး ေျဖရွင္းရမယ့္ ျပႆနာတစ္ခု ႀကံဳလာတတ္ပါတယ္။

ကံအက်ိဳးေပးဂဏန္း ၅/၅။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ စံပယ္ ၈ ကံုး လွဴပါေလ။

စေနသားသမီးမ်ား

ဒီရက္ေတြအတြင္းမွာ ခက္ခဲၾကန္႔ၾကာေနတဲ့ ကိစၥေတြ အဆင္ေျပသြားမယ္။ အမ်ိဳးသမီးတစ္ဦးရဲ႕ အကူအညီေကာင္း ရလိမ့္မယ္။ စပ္တူလုပ္ငန္း စီစဥ္ရတတ္ပါတယ္။ အဲဒီအလုပ္

ေအာင္ျမင္မယ္။ မိသားစုအတြင္း အဆင္မေျပျဖစ္ေနတဲ့ ကိစၥတစ္ခု အဆင္ေျပသြားမယ္။ ပစၥည္းတစ္ခု အဝယ္ အေရာင္းကိစၥမွာေတာ့ ညွိမရႏိႈင္းမရ ျဖစ္ေနပါလိမ့္မယ္။

အိမ္သားတစ္ေယာက္ လိမ့္က်ေခ်ာ္လဲတာ၊ လက္မွာခိုက္မိတာေတြ ျဖစ္တတ္ပါတယ္။ ဓာတ္ပံုကိစၥ၊ စာရြက္စာတမ္းကိစၥ၊ ပစၥည္းငွားတဲ့ကိစၥ ျပႆနာ ျဖစ္တတ္ပါတယ္။ အခ်စ္ေရး၊

အိမ္ေထာင္ေရးမွာေတာ့ အဆင္ေျပစိတ္ခ်မ္းသာရမယ္။ အိမ္ေထာင္မရွိေသးသူမ်ား မဂၤလာကိစၥ စီစဥ္ရတတ္ပါတယ္။ အလုပ္အဆက္အသြယ္ေကာင္း၊ အခြင့္အေရးေကာင္းေပၚလာတာ၊

အက်ိဳးထူးခရီးေဝးသြားရတာ၊ ဆံုးၿပီလို႔ထင္ထားတဲ့ ေငြေတြ၊ ပစၥည္းေတြ ဝင္လာတာ၊ ဝင္ေငြသိသိသာသာ တိုးတာေတြ ႀကံဳရတတ္ပါတယ္။ ေရာဂါတစ္ခု ေပ်ာက္မွန္းမသိ

ေပ်ာက္သြားမယ္။ ဆရာသမား ႀကီးကဲသူေတြရဲ႕ အထင္အျမင္ လြဲျခင္းကို ခံရတတ္တယ္။ အတို႔အေထာင္ေခ်ာက္တြန္းလုပ္တာမ်ိဳးေတြ ခံရတတ္ပါတယ္။ သြားရင္းလာရင္းနဲ႔

စကားမ်ားရတတ္ပါတယ္။ ကံအက်ိဳးေပးဂဏန္း ၆/၃။ ကံ၏အပံ့အပိုးရရွိရန္ ဘုရားမွာ ေဇာ္စိမ္း ၈ ညြန္႔လွဴပါေလ။

သေဗၺဓမၼာ

ဇင္ေယာ္နီ

Unicode Version

တနင်္ဂနွေသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်ချမ်းသာစရာ ခရီးတွေ တစ်ခုပြီးတစ်ခု သွားဖြစ်မယ်။ နိုင်ငံရပ်ခြားခရီး စီစဉ်နေသူများ အထမြောက်အောင်မြင်မယ်။ ရပ်ဝေးက ဆွေမျိုးမိတ်ဆွေတွေနဲ့

အမှတ်မထင် ပြန်လည်ဆုံဆည်းရတတ်ပါတယ်။ ရပ်ဝေးဆရာသမား ကြီးကဲသူတွေက အကူအညီကောင်း ပေးလိမ့်မယ်။ အဖိုးတန်ပစ္စည်းနှစ်မျိုး ဝင်လာတတ်ပါတယ်။

အောက်လက်ငယ်သားတွေ ကျန်းမာရေးညံ့မယ်။ စိတ်ညစ်ရာဧည့်သည် ရောက်လာတတ် တယ်။ ယာဉ်တွေ၊ စက်တွေနဲ့ ထိမိခိုက်မိဖြစ်တတ်ပါတယ်။ ကလေးတစ်ယောက်အတွက်

စိတ်ညစ်ရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း အလွန်စိတ်ရှုပ်ရမယ်။ ရောဂါဟောင်း ပြဿနာဟောင်းတွေ ပြန်ပေါ်တတ်ပါတယ်။ ကြီးကဲသူတွေနဲ့လည်း

စိတ်သဘောကွဲရတတ်ပါတယ်။ အလုပ်မှာ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် အခြေအနေမျိုးတွေ ကြုံလာမယ်။ မထင်မှတ်တဲ့ နေရာက ငွေတွေအများကြီး

ဝင်လာတတ်ပါတယ်။ စိတ်ညစ်ရတာ ပြဿနာဖြစ်တာတွေကြုံမယ်။ ကြီးကဲသူတွေနဲ့လည်း စိတ်သဘောကွဲရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၉/၃။ ကံ၏အပံ့အပိုးရရှိရန်

ဘုရားမှာ မွှေးသောပန်း ၉ ပွင့်လှူပါလေ။

တနင်္လာသားသမီးများ

ဒီရက်တွေအတွင်းမှာ စိတ်ရှည်ရှည်ထားဖို့ အရေးကြီးပါတယ်။ စကားများ ရန်ဖြစ်ရတတ်တယ်။ ကိုယ့်ကြောင့်ဖြစ်တဲ့ပြဿနာ သူများကြောင့်ဖြစ်တဲ့ ပြဿနာပါ

ဆက်နေတတ်ပါတယ်။ ဘယ်လိုပဲ ကင်းအောင်နေနေ ပြဿနာတွေက လာပြီး ပတ်သက်နေတတ်ပါတယ်။ မိသားစုအတွင်းမှာလည်း တစ်ယောက်တစ် ပေါက်ဆိုသလို

ဖြစ်နေမယ်။ ပြီးသွားပြီလို့ထင်တဲ့ ပြဿနာတွေ ပြန်ပေါ်လာတတ်တယ်။ အလုပ်မှာ စိတ်ကုန် စရာတွေ ကြုံလာမယ်။ အလုပ်ပြောင်းချင်စိတ်တွေ ပေါ်လာတတ်ပါတယ်။

အင်မတန်ရင်းနှီးသူထဲက နာရေး ကြုံလိမ့်မယ်။ နေရာကိစ္စ၊ အဆောက်အဦးကိစ္စတွေ အဆင်မပြေဖြစ်မယ်။ မိခင်အဒေါ် စသူတွေ ကျန်းမာရေး ညံ့မယ်။

အောက်လက်ငယ်သားအတွက် စိတ်ချမ်းသာစရာတွေ ဖြစ်လာမယ်။

မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့လူတွေ ပြန်ပေါ်လာတတ်တယ်။ ကျန်းမာရေးအတွက် ငွေကုန်ကြေးကျများတတ်ပါတယ်။ အစီအစဉ်မရှိဘဲနဲ့ သင်တန်းတစ်ခု တက်ဖြစ်တာ၊

ပညာကောင်းရတာတွေ ကြုံလာမယ်။ ဆရာသမား၊ ကြီးကဲသူများလက်မှာ

ထိမိခိုက်မိဖြစ်တတ်တယ်။ ကံအကျိုးပေးဂဏန်း ၁/၉။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ သပြေ ၂၁ ညွန့်လှူပါလေ။

အင်္ဂါသားသမီးများ

ဒီရက်တွေအတွင်းမှာ ကံတော်တော်နိမ့်ပါတယ်။ ဘာမဆို သတိကြီးစွာထားဖို့လိုပါတယ်။ လုပ်သမျှ ဒုက္ခဆိုသလိုဖြစ်နေမယ်။ အလုပ်တွေပျက်စီးကုန်တာ၊ အလုပ်ပြုတ်တာမျိုးတွေဟာ

ဒီကိန်းမျိုးနဲ့ ပတ်သက်နေလေ့ရှိပါတယ်။ ဒါကြောင့် အတော့်ကို သတိထားဖို့လိုပါတယ်။ မဖြစ်စလောက်နဲ့ အမှုအခင်း လို ဖြေရှင်းရတဲ့ အခြေအနေမျိုးအထိ

ရောက်သွားတတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေ အရောင်းမှား အဝယ်မှားတတ်တယ်။ မိတ်ဆွေမောင်နှမများနဲ့လည်း စကားများရတတ်ပါတယ်။ နေရာထိုင်ခင်းကိစ္စ

မထင်မှတ်ဘဲ ပြင်ဆင်ပြောင်းရွှေ့ရတတ်တယ်။ အောက်လက်ငယ်သားရဲ့ အချစ်ရေးအိမ်ထောင်ရေး ရှုပ်ထွေးမယ်။ ဒုက္ခပေးမယ့်ဧည့်သည် ရောက်လာ တတ်ပါတယ်။

စိတ်ဓာတ်ကျတာ၊ စိတ်ရှုပ်တာတွေကြောင့် ကျန်းမာရေး ထိခိုက်သွားတတ်ပါတယ်။ မိန်းမကြီးတစ်ယောက်က အကူအညီကောင်းတွေ ပေးလာတတ်ပါတယ

ငွေကံကလေးကလည်း ကောင်းနေပါတယ်။ အချစ်ရေးအိမ်ထောင်ရေးမှာလည်း

စိတ်ချမ်းသာရမယ်။ ကံအကျိုးပေးဂဏန်း ၂/၁။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ကံ့ကော် ၁၅ ညွန့်လှူပါလေ။

ဗုဒ္ဓဟူးသားသမီးများ

ဒီရက်တွေအတွင်းမှာ ဘာမဆို နှစ်မျိုးနှစ်ခု ကြုံလာတတ်ပါတယ်။ အလုပ်နှစ်မျိုး ဝင်ငွေနှစ်မျိုးဖြစ်နေမယ်။ သူတစ်ပါးရဲ့တာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ရတတ်ပါတယ်။

ခရီးကိစ္စတွေ၊ ရပ်ဝေးနဲ့ဆက်နွယ်တဲ့အလုပ်တွေ အောင်မြင်မယ်။ ငွေလည်းတအားရွှင်နေလိမ့်မယ်။ ထီထိုး သင့်ပါတယ်။ အဖိုးတန်ပစ္စည်းတွေဝင်လာမယ်။

ဘာသာရေးပတ်သက်တဲ့ ပစ္စည်းတွေလည်း ဝင်လာတတ်ပါ တယ်။ နေရာထိုင်ခင်းကိစ္စ စိတ်ညစ်ရတာ၊ မိသားစုအတွင်း စကားများရန်ဖြစ်ရတာတွေ ကြုံရတတ်ပါ တယ်။

အောက်လက်ငယ်သားအတွက်တော့ ဝမ်းသာစရာတွေ ကြုံလာမယ်။ ရပ်ဝေးက ဆွေမျိုးတွေနဲ့ ပြန်ဆုံရတတ်ပါတယ်။ အနီးကပ်ဆွေမျိုးမိတ်ဆွေတွေနဲ့ကတော့ အဆင်မပြေကြီးစွာဖြစ်မယ်။

အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေမယ်။ ဒါပေမယ့် ရပ်ဝေးခွဲရတတ်ပါတယ်။

စာရွက်စာတမ်းအတွက် စိတ်ညစ်ရတာ၊ စာရင်းဇယားမှားယွင်းတာ၊ ဆရာသမား ကြီးကဲသူတွေက အထင်လွဲတာ၊ သူတစ်ပါးရဲ့ကိစ္စ ကြားညပ်ဖြေရှင်းရတာမျိုးတွေ

ကြုံရတတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာ အထစ်အငေါ့ ကြီးစွာကြုံမယ်။ မိသားစုနဲ့ စိတ်သဘောကွဲပြီး အိမ်ကထွက်သွားမိတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၃/၆။

ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ နှင်းဆီ ၇ ပွင့် လှူပါလေ။

ကြာသပတေးသားသမီးများ

ဒီရက်တွေအတွင်းမှာ ဆုံးဖြတ်ရခက်တဲ့ အကြပ်အတည်းတွေ ကြုံတတ်ပါတယ်။ ခရီးကိစ္စတွေ လွဲချော်မယ်။ ခြေထောက်မှာ ထိခိုက်မိတတ်ပါတယ်။ မိသားစုနဲ့ စိတ်သဘော

ကြီးစွာကွဲရတတ်တယ်။ ညှိမရနှိုင်းမရတွေ ဖြစ်တတ်ပါတယ်။ မိဘဆရာသမား ကြီးကဲသူတွေ ထိမိခိုက်မိဖြစ်တတ်တယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ အစီအစဉ်တွေ

လွဲချော်သွားတတ်တယ်။ အလုပ်မှာ အနှောက်အယှက် အပြိုင်အဆိုင်တွေ ပေါ်လာမယ်။ ငွေရေးကြေးရေး ရှုပ်ထွေးတတ်ပါတယ်။ ရပ်ဝေးပစ္စည်းတွေရောက်လာတာ၊

ရပ်ဝေးမိတ်ဆွေမောင်နှမက အကူအညီကောင်းပေးတာ နိုင်ငံခြား၊ လူမျိုးခြား အဆက်အသွယ်ကောင်းရတာ၊ ရပ်ဝေးအောက်လက်ငယ်သားရဲ့ သတင်းကောင်း ကြားတာ၊

ပြဿနာတစ်ခု ကြီးကြီးမားမား ရှင်းရတော့မလိုနဲ့ အဆင်ပြေသွားတာတွေ ကြုံလိမ့်မယ်။ အချစ်ရေးအိမ်ထောင်ရေးကတော့ အတော့ကို သတိထားဖို့လိုပါတယ်။ လမ်းခွဲရမတတ် ဖြစ်

ကုန်တတ်ပါတယ်။ ခရီးတိုတွေလည်း တစ်ခုပြီးတစ်ခု သွားနေရတတ်တယ်။ အရေးကြီးတဲ့ စာရွက်စာ တမ်းတွေ ပျက်စီးပျောက်ဆုံးတာ၊ စာချုပ်စာတမ်းမှားတာ၊

ကတိပေးမှားတာမျိုးတွေ ကြုံရတတ်ပါတယ်။ ကျန်းမာရေး ဆိုးဆိုးဝါးဝါးမရှိလှပေမဲ့ ခွဲစိတ်ကုသမှုနဲ့ တစ်မျိုးမဟုတ်တစ်မျိုး ပတ်သက်ရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၈/၄။

ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ မေမြို့ပန်း ၅ ပွင့် ညွန့်လှူပါလေ။

သောကြာသားသမီးများ

ဒီရက်တွေအတွင်းမှာ ဆွေမျိုးမိတ်ဆွေအတွက် ဆေးရုံဆေးခန်း၊ ဒါမှမဟုတ် ရုံးတွေဂါတ်တွေ ရောက်ရတတ်ပါတယ်။ ပစ္စည်းတစ်ခု အဝယ်အရောင်းကိစ္စ

ပြဿနာဖြစ်တတ်တယ်။ အောက်လက်ငယ်သား အိမ်ကထွက်သွားတာ၊ သူတစ်ပါးကိစ္စ ခေါင်းခံရှင်းရတာ၊ တမင်ရန်စနှောက်ယှက်ခံရတာမျိုးတွေ ကြုံရတတ်ပါတယ်။

ရပ်ဝေးမိတ်ဆွေ၊ ဆွေမျိုးတွေက အကူအညီကောင်း ပေးလာလိမ့်မယ်။ ဝမ်းသာစရာ စာတွေ၊ အဆက်အသွယ်တွေ ရောက်လာမယ်။ နေရာထိုင်ခင်း၊ အဆောက်အဦးကိစ္စ

အခြေအနေကောင်း ကြုံလာမယ်။ ကောင်းသောခရီးဝေး သွားရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အထစ်အငေါ့လေးတွေ ကြုံပြီးတဲ့နောက် ကောင်းသော

အခြေအနေကို ပြောင်းသွားပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အမျိုးသမီးဆိုရင် အမျိုးသမီးရောဂါ၊ အမျိုးသား ဆိုရင် အစာအိမ်နဲ့ပတ်သက်လို့ သတိထားပါ။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ

အခြေအနေကောင်းကြုံမယ်။ ဆရာကောင်းသမား ကောင်းတွေ တွေ့မယ်။ ကိုယ့်ရဲ့ဆရာရင်းထဲက ဆုထူးဂုဏ်ထူး ရတာမျိုးကြုံမယ်။ ငွေတွေလည်း ဝေါကနဲ

ဝင်လာတတ်ပါတယ်။ ဈေးဆိုင်မှာ စကားများရတဲ့အဖြစ်မျိုး ကြုံရတတ်ပါတယ်။ တစ်ယောက်တည်း ကြိတ်ပြီး ဖြေရှင်းရမယ့် ပြဿနာတစ်ခု ကြုံလာတတ်ပါတယ်။

ကံအကျိုးပေးဂဏန်း ၅/၅။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ စံပယ် ၈ ကုံး လှူပါလေ။

စနေသားသမီးများ

ဒီရက်တွေအတွင်းမှာ ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေ အဆင်ပြေသွားမယ်။ အမျိုးသမီးတစ်ဦးရဲ့ အကူအညီကောင်း ရလိမ့်မယ်။ စပ်တူလုပ်ငန်း စီစဉ်ရတတ်ပါတယ်။

အဲဒီအလုပ် အောင်မြင်မယ်။ မိသားစုအတွင်း အဆင်မပြေဖြစ်နေတဲ့ ကိစ္စတစ်ခု အဆင်ပြေသွားမယ်။ ပစ္စည်းတစ်ခု အဝယ် အရောင်းကိစ္စမှာတော့ ညှိမရနှိုင်းမရ

ဖြစ်နေပါလိမ့်မယ်။ အိမ်သားတစ်ယောက် လိမ့်ကျချော်လဲတာ၊ လက်မှာခိုက်မိတာတွေ ဖြစ်တတ်ပါတယ်။ ဓာတ်ပုံကိစ္စ၊ စာရွက်စာတမ်းကိစ္စ၊ ပစ္စည်းငှားတဲ့ကိစ္စ ပြဿနာ

ဖြစ်တတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အဆင်ပြေစိတ်ချမ်းသာရမယ်။ အိမ်ထောင်မရှိသေးသူများ မင်္ဂလာကိစ္စ စီစဉ်ရတတ်ပါတယ်။

အလုပ်အဆက်အသွယ်ကောင်း၊ အခွင့်အရေးကောင်းပေါ်လာတာ၊ အကျိုးထူးခရီးဝေးသွားရတာ၊ ဆုံးပြီလို့ထင်ထားတဲ့ ငွေတွေ၊ ပစ္စည်းတွေ ဝင်လာတာ၊ ဝင်ငွေသိသိသာသာ တိုးတာတွေ

ကြုံရတတ်ပါတယ်။ ရောဂါတစ်ခု ပျောက်မှန်းမသိ ပျောက်သွားမယ်။ ဆရာသမား ကြီးကဲသူတွေရဲ့ အထင်အမြင် လွဲခြင်းကို ခံရတတ်တယ်။

အတို့အထောင်ချောက်တွန်းလုပ်တာမျိုးတွေ ခံရတတ်ပါတယ်။ သွားရင်းလာရင်းနဲ့

စကားများရတတ်ပါတယ်။ ကံအကျိုးပေးဂဏန်း ၆/၃။ ကံ၏အပံ့အပိုးရရှိရန် ဘုရားမှာ ဇော်စိမ်း ၈ ညွန့်လှူပါလေ။

သဗ္ဗေဓမ္မာ
ဇင်ယော်နီ

Be the first to comment

Leave a Reply

Your email address will not be published.


*