အသတ္ခံရေသာ FDA ဝန္ထမ္းအမ်ိဳးသမီးကို အဓမၼျပဳက်င့္ခဲ့ျခင္းမရွိဟု မ်ိဳးေဇာ္ဦး ထြက္ဆို

FDA ဝန္ထမ္းအမ်ိဳးသမီး အဓမၼျပဳက်င့္သတ္ခံခဲ့ရသည့္အမႈတြင္ ဖမ္းဆီးခံထားရေသာ မ်ိဳးေဇာ္ဦး(ခ)ဆီဒိုးနား အား တရားခံအျဖစ္ ယေန႔ ေမလ ၁၄ ရက္ေန႔တြင္

စတင္စစ္ေဆးခဲ့ျပီး အမ်ိဳးသမီးကို အဓမၼျပဳက်င့္ျခင္း၊ ဓမၼတာႏွင့္ဆန္႔က်င္သည့္ ကာမဆက္ဆံျခင္းမ်ား ျပဳလုပ္ခဲ့ျခင္းမရွိဟု တရားခြင္အတြင္း ထြက္ဆိုခဲ့သည္။

အဆိုပါ အမႈႏွင့္ ပတ္သက္ၿပီး ယေန႔ ေမလ ၁၄ ရက္၊ ရန္ကုန္အေရွ႕ပိုင္းခ႐ုိင္တရား႐ုံးတြင္ မ်ိဳးေဇာ္ဦး (ခ) ဆီဒိုး နားဆိုသူအား ၁၃ ႀကိမ္ေျမာက္ ႐ုံးထုတ္ခဲ့ျခင္းျဖစ္ျပီး ယေန႔ ႐ုံးခ်ိန္းတြင္

မ်ိဳးေဇာ္ဦးအား စတင္စစ္ေဆးခဲ့ရာ တရားခြင္အတြင္း ခ႐ုိင္တရားသူႀကီးက တရားခံအေနျဖင့္ သို႔မဟုတ္ သက္ေသအျဖစ္ အစစ္ေဆး ခံမည္လားဟု ေမးျမန္းခဲ့ရာ မ်ိဳးေဇာ္ဦးဘက္မွ

လိုက္ပါေဆာင္ရြက္ေပးသည့္ အထက္တန္းေရွ႕ေနက တရားခံအျဖစ္အစစ္ေဆးခံမည္ဟု ေျပာဆိုသျဖင့္ မ်ိဳးေဇာ္ဦးအား တရားခံအျဖစ္ စစ္ေဆးခဲ့ျခင္းျဖစ္သည္။

ထုိသို႔ မ်ိဳးေဇာ္ဦးအား တရားခံအျဖစ္စစ္ေဆးရာတြင္ က်မ္းက်ိန္ျခင္းမရွိဘဲ လက္ထိပ္ခတ္ၿပီး ခ႐ု္ိင္တရားသူႀကီး က မ်ိဳးေဇာ္ဦးကို ေမးခြန္းမ်ား တိုက္႐ုိက္ေမးျမန္းခဲ့ျခင္းျဖစ္သည္။

“မေရႊရည္ဝင္းထံမွ မ်ိဳးေဇာ္ဦးက ပလက္တီနမ္ဆြဲႀကိဳးအား လုယက္ခဲ့စဥ္ မေရႊရည္ဝင္းက ေအာ္ဟစ္သျဖင့္ လည္ပင္းညွစ္ျခင္း၊

လည္ပင္းအား စကူျဖင့္ ထုိးခဲ့ျခင္းေၾကာင့္ မေရႊရည္ဝင္းမွာ ေသဆံုးခဲ့ျခင္းျဖစ္သည္”ဟု ခ႐ုိ္င္တရားသူႀကီးက ေမးျမန္းခဲ့ရာ မ်ိဳးေဇာ္ဦးက “မမွန္ပါ” ဟုထြက္ဆိုခဲ့သည္။

၎အေနျဖင့္ FDA ဝန္ထမ္း အမ်ိဳးသမီးအား မုဒိမ္းမႈက်ဴးလြန္ျခင္း၊ ဓမၼတာႏွင့္ ဆန္႔က်င္သည့္ ကာမဆက္ဆံ ျခင္းမ်ားျပဳလုပ္ခဲ့ျခင္းမရွိေၾကာင္း မ်ိဳးေဇာ္ဦးက တရားခြင္အတြင္း

ထြက္ဆိုခဲ့သည္။ ထို႔အျပင္ ေျဖာင့္ခ်က္တြင္ ကနဦးထြက္ဆိုထားသည့္ အဓမၼျပဳက်င့္ခဲ့သည္ဆိုေသာ အခ်က္မွာလည္း ၄င္းအေန ျဖင့္

ထုိသို႔ထြက္ဆိုခဲ့ သည္မွာ မွန္ကန္ေသာ္လည္း ဆႏၵမပါဘဲ ထြက္ဆိုခဲ့ျခင္း ျဖစ္ေၾကာင္း မ်ိဳးေဇာ္ဦး(ခ) ဆီဒိုး နားက ထြက္ဆိုခဲ့သည္။

“ အခုလို တရားခံအေနနဲ႔ စစ္ေဆးတာက ခ႐ုိင္တရားသူႀကီးက ေမးခြန္းထုတ္လို႔ရတယ္။ ေနာက္တစ္ခုက ဥပေဒအရာရွိက ေမးလို႔မရဘူး။

အဲ့ဒါက ပိုၿပီးေတာ့ တရားခံအတြက္ ေကာင္းတယ္ဗ်။ သူ႔အတြက္ အေျခခံ ေကာင္းျဖစ္သြားေအာင္ ေဖာ္ေဆာင္ေပးတာေပါ့”

ဟု မ်ိဳးေဇာ္ဦးဘက္မွ လိုက္ပါေဆာင္ရြက္သူ အထက္တန္းေ႐ွ႕ေန ဦးေမာင္ေမာင္စိုးက တရားခြင္ကအထြက္တြင္ ေျပာသည္။

မ်ိဳးေဇာ္ဦး သြားေရာက္ေရာင္းခ်ခဲ့သည့္ မေရႊရည္ဝင္း လက္ကိုင္ဖုန္းကို ယုဇနပလာဇာဖုန္းဆိုင္မွ အေၾကာင္း ၾကားသျဖင့္ သိမ္းဆည္းရမိခဲ့ျခင္းႏွင့္ မေရႊရည္ဝင္း၏ အသံုးအေဆာင္ပစၥည္းမ်ားကို

မ်ိဳးေဇာ္ဦး ကိုယ္တိုင္ လိုက္လံျပသခဲ့သည့္ ေျမာက္ဒဂံုၿမိဳ႕နယ္၊ အမွတ္ ၃၃ ရပ္ကြက္ႏွင့္ ၃၅ ရပ္ကြက္မွ ရဲတပ္ဖြဲ႔က သိမ္းဆည္း ရမိခဲ့ျခင္းျဖစ္သည့္

အခ်က္မ်ားမွာ မွန္ကန္ေၾကာင္း မ်ိဳးေဇာ္ဦးက ထြက္ဆိုခဲ့သည္။

“ တရားခံက သူက တရားခံကဲ့သို႔ အစစ္ခံတဲ့အတြက္ သက္ေသကဲ့သို႔ အစစ္ခံျခင္းမဟုတ္ပါဘူး။

သက္ေသ ကဲ့သို႔ အစစ္ခံျခင္းမဟုတ္တဲ့အတြက္ေၾကာင့္မို႔လို႔ ေျဖာင့္ခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ သက္ေသခံတင္ျပဖို႔ ေျဖာင့္ခ်က္ကို ႐ုပ္သိမ္းဖို႔ကိစၥကို သူ႔အေနနဲ႔ မရယူႏိုင္တဲ့အတြက္

တရားခံေရွ႕ေနရဲ႕ ဆႏၵနဲ႔ ေျဖာင့္ခ်က္ ႐ုပ္သိမ္းဖို႔ ေလွ်ာက္လဲခ်က္ကို ျပန္လည္႐ုပ္သိမ္းတယ္”ဟု ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံး၊

သတင္းႏွင့္ ျပန္ၾကားေရးအရာရွိ ဦးထြန္းထြန္းဦးကေျပာသည္။

ယေန႔ ႐ုံးခ်ိန္းတြင္ မ်ိဳးေဇာ္ဦးဘက္မွ ခံျပသက္ေသအျဖစ္ ၎၏ ဦးေလးျဖစ္သူ ဦးေအာင္ေဇာ္ဦးကိုပါ စစ္ေဆးမည္ျဖစ္ေသာ္လည္း ဦးေအာင္ေဇာ္ဦးမွာ မ်ိဳးေဇာ္ဦးအား

စစ္ေဆးေနစဥ္ တရားခြင္အတြင္း ဝင္ေရာက္ နားေထာင္ခဲ့သည့္အတြက္ ခံျပသက္ေသအျဖစ္မွ ပယ္လိုက္သည္။

အဆုိပါ အမႈႏွင့္ ပတ္သက္ၿပီး ရန္ကုန္အေရွ႕ပိုင္းခ႐ုိင္တရားသူႀကီးက လာမည့္ ေမလ ၂၁ ရက္ကို ျပန္လည္ခ်ိန္းဆိုလိုက္ၿပီး ယင္း႐ုံးခ်ိန္းတြင္ က်န္ရွိသည့္ ခံျပသက္ေသ ၂ ဦးကို

ဆက္လက္ စစ္ေဆးသြား မည္ျဖစ္သည္။ ယင္းအမႈႏွင့္ ပတ္သက္ၿပီး ၿပီးခဲ့သည့္ ဧၿပီလ ၂ ရက္ေန႔က ေျမာက္ဥကၠလာပေဆး႐ုံမွ မႈခင္းဆရာဝန္ႀကီး၊

အထူးကုဆရာဝန္ ေဒါက္တာထြန္းလင္းထြန္းလာေရာက္ထြက္ဆိုခဲ့ရာတြင္ ေဆးစစ္ခ်က္အရ အမ်ိဳးသမီး အဂၤါအတြင္း ထိုးသြင္းထားေသာလကၡဏာ ရိွေသာ္လည္း သုက္ပိုးမေတြ႔ရေၾကာင္း

တရားခြင္တြင္ ထြက္ဆိုခဲ့သည္။

မ်ိဳးေဇာ္ဦးဆိုသူကိုလည္း ဇန္နဝါရီလ ၂၆ ရက္ေန႔တြင္ ေခၚယူ ေဆးစစ္ခ်က္အရ မ်ိဳးေဇာ္ဦး

ခႏၶာကိုယ္ေပၚ၌ ျပင္ပဒဏ္ရာမ်ား ေတြ႔ရွိရၿပီး အမ်ိဳးသားသုက္ပိုးကိုမႈ ေတြ႔ရွိျခင္းမရွိေၾကာင္း မႈခင္းဆရာဝန္က ထြက္ဆိုခဲ့သည္။

FDA ဝန္ထမ္းအမ်ိဳးသမီး ေသဆံုးရျခင္း အဓိကအခ်က္မွာ မႈခင္းဆရာဝန္ထြက္ဆိုခ်က္အရ လည္ပင္းပတ္ လည္အား တင္းၾကပ္ေအာင္ ဖိႏွိပ္ခံထားရသည့္အတြက္ လည္ပင္းအေရွ႕ဘက္

အ႐ုိးငယ္က်ိဳးတဲ့ဒဏ္ရာ၊ လည္ပင္းၾကြက္သားတြင္ ေသြးသြန္၊ ေသြးေျခဥ၊ ဖူးေယာင္မႈမ်ား ေတြ႔ရွိရေၾကာင္း သိရသည္။

ထို႔ျပင္ ရင္ဘတ္ ဖူးေရာင္ဒဏ္ရာမ်ား ေတြ႔ရကာ ရင္ညႊန္႔မွာ က်ိဳးေနသည့္အတြက္

လည္ပင္းႏွင့္ လည္ပင္း ေအာက္ရွိ အသက္ရႈျပြန္မ်ားပိတ္ဆို႔ေနၿပီး အသက္မရႈႏိုင္ျခင္း၊

အဆုတ္ႏွင့္ ရင္ေခါင္းၾကြက္သားမ်ား အလုပ္ မလုပ္ႏိုင္ျခင္းေၾကာင္း ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္

Unicodeဖြင့်ဖတ်ရန်

FDA ဝန်ထမ်းအမျိုးသမီး အဓမ္မပြုကျင့်သတ်ခံခဲ့ရသည့်အမှုတွင် ဖမ်းဆီးခံထားရသော မျိုးဇော်ဦး(ခ)ဆီဒိုးနား အား တရားခံအဖြစ် ယနေ့ မေလ ၁၄ ရက်နေ့တွင် စတင်စစ်ဆေးခဲ့ပြီး

အမျိုးသမီးကို အဓမ္မပြုကျင့်ခြင်း၊ ဓမ္မတာနှင့်ဆန့်ကျင်သည့် ကာမဆက်ဆံခြင်းများ ပြုလုပ်ခဲ့ခြင်းမရှိဟု တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ယနေ့ မေလ ၁၄ ရက်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် မျိုးဇော်ဦး (ခ) ဆီဒိုး နားဆိုသူအား ၁၃ ကြိမ်မြောက်

ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ရုံးချိန်းတွင် မျိုးဇော်ဦးအား စတင်စစ်ဆေးခဲ့ရာ တရားခွင်အတွင်း ခရိုင်တရားသူကြီးက တရားခံအနေဖြင့် သို့မဟုတ် သက်သေအဖြစ် အစစ်ဆေး ခံမည်လားဟု

မေးမြန်းခဲ့ရာ မျိုးဇော်ဦးဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် အထက်တန်းရှေ့နေက

တရားခံအဖြစ်အစစ်ဆေးခံမည်ဟု ပြောဆိုသဖြင့် မျိုးဇော်ဦးအား တရားခံအဖြစ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ မျိုးဇော်ဦးအား တရားခံအဖြစ်စစ်ဆေးရာတွင် ကျမ်းကျိန်ခြင်းမရှိဘဲ လက်ထိပ်ခတ်ပြီး ခရိုင်တရားသူကြီး က မျိုးဇော်ဦးကို မေးခွန်းများ တိုက်ရိုက်မေးမြန်းခဲ့ခြင်းဖြစ်သည်။

“မရွှေရည်ဝင်းထံမှ မျိုးဇော်ဦးက ပလက်တီနမ်ဆွဲကြိုးအား လုယက်ခဲ့စဉ် မရွှေရည်ဝင်းက အော်ဟစ်သဖြင့် လည်ပင်းညှစ်ခြင်း၊ လည်ပင်းအား စကူဖြင့်

ထိုးခဲ့ခြင်းကြောင့် မရွှေရည်ဝင်းမှာ သေဆုံးခဲ့ခြင်းဖြစ်သည်”ဟု ခရိုင်တရားသူကြီးက မေးမြန်းခဲ့ရာ မျိုးဇော်ဦးက “မမှန်ပါ” ဟုထွက်ဆိုခဲ့သည်။

၎င်းအနေဖြင့် FDA ဝန်ထမ်း အမျိုးသမီးအား မုဒိမ်းမှုကျူးလွန်ခြင်း၊ ဓမ္မတာနှင့် ဆန့်ကျင်သည့် ကာမဆက်ဆံ ခြင်းများပြုလုပ်ခဲ့ခြင်းမရှိကြောင်း မျိုးဇော်ဦးက

တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။ ထို့အပြင် ဖြောင့်ချက်တွင် ကနဦးထွက်ဆိုထားသည့် အဓမ္မပြုကျင့်ခဲ့သည်ဆိုသော အချက်မှာလည်း ၎င်းအနေ ဖြင့် ထိုသို့ထွက်ဆိုခဲ့

သည်မှာ မှန်ကန်သော်လည်း ဆန္ဒမပါဘဲ ထွက်ဆိုခဲ့ခြင်း ဖြစ်ကြောင်း မျိုးဇော်ဦး(ခ) ဆီဒိုး နားက ထွက်ဆိုခဲ့သည်။

“ အခုလို တရားခံအနေနဲ့ စစ်ဆေးတာက ခရိုင်တရားသူကြီးက မေးခွန်းထုတ်လို့ရတယ်။ နောက်တစ်ခုက ဥပဒေအရာရှိက မေးလို့မရဘူး။ အဲ့ဒါက ပိုပြီးတော့ တရားခံအတွက်

ကောင်းတယ်ဗျ။ သူ့အတွက် အခြေခံ ကောင်းဖြစ်သွားအောင် ဖော်ဆောင်ပေးတာပေါ့” ဟု မျိုးဇော်ဦးဘက်မှ လိုက်ပါဆောင်ရွက်သူ အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက

တရားခွင်ကအထွက်တွင် ပြောသည်။

မျိုးဇော်ဦး သွားရောက်ရောင်းချခဲ့သည့် မရွှေရည်ဝင်း လက်ကိုင်ဖုန်းကို ယုဇနပလာဇာဖုန်းဆိုင်မှ အကြောင်း ကြားသဖြင့် သိမ်းဆည်းရမိခဲ့ခြင်းနှင့်

မရွှေရည်ဝင်း၏ အသုံးအဆောင်ပစ္စည်းများကို မျိုးဇော်ဦး ကိုယ်တိုင် လိုက်လံပြသခဲ့သည့် မြောက်ဒဂုံမြို့နယ်၊ အမှတ် ၃၃ ရပ်ကွက်နှင့် ၃၅ ရပ်ကွက်မှ ရဲတပ်ဖွဲ့က သိမ်းဆည်း

ရမိခဲ့ခြင်းဖြစ်သည့် အချက်များမှာ မှန်ကန်ကြောင်း မျိုးဇော်ဦးက ထွက်ဆိုခဲ့သည်။

“ တရားခံက သူက တရားခံကဲ့သို့ အစစ်ခံတဲ့အတွက် သက်သေကဲ့သို့ အစစ်ခံခြင်းမဟုတ်ပါဘူး။ သက်သေ ကဲ့သို့ အစစ်ခံခြင်းမဟုတ်တဲ့အတွက်ကြောင့်မို့လို့

ဖြောင့်ချက်နဲ့ ပတ်သက်ပြီးတော့ သက်သေခံတင်ပြဖို့ ဖြောင့်ချက်ကို ရုပ်သိမ်းဖို့ကိစ္စကို သူ့အနေနဲ့ မရယူနိုင်တဲ့အတွက် တရားခံရှေ့နေရဲ့ ဆန္ဒနဲ့ ဖြောင့်ချက် ရုပ်သိမ်းဖို့

လျှောက်လဲချက်ကို ပြန်လည်ရုပ်သိမ်းတယ်”ဟု ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ သတင်းနှင့် ပြန်ကြားရေးအရာရှိ ဦးထွန်းထွန်းဦးကပြောသည်။

ယနေ့ ရုံးချိန်းတွင် မျိုးဇော်ဦးဘက်မှ ခံပြသက်သေအဖြစ် ၎င်း၏ ဦးလေးဖြစ်သူ ဦးအောင်ဇော်ဦးကိုပါ စစ်ဆေးမည်ဖြစ်သော်လည်း ဦးအောင်ဇော်ဦးမှာ မျိုးဇော်ဦးအား

စစ်ဆေးနေစဉ် တရားခွင်အတွင်း ဝင်ရောက် နားထောင်ခဲ့သည့်အတွက် ခံပြသက်သေအဖြစ်မှ ပယ်လိုက်သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရားသူကြီးက လာမည့် မေလ ၂၁ ရက်ကို ပြန်လည်ချိန်းဆိုလိုက်ပြီး ယင်းရုံးချိန်းတွင် ကျန်ရှိသည့် ခံပြသက်သေ ၂ ဦးကို

ဆက်လက် စစ်ဆေးသွား မည်ဖြစ်သည်။ ယင်းအမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က မြောက်ဥက္ကလာပဆေးရုံမှ မှုခင်းဆရာဝန်ကြီး၊ အထူးကုဆရာဝန်

ဒေါက်တာထွန်းလင်းထွန်းလာရောက်ထွက်ဆိုခဲ့ရာတွင် ဆေးစစ်ချက်အရ အမျိုးသမီး

အင်္ဂါအတွင်း ထိုးသွင်းထားသောလက္ခဏာ ရှိသော်လည်း သုက်ပိုးမတွေ့ရကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။

မျိုးဇော်ဦးဆိုသူကိုလည်း ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ခေါ်ယူ ဆေးစစ်ချက်အရ မျိုးဇော်ဦး ခန္ဓာကိုယ်ပေါ်၌ ပြင်ပဒဏ်ရာများ တွေ့ရှိရပြီး အမျိုးသားသုက်ပိုးကိုမှု

တွေ့ရှိခြင်းမရှိကြောင်း မှုခင်းဆရာဝန်က ထွက်ဆိုခဲ့သည်။

FDA ဝန်ထမ်းအမျိုးသမီး သေဆုံးရခြင်း အဓိကအချက်မှာ မှုခင်းဆရာဝန်ထွက်ဆိုချက်အရ လည်ပင်းပတ် လည်အား တင်းကြပ်အောင် ဖိနှိပ်ခံထားရသည့်အတွက်

လည်ပင်းအရှေ့ဘက် အရိုးငယ်ကျိုးတဲ့ဒဏ်ရာ၊ လည်ပင်းကြွက်သားတွင် သွေးသွန်၊ သွေးခြေဥ၊ ဖူးယောင်မှုများ တွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် ရင်ဘတ် ဖူးရောင်ဒဏ်ရာများ တွေ့ရကာ ရင်ညွှန့်မှာ ကျိုးနေသည့်အတွက် လည်ပင်းနှင့် လည်ပင်း အောက်ရှိ အသက်ရှုပြွန်များပိတ်ဆို့နေပြီး အသက်မရှုနိုင်ခြင်း၊

အဆုတ်နှင့် ရင်ခေါင်းကြွက်သားများ အလုပ် မလုပ်နိုင်ခြင်းကြောင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်

Credit: Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*