ဒူးနာ၊ ခါးနာ၊ ဒူးေခါင္းက်ီးေပါင္း၊ ေလငန္းေလးဘက္နာ ေရာဂါမ်ားအတြက္ သဘာဝေဆးနည္း ၈ နည္း

ဒူးနာ၊ ခါးနာ၊ ဒူးေခါင္းက်ီးေပါင္း၊ ေလငန္းေလးဘက္နာ ေရာဂါမ်ားအတြက္ သဘာဝေဆးနည္း ၈ နည္း

ေဆးနည္း ၁

၁။ ဖီးၾကမ္းငွက္ေပ်ာသီး အမွည့္ကို ဖင္ျဖတ္၊ ေခါင္းျဖတ္၍ သက္ရင္းႀကီး႐ြက္ႏွင့္ လုံေအာင္လိပ္ကာ ၅ နာရီခန႔္

ျပဳတ္၍ တစ္ေန႔ သုံးလုံးစီ ၅ ရက္ဆက္တိုက္ စားေပးပါက ေလျဖတ္၊ ေလငန္း၊ ေလးဘက္နာ၊ ခါးနာ၊ ဒူးနာ ေပ်ာက္ကင္းေစႏိုင္ပါတယ္။

ေဆးနည္း ၂

၁။ ငါးၾကင္းေခါင္းကို မၾကာခဏ ဟင္းခ်က္စားပါ။ ဒူးနာေရာဂါ၊ ဒူးေခါင္းက်ီးေပါင္းေရာဂါမ်ားကို ေပ်ာက္ကင္း ေစႏိုင္ပါတယ္။

ေဆးနည္း ၃

ေဆးနည္းကေတာ့ ဂ်င္းတက္နဲ႔ ေျမျဖဴခဲကို ေရာေထာင္းၿပီး နာေနတဲ့ဒူးေပၚကို တစ္ေန႔ ၂ ႀကိမ္ လိမ္းေပးပါ။ ၃ ရက္အတြင္း သိသာလာမယ္။ တစ္ပတ္ေလာက္ဆိုၿပီ ဒူးနာေရာဂါ ေပ်ာက္ကင္းသြားႏိုင္ပါတယ္။

ေဆးနည္း ၄

ေခြးေတာက္႐ြက္ လက္တစ္ဆုပ္ခန႔္ကို ထုေထာင္း၍ အရည္ညႇစ္ယူကာ ၎အရည္ျဖင့္ သနပ္ခါးေသြးကာ ဒူးေပၚကို

လိမ္းေပးပါ။ မနက္ေရခ်ိဳးၿပီး တစ္ႀကိမ္၊ ညအိပ္ခါနီးတစ္ႀကိမ္ လိမ္းေပးပါ။ တစ္ပတ္ခန႔္ လိမ္းေပးလွ်င္ ဒူးနာသက္သာ ေပ်ာက္ကင္းသြားႏိုင္ပါတယ္။

ေဆးနည္း ၅

ရွားေစာင္းလက္ပပ္ လတ္လတ္ဆပ္ဆပ္ကို ခူးယူ၍ အေပၚအခြံကိုခြာၿပီး အတြင္းသားဂ်ယ္လီကို ဇြန္းျဖင့္ျခစ္ယူ၍ က်ိဳခ်က္ထားေသာ ႏြားႏို႔အေအးႏွင့္ ေသာက္ပါ။ ၅ ရက္ခန႔္ေသာက္လွ်င္ ဒူးနာသက္သာလာမည္။

ေဆးနည္း ၆

၁။ သေဘၤာသီးအစိမ္းတစ္လုံးကို ထိပ္ပိုင္းေနရာမွ ၾကက္ဥတစ္လုံးစာခန႔္ ပိုင္းျဖတ္လိုက္ပါ။ အတြင္းမွ အေစ့မ်ားကိုလည္း မထုတ္ပဲ ထားပါ။

၂။ ၾကက္ဥကို ထည့္လိုက္ပါ။ (မွတ္ခ်က္ – သဘာဝၾကက္ဥ၊ ေတာၾကက္ဥ ဆိုလွ်င္ ပိုေကာင္းပါသည္)

၃။ ပိုင္းျဖတ္ထားသည့္ အပိုင္းျဖင့္ ျပန္အုပ္လိုက္ပါ။ သူ႔အေစးႏွင့္သူ ျပန္ကပ္ပါသည္။ ပိုၿပီး စိတ္ခ်ခ်င္လွ်င္ ႐ြံ႕ေစးမ်ားျဖင့္ အုပ္ေပးထားႏိုင္ပါသည္။

၄။ ၎သေဘၤာသီးကို မီးေသြးမီးဖိုထဲမွာ မီးဖုတ္ေပးပါ။ ေပ်ာ့အိၿပီး အတြင္းမွ ၾကက္ဥ က်က္သြားသည့္အထိ ဖုတ္ပါ။

၅။ ၿပီးလွ်င္ အခြံကို ခြာခ်လိုက္ၿပီး အတြင္းမွ ၾကက္ဥကို စားရမွာျဖစ္ပါတယ္။

တစ္ပတ္ကို ၃ ႀကိမ္ခန႔္ စားေပးပါက ဒူးနာ၊ ခါးနာေပ်ာက္ကင္းသြားပါလိမ့္မယ္။

ေဆးနည္း ၇

သံပုရာသီးကို ထက္ျခမ္းပိုင္း၍ ၎သံပုရာျခမ္းျဖင့္ နာေနသည့္ဒူးေပၚကို အရည္မ်ား ကုန္ခမ္းသည့္အထိ ညင္သာစြာ ပြတ္တိုက္ေပးပါ။ ၿပီးလွ်င္ (ဆရာခို-အနာလိမ္းေဆး) သို႔မဟုတ္ ဒဏ္ေၾကေဆး တစ္မ်ိဳးမ်ိဳးျဖင့္ လိမ္းေပးၿပီး ၁၅

မိနစ္ခန႔္ အဝတ္ပါးပါး၊ ပတ္တီးစီးထားပါ။ အထူးသျဖင့္ ညအိပ္ခါနီး လိမ္းေပးလွ်င္ ပိုထိေရာက္ပါတယ္။ တစ္ပတ္ခန႔္လိမ္းေပးလွ်င္ ဒူးနာေပ်ာက္ကင္းေစပါမည္။

ေဆးနည္း ၈

၁။ ဘဲဥကို ပြတ္ေနေသာ ေရေႏြးအိုးထဲကို ၂ မိနစ္ခန႔္ျပဳတ္လိုက္ၿပီး ဆယ္ယူလိုက္ပါ။

၂။ ဆယ္ယူလိုက္သည့္ ဘဲဥကို ပန္းကန္လုံးထဲကို ေဖာက္ထည့္လိုက္ပါ။ စားေကာင္းေစရန္ သၾကားအနည္းငယ္

သင္စားေကာင္းေစေလာက္သည့္ အေနအထားသို႔ထည့္ၿပီး ေခါက္စားလိုက္ပါ။ တျခားမည္သည္အရာမွ ေရာစပ္ၿပီး မစားရပါ။ ဘဲဥတစ္လုံးကိုေတာ့ ကုန္ေအာင္ စားရပါလိမ့္မည္။

၃။ တေန႔ကို ဘဲဥတစ္လုံးကို ကုန္ေအာင္စားရပါလိမ့္မည္

၄။ ထိုနည္းအတိုင္း ေန႔စဥ္ ဘဲဥတစ္လုံးစီ စားသုံးရမည္။ အနည္းဆုံး မိမိအသက္၏ တဝက္ အလုံးေရအထိ စားသုံးရမည္။ (ဥပမာ) အသက္ ၄၀-ႏွစ္ရွိလွ်င္ အနည္းဆုံး ဘဲဥ အလုံးေရ (၂၀) စားသုံးရမည္။ ထိုထက္

မ်ားမ်ားစားသုံးႏိုင္လွ်င္ ပိုေကာင္းပါသည္။ ထိုကဲ့သို႔ စားသုံးျခင္းျဖင့္ ခါး-ဒူးတို႔တြင္ ႐ိုးတြင္းျခင္ဆီ ခန္းေျခာက္ျခင္းကို ျပန္လည္ျဖည့္တင္းေပးၿပီး ခါးနာ၊ ဒူးနာမ်ား သက္သာေပ်ာက္ကင္း သြားပါလိမ့္မည္။

ျမန္မာ႐ိုးရာ သဘာ၀ေဆးနည္းမ်ား ကမာၻတည္သေ႐ြ႕ မေျပာက္မပ်က္ တည္တံ့ႏိုင္ေစရန္ ရည္႐ြယ္ရင္း ရွိသည့္အတိုင္း ေရးသား မွတ္တမ္းတင္အပ္ပါသည္။

လူတိုင္းက်မၼာ ေပ်ာ္႐ႊင္ပါေစ၊ ေလးစားစြာျဖင့္ – ႏိုင္ျမန္မာ

Reference ကိုးကား – တိုင္းရင္းေဆးဆရာႀကီး ဦးၾကည္ျမင့္လြင္၊ ကိုယ္ေတြ႕တစ္ဦး၊ Mg Naing၊ ဒို႔ျမန္မာေဒါ့ကြမ္း၊ အစာလည္းေဆး ေဆးလည္းအစာ၊ ေစာႏြဲ႕ေနဆိုင္-ပူတာအို၊ ျမန္မာ့ေဆးၿမီးတိုမ်ား

[Unicode]

ဒူးနာ၊ ခါးနာ၊ ဒူးခေါင်းကျီးပေါင်း၊ လေငန်းလေးဘက်နာ ရောဂါများအတွက် သဘာဝဆေးနည်း ၈ နည်း

ဆေးနည်း ၁

၁။ ဖီးကြမ်းငှက်ပျောသီး အမှည့်ကို ဖင်ဖြတ်၊ ခေါင်းဖြတ်၍ သက်ရင်းကြီးရွက်နှင့် လုံအောင်လိပ်ကာ ၅

နာရီခန့် ပြုတ်၍ တစ်နေ့ သုံးလုံးစီ ၅ ရက်ဆက်တိုက် စားပေးပါက လေဖြတ်၊ လေငန်း၊ လေးဘက်နာ၊ ခါးနာ၊ ဒူးနာ ပျောက်ကင်းစေနိုင်ပါတယ်။

ဆေးနည်း ၂

၁။ ငါးကြင်းခေါင်းကို မကြာခဏ ဟင်းချက်စားပါ။ ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်း စေနိုင်ပါတယ်။

ဆေးနည်း ၃

ဆေးနည်းကတော့ ဂျင်းတက်နဲ့ မြေဖြူခဲကို ရောထောင်းပြီး နာနေတဲ့ဒူးပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။ ၃ ရက်အတွင်း သိသာလာမယ်။ တစ်ပတ်လောက်ဆိုပြီ ဒူးနာရောဂါ ပျောက်ကင်းသွားနိုင်ပါတယ်။

ဆေးနည်း ၄

ခွေးတောက်ရွက် လက်တစ်ဆုပ်ခန့်ကို ထုထောင်း၍ အရည်ညှစ်ယူကာ ၎င်းအရည်ဖြင့် သနပ်ခါးသွေးကာ

ဒူးပေါ်ကို လိမ်းပေးပါ။ မနက်ရေချိုးပြီး တစ်ကြိမ်၊ ညအိပ်ခါနီးတစ်ကြိမ် လိမ်းပေးပါ။ တစ်ပတ်ခန့် လိမ်းပေးလျှင် ဒူးနာသက်သာ ပျောက်ကင်းသွားနိုင်ပါတယ်။

ဆေးနည်း ၅

ရှားစောင်းလက်ပပ် လတ်လတ်ဆပ်ဆပ်ကို ခူးယူ၍ အပေါ်အခွံကိုခွာပြီး အတွင်းသားဂျယ်လီကို ဇွန်းဖြင့်ခြစ်ယူ၍ ကျိုချက်ထားသော နွားနို့အအေးနှင့် သောက်ပါ။ ၅ ရက်ခန့်သောက်လျှင် ဒူးနာသက်သာလာမည်။

ဆေးနည်း ၆

၁။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။

၂။ ကြက်ဥကို ထည့်လိုက်ပါ။ (မှတ်ချက် – သဘာဝကြက်ဥ၊ တောကြက်ဥ ဆိုလျှင် ပိုကောင်းပါသည်)

၃။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။

၄။ ၎င်းသင်္ဘောသီးကို မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။

၅။ ပြီးလျှင် အခွံကို ခွာချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။

တစ်ပတ်ကို ၃ ကြိမ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာပျောက်ကင်းသွားပါလိမ့်မယ်။

ဆေးနည်း ၇

သံပုရာသီးကို ထက်ခြမ်းပိုင်း၍ ၎င်းသံပုရာခြမ်းဖြင့် နာနေသည့်ဒူးပေါ်ကို အရည်များ ကုန်ခမ်းသည့်အထိ ညင်သာစွာ ပွတ်တိုက်ပေးပါ။ ပြီးလျှင် (ဆရာခို-အနာလိမ်းဆေး) သို့မဟုတ် ဒဏ်ကြေဆေး တစ်မျိုးမျိုးဖြင့်

လိမ်းပေးပြီး ၁၅ မိနစ်ခန့် အဝတ်ပါးပါး၊ ပတ်တီးစီးထားပါ။ အထူးသဖြင့် ညအိပ်ခါနီး လိမ်းပေးလျှင် ပိုထိရောက်ပါတယ်။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာပျောက်ကင်းစေပါမည်။

ဆေးနည်း ၈

၁။ ဘဲဥကို ပွတ်နေသော ရေနွေးအိုးထဲကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ။

၂။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲကို ဖောက်ထည့်လိုက်ပါ။ စားကောင်းစေရန် သကြားအနည်းငယ်

သင်စားကောင်းစေလောက်သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ။ တခြားမည်သည်အရာမှ ရောစပ်ပြီး မစားရပါ။ ဘဲဥတစ်လုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည်။

၃။ တနေ့ကို ဘဲဥတစ်လုံးကို ကုန်အောင်စားရပါလိမ့်မည်

၄။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတစ်လုံးစီ စားသုံးရမည်။ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည်။ (ဥပမာ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀) စားသုံးရမည်။

ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ၊ ဒူးနာများ သက်သာပျောက်ကင်း သွားပါလိမ့်မည်။

မြန်မာရိုးရာ သဘာဝဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တံ့နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသား မှတ်တမ်းတင်အပ်ပါသည်။

လူတိုင်းကျမ္မာ ပျော်ရွှင်ပါစေ၊ လေးစားစွာဖြင့် – နိုင်မြန်မာ

Reference ကိုးကား – တိုင်းရင်းဆေးဆရာကြီး ဦးကြည်မြင့်လွင်၊ ကိုယ်တွေ့တစ်ဦး၊ Mg Naing၊ ဒို့မြန်မာဒေါ့ကွမ်း၊ အစာလည်းဆေး ဆေးလည်းအစာ၊ စောနွဲ့နေဆိုင်-ပူတာအို၊ မြန်မာ့ဆေးမြီးတိုများ

Be the first to comment

Leave a Reply

Your email address will not be published.


*