ေလျဖတ္၍ သင့္ဘဝ မေသေစရန္

တစ္ခါက ဆရာကန္ေတာ့ပြဲတစ္ခုတြင္ ေလျဖတ္ထားေသာ ေၾကာင့္ ညာဘက္တစ္ျခမ္း လက္၊ ေျခမသန္၊ တုတ္ေကာက္ တစ္ခု၏ ေအာက္ေျခတြင္ အဖုေလးဖုတပ္ထားေသာ အထိန္း ႏွင့္မလဲေအာင္ကိုင္ထားရသည့္အျပင္

နံေဘးမွ အကူအတြဲ တစ္ေယာက္ပါမွ ေလွ်ာက္လမ္းႏုိင္သည့္ ဆရာႀကီးတစ္ဦးႏွင့္ ေတြ႕ရသည္။

ထုိဆရာႀကီးသည္ တစ္ခုေသာအခ်ိန္ လြန္ခဲ့ေသာ ဆယ္စု ႏွစ္ႏွစ္ခုေက်ာ္က ဤေက်ာင္းႀကီး၏ လွ်မ္းလွ်မ္းေတာက္ ဂုဏ္ သတင္းေဆာင္ခဲ့သည့္ တိုင္းတစ္ခုလံုးတြင္ ေအာင္ခ်က္ အေကာင္းဆံုးေက်ာင္းႀကီးျဖစ္ေအာင္ ထူးခြၽန္စြာတာဝန္

ထမ္းေဆာင္ခဲ့သည့္ ဆရာႀကီးတစ္ဦးျဖစ္ပါသည္။
ဆရာႀကီးသည္ ဤေက်ာင္းေတာ္ႀကီးကို ဆယ္ႏွစ္ ဆယ္မိုးအုပ္ခ်ဳပ္ခဲ့သည္။ ဦးစီးပဲ့ကိုင္ခဲ့သည္။ တစ္ခ်ိန္က

အထက္တန္းျပဆရာအျဖစ္ႏွင့္ တစ္ႀကိမ္၊ ေက်ာင္းအုပ္ ဆရာႀကီးအျဖစ္ႏွင့္ တစ္ႀကိမ္၊ ႏွစ္ႀကိမ္တိုင္

ဤေက်ာင္းႀကီးတြင္ တာဝန္ထမ္းခဲ့ၿပီး အလြန္ထက္ျမက္သြက္လက္ေသာ တက္ၾကြ ေသာ ဆရာႀကီးျဖစ္ခဲ့သည္။

ယခုေခတ္ လက္အုပ္ခ်ီကန္ေတာ့ၾကေသာ တပည့္ေဟာင္း မ်ားႏွင့္ လက္တြဲေဖာ္၊ လုပ္ေဖာ္ကိုင္ဖက္ ဆရာေဟာင္းမ်ား

ကိုၾကည့္ၿပီး ဆရာႀကီး၏ပါးျပင္ေပၚသို႔ စီးက်လာေသာ မ်က္ရည္ မ်ားသည္ ယခင္ဘဝေဟာင္းကို ျပန္လည္ တမ္းတသတိရသည့္ သက္ေသမ်ားပင္ျဖစ္ေတာ့သည္။

ဆရာႀကီး၏ ဘဝတစ္ေလွ်ာက္လံုးတြင္ စည္းကမ္းရွိေသာ ပုဂၢိဳလ္၊ စံျပပုဂၢိဳလ္တစ္ဦးျဖစ္သည္ႏွင့္အညီ အရက္၊

ေဆးလိပ္၊ အေပ်ာ္အပါး၊ အေသာက္အစား ကင္းခဲ့သည္။ အဘယ့္ေၾကာင့္ ေလျဖတ္ေဝဒနာခံစားရပါ သနည္းဟု တပည့္ေဟာင္းတစ္ဦး အေနျဖင့္ ေတြးေတာေနမိသည္။

ေလျဖတ္သူ၊ ဦးေႏွာက္ေသြးေၾကာေပါက္သူ၊ ေသြးခဲပိတ္ သူတို႔၏ ေနာက္ကြယ္မွ အဓိကလက္သည္မွာ (မ်ားေသာ အားျဖင့္) ေသြးတုိးေရာဂါပင္ျဖစ္သည္။ တစ္ခါတစ္ရံ သတိမမူ မိခင္ အလစ္အငိုက္ ဝင္ေရာက္တိုက္ခိုက္ေသာ

ေသြးတိုးေရာဂါ ေၾကာင့္ ႐ုတ္တရက္ လဲက်ၿပီး ေလျဖတ္ကာ အသက္ေသလွ်င္ ေသ၊ မေသလွ်င္ ဒုကၡိတဘဝေရာက္ၾကရေလသည္။

ဆရာႀကီးသည္ ဧရာဝတီတိုင္းေဒသႀကီးသားျဖစ္သျဖင့္ ငါးပိ၊ အငန္ ႀကိဳက္သည္။ ျဖစ္မည့္ေန႔က တမာရြက္ျပဳတ္ တို႔စရာႏွင့္ ငါးပိ ရည္စားၿပီးေနာက္ ႏွစ္နာရီခန္႔အၾကာတြင္ ေခါင္းမူးသျဖင့္ ေခတၱအိပ္သည္။ အိပ္ရာမွ ျပန္အထတြင္

ခုတင္ ေဘးလဲက်ေနသည္ကို အိမ္သားမ်ားမရွိသျဖင့္ မသိလုိက္ၾက။ တစ္နာရီခန္႔အၾကာမွ သိၾကၿပီး

နီးစပ္ရာဆရာဝန္ေခၚၾကသည္။ ေသြးေပါင္ အလြန္တက္ေနသျဖင့္ ဆရာဝန္၏ ညႊန္ၾကားခ်က္ အရ ေဆး႐ံုတင္လုိက္ၾကသည္။

ေဆး႐ံုမွ ဦးေခါင္းဓာတ္မွန္႐ိုက္ စစ္ေဆးၿပီး ေတြ႕ရွိခ်က္ အရ ဆရာႀကီးသည္ ေသြးေဆာင့္တိုးသည့္ ဒဏ္ေၾကာင့္ ဦးေႏွာက္ဘယ္ဘက္အျခမ္းတြင္ ေသြးေၾကာတစ္ေခ်ာင္းေပါက္ သြားသည္။ အေရးေပၚ ဦးေခါင္းကို

ခြဲစိတ္ကုသရန္လုိသည္ ဆိုသျဖင့္ သားသမီးမ်ား တိုင္ပင္ၿပီး ခြဲစိတ္ကုသလုိက္သျဖင့္ အသက္ ျပန္ရွင္လာျခင္းျဖစ္သည္။ သို႔ေသာ္ ညာဘက္ကိုယ္ တစ္ျခမ္းမွာမသန္စြမ္းေတာ့ပါ။ လွ်ာတစ္ျခမ္းမွာလည္း ရြဲ႕ေစာင္း

သြားသျဖင့္ စကားမပီေတာ့ပါ။ ျဖစ္စကဆိုလွ်င္ စကားလံုးဝ မေျပာႏုိင္။ တစ္ဖက္မွ တုိင္းရင္းေဆး ဝါးမ်ားျဖင့္

လွ်ာပြတ္ျခင္း၊ လိမ္းေဆးမ်ားလိမ္းျခင္းျဖင့္ တစ္ႏွစ္ခန္႔ၾကာမွ စကားကို မပီသေသာ္လည္း ေျပာႏုိင္လာသည္။ လုိခ်င္သည့္အရာကို ထုတ္ေျပာႏုိင္လာ သည္ဟုဆုိသည္။

မိမိကိုယ္မိမိ က်န္းမာေနသည္၊ စားေကာင္း အိပ္ေပ်ာ္ ျဖစ္ေနသည္ဆိုတိုင္း အစားအေသာက္ အေန အထုိင္

ကို ထင္သလုိစားေသာက္ျခင္း၊ အေအးပတ္ခံျခင္းမ်ား မျပဳသင့္ေပ။ အသက္အရြယ္ေၾကာင့္ ေသြးေၾကာမ်ား

မာဆတ္ေနသျဖင့္ ေသြးေဆာင့္တိုးလွ်င္ ပိုက္လံုးအေဟာင္းမ်ားကဲ့သို႔ ခံႏုိင္ရည္ မရွိဘဲ ေပါက္သြားႏုိင္သည္ကို သတိျပဳသင့္ေပသည္။

ေဒါသာဓာတု မလာ မူလာ၊ သဒါ ေဒဟပၸဝတၱေန၊
ေရာဂါနံပါတုဘာေဝစ၊ ေတသံ လကၡဏ ံမုစၥေတ။

ေရာဂါဆိုသည္မွာ ခႏၶာကိုယ္တြင္းရွိ သက္ေစာင့္ ဓာတ္မ်ားျဖစ္ၾကေသာ ေလသည္းေျခ၊ သလိပ္ဟူေသာ ေဒါသ သံုးပါးႏွင့္ ဓာတ္ခုနစ္ပါး၊ မလ ၁၂ ပါးတို႔ မညီမၫြတ္ေဖာက္ျပန္ သည့္အျပင္ ကံ၊ စိတ္၊ ဥတု၊ အာဟာရဟူေသာ

အေၾကာင္း တရားေလးပါးေၾကာင့္လည္းျဖစ္ႏုိင္ေပသည္။ ေဒသနာနယ ေဆးပညာေခၚ ဗုဒၶအဘိဓမၼာအေျခခံသည့္

ေဆးပညာတြင္ ကံသည္ အဓိကျဖစ္ၿပီး အတိတ္ကံေၾကာင့္(သို႔မဟုတ္) လက္ရွိ ဘဝပစၥဳပၸန္ကံေၾကာင့္လည္း ႐ုတ္တရက္ေလျဖတ္ႏုိင္ေပသည္။

ရာသီဥတုေဖာက္ျပန္ၿပီး အပူအေအး မညီၫြတ္၊ မမွ်တမႈ မ်ားေၾကာင့္ ေလျဖတ္သူမ်ားစြာရွိသည္။ ထိုသို႔ေလျဖတ္သူ မ်ားတြင္ အခ်ဳိ႕မွာ ႏွလံုး၊ ေသြးတုိး၊ ဆီးခ်ဳိစေသာ ေရာဂါ အေၾကာင္းခံရွိျခင္းေၾကာင့္ ေလျဖတ္သူမ်ားျဖစ္ေသာ္လည္း

အခ်ဳိ႕လူမ်ားမွာ မည္သည့္ေရာဂါအေၾကာင္းရင္းခံမွ်မရွိဘဲ ႐ုတ္တရက္ ေလျဖတ္သြားသူမ်ားလည္းရွိေၾကာင္း ေတြ႕ရသည္။ လူမ်ားသာမက ဘုန္းႀကီး၊ ရဟန္းမ်ားလည္း ေလျဖတ္သည္ကို ေတြ႕ရသည္။

အျခား စာေရးသူ၏မိတ္ေဆြအမ်ဳိးသမီးတစ္ဦးသည္ လြန္ခဲ့ေသာရက္ပိုင္းအတြင္းက ျပင္ဦးလြင္၊ အနီးစခန္းရွိ သူကိုးကြယ္ေသာဘုန္းႀကီးေက်ာင္းမွ ဆရာေတာ္ႏွင့္ ေန႔ဆြမ္း စားၿပီးခ်ိန္တြင္ ဖုန္းေျပာသည္။ အလွဴအတန္းကိစၥႏွင့္

သာေၾကာင္းမာေၾကာင္းမ်ား ေလွ်ာက္ထားေျပာဆုိသည္။ ထုိေန႔ မြန္းလြဲ ႏွစ္နာရီ ခန္႔တြင္ ထုိဆရာေတာ္ႀကီး ေလျဖတ္ၿပီး လဲက်သြားေၾကာင္းဖုန္းလာသျဖင့္ ထိတ္လန္႔ အံ့ၾသသြားသည္ ။ ‘ေန႔လယ္ကပဲ

တပည့္ေတာ္ႏွင့္ဖုန္းေျပာေသးတာပဲ . . . အေကာင္းႀကီးပဲ . . . ဘယ္လုိျဖစ္ရတာလဲဘုရား . . .’ဟု ဆက္သြယ္လာေသာဦးပၪင္းကို ေမးျမန္းေလွ်ာက္ထားေသာ အခါ . . . မႏၱေလးမွ ဖုန္းလာ ၍ေျပာၿပီးေနာက္

မၾကာမီပင္ ဖုန္းေျပာေသာ စကားေျပာခြက္ေဘးလြတ္က်ၿပီး ပါးစပ္မွ စကားမေျပာႏုိင္ဘဲ ပါးရြဲ႕ေစာင္းကာ

သြားရည္မ်ားထြက္က်လာ ေၾကာင္း၊ မေခၚႏုိင္သျဖင့္ အျပင္ဘက္မွ ကိုရင္မ်ားက တစ္နာရီ ခန္႔ၾကာမွေတြ႕ၿပီး သိရွိၾကျခင္းျဖစ္ေၾကာင္း ေျပာျပသည္။

ထုိဆရာေတာ္ႀကီးကို ဒါယကာ၊ ဒါယိကာမမ်ားက မႏၲေလးသို႔ ပင့္ေခၚၿပီး ေဆး႐ံုႀကီးတစ္႐ံုတြင္ အထူးကုျဖင့္ ကုသသည္။ CT Head ေခၚ ဦးေႏွာက္ ဓာတ္မွန္႐ိုက္ၿပီးေသာ အခါ ဦးေႏွာက္ဘယ္ဘက္ျခမ္းအတြင္း

ေသြးခဲပိတ္ဆို႔သြား သျဖင့္ ဆန္႔က်င္ဘက္ ညာျခမ္းေလျဖတ္ကာလွ်ာပါရြဲ႕ေစာင္းသြားသျဖင့္ စကား မေျပာႏုိင္ဘဲ ေလျဖတ္သြားျခင္းျဖစ္ေၾကာင္း သိရသည္။ ေလျဖတ္သူမ်ားတြင္ ဘယ္ျခမ္းႏွင့္ညာျခမ္းသန္ရာ ျဖစ္သည့္

လက္ယာဘက္ (ညာဘက္) အျခမ္းေလျဖတ္လွ်င္ ပို၍ ဆိုးသည္။ စကားေျပာဆိုသည့္အဂၤါ(လွ်ာ) ပါ ရြဲ႕ေစာင္းသြား

သျဖင့္ စကားမေျပာႏုိင္ျဖစ္ရသည္။ ဦးေႏွာက္မွသိေသာ္လည္း မေျပာႏုိင္ေသာေဝဒနာကို ခံစားရသျဖင့္ အခ်ဳိ႕လူနာမ်ားမွာ မ်က္ရည္မ်ားက်လာေၾကာင္း ေတြ႕ရသည္။

ဤဆရာေတာ္ႀကီး ေလျဖတ္ရျခင္းအေၾကာင္း ရင္းခံမွာ ေသြးတိုး၊ ဆီးခ်ဳိ၊ ႏွလံုးေရာဂါမ်ားရွိ၍မဟုတ္ေပ။ လြန္ခဲ့ေသာ သံုးရက္က ဆြမ္းစားပင့္၍ ျပင္ဦးလြင္မွ မၲေလးသို႔ဆင္းလာ သည္။ မၲေလးတြင္ ေနအလြန္ ပူျပင္းခ်ိန္ႏွင့္ ႀကံဳရသည္

။ စီးလာေသာကားတြင္ အဲယားကြန္းပါသျဖင့္ ေတာ္ေသးသည္။ သို႔ေသာ္ ကားအတြင္းမွဆင္းလုိက္သည္ႏွင့္အပူလံုးက ႐ိုက္ သည္။ မၲေလးသို႔ေရာက္ခုိက္ မိမိဆရာေတာ္ရွိရာ ငယ္စဥ္က

စာသင္ခဲ့သည့္ ေက်ာင္းတုိက္သုိ႔ ၾကြလုိက္ေသးသည္။ ေျခက်င္ ၾကြသည့္အခ်ိန္တြင္ မႏၱေလး၏ အပူဒဏ္ကို

အေတာ္ပင္ခံရ သည္။ အပူတစ္လွည့္ အေအးတစ္လွည့္ ျပႆနာေၾကာင့္ ျပင္ဦးလြင္ အနီးစခန္းေက်ာင္းသို႔ ျပန္ေရာက္ၿပီးေနာက္ ႏွစ္ရက္လံုးေခါင္းကိုက္ေနသည္။ တတိယေျမာက္ေန႔တြင္ မကိုက္ေတာ့ဘဲ

ေနာက္ေစ့ထဲမွအံုေနသည္။ ပံုမွန္ျဖစ္ေအာင္ ေရခ်ဳိးၿပီး ေန႔ဆြမ္းဘုဥ္းေပးသည္။ ထုိ႔ေနာက္ မၲေလးမွ ဒါယိကာမဆီက ဖုန္းလာေသာအခါတြင္လည္း စိတ္ပူမည္စိုး၍ ေထြေထြထူးထူးေျပာပံု မရေသာ္လည္း အတူေနသူဦးပၪင္းကို

ေနာက္ေစ့မွထုိးေနေၾကာင္းေျပာသည္ဟု ဆိုသည္။ ထို႔ေနာက္ တြင္ေတာ့ ေလျဖတ္သြားသည္။

ေလျဖတ္ျခင္း၏အေၾကာင္းရင္းတရားခံမွာ ေရာဂါမဟုတ္ ဘဲ အပူအေအးျဖစ္တတ္သည္။ ေအးေသာ အရပ္မွ ပူေသာ အရပ္သို႔သြားျခင္း၊ ပူေသာေနရာမွေအးေသာေနရာသို႔သြား ျခင္း၊ ပူလြန္းျခင္းႏွင့္ေအး လြန္းျခင္း ႏွစ္ခုၾကားတြင္

အခ်ိန္တို အတြင္းအေျပာင္းအလဲလုပ္ျခင္းမ်ားေၾကာင့္ ဦးေႏွာက္အတြင္း ရွိ ေသြးေၾကာမ်ားမခံႏုိင္ဘဲ ေရာင္ျခင္း၊

ေသြးခဲပိတ္ျခင္း၊ ေသြး ေၾကာေပါက္ျခင္းမ်ားျဖစ္ႏုိင္ေပသည္။ ေခါင္းကိုက္ျခင္း ရက္ၾကာလွ်င္၊ ထူးျခားစြာကိုက္လွ်င္၊ ေနာက္ေစ့မွကိုက္လွ်င္၊ ေခါင္းတစ္ျခမ္းကိုက္လွ်င္ ႀကိဳတင္သတိရွိသင့္ေပသည္။

တစ္ခါက ေနအလြန္ပူေသာေန႔တစ္ေန႔တြင္ ကေလး အထူးကုေဆးခန္းတြင္ မိမိကေလးကုိ လာျပသူ တစ္ဦးသည္ တိုကင္အလွည့္မက်ေသးသျဖင့္ ကားစက္ႏိႈးထားၿပီး အဲယား ကြန္းဖြင့္ထားသည္။ ကားထဲမွ ကေလးကိုၾကည့္လုိက္၊

အျပင္ ထြက္ၿပီး ဆရာဝန္ကေခၚမည့္အလွည့္က်/မက် ၾကည့္လိုက္ ျပဳလုပ္ရင္း ကားနံေဘးတြင္

႐ုတ္တရက္လဲက်ကာတက္သြား သျဖင့္ ေဆး႐ံုပို႔လုိက္ၾကရသည္။ ကားထဲမွ သူ႕ ကေလး မွာ ေဆးခန္းမျပလုိက္ရမီ

လူႀကီးက ံHeat Stroke ေခၚ အပူရွပ္ ၿပီးေလျဖတ္သြားျခင္းျဖစ္သည္။ အပူအေအးေၾကာင့္ ႐ုတ္ တရက္ေသြးေၾကာေပါက္ျခင္းသည္ ဦးေႏွာက္အတြင္း ေသြးယို စီးမႈျဖစ္တတ္ သျဖင့္ ခ်က္ခ်င္းအသက္ဆံုး႐ံႈးေစႏိုင္သည္။

နံနက္ေစာေစာ အိမ္ေရွ႕ထြက္ၿပီးဆြမ္းေလာင္းသူ အသက္ ၇ဝ ေက်ာ္အမ်ဳိးသမီးႀကီးတစ္ဦးသည္ ဆြမ္းခံကိုယ္ေတာ္မ်ားကို ဆြမ္းေလာင္းရင္း ႐ုတ္တရက္လဲက်ကာ ေလျဖတ္သြားသည္ဟု ၾကားသိရဖူးသည္။ သူသည္

နံနက္သံုးနာရီခန္႔မွ အိပ္ရာထၿပီး ဆြမ္းႏွင့္ဆြမ္းဟင္းခ်က္သည့္ကိစၥကို ေဆာင္ရြက္ရာမွ အေအး ပတ္ၿပီးေလျဖတ္ရျခင္းျဖစ္သည္။ အေနာက္တုိင္းသုေတသီ မ်ား၏အဆိုအရ ေသြးတုိးၿပီးေလျဖတ္ျခင္းအေတာ္မ်ားမ်ား

သည္ နံနက္အိပ္ရာထခ်ိန္ႏွင့္လမ္းေလွ်ာက္ၿပီး အျပန္တြင္ အေအးမိခဲ့၍ျဖစ္ေလ့ရွိသည္ဟုဆိုသည္။ ဆြမ္းေလာင္းရင္း ေလျဖတ္လဲက်သြားသူ အေမႀကီးမွာ ေဆး႐ံု ေရာက္ၿပီးေနာက္ အသက္ဆံုး႐ံႈးသြားပါသည္။ ေကာင္းရာ

သုဂတိေရာက္မည္ ထင္ပါသည္။ သံဃာေတာ္မ်ားမွာ ထိုအေမႀကီးအတြက္ အေတာ္ပင္စိတ္မေကာင္းျဖစ္ၾကသည္ဟု သိရသည္။

ဝမ္းနည္းျခင္း၊ ဝမ္းသာျခင္းတုိ႔ေၾကာင့္လည္း ႐ုတ္တရက္ ေလျဖတ္ႏုိင္သည္။ ယခုရက္ပုိင္းအတြင္းမွာပင္ မေလးရွား ႏုိင္ငံ၌ သြားေရာက္ အလုပ္လုပ္ေနၾကသူမ်ား အသက္အႏၱရာယ္ တိုက္ခုိက္ခံရမႈမ်ားရွိလာသျဖင့္ အစိုးရက

အလုပ္သမားမ်ား သြားေရာက္ျခင္းကို ခ်က္ခ်င္းရပ္စဲခဲ့ၿပီး ေရာက္ရွိေနၿပီးသူမ်ားကို ျပန္ေခၚသည္။ အခ်ဳိ႕မွာ ဒဏ္ရာမ်ား ေဆးကုသ ခံယူဆဲတန္းလန္း၊ ပတ္တီးမ်ားစည္းလ်က္ႏွင့္ျပန္လာၾကသည္ကို ေတြ႕ရသည္ ။ ထိုသူမ်ားအထဲတြင္

ရန္ကုန္တိုင္း ေမွာ္ဘီၿမိဳ႕မွ မိခင္တစ္ဦးသည္ ေလဆိပ္တြင္ သားျပန္ အလာကို သြားႀကိဳၿပီး အသက္မေသ ျပန္လာသည့္သားကို ေပြ႕ဖက္ငိုယိုရင္း အျပန္လမ္းကားေပၚ မွာပင္ ႐ုတ္တရက္သတိလစ္ၿပီး မလႈပ္ရွားႏုိင္ေတာ့။

ရန္ကုန္ ဘက္သို႔ ကားျပန္လွည့္ၿပီး ေဆး႐ံုႀကီးေရာက္ ေသာအခါ အသက္မပါေတာ့။ ဦးေႏွာက္ေသြးေၾကာပိတ္ဆို႔ၿပီး ေလျဖတ္ရာ မွ အသက္ဆံုးသြားရျခင္း ျဖစ္ေပသည္။

ယခုေရးသားတင္ျပခဲ့သည့္ ရဟန္းႏွင့္လူမ်ားကိုေလ့လာ ၾကည့္လွ်င္ အသက္ႀကီး သူမ်ားျဖစ္ေၾကာင္းေတြ႕ ရပါမည္ ။ အသက္အရြယ္ေၾကာင့္ ရာသီဥတုဒဏ္၊ အေအးပတ္သည့္ဒဏ္၊ စိတ္ထိခိုက္ လႈပ္ရွားသည့္ ဒဏ္တို႔ကို မခံႏုိင္၊

႐ုတ္တရက္ ႏွလံုးမွ ေလပင့္၍ ဦးေခါင္းဦးေႏွာက္အတြင္းသို႔ ေသြးတိုးဖိအားေဆာင့္ တက္သြားျခင္းဒဏ္ကို ခံႏုိင္သည့္အရြယ္မဟုတ္ေတာ့သျဖင့္ ႐ုတ္တရက္ ေလသင္တုန္းျဖတ္ကာ အသက္ပါသြားရျခင္းျဖစ္ သည္။

အသက္ႀကီးသူမ်ားတြင္ျဖစ္သျဖင့္ အသက္ငယ္သူမ်ားတြင္ ေလသင္တုန္းမျဖတ္ႏိုင္ဘူးလားဟု မယူဆပါႏွင့္ ။ လြန္ခဲ့သည့္ ႏွစ္က ဆယ္တန္းေအာင္စာရင္းထြက္ေသာအခါ တိုးေဝွ႕ ၾကည့္ ရင္း မိမိေအာင္ပါလ်က္ႏွင့္ အၾကည့္

မွား၍ မေအာင္ဘူးထင္ကာ သတိလစ္လဲက်သြားရာမွ အသက္ဆံုး႐ံႈးသြားသူ အသက္ ၁၆ ႏွစ္အရြယ္

သမီးငယ္တစ္ဦးအေၾကာင္း စစ္ကိုင္းတိုင္းရွိ ၿမိဳ႕ငယ္ တစ္ၿမိဳ႕၌ ျဖစ္ခဲ့ေၾကာင္း ဂ်ာနယ္ တစ္ေစာင္တြင္ ဖတ္လုိက္ ရပါ သည္။

ေလျဖတ္ျခင္းသည္ ကံ၊ စိတ္၊ ဥတု၊ အာဟာရဟူေသာဗုဒၶ ေဟာၾကားသည့္ သမု႒ာန္ေလးပါးေၾကာင့္ျဖစ္ သည္ မွန္ေသာ္ လည္း မိမိျပဳေသာကံအမွားေၾကာင့္ မဆင္ျခင္မိေသာအျပဳ အမူေၾကာင့္ စိတ္ေသာကကို

မထိန္းခ်ဳပ္ႏုိင္ေသာေၾကာင့္လည္း ႐ုတ္တရက္ မေမွ်ာ္လင့္ဘဲ ျဖစ္ႏုိင္ေခ်ရွိသည္ကို သတိျပဳႏုိင္ၾက ေစရန္ ေရးသားတင္ျပလုိက္ရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MOI Webportal Myanmar

Unicode

တစ်ခါက ဆရာကန်တော့ပွဲတစ်ခုတွင် လေဖြတ်ထားသော ကြောင့် ညာဘက်တစ်ခြမ်း လက်၊ ခြေမသန်၊ တုတ်ကောက် တစ်ခု၏ အောက်ခြေတွင် အဖုလေးဖုတပ်ထားသော အထိန်း နှင့်မလဲအောင်ကိုင်ထားရသည့်အပြင်

နံဘေးမှ အကူအတွဲ တစ်ယောက်ပါမှ လျှောက်လမ်းနိုင်သည့် ဆရာကြီးတစ်ဦးနှင့် တွေ့ရသည်။

ထိုဆရာကြီးသည် တစ်ခုသောအချိန် လွန်ခဲ့သော ဆယ်စု နှစ်နှစ်ခုကျော်က ဤကျောင်းကြီး၏ လျှမ်းလျှမ်းတောက် ဂုဏ် သတင်းဆောင်ခဲ့သည့် တိုင်းတစ်ခုလုံးတွင် အောင်ချက်

အကောင်းဆုံးကျောင်းကြီးဖြစ်အောင် ထူးချွန်စွာတာဝန် ထမ်းဆောင်ခဲ့သည့် ဆရာကြီးတစ်ဦးဖြစ်ပါသည်။
ဆရာကြီးသည် ဤကျောင်းတော်ကြီးကို ဆယ်နှစ် ဆယ်မိုးအုပ်ချုပ်ခဲ့သည်။ ဦးစီးပဲ့ကိုင်ခဲ့သည်။ တစ်ချိန်က

အထက်တန်းပြဆရာအဖြစ်နှင့် တစ်ကြိမ်၊ ကျောင်းအုပ် ဆရာကြီးအဖြစ်နှင့် တစ်ကြိမ်၊ နှစ်ကြိမ်တိုင် ဤကျောင်းကြီးတွင် တာဝန်ထမ်းခဲ့ပြီး အလွန်ထက်မြက်သွက်လက်သော တက်ကြွ သော ဆရာကြီးဖြစ်ခဲ့သည်။

ယခုခေတ် လက်အုပ်ချီကန်တော့ကြသော တပည့်ဟောင်း များနှင့် လက်တွဲဖော်၊ လုပ်ဖော်ကိုင်ဖက် ဆရာဟောင်းများ ကိုကြည့်ပြီး ဆရာကြီး၏ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည် များသည် ယခင်ဘဝဟောင်းကို

ပြန်လည် တမ်းတသတိရသည့် သက်သေများပင်ဖြစ်တော့သည်။

ဆရာကြီး၏ ဘဝတစ်လျှောက်လုံးတွင် စည်းကမ်းရှိသော ပုဂ္ဂိုလ်၊ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်သည်နှင့်အညီ အရက်၊ ဆေးလိပ်၊ အပျော်အပါး၊ အသောက်အစား ကင်းခဲ့သည်။ အဘယ့်ကြောင့် လေဖြတ်ဝေဒနာခံစားရပါ

သနည်းဟု တပည့်ဟောင်းတစ်ဦး အနေဖြင့် တွေးတောနေမိသည်။
လေဖြတ်သူ၊ ဦးနှောက်သွေးကြောပေါက်သူ၊ သွေးခဲပိတ် သူတို့၏ နောက်ကွယ်မှ အဓိကလက်သည်မှာ

(များသော အားဖြင့်) သွေးတိုးရောဂါပင်ဖြစ်သည်။ တစ်ခါတစ်ရံ သတိမမူ မိခင် အလစ်အငိုက်

ဝင်ရောက်တိုက်ခိုက်သော သွေးတိုးရောဂါ ကြောင့် ရုတ်တရက် လဲကျပြီး လေဖြတ်ကာ အသက်သေလျှင် သေ၊ မသေလျှင် ဒုက္ခိတဘဝရောက်ကြရလေသည်။

ဆရာကြီးသည် ဧရာဝတီတိုင်းဒေသကြီးသားဖြစ်သဖြင့် ငါးပိ၊ အငန် ကြိုက်သည်။ ဖြစ်မည့်နေ့က တမာရွက်ပြုတ် တို့စရာနှင့် ငါးပိ ရည်စားပြီးနောက် နှစ်နာရီခန့်အကြာတွင် ခေါင်းမူးသဖြင့် ခေတ္တအိပ်သည်။ အိပ်ရာမှ

ပြန်အထတွင် ခုတင် ဘေးလဲကျနေသည်ကို အိမ်သားများမရှိသဖြင့် မသိလိုက်ကြ။ တစ်နာရီခန့်အကြာမှ

သိကြပြီး နီးစပ်ရာဆရာဝန်ခေါ်ကြသည်။ သွေးပေါင် အလွန်တက်နေသဖြင့် ဆရာဝန်၏ ညွှန်ကြားချက် အရ ဆေးရုံတင်လိုက်ကြသည်။

ဆေးရုံမှ ဦးခေါင်းဓာတ်မှန်ရိုက် စစ်ဆေးပြီး တွေ့ရှိချက် အရ ဆရာကြီးသည် သွေးဆောင့်တိုးသည့် ဒဏ်ကြောင့် ဦးနှောက်ဘယ်ဘက်အခြမ်းတွင် သွေးကြောတစ်ချောင်းပေါက် သွားသည်။ အရေးပေါ် ဦးခေါင်းကို

ခွဲစိတ်ကုသရန်လိုသည် ဆိုသဖြင့် သားသမီးများ တိုင်ပင်ပြီး ခွဲစိတ်ကုသလိုက်သဖြင့် အသက် ပြန်ရှင်လာခြင်းဖြစ်သည်။ သို့သော် ညာဘက်ကိုယ် တစ်ခြမ်းမှာမသန်စွမ်းတော့ပါ။ လျှာတစ်ခြမ်းမှာလည်း

ရွဲ့စောင်း သွားသဖြင့် စကားမပီတော့ပါ။ ဖြစ်စကဆိုလျှင် စကားလုံးဝ မပြောနိုင်။ တစ်ဖက်မှ တိုင်းရင်းဆေး

ဝါးများဖြင့် လျှာပွတ်ခြင်း၊ လိမ်းဆေးများလိမ်းခြင်းဖြင့် တစ်နှစ်ခန့်ကြာမှ စကားကို မပီသသော်လည်း ပြောနိုင်လာသည်။ လိုချင်သည့်အရာကို ထုတ်ပြောနိုင်လာ သည်ဟုဆိုသည်။

မိမိကိုယ်မိမိ ကျန်းမာနေသည်၊ စားကောင်း အိပ်ပျော် ဖြစ်နေသည်ဆိုတိုင်း အစားအသောက် အနေ အထိုင်ကို ထင်သလိုစားသောက်ခြင်း၊ အအေးပတ်ခံခြင်းများ မပြုသင့်ပေ။ အသက်အရွယ်ကြောင့် သွေးကြောများ

မာဆတ်နေသဖြင့် သွေးဆောင့်တိုးလျှင် ပိုက်လုံးအဟောင်းများကဲ့သို့ ခံနိုင်ရည် မရှိဘဲ ပေါက်သွားနိုင်သည်ကို သတိပြုသင့်ပေသည်။

ဒေါသာဓာတု မလာ မူလာ၊ သဒါ ဒေဟပ္ပဝတ္တနေ၊
ရောဂါနံပါတုဘာဝေစ၊ တေသံ လက္ခဏ ံမုစ္စတေ။

ရောဂါဆိုသည်မှာ ခန္ဓာကိုယ်တွင်းရှိ သက်စောင့် ဓာတ်များဖြစ်ကြသော လေသည်းခြေ၊ သလိပ်ဟူသော ဒေါသ သုံးပါးနှင့် ဓာတ်ခုနစ်ပါး၊ မလ ၁၂ ပါးတို့ မညီမညွတ်ဖောက်ပြန် သည့်အပြင် ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော

အကြောင်း တရားလေးပါးကြောင့်လည်းဖြစ်နိုင်ပေသည်။ ဒေသနာနယ ဆေးပညာခေါ် ဗုဒ္ဓအဘိဓမ္မာအခြေခံသည့်

ဆေးပညာတွင် ကံသည် အဓိကဖြစ်ပြီး အတိတ်ကံကြောင့်(သို့မဟုတ်) လက်ရှိ ဘဝပစ္စုပ္ပန်ကံကြောင့်လည်း ရုတ်တရက်လေဖြတ်နိုင်ပေသည်။

ရာသီဥတုဖောက်ပြန်ပြီး အပူအအေး မညီညွတ်၊ မမျှတမှု များကြောင့် လေဖြတ်သူများစွာရှိသည်။ ထိုသို့လေဖြတ်သူ များတွင် အချို့မှာ နှလုံး၊ သွေးတိုး၊ ဆီးချိုစသော ရောဂါ အကြောင်းခံရှိခြင်းကြောင့်

လေဖြတ်သူများဖြစ်သော်လည်း အချို့လူများမှာ မည်သည့်ရောဂါအကြောင်းရင်းခံမျှမရှိဘဲ ရုတ်တရက်

လေဖြတ်သွားသူများလည်းရှိကြောင်း တွေ့ရသည်။ လူများသာမက ဘုန်းကြီး၊ ရဟန်းများလည်း လေဖြတ်သည်ကို တွေ့ရသည်။

အခြား စာရေးသူ၏မိတ်ဆွေအမျိုးသမီးတစ်ဦးသည် လွန်ခဲ့သောရက်ပိုင်းအတွင်းက ပြင်ဦးလွင်၊ အနီးစခန်းရှိ သူကိုးကွယ်သောဘုန်းကြီးကျောင်းမှ ဆရာတော်နှင့် နေ့ဆွမ်း စားပြီးချိန်တွင် ဖုန်းပြောသည်။

အလှူအတန်းကိစ္စနှင့် သာကြောင်းမာကြောင်းများ လျှောက်ထားပြောဆိုသည်။ ထိုနေ့ မွန်းလွဲ နှစ်နာရီ ခန့်တွင် ထိုဆရာတော်ကြီး လေဖြတ်ပြီး လဲကျသွားကြောင်းဖုန်းလာသဖြင့် ထိတ်လန့် အံ့သြသွားသည် ။

‘နေ့လယ်ကပဲ တပည့်တော်နှင့်ဖုန်းပြောသေးတာပဲ . . . အကောင်းကြီးပဲ . . . ဘယ်လိုဖြစ်ရတာ

လဲဘုရား . . .’ဟု ဆက်သွယ်လာသောဦးပ ဉင်းကို မေးမြန်းလျှောက်ထားသော အခါ . . . မန္တလေးမှ ဖုန်းလာ ၍ပြောပြီးနောက် မကြာမီပင် ဖုန်းပြောသော စကားပြောခွက်ဘေးလွတ်ကျပြီး ပါးစပ်မှ

စကားမပြောနိုင်ဘဲ ပါးရွဲ့စောင်းကာ သွားရည်များထွက်ကျလာ ကြောင်း၊ မခေါ်နိုင်သဖြင့် အပြင်ဘက်မှ ကိုရင်များက တစ်နာရီ ခန့်ကြာမှတွေ့ပြီး သိရှိကြခြင်းဖြစ်ကြောင်း ပြောပြသည်။

ထိုဆရာတော်ကြီးကို ဒါယကာ၊ ဒါယိကာမများက မန္တလေးသို့ ပင့်ခေါ်ပြီး ဆေးရုံကြီးတစ်ရုံတွင် အထူးကုဖြင့် ကုသသည်။ CT Head ခေါ် ဦးနှောက် ဓာတ်မှန်ရိုက်ပြီးသော အခါ ဦးနှောက်ဘယ်ဘက်ခြမ်းအတွင်း

သွေးခဲပိတ်ဆို့သွား သဖြင့် ဆန့်ကျင်ဘက် ညာခြမ်းလေဖြတ်ကာလျှာပါရွဲ့စောင်းသွားသဖြင့် စကား မပြောနိုင်ဘဲ လေဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။ လေဖြတ်သူများတွင် ဘယ်ခြမ်းနှင့်ညာခြမ်းသန်ရာ ဖြစ်သည့်

လက်ယာဘက် (ညာဘက်) အခြမ်းလေဖြတ်လျှင် ပို၍ ဆိုးသည်။ စကားပြောဆိုသည့်အင်္ဂါ(လျှာ) ပါ

ရွဲ့စောင်းသွား သဖြင့် စကားမပြောနိုင်ဖြစ်ရသည်။ ဦးနှောက်မှသိသော်လည်း မပြောနိုင်သောဝေဒနာကို ခံစားရသဖြင့် အချို့လူနာများမှာ မျက်ရည်များကျလာကြောင်း တွေ့ရသည်။

ဤဆရာတော်ကြီး လေဖြတ်ရခြင်းအကြောင်း ရင်းခံမှာ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများရှိ၍မဟုတ်ပေ။ လွန်ခဲ့သော သုံးရက်က ဆွမ်းစားပင့်၍ ပြင်ဦးလွင်မှ မ္တလေးသို့ဆင်းလာ သည်။ မ္တလေးတွင် နေအလွန်

ပူပြင်းချိန်နှင့် ကြုံရသည် ။ စီးလာသောကားတွင် အဲယားကွန်းပါသဖြင့် တော်သေးသည်။ သို့သော် ကားအတွင်းမှဆင်းလိုက်သည်နှင့်အပူလုံးက ရိုက် သည်။ မ္တလေးသို့ရောက်ခိုက် မိမိဆရာတော်ရှိရာ

ငယ်စဉ်က စာသင်ခဲ့သည့် ကျောင်းတိုက်သို့ ကြွလိုက်သေးသည်။ ခြေကျင် ကြွသည့်အချိန်တွင် မန္တလေး၏ အပူဒဏ်ကို အတော်ပင်ခံရ သည်။ အပူတစ်လှည့် အအေးတစ်လှည့် ပြဿနာကြောင့် ပြင်ဦးလွင်

အနီးစခန်းကျောင်းသို့ ပြန်ရောက်ပြီးနောက် နှစ်ရက်လုံးခေါင်းကိုက်နေသည်။ တတိယမြောက်နေ့တွင် မကိုက်တော့ဘဲ နောက်စေ့ထဲမှအုံနေသည်။ ပုံမှန်ဖြစ်အောင် ရေချိုးပြီး နေ့ဆွမ်းဘုဉ်းပေးသည်။ ထို့နောက်

မ္တလေးမှ ဒါယိကာမဆီက ဖုန်းလာသောအခါတွင်လည်း စိတ်ပူမည်စိုး၍ ထွေထွေထူးထူးပြောပုံ မရသော်လည်း

အတူနေသူဦးပ ဉင်းကို နောက်စေ့မှထိုးနေကြောင်းပြောသည်ဟု ဆိုသည်။ ထို့နောက် တွင်တော့ လေဖြတ်သွားသည်။

လေဖြတ်ခြင်း၏အကြောင်းရင်းတရားခံမှာ ရောဂါမဟုတ် ဘဲ အပူအအေးဖြစ်တတ်သည်။ အေးသော အရပ်မှ ပူသော အရပ်သို့သွားခြင်း၊ ပူသောနေရာမှအေးသောနေရာသို့သွား ခြင်း၊ ပူလွန်းခြင်းနှင့်အေး လွန်းခြင်း

နှစ်ခုကြားတွင် အချိန်တို အတွင်းအပြောင်းအလဲလုပ်ခြင်းများကြောင့် ဦးနှောက်အတွင်း ရှိ သွေးကြောများမခံနိုင်ဘဲ ရောင်ခြင်း၊ သွေးခဲပိတ်ခြင်း၊ သွေး ကြောပေါက်ခြင်းများဖြစ်နိုင်ပေသည်။ ခေါင်းကိုက်ခြင်း

ရက်ကြာလျှင်၊ ထူးခြားစွာကိုက်လျှင်၊ နောက်စေ့မှကိုက်လျှင်၊ ခေါင်းတစ်ခြမ်းကိုက်လျှင် ကြိုတင်သတိရှိသင့်ပေသည်။

တစ်ခါက နေအလွန်ပူသောနေ့တစ်နေ့တွင် ကလေး အထူးကုဆေးခန်းတွင် မိမိကလေးကို လာပြသူ တစ်ဦးသည် တိုကင်အလှည့်မကျသေးသဖြင့် ကားစက်နှိုးထားပြီး အဲယား ကွန်းဖွင့်ထားသည်။ ကားထဲမှ

ကလေးကိုကြည့်လိုက်၊ အပြင် ထွက်ပြီး ဆရာဝန်ကခေါ်မည့်အလှည့်ကျ/မကျ ကြည့်လိုက် ပြုလုပ်ရင်း ကားနံဘေးတွင် ရုတ်တရက်လဲကျကာတက်သွား သဖြင့် ဆေးရုံပို့လိုက်ကြရသည်။ ကားထဲမှ သူ့ ကလေး မှာ

ဆေးခန်းမပြလိုက်ရမီ လူကြီးက ံHeat Stroke ခေါ် အပူရှပ် ပြီးလေဖြတ်သွားခြင်းဖြစ်သည်။ အပူအအေးကြောင့် ရုတ် တရက်သွေးကြောပေါက်ခြင်းသည် ဦးနှောက်အတွင်း သွေးယို စီးမှုဖြစ်တတ် သဖြင့်

ချက်ချင်းအသက်ဆုံးရှုံးစေနိုင်သည်။

နံနက်စောစော အိမ်ရှေ့ထွက်ပြီးဆွမ်းလောင်းသူ အသက် ရဝ ကျော်အမျိုးသမီးကြီးတစ်ဦးသည် ဆွမ်းခံကိုယ်တော်များကို ဆွမ်းလောင်းရင်း ရုတ်တရက်လဲကျကာ လေဖြတ်သွားသည်ဟု ကြားသိရဖူးသည်။ သူသည်

နံနက်သုံးနာရီခန့်မှ အိပ်ရာထပြီး ဆွမ်းနှင့်ဆွမ်းဟင်းချက်သည့်ကိစ္စကို ဆောင်ရွက်ရာမှ အအေး ပတ်ပြီးလေဖြတ်ရခြင်းဖြစ်သည်။ အနောက်တိုင်းသုတေသီ များ၏အဆိုအရ သွေးတိုးပြီးလေဖြတ်ခြင်းအတော်များများ

သည် နံနက်အိပ်ရာထချိန်နှင့်လမ်းလျှောက်ပြီး အပြန်တွင် အအေးမိခဲ့၍ဖြစ်လေ့ရှိသည်ဟုဆိုသည်။

ဆွမ်းလောင်းရင်း လေဖြတ်လဲကျသွားသူ အမေကြီးမှာ ဆေးရုံ ရောက်ပြီးနောက် အသက်ဆုံးရှုံးသွားပါသည်။ ကောင်းရာ သုဂတိရောက်မည် ထင်ပါသည်။ သံဃာတော်များမှာ ထိုအမေကြီးအတွက်

အတော်ပင်စိတ်မကောင်းဖြစ်ကြသည်ဟု သိရသည်။

ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်းတို့ကြောင့်လည်း ရုတ်တရက် လေဖြတ်နိုင်သည်။ ယခုရက်ပိုင်းအတွင်းမှာပင် မလေးရှား နိုင်ငံ၌ သွားရောက် အလုပ်လုပ်နေကြသူများ အသက်အန္တရာယ် တိုက်ခိုက်ခံရမှုများရှိလာသဖြင့်

အစိုးရက အလုပ်သမားများ သွားရောက်ခြင်းကို ချက်ချင်းရပ်စဲခဲ့ပြီး ရောက်ရှိနေပြီးသူများကို ပြန်ခေါ်သည်။ အချို့မှာ ဒဏ်ရာများ ဆေးကုသ ခံယူဆဲတန်းလန်း၊ ပတ်တီးများစည်းလျက်နှင့်ပြန်လာကြသည်ကို တွေ့ရသည် ။

ထိုသူများအထဲတွင် ရန်ကုန်တိုင်း မှော်ဘီမြို့မှ မိခင်တစ်ဦးသည် လေဆိပ်တွင် သားပြန် အလာကို သွားကြိုပြီး အသက်မသေ ပြန်လာသည့်သားကို ပွေ့ဖက်ငိုယိုရင်း အပြန်လမ်းကားပေါ် မှာပင် ရုတ်တရက်သတိလစ်ပြီး

မလှုပ်ရှားနိုင်တော့။ ရန်ကုန် ဘက်သို့ ကားပြန်လှည့်ပြီး ဆေးရုံကြီးရောက် သောအခါ အသက်မပါတော့။ ဦးနှောက်သွေးကြောပိတ်ဆို့ပြီး လေဖြတ်ရာ မှ အသက်ဆုံးသွားရခြင်း ဖြစ်ပေသည်။

ယခုရေးသားတင်ပြခဲ့သည့် ရဟန်းနှင့်လူများကိုလေ့လာ ကြည့်လျှင် အသက်ကြီး သူများဖြစ်ကြောင်းတွေ့ ရပါမည် ။ အသက်အရွယ်ကြောင့် ရာသီဥတုဒဏ်၊ အအေးပတ်သည့်ဒဏ်၊ စိတ်ထိခိုက် လှုပ်ရှားသည့် ဒဏ်တို့ကို မခံနိုင်၊

ရုတ်တရက် နှလုံးမှ လေပင့်၍ ဦးခေါင်းဦးနှောက်အတွင်းသို့ သွေးတိုးဖိအားဆောင့် တက်သွားခြင်းဒဏ်ကို ခံနိုင်သည့်အရွယ်မဟုတ်တော့သဖြင့် ရုတ်တရက် လေသင်တုန်းဖြတ်ကာ အသက်ပါသွားရခြင်းဖြစ် သည်။

အသက်ကြီးသူများတွင်ဖြစ်သဖြင့် အသက်ငယ်သူများတွင် လေသင်တုန်းမဖြတ်နိုင်ဘူးလားဟု မယူဆပါနှင့် ။

လွန်ခဲ့သည့် နှစ်က ဆယ်တန်းအောင်စာရင်းထွက်သောအခါ တိုးဝှေ့ ကြည့် ရင်း မိမိအောင်ပါလျက်နှင့်

အကြည့် မှား၍ မအောင်ဘူးထင်ကာ သတိလစ်လဲကျသွားရာမှ အသက်ဆုံးရှုံးသွားသူ အသက် ၁၆

နှစ်အရွယ် သမီးငယ်တစ်ဦးအကြောင်း စစ်ကိုင်းတိုင်းရှိ မြို့ငယ် တစ်မြို့၌ ဖြစ်ခဲ့ကြောင်း ဂျာနယ် တစ်စောင်တွင် ဖတ်လိုက် ရပါ သည်။

လေဖြတ်ခြင်းသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသောဗုဒ္ဓ ဟောကြားသည့် သမုဋ္ဌာန်လေးပါးကြောင့်ဖြစ် သည် မှန်သော် လည်း မိမိပြုသောကံအမှားကြောင့် မဆင်ခြင်မိသောအပြု အမူကြောင့် စိတ်သောကကို

မထိန်းချုပ်နိုင်သောကြောင့်လည်း ရုတ်တရက် မမျှော်လင့်ဘဲ ဖြစ်နိုင်ချေရှိသည်ကို သတိပြုနိုင်ကြ စေရန် ရေးသားတင်ပြလိုက်ရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar

Be the first to comment

Leave a Reply

Your email address will not be published.


*