ဂ်င္းထည့္နည္း/လိမ္နည္းအသစ္နဲ႔ အဖြဲ႕၁ဖြဲ႕ ရန္ကုန္ၿမိဳ႕တြင္ေရာက္ေန

ရန္ကုန္မွာ ေခြးဘီလူးကားနဲ႔ ၊ Calvin Klein (CK) ကုမၼဏီကဆိုၿပီး ပစၥည္းအျပည့္တင္ၿပီး ရန္ကုန္က

သူငယ္ခ်င္းရဲ႕ ဆို င္မွာပစၥည္း တင္ေရာင္းေပးဖို႔ေရြးခ်ယ္ခံရတဲ့ ဆိုင္/ကိုယ္စားလွယ္ ပံုစံမ်ိဳးနဲ႔ လာစပ္ပါတယ္။ တစ္ၿမိဳ႕နယ္ကို ၅ဆိုင္ထက္ ပ္ိုမေပးဘူးလို႔လဲ ေျပာပါတယ္(မသိရင္ကိုယ္ကဘဲကံထူးရွင္လိုလိုဘာလိုလိုနဲ႔ေပါ့)။

အဲ့ဒါနဲ႔ ဆိုင္ကဝန္ထမ္းေတြပဲရွိတာမို႔ ပိုင္ရွင္သူငယ္ခ်င္းနဲ႔ ဖုန္း ခ်ိတ္ေပးလိုက္ပါတယ္။ ဖုန္းေျပာထားတဲ့ video အသံဖိုင္ လဲ ပူးတြဲတင္ထားပါတယ္(ဆက္တာကဆိုင္ဖုန္းနဲ႔ ဆက္တာမို႔ဖုန္းနံပတ္ေဖာ္ မျပထားတာပါ)။

ဒီေန႔ပစၥည္းဝယ္ ေနာက္ေန႔ ေကာင္တာလာခ်ေပးမယ္လို႔ေျပာတယ္။ ဆိုင္မွာ ေကာင္တာထားေပးလို႔ ေကာင္တာထား ဖို႔ေ နရာဌားရမ္းခလဲေပးမယ္ေျပာပါတယ္။

ႀကိဳက္သလိုဝယ္လို႔ရတယ္၊ ဒါေပမဲ့ ၁၁သိန္းဖိုးထိပဲ ဝယ္ခြင့္ေပးထားပါတယ္။ ဝယ္ယူတဲ့ ေငြပမာဏနဲ႔ တူညီတဲ့ ပစၥည္းကို ကားေပၚကေနခ်က္ခ်င္းယူလာခ်ေပးမယ္တဲ့(တ႐ုတ္ CK အတုေတြေနမွာပါေလ)။

ေကာင္တာကိုေတာ့ ေနာက္ရက္ ခ်က္ ခ်င္းလာခ်ေပးမယ္ေပါ့ေလ။

အဲ့ဒီေနာက္၊ ဝယ္ယူတဲ့ေငြက္ုလဲ Deposit(စရံ)ေငြ သေဘာသာသတ္မွတ္ယူထားတာျဖစ္ၿပီး။ (၂) ပတ္ေနရင္ အကု န္ျပန္အမ္းေပးမယ္၊ ၿပီးေတာ့ ကုန္ပစၥည္းေတြကို ဒီတိုင္းမသိမ္းပဲ consignment ပံုစံမ်ိဳးနဲ႔ ဆက္သြားမယ္တဲ့ ။

ဒါ့အျပင္၊ ဆိုင္ထဲမွာ ေကာင္တာေနရာထားေပးတဲ့ အတြက္လဲ ဝယ္ယူတန္ဖိုးရဲ႕ တဝက္ကို ေနရာဌားခအျဖစ္ လစဥ္ေပး သြားမယ္။ ၆လစာ ႀကိဳထုတ္ခ်င္လဲ စာခ်ဳပ္နဲ႔ ခ်ဳပ္ၿပီး ထုတ္ေပးတယ္ဆိုပဲ။ ဥပမာ ကနဦးက

(၈)သိန္းဖိုးဝယ္ထားခဲ့ရင္ တ လ (၄)သိန္း ၊ စုစုေပါင္း ၆လအတြက္ ၂၄သိန္း ႀကိဳထုတ္လို႔ရတယ္ဆိုတဲ့သေဘာ။ မၿပီးေသးဘူးေနာ္၊ ဆက္ဖတ္။

အဲ့ဒါအျပင္၊ ဆိုင္ရွင္အတြက္ ပစၥည္းေရာင္းရခဲ့ရင္ 20% ဆိုပဲ။ သူတို႔ marketting အတြက္ 10% တဲ့။ (ေတာ္ေ တာ္ျမ တ္တာပဲေနာ္ 😂😂) ။

ဌားခေတြလဲ ႀကိဳထုတ္ေပး။ ပစၥည္းေရာင္းရရင္လဲ 20+10% ေတာင္ ခြဲေပးဦးမယ္ဆိုေတာ့ Offer ေကာင္းလွခ်ီလားေပါ့ 🤣🤣🤣။

ကမ႓ာေက်ာ္ branded Calvin Klein (CK) ျဖန္႔တဲ့ Sky blue ကုမၼဏီ ရဲ႕ ေဘာက္ခ်ာကို ႐ွိဳးလိုက္ဦး၊ ရယ္ရတာ အူေတာင္တက္ေတာ့မယ္။

လမ္းနာမည္ “Street” ကလဲ စာလံုးေပါင္းႀကီးကိုမွားလို႔ ၊ “Streep” တဲ့ ၊ ေဟေဟး~~ Business name card ေပးပါဆိုေတာ့လဲ မရွိဘူးတဲ့ေလ။

အဲ့ဒါနဲ႔ သူငယ္ခ်င္းလဲ ရသေလာက္ အသံvideo မွတ္တမ္းတင္၊ ရန္ကုန္မွာ ရွိတဲ့ ဝန္ထမ္းကို ဓာတ္ပံု႐ိုက္ထားခိုင္းလိုက္တယ္ေလ။

သံုးသပ္ခ်က္။ (ခန္႔မွန္းခ်က္သက္သက္ပါ)

၁။ ကုန္ပစၥည္းေတြက အကုန္အတုေတြ သို႔ Quality ေတာ္ေတာ္ညံ့တဲ့ဟာေတြ။

၂။ မက္လံုး(ဂ်င္း)အႀကီးစား ေတြေႂကြးၿပီးေတာ့ ေက်ာ့ကြင္းထဲဝင္ေအာင္ဆြဲေဆာင္ႏိုင္လြန္းတဲ့ offer ေတြေပးတယ္။ ေလာဘတက္တဲ့ေကာင္ေသၿပီသာမွတ္။

၃။ ပစၥည္းသာဝယ္ဖို႔ ပိုက္ဆံေပးလိုက္တာနဲ၊ ၁၀သိန္းဖိုး ဝယ္ရင္ သူတို႔အရင္း ၁သိန္းဖိုး ေလာက္သာရွိတဲ့ ဟာေတြကို၊

ဒီဟာက ဒီေလာက္တန္တယ္၊ ဟိုဟာကဘယ္ေလာက္ဆိုၿပီး ေစ်းေတြ ေလွ်ာက္ေျပာၿပီး ၁၀သိန္းမျပည့္ျပည့္ေအာင္ ရြ တ္ၿပီးထားခဲ့မွာပါပဲ။

၄။ ေကာင္တာ ကိုေတာ့ အိမ္မက္ထဲပဲလာခ်ေပးပါလိမ့္မယ္။ ေနာက္ေန႔ ဖုန္းဆက္သြားလို႔ ဖုန္းကိုင္ခဲ့ရင္ ၊ အင္းအဲ ခဏေန၊ မနက္ျဖန္၊

တဘက္ခါ၊ ဘာညာနဲ႔ ေျပာၿပီး ပလစ္မွာပဲ (ဘာလို႔လဲဆိုေတာ့ အဲ့ဖုန္းနဲ႔ အျခားငခၽႊတ္ တေကာင္ ႏွစ္ေကာင္ ေလာက္ပါေအာင္ လုပ္စားစရာက်န္ေသးလို႔ေလ)။

၅။ အဲ့ဒီေနာက္ဖုန္းပိတ္ထားရင္ေတာ့ ငိုလို႔ရပါၿပီ။

ေကာလင္းဘက္မွာလဲ အဲ့လိုပံုစံမ်ိဳး လွ်စ္စစ္ပစၥည္းလိမ္ေရာင္းတဲ့အဖြဲ႕ ရွိေနတယ္ၾကားလို႔ post screenshot နဲ႔အတူတင္ျပလိုက္ပါတယ္။

Video အသံဖိုင္ေရာ ဓာတ္ပံုေတြေရာ မို႔ အမ်ားသိေအာင္/ အလိမ္မခံရေအာင္ SHARE ေပးၾကပါ။

****သင္ခန္းစာ****
မက္လံုးႀကီးႀကီး Offer ေကာင္းေကာင္းေပးရင္ အစဥ္အၿမဲသတိထားပါ။ ေလာဘစိတ္ မဝင္မိေအာင္ သတိကပ္ၾကပါရွင္။

Credit- Sunthit.com

..

Unicode

ရန်ကုန်မှာ ခွေးဘီလူးကားနဲ့ ၊ Calvin Klein (CK) ကုမ္မဏီကဆိုပြီး ပစ္စည်းအပြည့်တင်ပြီး ရန်ကုန်က သူငယ်ချင်းရဲ့ ဆို င်မှာပစ္စည်း

တင်ရောင်းပေးဖို့ရွေးချယ်ခံရတဲ့ ဆိုင်/ကိုယ်စားလှယ် ပုံစံမျိုးနဲ့ လာစပ်ပါတယ်။ တစ်မြို့နယ်ကို ၅ဆိုင်ထက် ပ်ိုမပေးဘူးလို့လဲ ပြောပါတယ်(မသိရင်ကိုယ်ကဘဲကံထူးရှင်လိုလိုဘာလိုလိုနဲ့ပေါ့)။

အဲ့ဒါနဲ့ ဆိုင်ကဝန်ထမ်းတွေပဲရှိတာမို့ ပိုင်ရှင်သူငယ်ချင်းနဲ့ ဖုန်း ချိတ်ပေးလိုက်ပါတယ်။ ဖုန်းပြောထားတဲ့ video အသံဖိုင် လဲ ပူးတွဲတင်ထားပါတယ်(ဆက်တာကဆိုင်ဖုန်းနဲ့ ဆက်တာမို့ဖုန်းနံပတ်ဖော် မပြထားတာပါ)။

ဒီနေ့ပစ္စည်းဝယ် နောက်နေ့ ကောင်တာလာချပေးမယ်လို့ပြောတယ်။ ဆိုင်မှာ ကောင်တာထားပေးလို့ ကောင်တာထား ဖို့ေ နရာဌားရမ်းခလဲပေးမယ်ပြောပါတယ်။

ကြိုက်သလိုဝယ်လို့ရတယ်၊ ဒါပေမဲ့ ၁၁သိန်းဖိုးထိပဲ ဝယ်ခွင့်ပေးထားပါတယ်။ ဝယ်ယူတဲ့ ငွေပမာဏနဲ့ တူညီတဲ့ ပစ္စည်းကို

ကားပေါ်ကနေချက်ချင်းယူလာချပေးမယ်တဲ့(တရုတ် CK အတုတွေနေမှာပါလေ)။ ကောင်တာကိုတော့ နောက်ရက် ချက် ချင်းလာချပေးမယ်ပေါ့လေ။

အဲ့ဒီနောက်၊ ဝယ်ယူတဲ့ငွေက်ုလဲ Deposit(စရံ)ငွေ သဘောသာသတ်မှတ်ယူထားတာဖြစ်ပြီး။ (၂) ပတ်နေရင် အကု န်ပြန်အမ်းပေးမယ်၊ ပြီးတော့ ကုန်ပစ္စည်းတွေကို ဒီတိုင်းမသိမ်းပဲ consignment ပုံစံမျိုးနဲ့ ဆက်သွားမယ်တဲ့ ။

ဒါ့အပြင်၊ ဆိုင်ထဲမှာ ကောင်တာနေရာထားပေးတဲ့ အတွက်လဲ ဝယ်ယူတန်ဖိုးရဲ့ တဝက်ကို နေရာဌားခအဖြစ် လစဉ်ပေး သွားမယ်။

၆လစာ ကြိုထုတ်ချင်လဲ စာချုပ်နဲ့ ချုပ်ပြီး ထုတ်ပေးတယ်ဆိုပဲ။ ဥပမာ ကနဦးက (၈)သိန်းဖိုးဝယ်ထားခဲ့ရင် တ လ (၄)သိန်း ၊ စုစုပေါင်း ၆လအတွက် ၂၄သိန်း ကြိုထုတ်လို့ရတယ်ဆိုတဲ့သဘော။ မပြီးသေးဘူးနော်၊ ဆက်ဖတ်။

အဲ့ဒါအပြင်၊ ဆိုင်ရှင်အတွက် ပစ္စည်းရောင်းရခဲ့ရင် 20% ဆိုပဲ။ သူတို့ marketting အတွက် 10% တဲ့။ (တော်ေ တာ်မြ တ်တာပဲနော် 😂😂) ။

ဌားခတွေလဲ ကြိုထုတ်ပေး။ ပစ္စည်းရောင်းရရင်လဲ 20+10% တောင် ခွဲပေးဦးမယ်ဆိုတော့ Offer ကောင်းလှချီလားပေါ့ 🤣🤣🤣။

ကမ႓ာကျော် branded Calvin Klein (CK) ဖြန့်တဲ့ Sky blue ကုမ္မဏီ ရဲ့ ဘောက်ချာကို ရှိုးလိုက်ဦး၊ ရယ်ရတာ အူတောင်တက်တော့မယ်။

လမ်းနာမည် “Street” ကလဲ စာလုံးပေါင်းကြီးကိုမှားလို့ ၊ “Streep” တဲ့ ၊ ဟေဟေး~~ Business name card ပေးပါဆိုတော့လဲ

မရှိဘူးတဲ့လေ။ အဲ့ဒါနဲ့ သူငယ်ချင်းလဲ ရသလောက် အသံvideo မှတ်တမ်းတင်၊ ရန်ကုန်မှာ ရှိတဲ့ ဝန်ထမ်းကို ဓာတ်ပုံရိုက်ထားခိုင်းလိုက်တယ်လေ။

သုံးသပ်ချက်။ (ခန့်မှန်းချက်သက်သက်ပါ)

၁။ ကုန်ပစ္စည်းတွေက အကုန်အတုတွေ သို့ Quality တော်တော်ညံ့တဲ့ဟာတွေ။

၂။ မက်လုံး(ဂျင်း)အကြီးစား တွေကြွေးပြီးတော့ ကျော့ကွင်းထဲဝင်အောင်ဆွဲဆောင်နိုင်လွန်းတဲ့ offer တွေပေးတယ်။ လောဘတက်တဲ့ကောင်သေပြီသာမှတ်။

၃။ ပစ္စည်းသာဝယ်ဖို့ ပိုက်ဆံပေးလိုက်တာနဲ၊ ၁၀သိန်းဖိုး ဝယ်ရင် သူတို့အရင်း ၁သိန်းဖိုး လောက်သာရှိတဲ့ ဟာတွေကို၊ ဒီဟာက ဒီလောက်တန်တယ်၊

ဟိုဟာကဘယ်လောက်ဆိုပြီး စျေးတွေ လျှောက်ပြောပြီး ၁၀သိန်းမပြည့်ပြည့်အောင် ရွ တ်ပြီးထားခဲ့မှာပါပဲ။

၄။ ကောင်တာ ကိုတော့ အိမ်မက်ထဲပဲလာချပေးပါလိမ့်မယ်။ နောက်နေ့ ဖုန်းဆက်သွားလို့ ဖုန်းကိုင်ခဲ့ရင် ၊ အင်းအဲ ခဏနေ၊ မနက်ဖြန်၊ တဘက်ခါ၊

ဘာညာနဲ့ ပြောပြီး ပလစ်မှာပဲ (ဘာလို့လဲဆိုတော့ အဲ့ဖုန်းနဲ့ အခြားငချွှတ် တကောင် နှစ်ကောင် လောက်ပါအောင် လုပ်စားစရာကျန်သေးလို့လေ)။

၅။ အဲ့ဒီနောက်ဖုန်းပိတ်ထားရင်တော့ ငိုလို့ရပါပြီ။

ကောလင်းဘက်မှာလဲ အဲ့လိုပုံစံမျိုး လျှစ်စစ်ပစ္စည်းလိမ်ရောင်းတဲ့အဖွဲ့ ရှိနေတယ်ကြားလို့ post screenshot

နဲ့အတူတင်ပြလိုက်ပါတယ်။ Video အသံဖိုင်ရော ဓာတ်ပုံတွေရော မို့ အများသိအောင်/ အလိမ်မခံရအောင် SHARE ပေးကြပါ။

****သင်ခန်းစာ****

မက်လုံးကြီးကြီး Offer ကောင်းကောင်းပေးရင် အစဉ်အမြဲသတိထားပါ။ လောဘစိတ် မဝင်မိအောင် သတိကပ်ကြပါရှင်။

Credit- Sunthit.com

Be the first to comment

Leave a Reply

Your email address will not be published.


*