ႏွမ္း( ၂ )ျပည္ အေၾကြးေၾကာင့္ ႏြားဘဝျဖင့္ အေၾကြးဆပ္ရရွာသူ မေအးဘုံ

မိုးဦးက်ရာသီ၏ တစ္ခုေသာ နံနက္အေစာတြင္
ျဖစ္သည္။

မလွလူသည္…
ရြာဦးဘုန္းေတာ္ႀကီးေက်ာင္းက အုန္းေမာင္းေခါက္သံ

ၾကားသည္ႏွင့္ အိပ္ရာမွ ထခဲ့သည္။

ခင္ပြန္းျဖစ္သူ ကိုသာလွ ယာေတာမသြားမီ ထမင္း
ထုပ္ေပးရန္ မီးဖိုေခ်ာင္၀င္၍ ခ်က္ျပဳတ္ေနစဥ္…

လွလူေရ…
ေဟ့…လွလူ၊ေခြးၾကည့္ပါဦး။

ၿခံတံခါးဆီက ေခၚသံၾကား၍ မလွလူ မီးဖိုေခ်ာင္ထဲမွ
ထြက္လာခဲ့သည္။

ဟဲ့…ေစာေစာစီးစီး ဘယ္သူမ်ားလဲလို႔။
ေအးဘံုကိုး။

ဘာအေရးႀကီးကိစၥ ရွိလို႔တုန္း။

ဒီမနက္ ႏွမ္းႀကဲခ်င္လို႔ ႏွမ္းႏွစ္ျပည္ေလာက္
ေခ်းပါဦး။

ေနာင္ခါ ႏွမ္းေပၚရင္ ထံုးစံအတိုင္း ျပန္ေပးပါ့မယ္။

ႏွစ္စဥ္ မ်ိဳးေစ့ထုတ္ေပးေနက်လည္းျဖစ္ၿပီး သီးႏွံေပး
ခ်ိန္တြင္

သံုးဆတိုး ျပန္ေပးရာမွာလည္း ကတိတည္သူ
ျဖစ္ေသာေၾကာင့္

မေအးဘံုကို ႏွမ္းႏွစ္ျပည္ ခ်ိန္ေပးလိုက္သည္။

မေအးဘံုသည္ ေယာင္ေပေယာင္ေပ ျဖစ္ေနေသာ

သားျဖစ္သူ ဖိုးလံုးကို ႏွမ္းေပၚလ်င္ ရွင္ျပဳေပးခ်င္
ေနသည္။

သည္ႏွစ္ ႏွမ္းက မိုးေလညီညြတ္သျဖင့္ အေတာ္
ကေလး ေကာင္းသည္။

တစ္ခ်ိဳ႕ေနရာမ်ားတြင္ အ၀ါေရာင္ဖက္ သန္းေနၿပီ။
မၾကာမီ ရိတ္သိမ္းရေတာ့မည္။

မေအးဘံု စိတ္ကူးယဥ္ထားသည့္အတိုင္း သားေတာ္
ေမာင္ ရွင္ျပဳပြဲ ႏႊဲရေတာ့မည္ ထင္ပါသည္။

ခုတေလာ…မေအးဘံုတစ္ေယာက္ ေန႔စဥ္လိုလို
ႏွမ္းခင္းသြားၾကည့္သည္။

ဒီေန႔နံနက္ ႏွမ္းခင္းမွ စိတ္ကူးယဥ္ၿပီး
ျပန္လာခဲ့စဥ္…

အမယ္ေလး…ဘာေကာင္ကိုက္မွန္း မသိဘူး။

မေအးဘံု၏နႈတ္မွ အလန္႔တၾကား ေအာ္လိုုက္သည္။

၀ဲဘက္ ေျခဖမိုးေပၚမွ မ်က္ခနဲ ျဖစ္သြားခဲ့သည္။

အနီးပတ္၀န္းက်င္ကို ၾကည့္လိုက္ေတာ့…ေျမြေပြး
တစ္ေကာင္ကို ေတြ႔ရသည္။

မေအးဘံု မ်က္လံုးအိမ္တစ္ခုလံုး ျပာေ၀သြားခဲ့သည္။

ျမင္ကြင္းအားလံုး ပတ္ခ်ာလည္သြားသလား ထင္ရ
သည္။

ခႏၶာကိုယ္ ယိမ္းထိုးလာသျဖင့္ အံႀကိတ္၍ ထိန္းထားစဥ္
ရုတ္ခ်ည္း ေခြလဲက်သြားခဲ့ေလသည္။

မၾကာမီ…

ေျမြဆိပ္ေၾကာင့္ မေအးဘံုတစ္ေယာက္ အသက္
ေပ်ာက္သြားခဲ့ပါေတာ့သည္။

သည္ေန႔ည ဘယ္လိုျဖစ္ေနသည္ မသိ။
မလွလူတစ္ေယာက္ အိပ္၍ မေပ်ာ္ပဲ ျဖစ္ေနသည္။

ညလံုး နီးပါး မ်က္စိမ်ားက ေၾကာင္ေနသည္။
လင္းခါနီးေလာက္မွ ေမွးခနဲ အိပ္ေပ်ာ္သြားခဲ့သည္။

လွလူ…

ငါ ညည္းတို႔နဲ႔ လာေနမယ္ေနာ္…

ညည္းႀကိဳက္သလို ခိုင္းပါေအ…

ငါေခ်းထားခဲ့တဲ့ ႏွမ္းႏွစ္ျပည္အတြက္ အေၾကြးလာဆပ္
တာပါ။

အသံက မေအးဘံုအသံ။

ျမင္ရသည့္ ျမင္ကြင္းက ေအးဘံုမဟုတ္။
ခ်ိဳႏွစ္ဖက္ေထာင္ၿပီး ထိပ္၌ အျဖဴအမည္း ေရာစြက္ထား

သည့္ ႏြားမႀကီးတစ္ေကာင္ ျဖစ္ေနသည္။

နံနက္မိုးလင္းၿပီျဖစ္၍ မလွလူ အိပ္ရာမွ ထခဲ့သည္။

ေရဆာေနသျဖင့္ ေရအိုးစင္မွေရကို တ၀ႀကီး
ေသာက္အၿပီး…

ေအးဘံုရယ္…

ႏွမ္းႏွစ္ျပည္အတြက္နဲ႔ေတာ့ ႏြားအျဖစ္လာၿပီး
အေၾကြးမဆပ္ပါနဲ႔။

ငါ ေက်နပ္ပါတယ္။

အို…ဘုရား…ဘုရား…

တပည့္ေတာ္မ အိပ္မက္ မဟုတ္ပါေစနဲ႔။
လြဲပါေစ ဖယ္ပါေစ။

မၾကာမီ မလွလူတို႔အိမ္က ႏြားမႀကီး ေမြးၿပီး
သားတင္သြားခဲ့သည္။

တိုက္ဆိုင္မႈဟု ဆိုရမည္လား မသိ။

ထိုႏြားမႀကီးေမြးေသာ ႏြားကေလးမွာ အိပ္မက္ထဲက
ႏြားမေလးအတိုင္း ပံုတူ ေမြးလာခဲ့ေလသည္။

မလွလူသည္ မေအးဘံုတစ္ျဖစ္လဲ ႏြားမေလးကို
ဘာမွ မခိုင္းပဲ ေဘးမဲ့ေပးထားခဲ့သည္။

သို႔ေသာ္…
ႏြားမေလးက အလကားမေနပဲ အိမ္ရွိပစၥည္းမ်ားကို

ေစာင့္ေရွာက္သည္။
ညညဆို အိပ္သည္ မရွိ။

ခၽြတ္ခၽြတ္သံၾကားတိုင္း ေခါင္းေထာင္ၾကည့္ခဲ့သည္။

ႏြားမေလးသည္ မလွလူတို႔ မိသားစုအေပၚ လူတစ္ဦး
တစ္ေယာက္ပမာ

အလိုက္သိစြာျဖင့္ သံသရာေၾကြး ျပန္လည္ေပးဆပ္
ေနခဲ့သည္။

ပုဂၢဳိလ္ေရးအရ တင္ရွိေနေသာ အေၾကြးကား
ေၾကာက္စရာပင္ ျဖစ္ပါေတာ့သတည္း။

ခင္ေမာင္တင္ (၀ဲေလာင္)
( ျမတ္မဂၤလာ ၂၀၁၀-ၾသဂုတ္လ )

ေမတၱာျဖင့္…
အရွင္ပုည( ဝကုန္း )

မေနာမယဂ်ာနယ္

မိုးဦးကျရာသီ၏ တစ်ခုသော နံနက်အစောတွင်
ဖြစ်သည်။

မလှလူသည်…
ရွာဦးဘုန်းတော်ကြီးကျောင်းက အုန်းမောင်းခေါက်သံ

ကြားသည်နှင့် အိပ်ရာမှ ထခဲ့သည်။

ခင်ပွန်းဖြစ်သူ ကိုသာလှ ယာတောမသွားမီ ထမင်း
ထုပ်ပေးရန် မီးဖိုချောင်ဝင်၍ ချက်ပြုတ်နေစဉ်…

လှလူရေ…
ဟေ့…လှလူ၊ခွေးကြည့်ပါဦး။

ခြံတံခါးဆီက ခေါ်သံကြား၍ မလှလူ မီးဖိုချောင်ထဲမှ
ထွက်လာခဲ့သည်။

ဟဲ့…စောစောစီးစီး ဘယ်သူများလဲလို့။
အေးဘုံကိုး။
ဘာအရေးကြီးကိစ္စ ရှိလို့တုန်း။

ဒီမနက် နှမ်းကြဲချင်လို့ နှမ်းနှစ်ပြည်လောက်
ချေးပါဦး။

နောင်ခါ နှမ်းပေါ်ရင် ထုံးစံအတိုင်း ပြန်ပေးပါ့မယ်။

နှစ်စဉ် မျိုးစေ့ထုတ်ပေးနေကျလည်းဖြစ်ပြီး သီးနှံပေး
ချိန်တွင်

သုံးဆတိုး ပြန်ပေးရာမှာလည်း ကတိတည်သူ
ဖြစ်သောကြောင့်

မအေးဘုံကို နှမ်းနှစ်ပြည် ချိန်ပေးလိုက်သည်။

မအေးဘုံသည် ယောင်ပေယောင်ပေ ဖြစ်နေသော
သားဖြစ်သူ ဖိုးလုံးကို နှမ်းပေါ်လျင် ရှင်ပြုပေးချင်

သည်နှစ် နှမ်းက မိုးလေညီညွတ်သဖြင့် အတော်
ကလေး ကောင်းသည်။

တစ်ချို့နေရာများတွင် အဝါရောင်ဖက် သန်းနေပြီ။
မကြာမီ ရိတ်သိမ်းရတော့မည်။

မအေးဘုံ စိတ်ကူးယဉ်ထားသည့်အတိုင်း သားတော်
မောင် ရှင်ပြုပွဲ နွှဲရတော့မည် ထင်ပါသည်။

ခုတလော…မအေးဘုံတစ်ယောက် နေ့စဉ်လိုလို
နှမ်းခင်းသွားကြည့်သည်။

ဒီနေ့နံနက် နှမ်းခင်းမှ စိတ်ကူးယဉ်ပြီး
ပြန်လာခဲ့စဉ်…

အမယ်လေး…ဘာကောင်ကိုက်မှန်း မသိဘူး။

မအေးဘုံ၏နှုတ်မှ အလန့်တကြား အော်လိုုက်သည်။

၀ဲဘက် ခြေဖမိုးပေါ်မှ မျက်ခနဲ ဖြစ်သွားခဲ့သည်။

အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့…မြွေပွေး
တစ်ကောင်ကို တွေ့ရသည်။

မအေးဘုံ မျက်လုံးအိမ်တစ်ခုလုံး ပြာဝေသွားခဲ့သည်။

မြင်ကွင်းအားလုံး ပတ်ချာလည်သွားသလား ထင်ရ
သည်။

ခန္ဓာကိုယ် ယိမ်းထိုးလာသဖြင့် အံကြိတ်၍ ထိန်းထားစဉ်
ရုတ်ချည်း ခွေလဲကျသွားခဲ့လေသည်။

မကြာမီ…

မြွေဆိပ်ကြောင့် မအေးဘုံတစ်ယောက် အသက်
ပျောက်သွားခဲ့ပါတော့သည်။

သည်နေ့ည ဘယ်လိုဖြစ်နေသည် မသိ။
မလှလူတစ်ယောက် အိပ်၍ မပျော်ပဲ ဖြစ်နေသည်။

ညလုံး နီးပါး မျက်စိများက ကြောင်နေသည်။
လင်းခါနီးလောက်မှ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။

လှလူ…
ငါ ညည်းတို့နဲ့ လာနေမယ်နော်…

ညည်းကြိုက်သလို ခိုင်းပါအေ…
ငါချေးထားခဲ့တဲ့ နှမ်းနှစ်ပြည်အတွက် အကြွေးလာဆပ်

တာပါ။

အသံက မအေးဘုံအသံ။

မြင်ရသည့် မြင်ကွင်းက အေးဘုံမဟုတ်။
ချိုနှစ်ဖက်ထောင်ပြီး ထိပ်၌ အဖြူအမည်း ရောစွက်ထား

သည့် နွားမကြီးတစ်ကောင် ဖြစ်နေသည်။

နံနက်မိုးလင်းပြီဖြစ်၍ မလှလူ အိပ်ရာမှ ထခဲ့သည်။
ရေဆာနေသဖြင့် ရေအိုးစင်မှရေကို တဝကြီး

သောက်အပြီး…

အေးဘုံရယ်…
နှမ်းနှစ်ပြည်အတွက်နဲ့တော့ နွားအဖြစ်လာပြီး

အကြွေးမဆပ်ပါနဲ့။

ငါ ကျေနပ်ပါတယ်။

အို…ဘုရား…ဘုရား…
တပည့်တော်မ အိပ်မက် မဟုတ်ပါစေနဲ့။

လွဲပါစေ ဖယ်ပါစေ။

မကြာမီ မလှလူတို့အိမ်က နွားမကြီး မွေးပြီး
သားတင်သွားခဲ့သည်။

တိုက်ဆိုင်မှုဟု ဆိုရမည်လား မသိ။

ထိုနွားမကြီးမွေးသော နွားကလေးမှာ အိပ်မက်ထဲက
နွားမလေးအတိုင်း ပုံတူ မွေးလာခဲ့လေသည်။

မလှလူသည် မအေးဘုံတစ်ဖြစ်လဲ နွားမလေးကို
ဘာမှ မခိုင်းပဲ ဘေးမဲ့ပေးထားခဲ့သည်။

သို့သော်…
နွားမလေးက အလကားမနေပဲ အိမ်ရှိပစ္စည်းများကို

စောင့်ရှောက်သည်။
ညညဆို အိပ်သည် မရှိ။

ချွတ်ချွတ်သံကြားတိုင်း ခေါင်းထောင်ကြည့်ခဲ့သည်။

နွားမလေးသည် မလှလူတို့ မိသားစုအပေါ် လူတစ်ဦး
တစ်ယောက်ပမာ

အလိုက်သိစွာဖြင့် သံသရာကြွေး ပြန်လည်ပေးဆပ်
နေခဲ့သည်။

ပုဂ္ဂိုလ်ရေးအရ တင်ရှိနေသော အကြွေးကား
ကြောက်စရာပင် ဖြစ်ပါတော့သတည်း။

Be the first to comment

Leave a Reply

Your email address will not be published.


*