အဒိန္နာဒါနာကံထိုက်မယ့်သူတွေနဲ့ တွေ့ပြီး စိတ်ဆင်းရဲနေရတဲ့ မိုးယုစံ






ဒီနေ့ခေတ်မှာတော့ သာမာန်မိသားစုတွေအားလုံးသာမက အနုပညာရှင်တွေပါ ဘဝရဲ့ ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေကို ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ သိမ်းထားလေ့ရှိကြတာပါ။ မိုးယုစံကလည်း သူမရဲ့





Credit: Kaung Theinkha Moe Thu’s Facebook

..

Unicode

အရမ်းကိုချစ်စရာကောင်းတဲ့ သားသားလေးရယ် အမြဲလိုလို အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်တဲ့ ခင်ပွန်းရယ်နဲ့အတူ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်မိုးယုစံကတော့ ဒီကနေ့မနက်မှာပဲ

သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာ အဟက်ခံရတာကြောင့် အရမ်းကို စိတ်မကောင်းဖြစ်နေရတာပဲ ဖြစ်ပါတယ်။ မိုးယုစံကတော့ “Moe Yu San အကောင့်က ဒီနေ့ကစပီးတင်သမျှ လုပ်သမျှ မိုးယုမဟုတ်ပါ ဘာကြောင့်

သူများအကောင့်တွေလိုက်ယူပီး စိတ်မချမ်းသာအောင်လုပ်ရတာလားဆိုတာ နားမလည်ပါဘူး သူများပစ္စည်း သူများပိုင်တာမသိအောင်ခိုးယူချင်ဟာ ကံ၅ပါးထဲက အဒိန္နာဒါနာကံထိုက်ပါတယ် ဘာမှလည်းမရှိလို့

ပြန်ပေးစေချင်ပါတယ် အမှတ်တရတွေသိမ်းထားတာဆိုတော့ အကောင့်ကိုပြန်ပေးပါ မဆုံးရှုံးချင်ပါဘူး” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

ဒီနေ့ခေတ်မှာတော့ သာမာန်မိသားစုတွေအားလုံးသာမက အနုပညာရှင်တွေပါ ဘဝရဲ့ ကြံုတွေ့ခဲ့ရတဲ့ အမှတ်တရတွေကို ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ သိမ်းထားလေ့ရှိကြတာပါ။ မိုးယုစံကလည်း သူမရဲ့

အမှတ်တရတွေများစွာရှိတဲ့ ဖေ့စ်ဘုတ်အကောင့်လေးကို ပြန်ပေးဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

မိုးယုစံကတော့ ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ ဘဝတစ်ခုကိုရှေ့ဆက်ခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး သားသားလေးကောင်းသိင်္ခမိုးသူကတော့ ၈လကျော်သွားပြီပဲ ဖြစ်ပါတယ်။ မင်္ဂလာဆောင်ပြီးကတည်းက

အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ မိုးယုစံကတော့ အခုဆိုရင် အနုပညာလှုပ်ရှားမှုတွေလည်း

အနည်းငယ်ပြန်လုပ်နေပါပြီ။ အမှတ်တရတွေများစွာပြည့်နှက်နေတဲ့ မိုးယုစံရဲ့ဖေ့စ်ဘုတ်အကောင့်လေး အမြန်ပြန်ရပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*