ပရိသတ္ကို အဆြဲေဆာင္ႏုိင္ဆံုး တက္သစ္စ ဆယ္လီအမ်ိဳးသမီး (၇)ဦး

တက္သစ္စ ဆယ္လီအမ်ိဳးသမီးေလးေတြ အမ်ားႀကီး ေပၚထြက္တဲ့အထဲမွာ အမ်ဳိးသားပရိသတ္အမ်ားစု ၀န္းရံခံရဖို႔ဆုိတာ ေတာ္႐ံုစန္းနဲ႔ေတာ့ မရပါဘူး။ ဒီမိန္းမေခ်ာေလးေတြက ပုရိသတို႕ရဲ႕ အားေပးမႈကို ရရွိလာ႐ံုမက

မိန္းကေလးပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈေတြကိုပါ ရရွိလာၾကသူေတြပါ။ ကိုယ့္အႀကိဳက္နဲ႔ ထပ္တူက်ေနမလားဆုိတာ ၾကည့္ၾကည့္ပါဦး။

၁။ ပိုးမမွီသာ

ပိုးမမွီသာကို စုိင္းစိုင္းခမ္းလိႈင္ သီဆိုထားတဲ့ သဂၤါရသီခ်င္းတစ္ပုဒ္မွာ ပရိသတ္ေတြ စသိခဲ့တာ ျဖစ္ပါတယ္။ ပထမဆံုး စတင္သ႐ုပ္ေဆာင္ခဲ့တဲ့ အဲဒီသီခ်င္းမွာပဲ ပိုးမမွီသာက ပရိသတ္ေတြ အမ်ားႀကီး ရရွိလုိက္ပါတယ္။

ပိုးမမွီသာက ရန္ကုန္ေဆးတကၠသိုလ္ (၁) မွာ တက္ေနတဲ့ ေဆးေက်ာင္းသူေလး ျဖစ္ပါတယ္။ ေအးခ်မ္းလွပတဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္ထားတဲ့ သူမဟာ အခုဆိုရင္ ေယာက်ာ္းေလး ပရိသတ္ေတြသာမက မိန္းကေလး

ပရိသတ္ေတြရဲ႕ အားေပးမႈကိုပါ ရရွိေနသူ တစ္ဦး ျဖစ္ပါတယ္။ ပိုးမမွီသာဟာ ေဖ့စ္ဘြတ္အေကာင့္ ကိုလည္း Poe

Mamhe Thar ဆိုတဲ့ နာမည္နဲ႕ သံုးေနတာ ျဖစ္ၿပီး Follower တစ္သိန္းေက်ာ္ကို ပိုင္ဆိုင္ထားသူေလးလည္း ျဖစ္ပါတယ္။

၂။ ယမင္းေမဦး

ယမင္းေမဦးဟာ သရုပ္ေဆာင္သစ္တစ္ေယာက္ျဖစ္ပါတယ္။ အႏုပညာေလာကမွာ ေနရာတစ္ေနရာရေအာင္
ႀကိဳးစားေနသူေလး ျဖစ္ၿပီး အခုဆိုရင္ ဇာတ္ကားေတြလည္း ေတာ္ေတာ္ရုိက္ကူးလာရပါၿပီ။ အသားျဖဴျဖဴ

အရပ္ရွည္ရွည္ေလးနဲ႕ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္ထားတဲ့ သူမဟာ ရခိုင္တိုင္းရင္းသူေလးပါ။ သရဲဆိုတာ ဂ်ိဳနဲ႕လား ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားမွာ စတင္ပါဝင္ခဲ့ၿပီးေတာ့ အခုဆိုရင္ ပရိသတ္ေတြ

ေတာ္ေတာ္သိေနၾကပါၿပီ။ ေဖ့စ္ဘြတ္မွာလည္း သူမရဲ႕ လႈပ္ရွားမႈ ပံုရိပ္ေလးေတြကို အၿမဲတမ္း တင္ေလ့ရွိသူ ျဖစ္ပါတယ္။

သူမက Yamin May Oo ဆိုတဲ့ ေဖ့စ္ဘြတ္အေကာင့္ေလးကို အၿမဲတမ္းသံုးျဖစ္ၿပီး ပရိသတ္ေတြနဲ႕ အဆက္အသြယ္လုပ္ျဖစ္တယ္လို႕လည္း သိရပါတယ္။

၃။ အဲလစ္အုန္း

သူေလးက Photo Model တစ္ဦးျဖစ္ၿပီး သရုပ္ေဆာင္သစ္တစ္ေယာက္လည္း ျဖစ္ပါတယ္။ Dimension (မ်က္ႏွာျပင္မ်ား) ႐ုပ္ရွင္ကားမွာပါလည္း ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ေသးသြယ္တဲ့ခႏၶာကိုယ္အခ်ိဳးအစားနဲ႕

ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္ထားသူေလးျဖစ္တာေၾကာင့္ ပရိသတ္အားေပးမႈ ရရွိထားသူေလး ျဖစ္ပါတယ္။

Alice Ong ဆိုတဲ့ ကိုယ္ပိုင္ေဖ့စ္ဘြတ္အေကာင့္ေလးကို သံုးေနၿပီး ပရိသတ္ေတြနဲ႕ အဆက္အသြယ္မျပတ္ေအာင္ သူမရဲ႕ လႈပ္ရွားမႈေလးေတြကို အၿမဲတမ္း တင္ျဖစ္ေနတာလည္း ေတြ႕ရပါတယ္။ အခုဆုိရင္

အဲလစ္ရဲ႕ေဖ့စ္ဘြတ္အေကာင့္က Followers တစ္သိန္း ႏွစ္ေသာင္းေက်ာ္နဲ႔ ပရိသတ္အခုိင္မာ ရွိေနပါၿပီ။

၄။ သင္ဇာ

သင္ဇာကေတာ့ သရုပ္ေဆာင္နဲ႕ အဆိုေတာ္ေလာကမွာ ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိထားတဲ့ ဝါဆိုမိုးဦးရဲ႕ ညီမေလး ျဖစ္ပါတယ္။ အမလိုပဲ အႏုပညာကို ဝါသနာပါသူ တစ္ဦးျဖစ္ၿပီး အႏုပညာေလာကထဲသို႕

ေျခလွမ္း စလွမ္းေနတဲ့ သူဆိုရင္လည္းမမွားပါဘူး။ သင္ဇာဟာ ဇာတ္လမ္းေတြလည္း စတင္ရိုက္ကူးေနပါၿပီ။ အမျဖစ္သူနဲ႕ ဗီဒိယိုဇာတ္ကားရိုက္ကူးတာေတြ ပြဲေတြတက္တာေတြ လုပ္ေနပါၿပီ။ သင္ဇာက

ႏိုင္ငံတကာဆက္ဆံေရးနဲ႕ ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္မွာပညာသင္ယူေနတာ ျဖစ္ပါတယ္။ အခုလက္ရွိမွာေတာ့ ပညာေရးတစ္ဖက္နဲ႕ အႏုပညာအလုပ္ေတြ စလုပ္ေနသူပါ။

Thinzar Tz ဆိုတဲ့ နာမည္နဲ႕ ေဖ့စ္ဘြတ္သံုးေနၿပီး သူမရဲ႕ လႈပ္ရွားမႈေလးေတြကို အၿမဲတမ္း တင္တတ္သူလည္း ျဖစ္ပါတယ္။

၅။ ေမတိုးခိုင္

အကယ္ဒမီ သရုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္ရဲ႕ တူမေလး ေမတိုးခိုင္က ေယာက်္ာေလး ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိထားသူေလးပါ။ သူ႔ရဲ႕ခပ္မိမိစတိုင္ကို သေဘာက်တဲ့ မိန္းကေလးပရိသတ္ေတြလည္း မနည္းလွပါဘူး။ အခုဆိုရင္

သူမကို ဇာတ္ကားေတြ ရိုက္ကူးဖို႕ ကမ္းလွမ္းထားတာေတြေတာင္ရွိေနပါၿပီ။ ေမလအတြင္းမွာပဲ အသက္(၂၃)ႏွစ္ျပည့္သြားတဲ့ ေမတိုးခိုင္ေလးဟာ အေဒၚနဲ႔ ႐ုပ္ခ်င္းဆင္ၿပီး ႏုနယ္တဲ့ ႐ုပ္ရည္ရွိၿပီး

စကားေျပာရင္လည္း ပြင့္လင္းလွတာေၾကာင့္ လူခ်စ္လူခင္မ်ားပါတယ္။ အႏုပညာအလုပ္ေတြ စလုပ္ျဖစ္ေနတဲ့

သူမကအႏုပညာပိုင္းနဲ႕ ပတ္သက္လို႕ အေဒၚျဖစ္သူ အိျႏၵာေက်ာ္ဇင္ဆီက ၁၀၀ရာခိုင္ႏႈန္း ေထာက္ပ့ံမႈေတြ ရတယ္လို႕ အင္တာဗ်ဴးေတြမွာ ေျဖဖူးပါတယ္။

ေမတိုးခိုင္ဟာ May T. Khine ဆိုတဲ့ ေဖ့စ္ဘြတ္အေကာင့္နဲ႕ May Toe Khine – ေမတိုးခိုင္ ဆိုတဲ့ ေဖ့စ္ဘြတ္ေပ့ခ်္တို႕ကို အသံုးျပဳၿပီး သူမရဲ႕ လႈပ္ရွားမႈေလးေတြကို တင္ျဖစ္ေနပါတယ္။

၆။ ယဥ္လက္

ရိုးရိုးယဥ္ယဥ္ေလးနဲ႕ ခ်စ္စရာဟန္ေလးကို ပိုင္ဆိုင္ထားသူေလးက သရုပ္ေဆာင္ယဥ္လက္ပါ။ သရုပ္ေဆာင္သစ္တစ္ဦးျဖစ္ေပမယ့္လည္း သူမပါဝင္ထားတဲ့ ဇာတ္ကားေတြနဲ႕ သူမသရုပ္ေဆာင္တဲ့

ကာရိုက္တာပိုင္းေတြဟာ ပရိသတ္ေတြၾကား အႀကိဳက္ေတြ႕ေစခဲ့ပါတယ္။ ဖိုက္တင္ခန္းေတြနဲ႕ နာမည္ႀကီးခဲ့တဲ့ သူမက တိုက္ကြမ္ဒို ခါးပတ္နက္ ရရွိထားသူေလးလည္း ျဖစ္ပါတယ္။ သူမကို သရာေစာထိ ရုပ္ရွင္ဇာတ္ကားကေန

ပရိသတ္ေတြပိုသတိထားမိတာ ျဖစ္ၿပီး ၿပီးခဲ့တဲ့ လပိုင္းေလာက္က ထုတ္လႊင့္ျပသခဲ့တဲ့ စစ္ကိုမုန္း၍တိုက္ခဲ့သည္

ဇာတ္လမ္းမွာ “ခင္ေလး” အမည္နဲ႔ ထူးေအာင္ (ဦးေက်ာ္) နဲ႔ အတြဲညီညီ သ႐ုပ္ေဆာင္ႏုိင္တဲ့အတြက္ ပရိသတ္အားေပးမႈ ပိုမိုရရွိလာခဲ့ပါတယ္။

သူမကYin Letဆိုတဲ့ ေဖ့စ္ဘြတ္အေကာင့္ကိုပဲ အသံုးၿပဳၿပီး သူမရဲ႕ လႈပ္ရွားမႈေလးေတြကို ပရိသတ္ေတြ အသိေပးေနသူျဖစ္ပါတယ္။

၇။ ပန္းေရာင္ျခယ္

ပန္းေရာင္ျခယ္ေလးကေတာ့ အဆုိေတာ္ ဂေရဟမ္ရဲ႕သမီးႀကီး ျဖစ္ပါတယ္။ ဖခင္ရဲ႕ Wake up Daddy သီခ်င္းေခြမွာ ပါဝင္သီဆုိၿပီးတဲ့ေနာက္ ပရိသတ္စတင္ သတိထားမိလာပါတယ္။ အဲဒီေနာက္ သာယာတဲ့ အသံေလးနဲ႔

ခ်စ္စရာေကာင္းတဲ့ မ်က္နွာေလးေၾကာင့္ ပန္းေရာင္ျခယ္ဟာ အမ်ဳိးသားပရိသတ္ေတြရဲ႕ စိတ္ကူးထဲက ေကာင္မေလး

ျဖစ္လာတဲ့သူပါ။ အခုဆိုရင္ သူမရဲ႕ တစ္ကုိယ္ေတာ္အေခြအတြက္ျပင္ဆင္ေနၿပီးေတာ့ ေဖ်ာ္ေျဖပြဲေတြလည္း ဆက္တုိက္ ျပဳလုပ္ေနပါတယ္။

ဆံပင္ရွည္ေလးနဲ႔ ႏူးည့ံတဲ့ အလွကို ပိုင္ဆုိင္ထားတဲ့ ပန္းေရာင္ျခယ္ရဲ႕ Pan Yaung Chel ဆိုတဲ့ ေဖ့စ္ဘြတ္ေပ့ခ်္ေလးကို Like လုပ္ထားတဲ့ ပရိသတ္က ၅ သိန္းေက်ာ္ေတာင္ ရွိေနပါၿပီ။

Credit – hlataw

Unicode

ဘယ်သူ့ကို အချစ်ဆုံးလဲ ပြောသွားနော်။

တက်သစ်စ ဆယ်လီအမျိုးသမီးလေးတွေ အများကြီး ပေါ်ထွက်တဲ့အထဲမှာ အမျိုးသားပရိသတ်အများစု ၀န်းရံခံရဖို့ဆိုတာ တော်ရုံစန်းနဲ့တော့ မရပါဘူး။ ဒီမိန်းမချောလေးတွေက ပုရိသတို့ရဲ့ အားပေးမှုကို ရရှိလာရုံမက

မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကိုပါ ရရှိလာကြသူတွေပါ။ ကိုယ့်အကြိုက်နဲ့ ထပ်တူကျနေမလားဆိုတာ ကြည့်ကြည့်ပါဦး။

၁။ ပိုးမမှီသာ

ပိုးမမှီသာကို စိုင်းစိုင်းခမ်းလှိုင် သီဆိုထားတဲ့ သင်္ဂါရသီချင်းတစ်ပုဒ်မှာ ပရိသတ်တွေ စသိခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး စတင်သရုပ်ဆောင်ခဲ့တဲ့ အဲဒီသီချင်းမှာပဲ ပိုးမမှီသာက ပရိသတ်တွေ အများကြီး ရရှိလိုက်ပါတယ်။

ပိုးမမှီသာက ရန်ကုန်ဆေးတက္ကသိုလ် (၁) မှာ တက်နေတဲ့ ဆေးကျောင်းသူလေး ဖြစ်ပါတယ်။ အေးချမ်းလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူမဟာ အခုဆိုရင် ယောကျာ်းလေး ပရိသတ်တွေသာမက

မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကိုပါ ရရှိနေသူ တစ်ဦး ဖြစ်ပါတယ်။ ပိုးမမှီသာဟာ ဖေ့စ်ဘွတ်အကောင့် ကိုလည်း Poe Mamhe Thar ဆိုတဲ့ နာမည်နဲ့ သုံးနေတာ ဖြစ်ပြီး Follower

တစ်သိန်းကျော်ကို ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်။

၂။ ယမင်းမေဦး

ယမင်းမေဦးဟာ သရုပ်ဆောင်သစ်တစ်ယောက်ဖြစ်ပါတယ်။ အနုပညာလောကမှာ နေရာတစ်နေရာရအောင် ကြိုးစားနေသူလေး ဖြစ်ပြီး အခုဆိုရင် ဇာတ်ကားတွေလည်း တော်တော်ရိုက်ကူးလာရပါပြီ။ အသားဖြူဖြူ

အရပ်ရှည်ရှည်လေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူမဟာ ရခိုင်တိုင်းရင်းသူလေးပါ။ သရဲဆိုတာ ဂျိုနဲ့လား ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ စတင်ပါဝင်ခဲ့ပြီးတော့ အခုဆိုရင် ပရိသတ်တွေ

တော်တော်သိနေကြပါပြီ။ ဖေ့စ်ဘွတ်မှာလည်း သူမရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကို အမြဲတမ်း တင်လေ့ရှိသူ ဖြစ်ပါတယ်။

သူမက Yamin May Oo ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်လေးကို အမြဲတမ်းသုံးဖြစ်ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်လုပ်ဖြစ်တယ်လို့လည်း သိရပါတယ်။

၃။ အဲလစ်အုန်း

သူလေးက Photo Model တစ်ဦးဖြစ်ပြီး သရုပ်ဆောင်သစ်တစ်ယောက်လည်း ဖြစ်ပါတယ်။ Dimension (မျက်နှာပြင်များ) ရုပ်ရှင်ကားမှာပါလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

သေးသွယ်တဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသူလေးဖြစ်တာကြောင့် ပရိသတ်အားပေးမှု ရရှိထားသူလေး ဖြစ်ပါတယ်။

Alice Ong ဆိုတဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်အကောင့်လေးကို သုံးနေပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သူမရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲတမ်း တင်ဖြစ်နေတာလည်း တွေ့ရပါတယ်။ အခုဆိုရင်

အဲလစ်ရဲ့ဖေ့စ်ဘွတ်အကောင့်က Followers တစ်သိန်း နှစ်သောင်းကျော်နဲ့ ပရိသတ်အခိုင်မာ ရှိနေပါပြီ။

၄။ သင်ဇာ

သင်ဇာကတော့ သရုပ်ဆောင်နဲ့ အဆိုတော်လောကမှာ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ဝါဆိုမိုးဦးရဲ့ ညီမလေး ဖြစ်ပါတယ်။ အမလိုပဲ အနုပညာကို ဝါသနာပါသူ တစ်ဦးဖြစ်ပြီး အနုပညာလောကထဲသို့

ခြေလှမ်း စလှမ်းနေတဲ့ သူဆိုရင်လည်းမမှားပါဘူး။ သင်ဇာဟာ ဇာတ်လမ်းတွေလည်း စတင်ရိုက်ကူးနေပါပြီ။

အမဖြစ်သူနဲ့ ဗီဒိယိုဇာတ်ကားရိုက်ကူးတာတွေ ပွဲတွေတက်တာတွေ လုပ်နေပါပြီ။ သင်ဇာက နိုင်ငံတကာဆက်ဆံရေးနဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာပညာသင်ယူနေတာ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့

ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေ စလုပ်နေသူပါ။

Thinzar Tz ဆိုတဲ့ နာမည်နဲ့ ဖေ့စ်ဘွတ်သုံးနေပြီး သူမရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲတမ်း တင်တတ်သူလည်း ဖြစ်ပါတယ်။

၅။ မေတိုးခိုင်

အကယ်ဒမီ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမလေး မေတိုးခိုင်က ယောကျ်ာလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူလေးပါ။ သူ့ရဲ့ခပ်မိမိစတိုင်ကို သဘောကျတဲ့ မိန်းကလေးပရိသတ်တွေလည်း

မနည်းလှပါဘူး။ အခုဆိုရင် သူမကို ဇာတ်ကားတွေ ရိုက်ကူးဖို့ ကမ်းလှမ်းထားတာတွေတောင်ရှိနေပါပြီ။ မေလအတွင်းမှာပဲ အသက်(၂၃)နှစ်ပြည့်သွားတဲ့ မေတိုးခိုင်လေးဟာ အဒေါ်နဲ့ ရုပ်ချင်းဆင်ပြီး နုနယ်တဲ့

ရုပ်ရည်ရှိပြီး စကားပြောရင်လည်း ပွင့်လင်းလှတာကြောင့် လူချစ်လူခင်များပါတယ်။ အနုပညာအလုပ်တွေ စလုပ်ဖြစ်နေတဲ့ သူမကအနုပညာပိုင်းနဲ့ ပတ်သက်လို့ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ဆီက ၁၀၀ရာခိုင်နှုန်း

ထောက်ပ့ံမှုတွေ ရတယ်လို့ အင်တာဗျူးတွေမှာ ဖြေဖူးပါတယ်။

မေတိုးခိုင်ဟာ May T. Khine ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့ May Toe Khine – မေတိုးခိုင် ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တို့ကို အသုံးပြုပြီး သူမရဲ့ လှုပ်ရှားမှုလေးတွေကို တင်ဖြစ်နေပါတယ်။

၆။ ယဉ်လက်

ရိုးရိုးယဉ်ယဉ်လေးနဲ့ ချစ်စရာဟန်လေးကို ပိုင်ဆိုင်ထားသူလေးက သရုပ်ဆောင်ယဉ်လက်ပါ။ သရုပ်ဆောင်သစ်တစ်ဦးဖြစ်ပေမယ့်လည်း သူမပါဝင်ထားတဲ့ ဇာတ်ကားတွေနဲ့ သူမသရုပ်ဆောင်တဲ့

ကာရိုက်တာပိုင်းတွေဟာ ပရိသတ်တွေကြား အကြိုက်တွေ့စေခဲ့ပါတယ်။ ဖိုက်တင်ခန်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ သူမက တိုက်ကွမ်ဒို ခါးပတ်နက် ရရှိထားသူလေးလည်း ဖြစ်ပါတယ်။ သူမကို သရာစောထိ ရုပ်ရှင်ဇာတ်ကားကနေ

ပရိသတ်တွေပိုသတိထားမိတာ ဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်းလောက်က ထုတ်လွှင့်ပြသခဲ့တဲ့ စစ်ကိုမုန်း၍တိုက်ခဲ့သည်

ဇာတ်လမ်းမှာ “ခင်လေး” အမည်နဲ့ ထူးအောင် (ဦးကျော်) နဲ့ အတွဲညီညီ သရုပ်ဆောင်နိုင်တဲ့အတွက် ပရိသတ်အားပေးမှု ပိုမိုရရှိလာခဲ့ပါတယ်။

သူမကYin Letဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကိုပဲ အသုံးပြုပြီး သူမရဲ့ လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေ အသိပေးနေသူဖြစ်ပါတယ်။

၇။ ပန်းရောင်ခြယ်

ပန်းရောင်ခြယ်လေးကတော့ အဆိုတော် ဂရေဟမ်ရဲ့သမီးကြီး ဖြစ်ပါတယ်။ ဖခင်ရဲ့ Wake up Daddy သီချင်းခွေမှာ ပါဝင်သီဆိုပြီးတဲ့နောက် ပရိသတ်စတင် သတိထားမိလာပါတယ်။ အဲဒီနောက် သာယာတဲ့

အသံလေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ပန်းရောင်ခြယ်ဟာ အမျိုးသားပရိသတ်တွေရဲ့ စိတ်ကူးထဲက ကောင်မလေး ဖြစ်လာတဲ့သူပါ။ အခုဆိုရင် သူမရဲ့ တစ်ကိုယ်တော်အခွေအတွက်ပြင်ဆင်နေပြီးတော့

ဖျော်ဖြေပွဲတွေလည်း ဆက်တိုက် ပြုလုပ်နေပါတယ်။

ဆံပင်ရှည်လေးနဲ့ နူးည့ံတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ ပန်းရောင်ခြယ်ရဲ့ Pan Yaung Chel ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်လေးကို Like လုပ်ထားတဲ့ ပရိသတ်က ၅ သိန်းကျော်တောင် ရှိနေပါပြီ။

Be the first to comment

Leave a Reply

Your email address will not be published.


*