က်ိဳက္လတ္တၿမိဳ႕လံုးနီးပါး အသုဘလိုက္ပို႔ျကေတာ့ ျမိဳ႕မ်က္နာဖံုးလားလို႔…

က်ိဳက္လတ္တၿမိဳ႕လံုးနီးပါး အသုဘလိုက္ပို႔ျကေတာ့ ျမိဳ႕မ်က္နာဖံုးလားလို႔…

” နာေရးလိုက္ပုိ႔သူ အမ်ားဆံုး ျဖစ္သျဖင့္ ကြယ္လြန္သူသည္ က်ဳိက္လတ္ၿမိဳ႕မွ အာဏာရွိသူလားဆိုေတာ့ မဟုတ္။ ေငြေၾကးခ်မ္းသာျပည့္စံုသည့္ မ်က္ႏွာႀကီး အသိုင္းအဝိုင္း၊ ၿမိဳ႕မ်က္ႏွာဖံုးလား ဆိုေတာ့လည္း မဟုတ္ျပန္။

ထင္ ေပၚေက်ာ္ၾကားသူ တစ္ဦးလား။ ဒါလည္းမမွန္ေသး။ ကြယ္လြန္သူသည္ က်ဳိက္လတ္ၿမိဳ႕တြင္း လမ္းေဘးတြင္ေန၊ လမ္းေဘးတြင္ စားကာ လမ္းကိုအိမ္လုပ္ေနခဲ့ ေသာ လမ္းေပ်ာ္ စိတ္က်န္းမာေရး ေဝဒနာရွင္ အမ်ဳိးသားႀကီးတစ္ဦး

သာျဖစ္သည္။ စိတ္ေဝဒနာရွင္တစ္ဦး၏ ေနာက္ဆံုးခရီးကား အဘယ္ေၾကာင့္ စည္ကားေနရပါသနည္း ”

ဧရာဝတီတုိင္းေဒသႀကီးရွိ က်ဳိက္လတ္ၿမိဳ႕ ကေလးတြင္ ၿပီးခဲ့သည့္ ဇန္နဝါရီဒုတိယပတ္က ထူးထူးျခားျခား

နာေရးတစ္ခု ျဖစ္ပြားခဲ့သည္။ လူရွိလွ်င္ နာေရးရွိမည္မို႔ ထူးဆန္းေသာကိစၥ မဟုတ္ေသာ္လည္း ထိုနာေရးက သာမန္ထက္ ထူးျခားေနသည္က အမွန္ပင္။

ထုိနာေရးက ယေန႔ေခတ္ၿမိဳ႕ေပၚတြင္ အမ်ားျပဳလုပ္သလို နာေရးကိစၥကို ယာဥ္တန္းႏွင့္မခ်ဘဲ ေရွးကလိုလူ ႏွင့္ထမ္းခ်သည္။ ထုိ႔အျပင္ နာေရးလိုက္ပို႔သူ အားလံုးလည္း ယာဥ္ႏွင့္ မလိုက္ဘဲ ေျခက်င္ေလွ်ာက္ကာ

လိုက္ပို႔သည္။ အထူးျခားဆံုးက ေတာ့ ယင္းနာေရးသည္ က်ဳိက္လတ္ၿမိဳ႕တြင္ လူအစည္ကားဆံုး နာေရးတစ္ခုျဖစ္ခဲ့သည္။

နာေရးလိုက္ပုိ႔သူ အမ်ားဆံုး ျဖစ္သျဖင့္ ကြယ္လြန္သူသည္ က်ဳိက္လတ္ၿမိဳ႕မွ အာဏာရွိသူလားဆိုေတာ့ မဟုတ္။ ေငြေၾကးခ်မ္းသာျပည့္စံုသည့္ မ်က္ႏွာႀကီး အသိုင္းအဝိုင္း၊ ၿမိဳ႕မ်က္ႏွာဖံုးလား ဆိုေတာ့လည္း မဟုတ္ျပန္။ ထင္

ေပၚေက်ာ္ၾကားသူ တစ္ဦးလား။ ဒါလည္းမမွန္ေသး။ ကြယ္လြန္သူသည္ က်ဳိက္လတ္ၿမိဳ႕တြင္း လမ္းေဘးတြင္ေန၊

လမ္းေဘးတြင္ စားကာ လမ္းကိုအိမ္လုပ္ေနခဲ့ ေသာ လမ္းေပ်ာ္ စိတ္က်န္းမာေရး ေဝဒနာရွင္ အမ်ဳိးသားႀကီးတစ္ဦး သာျဖစ္သည္။ စိတ္ေဝဒနာရွင္တစ္ဦး၏ ေနာက္ဆံုးခရီးကား အဘယ္ေၾကာင့္ စည္ကားေနရပါသနည္း။

ကြယ္လြန္သူအမည္က ဦးၾကည္ဝင္းျဖစ္သည္။ နာေရးတြင္ ကမ္းသည့္ ယပ္ေတာင္ေပၚတြင္ အသက္ (၇၅)ႏွစ္ဟု ေရးထုိးထားသည္။ သို႔ေသာ္ အဲဒီထက္မက ေတာ့ဟု ဦးၾကည္ဝင္းသက္ရွိထင္ရွားရွိစဥ္ လာေရာက္ခုိနားခဲ့ေသာ

က်ဳိက္လတ္ၿမိဳ႕ေပၚရွိ ပုဗၺာ႐ံု မွန္ ေက်ာင္းတိုက္ တိုက္အုပ္ဆရာ ေတာ္ ဦးအာစိ႑ေခၚ ဦးပၪၥင္း ေက်ာ္ဦးက

မိန္႔သည္။ ဦးပၪၥင္း ေက်ာ္ဦး က်ဳိက္လတ္သ႔ိုကိုရင္ငယ္ဘဝျဖင့္ စတင္ႂကြေရာက္စဥ္ကတည္းက ဦးၾကည္ဝင္းကို ျမင္ခဲ့သိခဲ့သည္။ ယခုဦးပၪၥင္းေက်ာ္ဦးပင္ သက္ေတာ္ (၅၅)ႏွစ္ေက်ာ္ေလၿပီ။

လြန္ခဲ့ေသာ ႏွစ္ ၃၀ ေက်ာ္ကတည္းက ဦးၾကည္ဝင္းသည္ စိတ္ေရာဂါေဝဒနာရွင္ တစ္ဦး ျဖစ္ခဲ့သည္ဟု ၿမိဳ႕ခံမ်ားက ေျပာ သည္။ ဟိုတစ္စ ဒီတစ္စျဖင့္ စံုစမ္းေမးျမန္းရသေလာက္ သူ႔ တြင္ မိဘႏွစ္ပါး ကြယ္လြန္ၿပီး ေနာက္

ႏွမတစ္ဦးရွိေသာ္လည္း ရန္ကုန္ေျပာင္းသြားခဲ့ၿပီဆို သည္။ ဦးၾကည္ဝင္းသည္ ယခင္ေခတ္ ဆယ္တန္းေအာင္သည့္ ပညာ တတ္တစ္ဦးဟုလည္း ေျပာသည္။ သူ႔တြင္ ကိုယ္ပိုင္မိသားစုမရွိ။ငယ္စဥ္က ေနထိုင္ခဲ့ေသာ အိမ္လည္း

မရွိေတာ့။ လူပ်ဳိႀကီးတစ္ဦးျဖစ္ သည္။ တပ္မေတာ္ထဲလည္း ဝင္ခဲ့ ဖူးသည္ဟုဆိုၾကၿပီး ၎၏ဇာတိ ၿမိဳ႕ က်ဳိက္လတ္သို႔ ျပန္ေရာက္ လာခ်ိန္တြင္ ဦးၾကည္ဝင္းသည္ စိတ္ေဝဒနာရွင္တစ္ဦး ျဖစ္ေနခဲ့ ၿပီျဖစ္သည္။ သူ

အဘယ္ေၾကာင့္ စိတ္ေဝဒနာျဖစ္ခဲ့ရသည္ကိုမူ တိ တိက်က် သိသူနည္းပါးသည္။ ဦးၾကည္ဝင္းကိုယ္တိုင္လည္း ေရ ေရရာရာ မေျပာႏိုင္ ေပ။

သူ႔ေနာက္ခံဘဝကို သိသူ နည္းပါးလွေသာ္လည္း မ်က္ ေမွာက္သူ႔ဘဝ စာမ်က္ႏွာကိုေတာ့ က်ဳိက္လတ္ၿမိဳ႕သူၿမိဳ႕သားမ်ား သိၾကသည္။ မသိလို႔လည္းမရ။ မနက္မိုးလင္းလို႔ မ်က္စိႏွစ္လံုးဖြင့္ ၿပီဆိုတာႏွင့္

ဦးၾကည္ဝင္းတစ္ ေယာက္ လမ္းေပၚေရာက္ေနေလ ၿပီ။ အရပ္ငါးေပေျခာက္ လက္မခန္႔၊ မ်က္ႏွာရွည္ရွည္၊ ဆံျဖဴက်ဳိးတိုးက်ဲတဲ၊ ေပေရစုတ္ျပတ္ေနသည့္ အဝတ္မ်ားျဖင့္ ဦးၾကည္ဝင္းကို က်ဳိက္လတ္ၿမိဳ႕ေပၚ လမ္းမ ေတြေပၚ

အစဥ္ေတြ႕ျမင္ရမည္ျဖစ္ သည္။ ႏွစ္ေပါင္းမ်ားစြာ လမ္းေပၚတြင္သာ လွည့္လည္ေနထိုင္ခဲ့၍ သူ႔အသားအေရေတြက ေန ေလာင္ကာ ေၾကးနီေရာင္ ေပါက္ ေနေလၿပီ။ မနက္မိုးလင္းသည္ႏွင့္ က်ဳိက္လတ္ၿမိဳ႕ထဲက လမ္းမ်ားပ်က္၊ မပ်က္၊

ေကာင္း၊ မေကာင္း ကို ဦးၾကည္ဝင္းတစ္ေယာက္ စနည္းနာသည္။ လမ္းအေပါက္ ေတြေတြ႕လွ်င္ ခဲအက်ဳိးမ်ား၊

အပိုင္းအစမ်ားသြားရွာကာ ထုခြဲကာ ခင္းသည္။ ေျမေတြသယ္၍ ဖို႔ သည္။ မိုးရြာ၍ လမ္းေတြဗြက္ထကာ သြားလာမေကာင္းလွ်င္ လည္း ေျမေတြ၊ သဲေတြ က်ဳံးလာကာ ဖို႔ျပန္သည္။ ျပင္ျပန္သည္။

မနက္တစ္ပိုင္း စိတ္ႀကိဳက္ လမ္းျပင္ၿပီးသည္ႏွင့္ ေန႔ခင္း ၁၁ နာရီေက်ာ္ေက်ာ္တြင္ေတာ့ ဦးပၪၥင္း ေက်ာ္ဦးတို႔ ေက်ာင္းတုိက္ထဲ ျပန္ဝင္လာကာ ထမင္းစားသည္။ စား ၿပီးလွ်င္ လမ္းျပင္ရန္ ျပန္ထြက္ပါ ေလသည္။

ဦးၾကည္ဝင္းတစ္ ေယာက္ ေနပူပူမိုးရြာရြာ လမ္းေပၚထြက္ဖို႔ မပ်က္ကြက္တတ္။ လမ္း ျပင္တာတင္မကေသးပါ။ က်ဳိက္ လတ္ၿမိဳ႕ရွိ ဘုန္းႀကီးေက်ာင္း ဘုရားေစာင္းတန္းမ်ားတြင္လည္း သန္႔ရွင္းေရး လုပ္သည္။ ျမက္ ႏုတ္သည္။

စိတ္ေဝဒနာရွင္တစ္ဦး ျဖစ္ ေသာ္လည္း လူေကာင္းတစ္ဦး ေန႔စဥ္လုပ္ကိုင္သြားဖို႔ မလြယ္သည့္အလုပ္မ်ဳိးကို ပံုမွန္လုပ္ကိုင္ ေနတတ္သည့္ ဦးၾကည္ဝင္းကို က်ဳိက္လတ္ၿမိဳ႕သူ၊ ၿမိဳ႕သားမ်ား က က႐ုဏာသက္ၾကသည္။ ထုိ႔

အတြက္ အခ်ဳိ႕က ဦးၾကည္ဝင္းအား မုန္႔ဖိ႔ဖိုးပဲဖိုးေပးတတ္သည္။ လမ္းျပင္သည့္အခါ အုတ္ေတြ၊ ခဲေတြ၊ ေျမေတြ သယ္ဖို႔လိုလာလွ်င္ ယခင္ကေတာ့ ငယ္ရြယ္ တုန္းမို႔ ဦးၾကည္ဝင္း လွည္းတစ္ စီးျဖင့္ ကိုယ့္ဘာသာကိုယ္ သယ္

သည္။ သို႔ေသာ္ အသက္အရြယ္ရလာေတာ့ ဆိုက္ကားငွားကာ သယ္တန္သယ္ရ၍ရလာသည့္ မုန္႔ဖိုးကေလးေတြျဖင့္

ဆုိက္ကားသမားအား အဖုိးအခေပးသည္။ ဆုိက္ကားဆရာက ဦးၾကည္ဝင္းကိုသနား၍ ေငြမယူလွ်င္ ဦးၾကည္ ဝင္းက ‘‘မင္းမွာ သားနဲ႔မယားနဲ႔ မိသားစုနဲ႔ယူပါ’’ ဟုဇြတ္ေပးသည္။

ဦးၾကည္ဝင္းအား ဦးပၪၥင္း ေက်ာ္ဦးတို႔ ဘုန္းႀကီးေက်ာင္းသာမက လက္ဖက္ရည္ဆိုင္၊ ထမင္း ဆိုင္ႏွင့္ အျခားဆိုင္မ်ားကလည္း ေကြၽးၾကေမြးၾကသည္။ ညေနမိုး ခ်ဳပ္၍ လမ္းျပင္ၿပီးလွ်င္ေတာ့ ဆိုင္ေတြကေပးသည့္

ထမင္းႏွင့္ အစားအစာထုပ္ေတြကို ယူ ေဆာင္ကာ ဦးၾကည္ဝင္းတစ္ ေယာက္ သူ႔နားခိုရာ ဦးပၪၥင္း ေက်ာ္ဦးတို႔ ဘုန္းႀကီးေက်ာင္းဝင္း အတြင္း ျပန္လာတတ္သည္။ သို႔ ေသာ္ သူတစ္ေယာက္တည္းတင္ မဟုတ္။

ပါလာသည့္ အစားအ ေသာက္ေတြကို ေဝမွ်ေကြၽးရင္း ေခြးအုပ္ႀကီးတစ္အုပ္က ဦးၾကည္ ဝင္းႏွင့္အတူ ဘုန္းႀကီးေက်ာင္းဝင္း အတြင္း တဝုန္းဝုန္းျဖင့္ ပါလာ တတ္သည္။ ဦးပၪၥင္းေက်ာ္ဦးက ေခြးေတြဆူညံလြန္းလာသျဖင့္

ခဲ ျဖင့္လွမ္းထုေတာ့ ဦးၾကည္ဝင္းက မလုပ္ဖို႔တားသည္။ ‘‘ငါက ေျခာက္တာပါ၊ တကယ္မထုပါ ဘူး’’ ဟု

ဦးပၪၥင္းေက်ာ္ဦးက မိန္႔ ေတာ့ ဦးၾကည္ဝင္းကျပန္ေလွ်ာက္ သည္။ ‘‘ဦးပၪၥင္း ခဲနဲ႔ပစ္တာ လက္ က ေနာက္ကို တအားေရာက္ တယ္။ အားပါတယ္။ မလုပ္ပါနဲ႔’’ ဟူ၏။

ဦးပၪၥင္းေက်ာ္ဦးလည္း ဦး ၾကည္ဝင္း၏ အသိဉာဏ္အေပၚ သေဘာက်ကာ ‘‘ေနာက္မပစ္ ေတာ့ပါဘူး’’ဟု ကတိေပးလိုက္ရ သည္။ ညေရာက္လွ်င္ေတာ့ေစာင္ေခါင္းၿမီးၿခံဳကာ အိပ္ေနသည့္ ဦး ၾကည္ဝင္းနား

သူေကြၽးေမြးခဲ့သည့္ ေခြးေတြက ကိုယ္ရံေတာ္ပမာ ပတ္ပတ္လည္ဝန္းရံ၍ အိပ္ေနၾက သည္ကို ေတြ႕ရမည္ျဖစ္သည္။

ဦးၾကည္ဝင္းက ေခြးေတြတင္ မက လူေတြအေပၚတြင္ပါ ေစတ တာရွိသူတစ္ေယာက္အျဖစ္ ေပၚ လြင္သည့္သာဓကေတြ ရွိေသး သည္။ သို႔ေသာ္ ႐ိုး႐ိုးလူအေပၚတြင္ ေတာ့ မဟုတ္။ အခ်ဳပ္သားေတြ

အေပၚျဖစ္သည္။ က်ဳိက္လတ္ အက်ဥ္းဦးစီးဌာနရွိ အခ်ဳပ္ေထာင္ တြင္ရွိေသာ အခ်ဳပ္သားမ်ားအား သူ႔လက္ထဲတြင္ ပိုက္ဆံရွိေနသည့္ အခါ စားစရာ၊ ေသာက္စရာေတြ ဝယ္၍ သြားပို႔ေလ့ရွိျခင္းပင္။ လူ ၂၀ ရွိလွ်င္ ၂၀ စာ

ရွမ္းေခါက္ဆြဲ ျဖင့္ ရွမ္းေခါက္ဆြဲ၊ ထမင္းျဖင့္ ထမင္းဝယ္ကာ ဆိုက္ကားငွားၿပီး အခ်ဳပ္ေထာင္သို႔ သြားေကြၽးျခင္း

ျဖစ္သည္။ ထုိသို႔ သြားေကြၽးစဥ္ ျမင္သူေတြက ဦးၾကည္ဝင္းက ကြၽန္ေတာ္တို႔က် မေကြၽးဘူးဟု စလိုက္လွ်င္ ‘‘ေအး ငါက အခ်ဳပ္ ထဲသြားေကြၽးမွာ။ မင္းစားခ်င္ရင္ အခ်ဳပ္ထဲသြားေစာင့္’’ဟု ျပန္ေျပာ တတ္သည္။

ဦးၾကည္ဝင္းက ရလာသည့္ မုန္႔ဖိုးေတြကို ဦးပၪၥင္းေက်ာ္ဦးထံ အပ္ထားေလ့ရွိသည္။ ထုိ႔အျပင္ ဦးၾကည္ဝင္း၏ အျခားဝါသနာ တစ္ခုက ၎၏မုန္႔ဖုိးထဲမွ ႏွစ္လံုး၊ သံုးလံုး ရံဖန္ရံခါ ထုိးတတ္ပါေသး ၏။ ေပါက္၍ရလာလွ်င္လည္း

အခ်ဳပ္သားေတြ ေကြၽးတာႏွင့္၊ လမ္းျပင္သည့္ေနရာတြင္ သံုးတာ ႏွင့္ ကုန္ပါသည္။ တစ္ႀကိမ္တြင္ ေတာ့ သူ ေငြေၾကးမ်ားမ်ားစားစား ရခဲ့ပါေလ၏။ ေငြသားက်ပ္ ၂၈ သိန္းေတာင္ျဖစ္သည္။ သူစိတ္ကူး ေပါက္ရာဂဏန္းကို

သံုးလံုးဂဏန္း ထုိးမိရာမွ ေပါက္ျခင္းျဖစ္၏။ ဒိုင္ ကလည္း ဦးၾကည္ဝင္းအား စိတ္ မႏွံ႔သူမို႔ မေလ်ာ္ဘဲမေနရဲ။ ရလာ သည့္ေငြေတြအား ဦးၾကည္ဝင္းက ဦးပၪၥင္းေက်ာ္ဦးထံ လာအပ္၏။ ဦးပၪၥင္းက ႐ႈပ္႐ႈပ္ယွက္ယွက္ လာ

မအပ္နဲ႔ဟုမိန္႔ေတာ့ ဦးပၪၥင္းအား ေခ်ာင္တစ္ေနရာသို႔ေခၚကာ ခပ္ တုိးတိုးေျပာ၏။ ‘‘ဦးပၪၥင္းကလည္း တယ္လည္းခက္တာပဲ။ ဒီေက်ာင္း မွာ ဦးပၪၥင္းကိုစိတ္ခ်လို႔ ဦးပၪၥင္း အပ္တာေပါ့။ လုပ္ပါ၊ ယူထားေပး ပါ’’ဟု

ဆိုေလ၏။ ဦးပၪၥင္းေက်ာ္ ဦးလည္း ဦးၾကည္ဝင္းပိုက္ဆံ အ ထုပ္ကေလးျဖင့္ အေသအခ်ာ ထုပ္ကာ ဗီ႐ုိထဲ

သည္အတိုင္းထည့္ သိမ္းထားလိုက္၏။

ဦးၾကည္ဝင္းက ဦးပၪၥင္းဆီမွ နည္းနည္းခ်င္းသာ ေတာင္းယူသံုး ေလ့ရွိသည္။ တစ္ေထာင္ေတာင္း ၍ အႏုတ္မရွိဘူး၊ ငါးေထာင္တန္ ယူထားလိုက္ေတာ့ဟု မိန္႔လွ်င္ ‘‘ပိုက္ဆံဆိုတာ အလြန္အကြၽံသံုး တုိင္း ေကာင္းတာမဟုတ္ဘူး။ ငါး

ေထာင္ဆိုတာ ေလာဘပါသြားၿပီ။ ေလာဘကို သတ္ရမယ္’’ဟု ျပန္ ေျပာေလ၏။ ဦးပၪၥင္းေက်ာ္ဦး သေဘာက်ရျပန္ပါသည္။

သူအပ္ထားသည့္ေငြက ႏွစ္ ေတာ္ေတာ္ၾကာေတာ့ ခံခဲ့သည္။ ေက်ာင္းထဲတြင္ ဘုန္းႀကီးဘယ္ ႏွပါးရွိလဲ ေမးျမန္းကာ အပါးသံုး ဆယ္ရွိေၾကာင္း ေျပာလိုက္လွ်င္ ေနာက္တစ္ေန႔တြင္ ေစ်းထဲကေန ဝက္သားေတြ အခ်ိန္သံုးပိႆာ

ဝယ္ပို႔ခိုင္းသည္။ တစ္ပါးတစ္ ဆယ္သားႏႈန္းျဖင့္ အပါးသံုးဆယ္ အတြက္ သံုးပိႆာဝယ္ခုိင္းသတဲ့။ ဦးၾကည္ဝင္းက လွဴေရးတန္းေရး တြင္သာ ပိုက္ဆံကိုသံုးသည္ မဟုတ္။ လူေကာင္းေတြကို သူကပင္ ျပန္လည္ကူညီခဲ့ပါေသးသည္။

သူစားေသာက္ေနက် ဆိုင္ေလး တစ္ဆိုင္က ေငြအရင္းအႏွီးလိုေန ေၾကာင္း ညည္းသံၾကား၍ သူက ဘယ္ေလာက္လိုသလဲ ျပန္ေမး ေတာ့ ဆုိင္ရွင္ကလည္း ျပန္စသည္။ ႏွစ္သိန္းေလာက္လိုတာဟု။

ေအးရမယ္ဟုဆိုကာ ဘုန္းႀကီးဆီ ျပန္ေတာင္းၿပီး လာေပး၏။ ဆိုင္ရွင္မွာ တအံ့တၾသျဖစ္ရသည္။ ဦးၾကည္ဝင္းက‘‘ေအး…ယူထားၿပီးရင္ေတာ့ ျပန္ဆပ္ရမယ္ ေနာ္’’ဟုဆိုၿပီး ‘‘တစ္ရက္ငါး ေထာင္ဆို

ရက္ေလးဆယ္ဆို ေက် ၿပီ။ အဲဒီအတိုင္းျပန္ေပး’’ဟု တြက္ ခ်က္ေျပာျပန္ေတာ့ ဦးၾကည္ဝင္း ဦးေႏွာက္ကို သာမန္လူေတြပါးစပ္အေဟာင္းသား ျဖစ္ခဲ့ရျပန္၏။

ဦးပၪၥင္းေက်ာ္ဦးအဖို႔ေတာ့ ထူးၿပီး မအံ့ၾသေတာ့။ ဦးၾကည္ဝင္း ပိုက္ဆံေတြအား အထုပ္လိုက္သာ သိမ္းေပးထားၿပီး စာရင္းဇယား မထားေသာ္လည္း ဘယ္ေလာက္ယူ၍ ဘယ္ေလာက္သံုးၿပီး ဘယ္ ေလာက္ က်န္ေနေသးသည္ကို

ဦးၾကည္ဝင္း သိသည္။ ေနာက္ဆံုး လက္က်န္ပိုက္ဆံ ထုတ္ေပးေတာ့လည္း ဘယ္ေလာက္က်န္သည္ဆိုတာကို ကြက္တိေျပာႏိုင္ခဲ့သည့္ ဦးၾကည္ဝင္းျဖစ္သည္။

ဦးၾကည္ဝင္းက အျခား စိတ္ ေဝဒနာရွင္မ်ားကဲ့သို႔ ေပါက္ကရ ေတြလည္းမေျပာတတ္၊ မလုပ္တတ္။ သာမန္စိတ္အျခအေနမရွိသည္မွလြဲ၍ သူစိတ္ပါသည့္ လမ္း ျပင္၊ လမ္းဖာသည့္အလုပ္ႏွင့္

သန္႔ရွင္းေရးအလုပ္မ်ားကိုသာ ဘယ္ သူ႔မွ အေႏွာင့္အယွက္မေပးဘဲေန႔ စဥ္ ျဖတ္သန္းခဲ့သည္။ သို႔ေသာ္

တစ္ခါေတာ့ သူျပႆနာေလးတစ္ခု ျဖစ္ခဲ့ေလ၏။ သာမန္လူႏွင့္ ေတာ့မဟုတ္။ သူ႔လို စိတ္ေရာဂါ ေဝဒနာရွင္အမ်ဳိးသမီးႀကီးတစ္ဥိီး ႏွင့္ျဖစ္၏။

စိတ္ေရာဂါ ေဝဒနာရွင္ အခ်င္းခ်င္း ဘာေတြေျပာကာ ဘာ ေတြ စိတ္အေႏွာင့္အယွက္ျဖစ္ၾက သည္မသိ။ ထုိအမ်ဳိးသမီးအား ဦးၾကည္ဝင္းက တြန္းလိုက္မိရာအအမ်ဳိးသမီးႀကီးထံတြင္ ဒဏ္ရာတခ်ဳိ႕ ရသြားခဲ့သည္။ ညေရာက္

ေတာ့ ဦးၾကည္ဝင္း မ်က္စိမ်က္ႏွာ ေတြပ်က္ကာ ဦးပၪၥင္းေက်ာ္ဦးထံ ေရာက္လာခဲ့သည္။ ‘‘ဦးပၪၥင္း တပည့္ေတာ္ တြန္းလိုက္တဲ့ ဟိုအမ်ဳိးသမီး ေခါင္းေပါက္သြားတယ္။ ဝဋ္ကပါေတာ့မွာ။ ဘယ္လိုလုပ္ရမလဲ’’ဟု ေလွ်ာက္သည္။

ဦးပၪၥင္းေက်ာ္ဦးကလည္း တစ္ခုခု ျပန္လုပ္ေပးဖို႔ေျပာေတာ့ ဦးၾကည္ ဝင္းက ဦးပၪၥင္းထံမွ ပိုက္ဆံ ေတာင္း၍ အျခားအမ်ဳိးသမီးတစ္ ေယာက္အား အကူအညီေတာင္းကာ ေဆးဝါးေတြဝယ္ၿပီး ဒဏ္ရာ ရသြားသူထံ

သြားပို႔ေစခဲ့သည္။ ကိုယ္တိုင္မလုပ္ဘဲ အမ်ဳိးသမီးတစ္ေယာက္အား အကူအညီ ေတာင္းရျခင္းမွာ သူက ေယာက္်ားသားျဖစ္ေန၍ မသင့္ေတာ္ျခင္း ေၾကာင့္ဟု ဆိုေလ၏။

လူပ်ဳိႀကီးဘဝျဖင့္သာ စိတ္ ေရာဂါေဝဒနာရွင္ဘဝ ေရာက္ခဲ့ရ သူ ဦးၾကည္ဝင္းအား တခ်ဳိ႕လူငယ္ ေတြက မိန္းမမယူေသးဘူးလား ဘာလား လာစလွ်င္ တဏွာကြၽန္ ေတာ့ အျဖစ္မခံဘူးဟု ျပန္ေျပာ တတ္သည္။ ေနာက္ၿပီး

ဦးၾကည္ ဝင္းက သူကိုယ္တိုင္ စိတ္ေဝဒနာ ရွင္ဘဝေရာက္ေသာ္လည္း လမ္း ျပင္သည့္အလုပ္ကို ေနပူမေရွာင္၊ မိုးရြာမေရွာင္ တစ္ရက္ေလးမွမ ပ်က္ အလုပ္လုပ္တတ္သူမို႔ လုပ္ အားတန္ဖိုး ခ်စ္ျမတ္ႏိုးပံုရသည္။ အလုပ္ပ်င္းတာကို

သူမႀကိဳက္။ ‘‘လူေတြ မြဲေနတာက ပ်င္းလို႔မြဲတာ ကြ’’ဟု သူအၿမဲေျပာေလ့ရွိသည္။ အလုပ္မလုပ္လွ်င္ ဆင္းရဲပါမည္ တဲ့။

ဦးၾကည္ဝင္း၏ အျပဳအမူမ်ားေၾကာင့္ နတ္ျပည္တြင္ ဗိမာန္ ေတာင္ ႀကိဳေပါက္ေနၿပီဟုလည္း ေျပာေလ့ရွိၾကသည္။ ဦးၾကည္ဝင္းကေတာ့ သူ႔ကို ဘယ္လိုထင္တာ ေတြမသိ။ တစ္ေန႔တစ္ေန႔ မနက္မိုးလင္းတာႏွင့္ ၿမိဳ႕ထဲေလွ်ာက္

သြားကာ ပ်က္သည့္လမ္းေတြ ျပင္ဖို႔ပင္ သူ႔ေခါင္းထဲတြင္ရွိသည္။ ထုိကဲ့သို႔ ႏွစ္ေပါင္းသံုးဆယ္ေက်ာ္ၾကာ ဘဝကို လမ္းေပၚတြင္ပင္ကုန္ ဆံုးခဲ့ေသာ စိတ္ေဝဒနာရွင္ ဦးၾကည္ဝင္းတစ္ေယာက္ လမ္းေပၚတြင္ပင္ ဘဝနိဂံုးခ်ဳပ္ရန္

ကံတရား စီမံလာမည့္ေန႔ကို ေရာက္လာခဲ့သည္။ ထုိေန႔က ၂၀၁၈ ဇန္နဝါရီ ၁၂ ရက္ ေသာၾကာေန႔။

ထုိေန႔က က်ဳိက္လတ္ၿမိဳ႕ မအူပင္ကားလမ္းေပၚတြင္ သက္ ဆုိင္ရာ တာဝန္ရွိသူမ်ားက လမ္း ျပင္ေနသည္။ ထုိလမ္းျပင္ေနရာ ႏွင့္ မနီးမေဝးတြင္ ဦးၾကည္ဝင္းလည္း လမ္းအလုပ္ေတြ ထံုးစံအတုိင္း ဝင္လုပ္ေနသည္။ ညေန

ေစာင္းလာခ်ိန္အထိ ဦးၾကည္ဝင္း တကုပ္ကုပ္ လုပ္ေနဆဲ။ ထုိသို႔ လုပ္ကိုင္ေနရင္း ဦးၾကည္ဝင္းတစ္ ေယာက္ ရပ္ထားသည့္ လမ္းျပင္သည့္ ကုမၸဏီကား၏ေနာက္တြင္ ေပါက္ေနသည့္လမ္းကို ဖာေန သည္။ ထုိစဥ္

ကားကေနာက္ဆုတ္ လာၿပီး ဦးၾကည္ဝင္းကို တိုက္မိသည္။ ေဘးပတ္ဝန္းက်င္က လူမ်ားက လူကိုတိုက္မိေၾကာင္း ေအာ္ဟစ္ၾက၍ ကားသမားက ကားကို ေရွ႕ျပန္ထြက္သည့္အခါ ဦးၾကည္ဝင္းအား ထပ္တိုက္မိျပန္ သည္ဟုဆိုသည္။

ညေမွာင္ရီပ်ဳိး ေနခ်ိန္ တကုပ္ကုပပ္လုပ္ေနသည့္ ဦးၾကည္ဝင္းအား ကားသမားက မျမင္ဘဲ ေနာက္ဆုတ္လိုက္ရာမွ

ယခုကဲ့သို႔ ဝမ္းနည္းဖြယ္ျဖစ္ခဲ့ရ သည္ဟု ယူဆမႈမ်ားလည္း ရွိ သည္။ ယာဥ္တိုက္ခံရေသာ ဦး ၾကည္ဝင္းအား က်ဳိက္လတ္ေဆး႐ံု သို႔ အခ်ိန္မီပို႔ေဆာင္ခဲ့ေသာ္လည္း ကံမေကာင္းခဲ့။

ဦးပၪၥင္းေက်ာ္ဦးထံ ဖုန္းေတြ ဝင္လာသည္။ ‘‘မင္းအစ္ကိုႀကီး ကားတိုက္ခံလိုက္ရလို႔တဲ့’’ ဟု ဆရာေတာ္တစ္ပါးက လွမ္း ေလွ်ာက္ေတာ့ သူႏွင့္ရင္းႏွီးသည့္ အျခား မိတ္ေဆြမ်ားလားဟု ဦးပၪၥင္းေက်ာ္ဦး ေတြးမိေသး သည္။ ၿပီးမွ

သူ႔ေက်ာင္းတြင္ပင္ လာေနကာ ေဆြမ်ဳိးရင္းခ်ာပမာ ျဖစ္ေနခဲ့သည့္ ဦးၾကည္ဝင္းႀကီး အား

ေျပာဆိုျခင္းမွန္းသိေသာအခါ ဦးပၪၥင္းေက်ာ္ဦး ေဆး႐ံုေျပး သည္။ သို႔ေသာ္ ဦးၾကည္ဝင္း ခမ်ာ ဦးပၪၥင္းေက်ာ္ဦးအား ႏႈတ္ဆက္ စကားပင္ မေျပာဆိုႏိုင္ေတာ့။ အသက္ပါသြားခဲ့ေလၿပီ။

ေသြးရင္းသားရင္းပမာ ရင္း ႏွီးခဲ့ေသာ ဦးၾကည္ဝင္းအတြက္ ဦးပၪၥင္း ေက်ာ္ဦးကိုယ္တိုင္က ေလာကုတၱရာအက်ဳိး သယ္ပိုးေနသည့္ သာသနာ့ဝန္ထမ္းျဖစ္ေန ေသာ္လည္း ဝမ္းနည္းစိတ္ထိခိုက္ခဲ့ရသည္။ ေဆြမ်ဳိးသားခ်င္းအရင္း

အခ်ာမရွိေသာ စိတ္ေဝဒနာရွင္ ႀကီး ဦးၾကည္ဝင္း၏ ေနာက္ဆံုးခရီးအတြက္ အေကာင္းမြန္ဆံုး ေဆာင္ရြက္ေပးဖုိ႔ ဦးပၪၥင္းေက်ာ္ ဦးဆံုးျဖတ္လိုက္သည္။

ဦးၾကည္ဝင္း၏ နာေရးအခမ္း အနားအား ေက်ာင္းထိပ္တြင္ျပင္ ဆင္ေပးခဲ့သည္။ နာေရးကို သံုးရက္ထားရန္ ဆံုးျဖတ္ခဲ့ၿပီး ၿမိဳ႕ေပၚက သာေရးနာေရး လူမႈကူညီေရး ႏွင့္ ပရဟိတအသင္းမ်ား၊ ဦးၾကည္ဝင္းအား

ခ်စ္ခင္သူမ်ားကလည္း ဝိုင္းဝန္း ကူညီျပင္ဆင္ၾကသည္။ ဦးပၪၥင္းေက်ာ္ဦး ဦးၾကည္ဝင္း နာေရးကို ဘယ္လိုခ်မည္လဲ

တစ္ ခ်က္စဥ္းစားသည္။ အျခားေၾကာင့္ မဟုတ္။ စိတ္ေဝဒနာရွင္ ဦးၾကည္ ဝင္းတစ္ေယာက္ ဘဝတစ္ ေလွ်ာက္

ဘယ္သူ႔ကိုမွ ဒုကၡမေပး ခဲ့ဘဲ လမ္းျပဳျပင္ေရးႏွင့္ အျခား ေကာင္းမႈေတြသာ လုပ္သြားခဲ့ ေသာ္လည္း သူ႔ဘဝနိဂံုးခ်ဳပ္ခ်ိန္က လမ္းေပၚတြင္ ယာဥ္တိုက္ခံရကာ မလွမပ ၿပီးဆံုးခဲ့ရသည္။

တိုက္႐ိုက္ေတာ့ မသက္ဆိုင္ လွေသာ္လည္း ယာဥ္ေၾကာင့္ အသက္ေသဆံုးခဲ့ရသည့္ ဦးၾကည္ဝင္း၏ နာေရးအား ယာဥ္ျဖင့္ ေဆာင္ရြက္ေပးရန္ ဆႏၵမပါဘဲျဖစ္ ေနသည္။ ထုိ႔ေၾကာင့္ ေရွးတုန္းက ကဲ့သို႔ ဦးၾကည္ဝင္း၏ အေလာင္း

အား လူထမ္းစင္ျဖင့္ထမ္း၍ နာ ေရးကိစၥေဆာင္ရြက္ရန္ စဥ္းစားသည္။ ထမ္းစင္ျဖင့္ ထမ္းတာက ဟုတ္ၿပီ။ ထမ္းမည့္သူေကာ ရွိပါ့ မလား ျပန္ခ်ိန္ရသည္။ ေက်ာင္းက ဒကာေလးေတြကေတာ့ သူတို႔ပင္ တိုင္ထမ္းမည္ဟုဆို၍

ေျပလည္ သြားသည္။ ဦးၾကည္ဝင္း ႐ုပ္အေလာင္းကို ထမ္းစင္ျဖင့္ ခ်႐ံုတင္မက ဆရာေတာ္မ်ားႏွင့္လိုက္ ပို႔သူမ်ားပါ ယာဥ္မသံုးဘဲ ေျခလ်င္ ျဖင့္ ကုန္းေၾကာင္းေလွ်ာက္ကာ လိုက္ပို႔ၾကရန္ ဦးပၪၥင္းေက်ာ္ဦး စီမံလိုက္သည္။

ဦးၾကည္ဝင္း နာေရးခ်မည့္ ေန႔ေရာက္ေတာ့ ေရာက္လာၾက သည့္ လူအုပ္ႀကီးကိုၾကည့္ၿပီး ဦးပၪၥင္းေက်ာ္ဦးပင္ အံ့ၾသရသည္။ က်ဳိက္လတ္ၿမိဳ႕တြင္ ထုိမွ်စည္ကားသည့္နာေရးမ်ဳိး မျမင္ဖူးေသးဟုလည္း လူေတြကလည္း ဆိုၾကသည္။

နာေရးထမ္းစင္အတြက္ ထမ္းမည့္သူ ရွိပါ့မလား စိတ္ပူခဲ့ၾကေသာ္လည္း တစ္ေလွ်ာက္လံုးထမ္းရန္ တာဝန္ယူမည့္ ေက်ာင္းက ကေလးေတြက ေခတၱသာထမ္း လိုက္ရသည္။ လာသည့္ပရိသတ္ထဲက တစ္ေယာက္တစ္လက္

ဝုိင္းထမ္းၾကရာ လက္ပင္မလည္။ ဂုဏ္ပကာသန၊ ရာထူးေငြေၾကး ဘာဆိုဘာမွ်မရွိသည့္ လမ္းေပၚက

စိတ္ေရာဂါေ၀ဒနာရွင္ တစ္ဦး၏ ေနာက္ဆံုးခရီးက စည္ကားလိုက္သည္မ်ား ဘုန္းႀကီးပ်ံေတာင္ သူ႔ေလာက္မမ်ားဟု ေျပာစမွတ္ တြင္ရသည္အထိ။

ဦးၾကည္ဝင္းအား တိုက္မိခဲ့သည့္ ယာဥ္၏ကုမၸဏီက ဦးၾကည္ဝင္းအတြက္ နစ္နာေၾကးေပးရန္ စီစဥ္ပါသည္။ ဦးပၪၥင္းေက်ာ္ဦးက ေတာ့ နစ္နာေၾကးထက္ ဦးၾကည္ ဝင္းအတြက္ အက်ဳိးရွိေစမည့္ အလုပ္တစ္ခု

လုပ္ေပးေစခ်င္သည္။ ထုိ႔အတြက္ ဦးၾကည္ဝင္း ေနထိုင္ ခဲ့သည့္ ေက်ာင္းဝင္းအနီးရွိ ဦး ၾကည္ဝင္းမၾကာခဏ ဝင္ေရာက္သန္႔ရွင္းေရး ျပဳေနက်ျဖစ္သည့္ တိေလာကမာရဇိန္ဘုရားႀကီး အဝင္တန္ေဆာင္းလမ္းအား ျပဳျပင္

ေပးရန္ေတာင္းဆိုခဲ့သည္။ကုမၸဏီဘက္ကလည္း တြက္ခ်က္ၿပီးသိန္း၆၀၊ ၇၀ ခန္႔ ကုန္က်မည္ဆိုၿပီးလုပ္ ေပးပါမည္ဟုဆိုေၾကာင္း ဦးပၪၥင္း ေက်ာ္ဦးက မိန္႔ပါသည္။ ဦးပၪၥင္းေက်ာ္ဦး ဦးၾကည္ဝင္းအတြက္ ေနာက္တစ္ခု

ထပ္မံေတာင္းဆိုခဲ့ ပါေသးသည္။ ထုိတန္ေဆာင္းလမ္းျပင္ၿပီးပါက ေက်ာက္စာတိုင္တစ္ခု စိုက္ထူေပးဖို႔ျဖစ္သည္။ ထုိ ေက်ာက္စာေပၚတြင္ ကမၸည္းမွတ္တမ္းတင္ေရးထုိးရမည့္ စာသားကို လည္း ေျပာျပခဲ့သည္။

‘ပရဟိတလမ္းလုပ္သားႀကီး ဦးၾကည္ဝင္း ေကာင္းမႈ’ ဆိုသည့္ စာသားေလး ပင္ျဖစ္သည္။

ဘဝတစ္ေလွ်ာက္ လမ္းေပၚမွာပင္ လမ္းေတြျပဳျပင္ကာ ေနခဲ့သည့္ စိတ္ေဝဒနာရွင္ လမ္းေပ်ာ္ ႀကီး ဦးၾကည္ဝင္းကေတာ့လမ္းေပၚတြင္ပင္ ဘဝတစ္ခန္းရပ္သြားခဲ့ၿပီ ျဖစ္သည္။ က်ဳိက္လတ္ၿမိဳ႕တြင္ရာ သီမျပတ္

လမ္းေပၚေရာက္ကာလမ္း ျပင္ေနခဲ့သည့္ ဦးၾကည္ဝင္း၏ ပံုရိပ္ကေလးသည္ ပူေဖာင္းအေပါက္ ေဖာက္သကဲ့သို႔ ေဖာက္ခနဲေပ်ာက္ ကြယ္သြားခဲ့ၿပီျဖစ္သည္။ သို႔ေသာ္ ဦးၾကည္ဝင္း၏ ေဝဒနာႏွင့္ မလိုက္ ဖက္ေအာင္

ေစတနာေတြထားခဲ့ သည့္ သူ႔ပံုရိပ္ေတြကေတာ့ျဖင့္ က်ဳိက္လတ္ၿမိဳ႕ေလး၏ ႏွလံုးသား ထဲတြင္ ထာဝရေဖ်ာက္ဖ်က္မရႏိုင္ ေလာက္ ေအာင္စြဲထင္က်န္ရစ္ေန ဦးမွာ အမွန္ပင္ျဖစ္သည္။

7 Day (ေဆာင္းပါးရွည္) (၂၅/၀၁/၂၀၁၈) YMS

အတုယူစရာ ေကာင္လြန္း၍ ျပန္လည္မ်ွေဝပါသည္

Credit… 7 Day News via ေငြစိုး(Ngwe Soe)
Photo : TintLwin

Unicode

ကျိုက်လတ်တမြို့လုံးနီးပါး အသုဘလိုက်ပို့ကြတော့ မြို့မျက်နာဖုံးလားလို့…

” နာရေးလိုက်ပို့သူ အများဆုံး ဖြစ်သဖြင့် ကွယ်လွန်သူသည် ကျိုက်လတ်မြို့မှ အာဏာရှိသူလားဆိုတော့ မဟုတ်။ ငွေကြေးချမ်းသာပြည့်စုံသည့် မျက်နှာကြီး အသိုင်းအဝိုင်း၊ မြို့မျက်နှာဖုံးလား ဆိုတော့လည်း မဟုတ်ပြန်။

ထင် ပေါ်ကျော်ကြားသူ တစ်ဦးလား။ ဒါလည်းမမှန်သေး။ ကွယ်လွန်သူသည် ကျိုက်လတ်မြို့တွင်း လမ်းဘေးတွင်နေ၊ လမ်းဘေးတွင် စားကာ လမ်းကိုအိမ်လုပ်နေခဲ့ သော လမ်းပျော် စိတ်ကျန်းမာရေး ဝေဒနာရှင် အမျိုးသားကြီးတစ်ဦး

သာဖြစ်သည်။ စိတ်ဝေဒနာရှင်တစ်ဦး၏ နောက်ဆုံးခရီးကား အဘယ်ကြောင့် စည်ကားနေရပါသနည်း ”

ဧရာဝတီတိုင်းဒေသကြီးရှိ ကျိုက်လတ်မြို့ ကလေးတွင် ပြီးခဲ့သည့် ဇန်နဝါရီဒုတိယပတ်က ထူးထူးခြားခြား နာရေးတစ်ခု ဖြစ်ပွားခဲ့သည်။ လူရှိလျှင် နာရေးရှိမည်မို့ ထူးဆန်းသောကိစ္စ မဟုတ်သော်လည်း ထိုနာရေးက

သာမန်ထက် ထူးခြားနေသည်က အမှန်ပင်။ ထိုနာရေးက ယနေ့ခေတ်မြို့ပေါ်တွင် အများပြုလုပ်သလို

နာရေးကိစ္စကို ယာဉ်တန်းနှင့်မချဘဲ ရှေးကလိုလူ နှင့်ထမ်းချသည်။ ထို့အပြင် နာရေးလိုက်ပို့သူ အားလုံးလည်း ယာဉ်နှင့် မလိုက်ဘဲ ခြေကျင်လျှောက်ကာ လိုက်ပို့သည်။ အထူးခြားဆုံးက တော့

ယင်းနာရေးသည် ကျိုက်လတ်မြို့တွင် လူအစည်ကားဆုံး နာရေးတစ်ခုဖြစ်ခဲ့သည်။

နာရေးလိုက်ပို့သူ အများဆုံး ဖြစ်သဖြင့် ကွယ်လွန်သူသည် ကျိုက်လတ်မြို့မှ အာဏာရှိသူလားဆိုတော့ မဟုတ်။ ငွေကြေးချမ်းသာပြည့်စုံသည့် မျက်နှာကြီး အသိုင်းအဝိုင်း၊ မြို့မျက်နှာဖုံးလား ဆိုတော့လည်း မဟုတ်ပြန်။ ထင်

ပေါ်ကျော်ကြားသူ တစ်ဦးလား။ ဒါလည်းမမှန်သေး။ ကွယ်လွန်သူသည် ကျိုက်လတ်မြို့တွင်း လမ်းဘေးတွင်နေ၊ လမ်းဘေးတွင် စားကာ လမ်းကိုအိမ်လုပ်နေခဲ့ သော လမ်းပျော် စိတ်ကျန်းမာရေး ဝေဒနာရှင် အမျိုးသားကြီးတစ်ဦး

သာဖြစ်သည်။ စိတ်ဝေဒနာရှင်တစ်ဦး၏ နောက်ဆုံးခရီးကား အဘယ်ကြောင့် စည်ကားနေရပါသနည်း။

ကွယ်လွန်သူအမည်က ဦးကြည်ဝင်းဖြစ်သည်။ နာရေးတွင် ကမ်းသည့် ယပ်တောင်ပေါ်တွင် အသက် (၇၅)နှစ်ဟု ရေးထိုးထားသည်။ သို့သော် အဲဒီထက်မက တော့ဟု ဦးကြည်ဝင်းသက်ရှိထင်ရှားရှိစဉ်

လာရောက်ခိုနားခဲ့သော ကျိုက်လတ်မြို့ပေါ်ရှိ ပုဗ္ဗာရုံ မှန် ကျောင်းတိုက် တိုက်အုပ်ဆရာ တော် ဦးအာစိဏ္ဍခေါ် ဦးပ ဉ္စင်း ကျော်ဦးက မိန့်သည်။ ဦးပ ဉ္စင်း ကျော်ဦး ကျိုက်လတ်သိ့ုကိုရင်ငယ်ဘဝဖြင့်

စတင်ကြွရောက်စဉ်ကတည်းက ဦးကြည်ဝင်းကို မြင်ခဲ့သိခဲ့သည်။ ယခုဦးပ ဉ္စင်းကျော်ဦးပင် သက်တော် (၅၅)နှစ်ကျော်လေပြီ။

လွန်ခဲ့သော နှစ် ၃၀ ကျော်ကတည်းက ဦးကြည်ဝင်းသည် စိတ်ရောဂါဝေဒနာရှင် တစ်ဦး ဖြစ်ခဲ့သည်ဟု မြို့ခံများက ပြော သည်။ ဟိုတစ်စ ဒီတစ်စဖြင့် စုံစမ်းမေးမြန်းရသလောက် သူ့ တွင် မိဘနှစ်ပါး ကွယ်လွန်ပြီး

နောက် နှမတစ်ဦးရှိသော်လည်း ရန်ကုန်ပြောင်းသွားခဲ့ပြီဆို သည်။ ဦးကြည်ဝင်းသည် ယခင်ခေတ် ဆယ်တန်းအောင်သည့် ပညာ တတ်တစ်ဦးဟုလည်း ပြောသည်။ သူ့တွင် ကိုယ်ပိုင်မိသားစုမရှိ။ငယ်စဉ်က

နေထိုင်ခဲ့သော အိမ်လည်း မရှိတော့။ လူပျိုကြီးတစ်ဦးဖြစ် သည်။ တပ်မတော်ထဲလည်း ဝင်ခဲ့ ဖူးသည်ဟုဆိုကြပြီး ၎င်း၏ဇာတိ မြို့ ကျိုက်လတ်သို့ ပြန်ရောက် လာချိန်တွင် ဦးကြည်ဝင်းသည် စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်နေခဲ့

ပြီဖြစ်သည်။ သူ အဘယ်ကြောင့် စိတ်ဝေဒနာဖြစ်ခဲ့ရသည်ကိုမူ တိ တိကျကျ သိသူနည်းပါးသည်။ ဦးကြည်ဝင်းကိုယ်တိုင်လည်း ရေ ရေရာရာ မပြောနိုင် ပေ။

သူ့နောက်ခံဘဝကို သိသူ နည်းပါးလှသော်လည်း မျက် မှောက်သူ့ဘဝ စာမျက်နှာကိုတော့ ကျိုက်လတ်မြို့သူမြို့သားများ သိကြသည်။ မသိလို့လည်းမရ။ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့် ပြီဆိုတာနှင့်

ဦးကြည်ဝင်းတစ် ယောက် လမ်းပေါ်ရောက်နေလေ ပြီ။ အရပ်ငါးပေခြောက် လက်မခန့်၊ မျက်နှာရှည်ရှည်၊ ဆံဖြူကျိုးတိုးကျဲတဲ၊ ပေရေစုတ်ပြတ်နေသည့် အဝတ်များဖြင့် ဦးကြည်ဝင်းကို ကျိုက်လတ်မြို့ပေါ် လမ်းမ တွေပေါ်

အစဉ်တွေ့မြင်ရမည်ဖြစ် သည်။ နှစ်ပေါင်းများစွာ လမ်းပေါ်တွင်သာ လှည့်လည်နေထိုင်ခဲ့၍ သူ့အသားအရေတွေက နေ လောင်ကာ ကြေးနီရောင် ပေါက် နေလေပြီ။ မနက်မိုးလင်းသည်နှင့်

ကျိုက်လတ်မြို့ထဲက လမ်းများပျက်၊ မပျက်၊ ကောင်း၊ မကောင်း ကို ဦးကြည်ဝင်းတစ်ယောက် စနည်းနာသည်။ လမ်းအပေါက် တွေတွေ့လျှင် ခဲအကျိုးများ၊ အပိုင်းအစများသွားရှာကာ ထုခွဲကာ ခင်းသည်။ မြေတွေသယ်၍ ဖို့

သည်။ မိုးရွာ၍ လမ်းတွေဗွက်ထကာ သွားလာမကောင်းလျှင် လည်း မြေတွေ၊ သဲတွေ ကျုံးလာကာ ဖို့ပြန်သည်။ ပြင်ပြန်သည်။

မနက်တစ်ပိုင်း စိတ်ကြိုက် လမ်းပြင်ပြီးသည်နှင့် နေ့ခင်း ၁၁ နာရီကျော်ကျော်တွင်တော့ ဦးပ ဉ္စင်း ကျော်ဦးတို့ ကျောင်းတိုက်ထဲ ပြန်ဝင်လာကာ ထမင်းစားသည်။ စား ပြီးလျှင် လမ်းပြင်ရန် ပြန်ထွက်ပါ လေသည်။

ဦးကြည်ဝင်းတစ် ယောက် နေပူပူမိုးရွာရွာ လမ်းပေါ်ထွက်ဖို့ မပျက်ကွက်တတ်။ လမ်း ပြင်တာတင်မကသေးပါ။ ကျိုက် လတ်မြို့ရှိ ဘုန်းကြီးကျောင်း ဘုရားစောင်းတန်းများတွင်လည်း သန့်ရှင်းရေး လုပ်သည်။ မြက် နုတ်သည်။

စိတ်ဝေဒနာရှင်တစ်ဦး ဖြစ် သော်လည်း လူကောင်းတစ်ဦး နေ့စဉ်လုပ်ကိုင်သွားဖို့ မလွယ်သည့်အလုပ်မျိုးကို ပုံမှန်လုပ်ကိုင် နေတတ်သည့် ဦးကြည်ဝင်းကို ကျိုက်လတ်မြို့သူ၊ မြို့သားများ က ကရုဏာသက်ကြသည်။ ထို့

အတွက် အချို့က ဦးကြည်ဝင်းအား မုန့်ဖိ့ဖိုးပဲဖိုးပေးတတ်သည်။ လမ်းပြင်သည့်အခါ အုတ်တွေ၊ ခဲတွေ၊ မြေတွေ သယ်ဖို့လိုလာလျှင် ယခင်ကတော့ ငယ်ရွယ် တုန်းမို့ ဦးကြည်ဝင်း လှည်းတစ် စီးဖြင့် ကိုယ့်ဘာသာကိုယ် သယ်

သည်။ သို့သော် အသက်အရွယ်ရလာတော့ ဆိုက်ကားငှားကာ သယ်တန်သယ်ရ၍ရလာသည့် မုန့်ဖိုးကလေးတွေဖြင့် ဆိုက်ကားသမားအား အဖိုးအခပေးသည်။ ဆိုက်ကားဆရာက ဦးကြည်ဝင်းကိုသနား၍

ငွေမယူလျှင် ဦးကြည် ဝင်းက ‘‘မင်းမှာ သားနဲ့မယားနဲ့ မိသားစုနဲ့ယူပါ’’ ဟုဇွတ်ပေးသည်။

ဦးကြည်ဝင်းအား ဦးပ ဉ္စင်း ကျော်ဦးတို့ ဘုန်းကြီးကျောင်းသာမက လက်ဖက်ရည်ဆိုင်၊ ထမင်း ဆိုင်နှင့် အခြားဆိုင်များကလည်း ကျွေးကြမွေးကြသည်။ ညနေမိုး ချုပ်၍ လမ်းပြင်ပြီးလျှင်တော့ ဆိုင်တွေကပေးသည့်

ထမင်းနှင့် အစားအစာထုပ်တွေကို ယူ ဆောင်ကာ ဦးကြည်ဝင်းတစ် ယောက် သူ့နားခိုရာ ဦးပ ဉ္စင်း ကျော်ဦးတို့ ဘုန်းကြီးကျောင်းဝင်း အတွင်း ပြန်လာတတ်သည်။ သို့ သော် သူတစ်ယောက်တည်းတင် မဟုတ်။

ပါလာသည့် အစားအ သောက်တွေကို ဝေမျှကျွေးရင်း ခွေးအုပ်ကြီးတစ်အုပ်က ဦးကြည် ဝင်းနှင့်အတူ ဘုန်းကြီးကျောင်းဝင်း အတွင်း တဝုန်းဝုန်းဖြင့် ပါလာ တတ်သည်။ ဦးပ ဉ္စင်းကျော်ဦးက

ခွေးတွေဆူညံလွန်းလာသဖြင့် ခဲ ဖြင့်လှမ်းထုတော့ ဦးကြည်ဝင်းက မလုပ်ဖို့တားသည်။ ‘‘ငါက ခြောက်တာပါ
၊ တကယ်မထုပါ ဘူး’’ ဟု ဦးပ ဉ္စင်းကျော်ဦးက မိန့် တော့ ဦးကြည်ဝင်းကပြန်လျှောက် သည်။ ‘‘ဦးပ ဉ္စင်း

ခဲနဲ့ပစ်တာ လက် က နောက်ကို တအားရောက် တယ်။ အားပါတယ်။ မလုပ်ပါနဲ့’’ ဟူ၏။

ဦးပ ဉ္စင်းကျော်ဦးလည်း ဦး ကြည်ဝင်း၏ အသိဉာဏ်အပေါ် သဘောကျကာ ‘‘နောက်မပစ် တော့ပါဘူး’’ဟု ကတိပေးလိုက်ရ သည်။ ညရောက်လျှင်တော့စောင်ခေါင်းမြီးခြုံကာ အိပ်နေသည့် ဦး ကြည်ဝင်းနား

သူကျွေးမွေးခဲ့သည့် ခွေးတွေက ကိုယ်ရံတော်ပမာ ပတ်ပတ်လည်ဝန်းရံ၍ အိပ်နေကြ သည်ကို တွေ့ရမည်ဖြစ်သည်။

ဦးကြည်ဝင်းက ခွေးတွေတင် မက လူတွေအပေါ်တွင်ပါ စေတ တာရှိသူတစ်ယောက်အဖြစ် ပေါ် လွင်သည့်သာဓကတွေ ရှိသေး သည်။ သို့သော် ရိုးရိုးလူအပေါ်တွင် တော့ မဟုတ်။ အချုပ်သားတွေ

အပေါ်ဖြစ်သည်။ ကျိုက်လတ် အကျဉ်းဦးစီးဌာနရှိ အချုပ်ထောင် တွင်ရှိသော အချုပ်သားများအား သူ့လက်ထဲတွင် ပိုက်ဆံရှိနေသည့် အခါ စားစရာ၊ သောက်စရာတွေ ဝယ်၍ သွားပို့လေ့ရှိခြင်းပင်။ လူ ၂၀

ရှိလျှင် ၂၀ စာ ရှမ်းခေါက်ဆွဲ ဖြင့် ရှမ်းခေါက်ဆွဲ၊ ထမင်းဖြင့် ထမင်းဝယ်ကာ ဆိုက်ကားငှားပြီး အချုပ်ထောင်သို့ သွားကျွေးခြင်း ဖြစ်သည်။ ထိုသို့ သွားကျွေးစဉ် မြင်သူတွေက ဦးကြည်ဝင်းက ကျွန်တော်တို့ကျ

မကျွေးဘူးဟု စလိုက်လျှင် ‘‘အေး ငါက အချုပ် ထဲသွားကျွေးမှာ။ မင်းစားချင်ရင် အချုပ်ထဲသွားစောင့်’’ဟု ပြန်ပြော တတ်သည်။

ဦးကြည်ဝင်းက ရလာသည့် မုန့်ဖိုးတွေကို ဦးပ ဉ္စင်းကျော်ဦးထံ အပ်ထားလေ့ရှိသည်။ ထို့အပြင် ဦးကြည်ဝင်း၏ အခြားဝါသနာ တစ်ခုက ၎င်း၏မုန့်ဖိုးထဲမှ နှစ်လုံး၊ သုံးလုံး ရံဖန်ရံခါ ထိုးတတ်ပါသေး ၏။

ပေါက်၍ရလာလျှင်လည်း အချုပ်သားတွေ ကျွေးတာနှင့်၊ လမ်းပြင်သည့်နေရာတွင် သုံးတာ နှင့် ကုန်ပါသည်။ တစ်ကြိမ်တွင် တော့ သူ ငွေကြေးများများစားစား ရခဲ့ပါလေ၏။ ငွေသားကျပ် ၂၈ သိန်းတောင်ဖြစ်သည်။ သူစိတ်ကူး

ပေါက်ရာဂဏန်းကို သုံးလုံးဂဏန်း ထိုးမိရာမှ ပေါက်ခြင်းဖြစ်၏။ ဒိုင် ကလည်း ဦးကြည်ဝင်းအား စိတ် မနှံ့သူမို့ မလျော်ဘဲမနေရဲ။ ရလာ သည့်ငွေတွေအား ဦးကြည်ဝင်းက ဦးပ ဉ္စင်းကျော်ဦးထံ လာအပ်၏။ ဦးပ ဉ္စင်းက

ရှုပ်ရှုပ်ယှက်ယှက် လာ မအပ်နဲ့ဟုမိန့်တော့ ဦးပ ဉ္စင်းအား ချောင်တစ်နေရာသို့ခေါ်ကာ ခပ် တိုးတိုးပြော၏။ ‘‘ဦးပ ဉ္စင်းကလည်း တယ်လည်းခက်တာပဲ။ ဒီကျောင်း မှာ ဦးပ ဉ္စင်းကိုစိတ်ချလို့ ဦးပ ဉ္စင်း

အပ်တာပေါ့။ လုပ်ပါ၊ ယူထားပေး ပါ’’ဟု ဆိုလေ၏။ ဦးပ ဉ္စင်းကျော် ဦးလည်း ဦးကြည်ဝင်းပိုက်ဆံ အ ထုပ်ကလေးဖြင့် အသေအချာ ထုပ်ကာ ဗီရိုထဲ သည်အတိုင်းထည့် သိမ်းထားလိုက်၏။

ဦးကြည်ဝင်းက ဦးပ ဉ္စင်းဆီမှ နည်းနည်းချင်းသာ တောင်းယူသုံး လေ့ရှိသည်။ တစ်ထောင်တောင်း ၍ အနုတ်မရှိဘူး၊ ငါးထောင်တန် ယူထားလိုက်တော့ဟု မိန့်လျှင် ‘‘ပိုက်ဆံဆိုတာ အလွန်အကျွံသုံး တိုင်း

ကောင်းတာမဟုတ်ဘူး။ ငါး ထောင်ဆိုတာ လောဘပါသွားပြီ။ လောဘကို သတ်ရမယ်’’ဟု ပြန် ပြောလေ၏။ ဦးပ ဉ္စင်းကျော်ဦး သဘောကျရပြန်ပါသည်။

သူအပ်ထားသည့်ငွေက နှစ် တော်တော်ကြာတော့ ခံခဲ့သည်။ ကျောင်းထဲတွင် ဘုန်းကြီးဘယ် နှပါးရှိလဲ မေးမြန်းကာ အပါးသုံး ဆယ်ရှိကြောင်း ပြောလိုက်လျှင် နောက်တစ်နေ့တွင် စျေးထဲကနေ ဝက်သားတွေ

အချိန်သုံးပိဿာ ဝယ်ပို့ခိုင်းသည်။ တစ်ပါးတစ် ဆယ်သားနှုန်းဖြင့် အပါးသုံးဆယ် အတွက် သုံးပိဿာဝယ်ခိုင်းသတဲ့။ ဦးကြည်ဝင်းက လှူရေးတန်းရေး တွင်သာ ပိုက်ဆံကိုသုံးသည် မဟုတ်။ လူကောင်းတွေကို သူကပင်

ပြန်လည်ကူညီခဲ့ပါသေးသည်။ သူစားသောက်နေကျ ဆိုင်လေး တစ်ဆိုင်က ငွေအရင်းအနှီးလိုနေ ကြောင်း ညည်းသံကြား၍ သူက ဘယ်လောက်လိုသလဲ ပြန်မေး တော့ ဆိုင်ရှင်ကလည်း ပြန်စသည်။

နှစ်သိန်းလောက်လိုတာဟု။ အေးရမယ်ဟုဆိုကာ ဘုန်းကြီးဆီ ပြန်တောင်းပြီး လာပေး၏။ ဆိုင်ရှင်မှာ တအံ့တသြဖြစ်ရသည်။ ဦးကြည်ဝင်းက‘‘အေး…ယူထားပြီးရင်တော့ ပြန်ဆပ်ရမယ် နော်’’ဟုဆိုပြီး ‘‘တစ်ရက်ငါး

ထောင်ဆို ရက်လေးဆယ်ဆို ကျေ ပြီ။ အဲဒီအတိုင်းပြန်ပေး’’ဟု တွက် ချက်ပြောပြန်တော့ ဦးကြည်ဝင်း ဦးနှောက်ကို သာမန်လူတွေပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပြန်၏။

ဦးပ ဉ္စင်းကျော်ဦးအဖို့တော့ ထူးပြီး မအံ့သြတော့။ ဦးကြည်ဝင်း ပိုက်ဆံတွေအား အထုပ်လိုက်သာ သိမ်းပေးထားပြီး စာရင်းဇယား မထားသော်လည်း ဘယ်လောက်ယူ၍ ဘယ်လောက်သုံးပြီး ဘယ် လောက် ကျန်နေသေးသည်ကို

ဦးကြည်ဝင်း သိသည်။ နောက်ဆုံး လက်ကျန်ပိုက်ဆံ ထုတ်ပေးတော့လည်း ဘယ်လောက်ကျန်သည်ဆိုတာကို ကွက်တိပြောနိုင်ခဲ့သည့် ဦးကြည်ဝင်းဖြစ်သည်။

ဦးကြည်ဝင်းက အခြား စိတ် ဝေဒနာရှင်များကဲ့သို့ ပေါက်ကရ တွေလည်းမပြောတတ်၊ မလုပ်တတ်။ သာမန်စိတ်အခြအနေမရှိသည်မှလွဲ၍ သူစိတ်ပါသည့် လမ်း ပြင်၊ လမ်းဖာသည့်အလုပ်နှင့်

သန့်ရှင်းရေးအလုပ်များကိုသာ ဘယ် သူ့မှ အနှောင့်အယှက်မပေးဘဲနေ့ စဉ် ဖြတ်သန်းခဲ့သည်။ သို့သော်

တစ်ခါတော့ သူပြဿနာလေးတစ်ခု ဖြစ်ခဲ့လေ၏။ သာမန်လူနှင့် တော့မဟုတ်။ သူ့လို စိတ်ရောဂါ ဝေဒနာရှင်အမျိုးသမီးကြီးတစ်ဥိီး နှင့်ဖြစ်၏။

စိတ်ရောဂါ ဝေဒနာရှင် အချင်းချင်း ဘာတွေပြောကာ ဘာ တွေ စိတ်အနှောင့်အယှက်ဖြစ်ကြ သည်မသိ။ ထိုအမျိုးသမီးအား ဦးကြည်ဝင်းက တွန်းလိုက်မိရာအအမျိုးသမီးကြီးထံတွင် ဒဏ်ရာတချို့ ရသွားခဲ့သည်။ ညရောက်

တော့ ဦးကြည်ဝင်း မျက်စိမျက်နှာ တွေပျက်ကာ ဦးပ ဉ္စင်းကျော်ဦးထံ ရောက်လာခဲ့သည်။ ‘‘ဦးပ ဉ္စင်း တပည့်တော် တွန်းလိုက်တဲ့ ဟိုအမျိုးသမီး ခေါင်းပေါက်သွားတယ်။ ဝဋ်ကပါတော့မှာ။ ဘယ်လိုလုပ်ရမလဲ’’ဟု

လျှောက်သည်။ ဦးပ ဉ္စင်းကျော်ဦးကလည်း တစ်ခုခု ပြန်လုပ်ပေးဖို့ပြောတော့ ဦးကြည် ဝင်းက ဦးပ ဉ္စင်းထံမှ ပိုက်ဆံ တောင်း၍ အခြားအမျိုးသမီးတစ် ယောက်အား အကူအညီတောင်းကာ ဆေးဝါးတွေဝယ်ပြီး ဒဏ်ရာ

ရသွားသူထံ သွားပို့စေခဲ့သည်။ ကိုယ်တိုင်မလုပ်ဘဲ အမျိုးသမီးတစ်ယောက်အား အကူအညီ တောင်းရခြင်းမှာ သူက ယောက်ျားသားဖြစ်နေ၍ မသင့်တော်ခြင်း ကြောင့်ဟု ဆိုလေ၏။

လူပျိုကြီးဘဝဖြင့်သာ စိတ် ရောဂါဝေဒနာရှင်ဘဝ ရောက်ခဲ့ရ သူ ဦးကြည်ဝင်းအား တချို့လူငယ် တွေက မိန်းမမယူသေးဘူးလား ဘာလား လာစလျှင် တဏှာကျွန် တော့ အဖြစ်မခံဘူးဟု ပြန်ပြော တတ်သည်။

နောက်ပြီး ဦးကြည် ဝင်းက သူကိုယ်တိုင် စိတ်ဝေဒနာ ရှင်ဘဝရောက်သော်လည်း လမ်း ပြင်သည့်အလုပ်ကို နေပူမရှောင်၊ မိုးရွာမရှောင် တစ်ရက်လေးမှမ ပျက် အလုပ်လုပ်တတ်သူမို့ လုပ် အားတန်ဖိုး

ချစ်မြတ်နိုးပုံရသည်။ အလုပ်ပျင်းတာကို သူမကြိုက်။ ‘‘လူတွေ မွဲနေတာက ပျင်းလို့မွဲတာ ကွ’’ဟု သူအမြဲပြောလေ့ရှိသည်။ အလုပ်မလုပ်လျှင် ဆင်းရဲပါမည် တဲ့။

ဦးကြည်ဝင်း၏ အပြုအမူများကြောင့် နတ်ပြည်တွင် ဗိမာန် တောင် ကြိုပေါက်နေပြီဟုလည်း ပြောလေ့ရှိကြသည်။ ဦးကြည်ဝင်းကတော့ သူ့ကို ဘယ်လိုထင်တာ တွေမသိ။ တစ်နေ့တစ်နေ့ မနက်မိုးလင်းတာနှင့် မြို့ထဲလျှောက်

သွားကာ ပျက်သည့်လမ်းတွေ ပြင်ဖို့ပင် သူ့ခေါင်းထဲတွင်ရှိသည်။ ထိုကဲ့သို့ နှစ်ပေါင်းသုံးဆယ်ကျော်ကြာ ဘဝကို လမ်းပေါ်တွင်ပင်ကုန် ဆုံးခဲ့သော စိတ်ဝေဒနာရှင် ဦးကြည်ဝင်းတစ်ယောက် လမ်းပေါ်တွင်ပင် ဘဝနိဂုံးချုပ်ရန်

ကံတရား စီမံလာမည့်နေ့ကို ရောက်လာခဲ့သည်။ ထိုနေ့က ၂၀၁၈ ဇန်နဝါရီ ၁၂ ရက် သောကြာနေ့။

ထိုနေ့က ကျိုက်လတ်မြို့ မအူပင်ကားလမ်းပေါ်တွင် သက် ဆိုင်ရာ တာဝန်ရှိသူများက လမ်း ပြင်နေသည်။ ထိုလမ်းပြင်နေရာ နှင့် မနီးမဝေးတွင် ဦးကြည်ဝင်းလည်း လမ်းအလုပ်တွေ ထုံးစံအတိုင်း ဝင်လုပ်နေသည်။ ညနေ

စောင်းလာချိန်အထိ ဦးကြည်ဝင်း တကုပ်ကုပ် လုပ်နေဆဲ။ ထိုသို့ လုပ်ကိုင်နေရင်း ဦးကြည်ဝင်းတစ် ယောက် ရပ်ထားသည့် လမ်းပြင်သည့် ကုမ္ပဏီကား၏နောက်တွင် ပေါက်နေသည့်လမ်းကို ဖာနေ သည်။ ထိုစဉ်

ကားကနောက်ဆုတ် လာပြီး ဦးကြည်ဝင်းကို တိုက်မိသည်။ ဘေးပတ်ဝန်းကျင်က လူများက လူကိုတိုက်မိကြောင်း အော်ဟစ်ကြ၍ ကားသမားက ကားကို ရှေ့ပြန်ထွက်သည့်အခါ ဦးကြည်ဝင်းအား ထပ်တိုက်မိပြန် သည်ဟုဆိုသည်။

ညမှောင်ရီပျိုး နေချိန် တကုပ်ကုပပ်လုပ်နေသည့် ဦးကြည်ဝင်းအား ကားသမားက မမြင်ဘဲ နောက်ဆုတ်လိုက်ရာမှ ယခုကဲ့သို့ ဝမ်းနည်းဖွယ်ဖြစ်ခဲ့ရ သည်ဟု ယူဆမှုများလည်း ရှိ သည်။

ယာဉ်တိုက်ခံရသော ဦး ကြည်ဝင်းအား ကျိုက်လတ်ဆေးရုံ သို့ အချိန်မီပို့ဆောင်ခဲ့သော်လည်း ကံမကောင်းခဲ့။

ဦးပ ဉ္စင်းကျော်ဦးထံ ဖုန်းတွေ ဝင်လာသည်။ ‘‘မင်းအစ်ကိုကြီး ကားတိုက်ခံလိုက်ရလို့တဲ့’’ ဟု ဆရာတော်တစ်ပါးက လှမ်း လျှောက်တော့ သူနှင့်ရင်းနှီးသည့် အခြား မိတ်ဆွေများလားဟု ဦးပ

ဉ္စင်းကျော်ဦး တွေးမိသေး သည်။ ပြီးမှ သူ့ကျောင်းတွင်ပင် လာနေကာ ဆွေမျိုးရင်းချာပမာ ဖြစ်နေခဲ့သည့် ဦးကြည်ဝင်းကြီး အား ပြောဆိုခြင်းမှန်းသိသောအခါ ဦးပ ဉ္စင်းကျော်ဦး ဆေးရုံပြေး သည်။ သို့သော် ဦးကြည်ဝင်း

ခမျာ ဦးပ ဉ္စင်းကျော်ဦးအား နှုတ်ဆက် စကားပင် မပြောဆိုနိုင်တော့။ အသက်ပါသွားခဲ့လေပြီ။

သွေးရင်းသားရင်းပမာ ရင်း နှီးခဲ့သော ဦးကြည်ဝင်းအတွက် ဦးပ ဉ္စင်း ကျော်ဦးကိုယ်တိုင်က လောကုတ္တရာအကျိုး သယ်ပိုးနေသည့် သာသနာ့ဝန်ထမ်းဖြစ်နေ သော်လည်း ဝမ်းနည်းစိတ်ထိခိုက်ခဲ့ရသည်။

ဆွေမျိုးသားချင်းအရင်း အချာမရှိသော စိတ်ဝေဒနာရှင် ကြီး ဦးကြည်ဝင်း၏ နောက်ဆုံးခရီးအတွက် အကောင်းမွန်ဆုံး ဆောင်ရွက်ပေးဖို့ ဦးပ ဉ္စင်းကျော် ဦးဆုံးဖြတ်လိုက်သည်။

ဦးကြည်ဝင်း၏ နာရေးအခမ်း အနားအား ကျောင်းထိပ်တွင်ပြင် ဆင်ပေးခဲ့သည်။ နာရေးကို သုံးရက်ထားရန် ဆုံးဖြတ်ခဲ့ပြီး မြို့ပေါ်က သာရေးနာရေး လူမှုကူညီရေး နှင့် ပရဟိတအသင်းများ၊ ဦးကြည်ဝင်းအား

ချစ်ခင်သူများကလည်း ဝိုင်းဝန်း ကူညီပြင်ဆင်ကြသည်။ ဦးပ ဉ္စင်းကျော်ဦး ဦးကြည်ဝင်း နာရေးကို ဘယ်လိုချမည်လဲ တစ် ချက်စဉ်းစားသည်။ အခြားကြောင့် မဟုတ်။ စိတ်ဝေဒနာရှင် ဦးကြည် ဝင်းတစ်ယောက်

ဘဝတစ် လျှောက် ဘယ်သူ့ကိုမှ ဒုက္ခမပေး ခဲ့ဘဲ လမ်းပြုပြင်ရေးနှင့် အခြား ကောင်းမှုတွေသာ လုပ်သွားခဲ့ သော်လည်း သူ့ဘဝနိဂုံးချုပ်ချိန်က လမ်းပေါ်တွင် ယာဉ်တိုက်ခံရကာ မလှမပ ပြီးဆုံးခဲ့ရသည်။

တိုက်ရိုက်တော့ မသက်ဆိုင် လှသော်လည်း ယာဉ်ကြောင့် အသက်သေဆုံးခဲ့ရသည့် ဦးကြည်ဝင်း၏ နာရေးအား ယာဉ်ဖြင့် ဆောင်ရွက်ပေးရန် ဆန္ဒမပါဘဲဖြစ် နေသည်။ ထို့ကြောင့် ရှေးတုန်းက ကဲ့သို့ ဦးကြည်ဝင်း၏ အလောင်း

အား လူထမ်းစင်ဖြင့်ထမ်း၍ နာ ရေးကိစ္စဆောင်ရွက်ရန် စဉ်းစားသည်။ ထမ်းစင်ဖြင့် ထမ်းတာက ဟုတ်ပြီ။ ထမ်းမည့်သူကော ရှိပါ့ မလား ပြန်ချိန်ရသည်။ ကျောင်းက ဒကာလေးတွေကတော့ သူတို့ပင်

တိုင်ထမ်းမည်ဟုဆို၍ ပြေလည် သွားသည်။ ဦးကြည်ဝင်း ရုပ်အလောင်းကို ထမ်းစင်ဖြင့် ချရုံတင်မက

ဆရာတော်များနှင့်လိုက် ပို့သူများပါ ယာဉ်မသုံးဘဲ ခြေလျင် ဖြင့် ကုန်းကြောင်းလျှောက်ကာ လိုက်ပို့ကြရန် ဦးပ ဉ္စင်းကျော်ဦး စီမံလိုက်သည်။

ဦးကြည်ဝင်း နာရေးချမည့် နေ့ရောက်တော့ ရောက်လာကြ သည့် လူအုပ်ကြီးကိုကြည့်ပြီး ဦးပ ဉ္စင်းကျော်ဦးပင် အံ့သြရသည်။ ကျိုက်လတ်မြို့တွင် ထိုမျှစည်ကားသည့်နာရေးမျိုး မမြင်ဖူးသေးဟုလည်း လူတွေကလည်း ဆိုကြသည်။

နာရေးထမ်းစင်အတွက် ထမ်းမည့်သူ ရှိပါ့မလား စိတ်ပူခဲ့ကြသော်လည်း တစ်လျှောက်လုံးထမ်းရန် တာဝန်ယူမည့် ကျောင်းက ကလေးတွေက ခေတ္တသာထမ်း လိုက်ရသည်။ လာသည့်ပရိသတ်ထဲက

တစ်ယောက်တစ်လက် ဝိုင်းထမ်းကြရာ လက်ပင်မလည်။ ဂုဏ်ပကာသန၊ ရာထူးငွေကြေး ဘာဆိုဘာမျှမရှိသည့်

လမ်းပေါ်က စိတ်ရောဂါဝေဒနာရှင် တစ်ဦး၏ နောက်ဆုံးခရီးက စည်ကားလိုက်သည်များ ဘုန်းကြီးပျံတောင် သူ့လောက်မများဟု ပြောစမှတ် တွင်ရသည်အထိ။

ဦးကြည်ဝင်းအား တိုက်မိခဲ့သည့် ယာဉ်၏ကုမ္ပဏီက ဦးကြည်ဝင်းအတွက် နစ်နာကြေးပေးရန် စီစဉ်ပါသည်။ ဦးပ ဉ္စင်းကျော်ဦးက တော့ နစ်နာကြေးထက် ဦးကြည် ဝင်းအတွက် အကျိုးရှိစေမည့် အလုပ်တစ်ခု

လုပ်ပေးစေချင်သည်။ ထို့အတွက် ဦးကြည်ဝင်း နေထိုင် ခဲ့သည့် ကျောင်းဝင်းအနီးရှိ ဦး ကြည်ဝင်းမကြာခဏ ဝင်ရောက်သန့်ရှင်းရေး ပြုနေကျဖြစ်သည့် တိလောကမာရဇိန်ဘုရားကြီး အဝင်တန်ဆောင်းလမ်းအား ပြုပြင်

ပေးရန်တောင်းဆိုခဲ့သည်။ကုမ္ပဏီဘက်ကလည်း တွက်ချက်ပြီးသိန်း၆၀၊ ရ၀ ခန့် ကုန်ကျမည်ဆိုပြီးလုပ် ပေးပါမည်ဟုဆိုကြောင်း ဦးပ ဉ္စင်း ကျော်ဦးက မိန့်ပါသည်။ ဦးပ ဉ္စင်းကျော်ဦး ဦးကြည်ဝင်းအတွက် နောက်တစ်ခု

ထပ်မံတောင်းဆိုခဲ့ ပါသေးသည်။ ထိုတန်ဆောင်းလမ်းပြင်ပြီးပါက ကျောက်စာတိုင်တစ်ခု စိုက်ထူပေးဖို့ဖြစ်သည်။ ထို ကျောက်စာပေါ်တွင် ကမ္ပည်းမှတ်တမ်းတင်ရေးထိုးရမည့် စာသားကို လည်း ပြောပြခဲ့သည်။

‘ပရဟိတလမ်းလုပ်သားကြီး ဦးကြည်ဝင်း ကောင်းမှု’ ဆိုသည့် စာသားလေး ပင်ဖြစ်သည်။

ဘဝတစ်လျှောက် လမ်းပေါ်မှာပင် လမ်းတွေပြုပြင်ကာ နေခဲ့သည့် စိတ်ဝေဒနာရှင် လမ်းပျော် ကြီး ဦးကြည်ဝင်းကတော့လမ်းပေါ်တွင်ပင် ဘဝတစ်ခန်းရပ်သွားခဲ့ပြီ ဖြစ်သည်။ ကျိုက်လတ်မြို့တွင်ရာ သီမပြတ်

လမ်းပေါ်ရောက်ကာလမ်း ပြင်နေခဲ့သည့် ဦးကြည်ဝင်း၏ ပုံရိပ်ကလေးသည် ပူဖောင်းအပေါက် ဖောက်သကဲ့သို့ ဖောက်ခနဲပျောက် ကွယ်သွားခဲ့ပြီဖြစ်သည်။ သို့သော် ဦးကြည်ဝင်း၏ ဝေဒနာနှင့် မလိုက် ဖက်အောင်

စေတနာတွေထားခဲ့ သည့် သူ့ပုံရိပ်တွေကတော့ဖြင့် ကျိုက်လတ်မြို့လေး၏ နှလုံးသား ထဲတွင် ထာဝရဖျောက်ဖျက်မရနိုင် လောက် အောင်စွဲထင်ကျန်ရစ်နေ ဦးမှာ အမှန်ပင်ဖြစ်သည်။

7 Day (ဆောင်းပါးရှည်) (၂၅/၀၁/၂၀၁၈) YMS

အတုယူစရာ ကောင်လွန်း၍ ပြန်လည်မျှဝေပါသည်

Credit… 7 Day News via ငွေစိုး(Ngwe Soe)
Photo : TintLwin

Be the first to comment

Leave a Reply

Your email address will not be published.


*