ကမ႓ာ့အတြင္းပိုင္း ဘယ္သူမွမတူးဖူးသည္႔ေနရာထိ ေရာက္ေအာင္တူးမည္ဟုဆိုေသာ ဂ်ပန္

က်ေနာ္တို႔ ကမ႓ာေျမႀကီးဟာ ၾကက္သြန္နီလို အလႊာအထပ္ထပ္နဲ႔ ဖံုးအုပ္ထားတဲ့ ေဘာလံုးႀကီးတစ္လံုးလိုပါပဲ။

ေျမထုလႊာေတြရဲ႕ အေပၚ (တနည္း) ကမ႓ာေပၚမွာ က်ေနာ္တို႔ ေနထိုင္ၾကၿပီး ေလထု အလႊာေတြရဲ႕ေအာက္မွာ သက္ရွိသတၱဝါေတြ ရွင္သန္ၾကပါတယ္။

လက္ရွိ တူးေဖာ္ေနၾကတဲ့ ေရနံ၊ သဘာဝဓါတ္ေငြ႕ဆိုတာ ေျမျပင္မွ သိပ္မကြာေဝးလွတဲ့ ေနရာကေန ရရွိေနတဲ့ သဘာဝသယံဇာတ

(႐ုပ္ႂကြင္းေလာင္စာ) မ်ားျဖစ္ပါတယ္။ ကမ႓ာ့အတြင္းပိုင္းကို ဘယ္သူမွ မတူးၾကည့္ဖူးေသးပါဘူး..။

ကမ႓ာ့အတြင္းအက်ဆံုးအပိုင္းမွာ သံ၊ နီကယ္တို႔နဲ႔ အဓိက ဖြဲ႕စည္းထားတဲ့ အႏွစ္ဆံ (Core) တစ္ခုရွိပါတယ္။ အတြင္းအႏွစ္ (Inner Core) နဲ႔ အျပင္အႏွစ္ (Outer Core) ဆိုၿပီး ခြဲျခားလို႔ရပါတယ္။

သူတို႔ရဲ႕ အျပင္ဘက္မွာေတာ့ Mantle (မန္တယ္လ္) လို႔ေခၚတဲ့ ေပ်ာ့ဖတ္ဖတ္ အရည္ပူ (တနည္) ေခ်ာ္ရည္ပူ ေတြရွိပါတယ္။ မီးေတာင္ေပါက္ကြဲတဲ့အခါေတြမွာ မီးေတာင္ေခ်ာ္ရည္အျဖစ္ ထြက္လာတတ္ၾကပါတယ္။

သူတို႔လႈပ္ရွား (ေရြ႕လ်ား) တဲ့အခါ လႊာတြန္႔ျခင္း၊ လႊာထပ္ျခင္း၊ ငလ်င္လႈပ္ျခင္း အစရွိတဲ့ အက်ိဳးဆက္ေတြျဖစ္ေပၚတတ္ပါတယ္။ (ဒုတိယပံု)

Mantle ဟာ ကမ႓ာ တစ္ခုလံုး ဧရိယာရဲ႕ ၈၀% ေလာက္ရွိပါတယ္။ ေျမျပင္မွ မိုင္ ၂၀ ေက်ာ္အကြာမွာ ရွိပါတယ္။ ဒီေနရာကို ဘယ္သူမွ (ဘယ္ႏိုင္ငံမွ်) မတူးၾကည့္ဖူးေသးပါဘူး။

၁၉၇၀ ေလာက္ကစၿပီး တူးေဖာ္ခဲ့တဲ့ ႐ုရွားက Kola Superdeep Borehole တြင္းဟာ လူေတြတူးခဲ့သမွ် အနက္ဆံုးတြင္းျဖစ္ၿပီး ၁၂ ကီလိုမီတာ (၇.၅ မိုင္) ေလာက္သာ ရွိတာျဖစ္ပါတယ္။

၂၀၀၇ ေလာက္က အဲ့ဒီ့တြင္းထဲကေန အသံေတြၾကားရတယ္ဆိုၿပီး ေကာလဟလေတြထြက္ခဲ့ပါေသးတယ္

ယခု ဂ်ပန္ႏိုုင္ငံမွ တူးမယ့္ အစီအစဥ္ကေတာ့ Japan Agency for Marine-Earth Science and Technology (JAMSTEC) ကေန ဦးေဆာင္ၿပီး

“Chikyu” (ခ်ီကူ) လို႔ အမည္ေပးထားတဲ့ သေဘၤာႀကီးနဲ႔ သမုဒၵရာေရေအာက္မ်က္ႏွာျပင္ (ၾကမ္းျပင္) ကေန တူးမွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ေနရာေရြးခ်ယ္ဖို႔အတြက္ သုေတသန လုပ္ငန္းေတြ ေဆာင္ရြက္လ်က္ရွိၿပီး Mantle အလႊာထိေရာက္ေအာင္ တူးမွာပါ။

(လက္ရွိေရြးခ်ယ္ထားတာကေတာ့ ေျမေအာက္မီးေတာင္ေတြရွိတဲ့ ဟာဝိုင္အီ ကြ်န္းအနီးမွာျဖစ္ၿပီး အရံအေနနဲ႔ ကိုစတာရီကာ နဲ႔ မကၠဆီကို ပင္လယ္ေကြ႕အနီးကို လ်ာထားပါတယ္။)

ဒီတူးေဖာ္မႈေၾကာင့္ ေျမငလ်င္ျဖစ္ေပၚမႈအပါအဝင္ အျခား ဘူမိေဗဒ နဲ႔ ပထဝီဆိုင္ရာ ေတြ႕ရွိခ်က္ေတြကို ပိုမို အေသးစိပ္ ေလ့လာေတြ႕ရွိႏိုင္မွာျဖစ္ၿပီး..

တဖက္ကလည္း ရာသီဥတု နဲ႔ သဘာဝ ေဂဟစနစ္ အေပၚ ဘယ္လိုအက်ိဳးသက္ေရာက္ႏိုင္မလဲဆိုတာ ေသခ်ာေလ့လာရမွာပါ။

ဤတူးေဖာ္ျခင္း လုပ္ငန္းကို ၂၀၃၀ ခုႏွစ္ေလာက္မွာ စၿပီး တူးေဖာ္မွာပဲ ျဖစ္ပါေတာ့တယ္။

အနာဂတ္ပညာေရးအတြက္..

သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

Unicode

ကမ႓ာ့အတွင်းပိုင်း ဘယ်သူမှမတူးဖူးသည့်နေရာထိ ရောက်အောင်တူးမည်ဟုဆိုသော ဂျပန်

ကျနော်တို့ ကမ႓ာမြေကြီးဟာ ကြက်သွန်နီလို အလွှာအထပ်ထပ်နဲ့ ဖုံးအုပ်ထားတဲ့ ဘောလုံးကြီးတစ်လုံးလိုပါပဲ။ မြေထုလွှာတွေရဲ့ အပေါ် (တနည်း) ကမ႓ာပေါ်မှာ ကျနော်တို့ နေထိုင်ကြပြီး လေထု

အလွှာတွေရဲ့အောက်မှာ သက်ရှိသတ္တဝါတွေ ရှင်သန်ကြပါတယ်။

လက်ရှိ တူးဖော်နေကြတဲ့ ရေနံ၊ သဘာဝဓါတ်ငွေ့ဆိုတာ မြေပြင်မှ သိပ်မကွာဝေးလှတဲ့ နေရာကနေ

ရရှိနေတဲ့ သဘာဝသယံဇာတ (ရုပ်ကြွင်းလောင်စာ) များဖြစ်ပါတယ်။ ကမ႓ာ့အတွင်းပိုင်းကို ဘယ်သူမှ မတူးကြည့်ဖူးသေးပါဘူး..။

ကမ႓ာ့အတွင်းအကျဆုံးအပိုင်းမှာ သံ၊ နီကယ်တို့နဲ့ အဓိက ဖွဲ့စည်းထားတဲ့ အနှစ်ဆံ (Core)

တစ်ခုရှိပါတယ်။ အတွင်းအနှစ် (Inner Core) နဲ့ အပြင်အနှစ် (Outer Core) ဆိုပြီး ခွဲခြားလို့ရပါတယ်။

သူတို့ရဲ့ အပြင်ဘက်မှာတော့ Mantle (မန်တယ်လ်) လို့ခေါ်တဲ့ ပျော့ဖတ်ဖတ် အရည်ပူ (တနည်း) ချော်ရည်ပူ တွေရှိပါတယ်။ မီးတောင်ပေါက်ကွဲတဲ့အခါတွေမှာ မီးတောင်ချော်ရည်အဖြစ် ထွက်လာတတ်ကြပါတယ်။

သူတို့လှုပ်ရှား (ရွေ့လျား) တဲ့အခါ လွှာတွန့်ခြင်း၊ လွှာထပ်ခြင်း၊ ငလျင်လှုပ်ခြင်း အစရှိတဲ့ အကျိုးဆက်တွေဖြစ်ပေါ်တတ်ပါတယ်။ (ဒုတိယပုံ)

Mantle ဟာ ကမ႓ာ တစ်ခုလုံး ဧရိယာရဲ့ ၈၀% လောက်ရှိပါတယ်။ မြေပြင်မှ မိုင် ၂၀ ကျော်အကွာမှာ ရှိပါတယ်။ ဒီနေရာကို ဘယ်သူမှ (ဘယ်နိုင်ငံမျှ) မတူးကြည့်ဖူးသေးပါဘူး။ ၁၉၇၀ လောက်ကစပြီး

တူးဖော်ခဲ့တဲ့ ရုရှားက Kola Superdeep Borehole တွင်းဟာ လူတွေတူးခဲ့သမျှ အနက်ဆုံးတွင်းဖြစ်ပြီး

၁၂ ကီလိုမီတာ (၇.၅ မိုင်) လောက်သာ ရှိတာဖြစ်ပါတယ်။ ၂၀၀၇ လောက်က အဲ့ဒီ့တွင်းထဲကနေ အသံတွေကြားရတယ်ဆိုပြီး ကောလဟလတွေထွက်ခဲ့ပါသေးတယ်။

ယခု ဂျပန်နိုုင်ငံမှ တူးမယ့် အစီအစဉ်ကတော့ Japan Agency for Marine-Earth Science and Technology (JAMSTEC) ကနေ ဦးဆောင်ပြီး “Chikyu” (ချီကူ) လို့ အမည်ပေးထားတဲ့ သင်္ဘောကြီးနဲ့

သမုဒ္ဒရာရေအောက်မျက်နှာပြင် (ကြမ်းပြင်) ကနေ တူးမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ နေရာရွေးချယ်ဖို့အတွက် သုတေသန လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပြီး Mantle အလွှာထိရောက်အောင် တူးမှာပါ။ (လက်ရှိရွေးချယ်ထားတာကတော့ မြေအောက်မီးတောင်တွေရှိတဲ့

ဟာဝိုင်အီ ကျွန်းအနီးမှာဖြစ်ပြီး အရံအနေနဲ့ ကိုစတာရီကာ နဲ့ မက္ကဆီကို ပင်လယ်ကွေ့အနီးကို လျာထားပါတယ်။)

ဒီတူးဖော်မှုကြောင့် မြေငလျင်ဖြစ်ပေါ်မှုအပါအဝင် အခြား ဘူမိဗေဒ နဲ့ ပထဝီဆိုင်ရာ တွေ့ရှိချက်တွေကို ပိုမို အသေးစိပ် လေ့လာတွေ့ရှိနိုင်မှာဖြစ်ပြီး.. တဖက်ကလည်း ရာသီဥတု နဲ့ သဘာဝ ဂေဟစနစ် အပေါ်

ဘယ်လိုအကျိုးသက်ရောက်နိုင်မလဲဆိုတာ သေချာလေ့လာရမှာပါ။

ဤတူးဖော်ခြင်း လုပ်ငန်းကို ၂၀၃၀ ခုနှစ်လောက်မှာ စပြီး တူးဖော်မှာပဲ ဖြစ်ပါတော့တယ်။

အနာဂတ်ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

crd-akhamaet

Be the first to comment

Leave a Reply

Your email address will not be published.


*