ေဆးဆိုင္မွာ ေရာင္းေနၾကတဲ့ အမူးေျပေဆး B6ရဲ႕ေကာင္းက်ိဳးဆိုးက်ိဳးမ်ား

ေဆးခန္းစဖြင့္တဲ့အခ်ိန္တည္းကဆို
ခုခ်ိန္ထိလူနာ၄ေယာက္၅ေယာက္ေျပာလို႔

မသကၤာျဖစ္ၿပီး ေဆးေတာင္းၾကည့္မွ
မွားေနၾကတာေတြေတြ႕တယ္

လူနာေတြေျပာတာက က်မတို႔ညဆို
ဘီစစ္ေလးေသာက္အိပ္တယ္

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္တယ္တဲ့
အစကေတာ့ က်မလည္း သူတို႔အတြက္ placebo(ေဆးမွာအာနိသင္မပါဘဲစိတ္ပိုင္းဆိုင္ရာယံုၾကည္မႈေၾကာင့္

ေသာက္ၿပီးအိပ္သြားတာကိုဆိုလိုတာပါ)
သေဘာမ်ိဳးျဖစ္ေနလို႔ေနမွာပါေလဆိုၿပီး

ေတြးမိတယ္

တစ္ေယာက္ကေန ၃၊၄ေယာက္ေျပာလာေတာ့
မသကၤာျဖစ္လာလို႔ ေဆးယူလာျပခိုင္းမွ

Motion sickness(ကားမူး လွိုင္းမူး ရထား ေလယာဥ္စီးရင္မူးၿပီးပ်ိဳ႕အန္တတ္တာ) ;vertigo(ခ်ာခ်ာလည္မူးၿပီး

အန္တာ) ေတြမွာေသာက္တဲ့
Dimenhydrinate(Dramamine)ေတြျဖစ္ေနတယ္

ဘယ္လိုေျပာဝယ္လဲေမးၾကည့္ေတာ့
ဘီစစ္အေကာင္းစားအကဒ္လို႔ေျပာဝယ္တယ္ဆိုေတာ့

အဲ့လိုအမွားမ်ိဳးေတြ ေနာက္ထပ္ဘယ္ေလာက္ေတာင္
ရွိေနမလဲမသိေတာ့ဘူး

စိတ္ေတြလည္းေမာပါတယ္
Ps. B6(pyridoxime) ဟာ vitaminတစ္မ်ိဳးပါ

အဲ့ဒီဗီတာမင္ခ်ိဳ႕တဲ့သူ၊ကုန္ခမ္းသြားသူေတြကို
ျပန္ျဖည့္စြက္ဖို႔ ေပးပါတယ္

သူက ေသာက္ၿပီးရင္ မအိပ္ခ်င္ပါဘူး
Dimenhydrinateလို႔ေခၚတဲ့ေဆးကေတာ့

Anti histamine အုပ္စုဝင္ပါ
ဘာမီတြန္တို႔ ရပ္ကြက္ထဲမွာဝေဆးအိပ္ေဆးဆိုၿပီး

ေသာက္ေနတဲ့ cypro 2 ေတြကလည္းအဲ့အုပ္စု
ဝင္ေတြပါပဲ

သူကေတာ့ အေပၚကေျပာသလို motion
sickness အေပၚမွာေတာ့ အရမ္း effective ျဖစ္ပါတယ္

ကားမူးတတ္လို႔ေသာက္မယ္ဆိုေသာက္လို႔ရပါတယ္

တျခားအခ်ိန္ေတြမွာ မူးလို႔အန္လို႔ဆိုတိုင္းေသာက္ရတာမဟုတ္တာကို သိေစခ်င္တာရယ္

TB ေဆးေသာက္သူေတြမွာ B6 ကုန္ခမ္းလို႔ ျဖည့္စြက္ေပးရတဲ့အခ်ိန္မွာ တကယ့္ B6 နဲ႔ ဒါနဲ႔မွားၿပီး ေသာက္ေနမိမွာစိုးပါတယ္။

ဒီေဆးေၾကာင့္တိုက္ရိုက္အသည္းမထိေပမယ့္ အသည္းေရာဂါအခံရွိလၽွင္ေသာက္သံုးဖို႔မသင့္ပါ။

TB ေဆးတစ္ခုက hepatitis (အသည္းေရာင္)တတ္တာမို႔ TB ေဆးေသာက္သူေတြေသာက္ရတဲ့ B6

နဲ႔ ဒါနဲ႔မွားေသာက္မိရင္ မလိုလားတတ္တဲ့ဆိုးက်ိဳးေတြ
ရလာႏိုင္ပါတယ္

credit to
Yamone Phyu Phyu

Unicode

ဆေးခန်းစဖွင့်တဲ့အချိန်တည်းကဆို
ခုချိန်ထိလူနာ၄ယောက်၅ယောက်ပြောလို့

မသင်္ကာဖြစ်ပြီး ဆေးတောင်းကြည့်မှ
မှားနေကြတာတွေတွေ့တယ်

လူနာတွေပြောတာက ကျမတို့ညဆို
ဘီစစ်လေးသောက်အိပ်တယ်

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်တဲ့
အစကတော့ ကျမလည်း သူတို့အတွက် placebo(ဆေးမှာအာနိသင်မပါဘဲစိတ်ပိုင်းဆိုင်ရာယုံကြည်မှုကြောင့်

သောက်ပြီးအိပ်သွားတာကိုဆိုလိုတာပါ)

သဘောမျိုးဖြစ်နေလို့နေမှာပါလေဆိုပြီး
တွေးမိတယ်

တစ်ယောက်ကနေ ၃၊၄ယောက်ပြောလာတော့
မသင်္ကာဖြစ်လာလို့ ဆေးယူလာပြခိုင်းမှ

Motion sickness(ကားမူး လှိုင်းမူး ရထား လေယာဉ်စီးရင်မူးပြီးပျို့အန်တတ်တာ) ;vertigo(ချာချာလည်မူးပြီး

အန်တာ) တွေမှာသောက်တဲ့
Dimenhydrinate(Dramamine)တွေဖြစ်နေတယ်

ဘယ်လိုပြောဝယ်လဲမေးကြည့်တော့
ဘီစစ်အကောင်းစားအကဒ်လို့ပြောဝယ်တယ်ဆိုတော့

အဲ့လိုအမှားမျိုးတွေ နောက်ထပ်ဘယ်လောက်တောင်
ရှိနေမလဲမသိတော့ဘူး

စိတ်တွေလည်းမောပါတယ်
Ps. B6(pyridoxime) ဟာ vitaminတစ်မျိုးပါ

အဲ့ဒီဗီတာမင်ချို့တဲ့သူ၊ကုန်ခမ်းသွားသူတွေကို
ပြန်ဖြည့်စွက်ဖို့ ပေးပါတယ်

သူက သောက်ပြီးရင် မအိပ်ချင်ပါဘူး
Dimenhydrinateလို့ခေါ်တဲ့ဆေးကတော့

Anti histamine အုပ်စုဝင်ပါ
ဘာမီတွန်တို့ ရပ်ကွက်ထဲမှာဝဆေးအိပ်ဆေးဆိုပြီး

သောက်နေတဲ့ cypro 2 တွေကလည်းအဲ့အုပ်စု
ဝင်တွေပါပဲ

သူကတော့ အပေါ်ကပြောသလို motion
sickness အပေါ်မှာတော့ အရမ်း effective ဖြစ်ပါတယ်

ကားမူးတတ်လို့သောက်မယ်ဆိုသောက်လို့ရပါတယ်

တခြားအချိန်တွေမှာ မူးလို့အန်လို့ဆိုတိုင်းသောက်ရတာမဟုတ်တာကို သိစေချင်တာရယ်

TB ဆေးသောက်သူတွေမှာ B6 ကုန်ခမ်းလို့ ဖြည့်စွက်ပေးရတဲ့အချိန်မှာ တကယ့် B6 နဲ့ ဒါနဲ့မှားပြီး သောက်နေမိမှာစိုးပါတယ်။

ဒီဆေးကြောင့်တိုက်ရိုက်အသည်းမထိပေမယ့် အသည်းရောဂါအခံရှိလျှင်သောက်သုံးဖို့မသင့်ပါ။

TB ဆေးတစ်ခုက hepatitis (အသည်းရောင်)တတ်တာမို့ TB ဆေးသောက်သူတွေသောက်ရတဲ့ B6
နဲ့ ဒါနဲ့မှားသောက်မိရင် မလိုလားတတ်တဲ့ဆိုးကျိုးတွေ

ရလာနိုင်ပါတယ်

credit to
Yamone Phyu Phyu

Be the first to comment

Leave a Reply

Your email address will not be published.


*