ပုိက္ဆံအိတ္အလုခံရၿပီး ဓားနဲ႔မ်က္ႏွာကုိ ထုိးေျပးတာခံလုိက္ရတဲ့ ေကာင္မေလး

မေလးရွားက အသက္(၁၉)ႏွစ္အရြယ္ အေရာင္းဝန္ထမ္း ေကာင္မေလးတစ္ေယာက္ဟာ လုယက္သူတစ္ဦးရဲ႕ ရက္ရက္စက္စက္ တုိက္ခုိက္ျခင္းကို ခံခဲ့ရၿပီး မ်က္ႏွာျပင္အတြင္းကို ဓားနဲ႔ဆုိးဆုိးရြားရြား ထုိးသြင္းျခင္းကို

ခံခဲ့ရပါတယ္။ အဆုိပါ ေကာင္မေလးဟာ Penang ရပ္ကြက္ Bukit Tengah မွာတည္ရွိတဲ့ သူမရဲ႕အလုပ္ကေနအျပန္မွာ အခုလုိ အျဖစ္ဆုိး ႀကဳံခဲ့ရတာပါ။

သူမရဲ႕ပါးျပင္ေပၚမွာ ဓားတစ္ေခ်ာင္းဟာ အဆုံးထိ ဝင္လုခမန္းျဖစ္ေနတာကို ၾကက္သီးထဖြယ္ရာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သူမရဲ႕အဆုိအရ အလုပ္ကအျပန္ လူေျခတိတ္ၿပီး ေမွာင္မုိက္ေနတဲ့ လမ္းတစ္ခုမွာ

ပစၥည္းလုယက္သူေတြနဲ႔ ဆုံေတြ႕ခဲ့တာျဖစ္ၿပီး မ်က္ႏွာကို ဓားနဲ႔အထုိးခံလုိက္ရျခင္းေၾကာင့္ ရင္ဘတ္ေပၚအထိေသြးေတြစီးက်ေနပါတယ္။

ပစၥည္းလုယက္ဖုိ႔ ႀကိဳးစားတဲ့တရားခံဟာ သူမရဲ႕ ေဘးလြယ္အိတ္ကို လုယူဖုိ႔ ႀကိဳးစားတာျဖစ္ၿပီး သူမက ျပန္လည္တုိက္ခုိက္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ လူဆုိးက အလြန္ေဒါသထြက္ၿပီး သူမရဲ႕ ပါးျပင္အတြင္းကို

ဓားနဲ႔ရက္ရက္စက္စက္ ထုိးစုိက္ခဲ့တာ ျဖစ္ပါတယ္။ လူဆုိးဟာ သူမရဲ႕ ပိုက္ဆံအိတ္နဲ႔အတူ ေနရာကေန အျမန္ဆုံးေျပးထြက္သြားခဲ့ပါတယ္။

ကာယကံရွင္အမ်ိဳးသမီးရဲ႕အမည္ကို သတင္းမွာ ထည့္သြင္းေရးသားျခင္း မရွိဘဲ၊ သူမကေတာ့ မ်က္ႏွာအတြင္းကို ဓားနက္နက္႐ႈိင္း႐ႈိင္း ထုိးသြင္းခံထားရတာေတာင္မွာ သတိေကာင္းစြာရွိေနေသးၿပီး ကုိယ္တုိင္တုိင္ၾကားခ်က္

ဖြင့္ခဲ့တာပါ။ သူမကို အေရးေပၚလူနာတင္ကားက လာေရာက္ေခၚဆုိခဲ့ၿပီး Bukit Mertajam ေဆး႐ုံကုိ အျမန္ပုိ႔ေပးခဲ့ပါတယ္။ အခုအခ်ိန္ထိေတာ့ ျပစ္မႈက်ဴးလြန္သူကို မဖမ္းမိေသးပါဘူး။

ေနသူရိန္
MyanmarNote
Source : thesun.co.uk

Unicode Version

ပိုက်ဆံအိတ်အလုခံရပြီး ဓားနဲ့မျက်နှာကို ထိုးပြေးတာခံလိုက်ရတဲ့ ကောင်မလေး

မလေးရှားက အသက်(၁၉)နှစ်အရွယ် အရောင်းဝန်ထမ်း ကောင်မလေးတစ်ယောက်ဟာ လုယက်သူတစ်ဦးရဲ့ ရက်ရက်စက်စက် တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး မျက်နှာပြင်အတွင်းကို ဓားနဲ့ဆိုးဆိုးရွားရွား ထိုးသွင်းခြင်းကို

ခံခဲ့ရပါတယ်။ အဆိုပါ ကောင်မလေးဟာ Penang ရပ်ကွက် Bukit Tengah မှာတည်ရှိတဲ့ သူမရဲ့အလုပ်ကနေအပြန်မှာ အခုလို အဖြစ်ဆိုး ကြုံခဲ့ရတာပါ။

သူမရဲ့ပါးပြင်ပေါ်မှာ ဓားတစ်ချောင်းဟာ အဆုံးထိ ဝင်လုခမန်းဖြစ်နေတာကို ကြက်သီးထဖွယ်ရာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူမရဲ့အဆိုအရ အလုပ်ကအပြန် လူခြေတိတ်ပြီး မှောင်မိုက်နေတဲ့ လမ်းတစ်ခုမှာ

ပစ္စည်းလုယက်သူတွေနဲ့ ဆုံတွေ့ခဲ့တာဖြစ်ပြီး မျက်နှာကို ဓားနဲ့အထိုးခံလိုက်ရခြင်းကြောင့် ရင်ဘတ်ပေါ်အထိ သွေးတွေစီးကျနေပါတယ်။

ပစ္စည်းလုယက်ဖို့ ကြိုးစားတဲ့တရားခံဟာ သူမရဲ့ ဘေးလွယ်အိတ်ကို လုယူဖို့ ကြိုးစားတာဖြစ်ပြီး သူမက ပြန်လည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ လူဆိုးက အလွန်ဒေါသထွက်ပြီး သူမရဲ့ ပါးပြင်အတွင်းကို

ဓားနဲ့ရက်ရက်စက်စက် ထိုးစိုက်ခဲ့တာ ဖြစ်ပါတယ်။ လူဆိုးဟာ သူမရဲ့ ပိုက်ဆံအိတ်နဲ့အတူ နေရာကနေ အမြန်ဆုံးပြေးထွက်သွားခဲ့ပါတယ်။

ကာယကံရှင်အမျိုးသမီးရဲ့အမည်ကို သတင်းမှာ ထည့်သွင်းရေးသားခြင်း မရှိဘဲ၊ သူမကတော့ မျက်နှာအတွင်းကို ဓားနက်နက်ရှိုင်းရှိုင်း ထိုးသွင်းခံထားရတာတောင်မှာ သတိကောင်းစွာရှိနေသေးပြီး

ကိုယ်တိုင်တိုင်ကြားချက် ဖွင့်ခဲ့တာပါ။ သူမကို အရေးပေါ်လူနာတင်ကားက လာရောက်ခေါ်ဆိုခဲ့ပြီး Bukit

Mertajam ဆေးရုံကို အမြန်ပို့ပေးခဲ့ပါတယ်။ အခုအချိန်ထိတော့ ပြစ်မှုကျူးလွန်သူကို မဖမ်းမိသေးပါဘူး။
နေသူရိန်

MyanmarNote
Source : thesun.co.uk

Be the first to comment

Leave a Reply

Your email address will not be published.


*