ခုခ်ိန္မင္း တစ္ေန႔ကိုသိန္းတစ္ရာရရင္ေတာင္ ဦးေတဇရ႕ဲပိုင္ဆိုင္မွဳကိုမမီဘူးဆိုတာသိလား

မင္းတစ္ရက္ကို သိန္းတစ္ရာ ဝင္ေငြရွိရင္ေတာင္ မင္းေသတဲ့ထိ ဦးေတဇရဲ႕ပိုင္ဆိုင္မႈ ကို မမီေတာ့ဘူး ေဟ်ာင့္
ၾကားၾကားခ်င္း ေတာ္ေတာ္ တုန္လႈပ္သြားသည္..

ေသခ်ာရဲ႕လားကြာလို႔ ျပန္ေမးေသာ ေလသံမွာ မေသခ်ာျခင္းမ်ားအျပည့္..

မယံုရင္ တြက္ၾကည့္ေလ လို႔ သူကေျပာသည္ ..

တစ္ရက္ သိန္းတစ္ရာ လြယ္ေအာင္ ေဒၚလာတစ္ေသာင္းပဲထား တစ္လမွ ေဒၚလာ ၃ သိန္း တစ္ႏွစ္မွ ေဒၚလာ ၃.၆ သန္း

က်ေတာ္ အသက္ ၃၀ ရွိၿပီ ေနရလွ ေနာက္ ႏွစ္ ၄၀ ၃.၆ x ၄၀ = ၁၄၄ သန္း ပဲရွိေသးတာ ျဖစ္သည္ ..

ဦးေတဇက ေဒၚလာသန္းေပါင္း ၂၂၀၀ ေက်ာ္ ပိုင္ဆိုင္သူဟု ေဖာ္ျပၾကသူ ..

သိန္းတစ္ရာကို ေနာက္ ၁၀ ဆ တိုး တစ္ေန႔ သိန္း ၁၀၀၀ ဝင္ရင္ေတာင္ က်ေတာ္ ေသဆံုးတဲ့အခ်ိန္မွာ ေဒၚလာသန္းေပါင္း ၁၄၄၀ ပဲ ရွိေနဦးမွာ အမွန္ပင္ ..

အရင္ကေတာ့ျဖင့္ ေပးထားခ်က္ဆိုေသာ အရာကို ရယ္ေသြးသမ္းခဲ့ဖူးသည္ ..

အရင္းအနွီးဆိုေသာ စကားကို လိႈင္လိႈင္သံုးၿပီး ကဲ့ရဲ႕ျပစ္တင္ ခဲ့ၾကဖူးသည္ ..

တကယ္လုပ္ၾကည့္ေတာ့ မလြယ္မွန္းသိ ေလပူေတြ ခိုးထုတ္ ..သက္ျပင္းေတြ ႀကိတ္ခ်ခဲ့ရတာမ်ိဳး ျဖစ္ေနႏိုင္သည္..

နားလည္မိတာ တစ္ခုပဲရွိသည္ ..တစ္ေယာက္တည္းဆိုလွ်င္ေတာ့ တစ္ရက္ကို သိန္းတစ္ရာထက္ ပိုမရွာႏိုင္ .

သို႔ေသာ္ တစ္ရက္ တစ္သိန္းရွာေပးေသာ လူတစ္ေထာင္ကို ရွာထားႏိုင္ရင္ တစ္ရက္ သိန္းတစ္ေထာင္ ဝင္ေနႏိုင္မည္ ျဖစ္သည္..

ေဟ့လူ ေဖ့ဘုတ္ ပြတ္မေနနဲ႔ သြား အလုပ္သြားလုပ္ေခ် ဟု သူကေျပာေနၿပီ ..

တကယ္ေတာ့ သူဆိုသည္မွာလည္း ဘယ္သူမွမဟုတ္ က်ေတာ့္ရဲ႕ Diverse Soul တစ္ခုသာ ..
ကဲ ခင္ဗ်ားလည္း ဖတ္ၿပီးရင္ လစ္ေတာ့

Photo Ref -Internet
မူရင္းတင္ထားသူအား ေလးစားစြာ ခရက္ဒစ္ေပးပါသည္

Unicode

မင်းတစ်ရက်ကို သိန်းတစ်ရာ ဝင်ငွေရှိရင်တောင် မင်းသေတဲ့ထိ ဦးတေဇရဲ့ပိုင်ဆိုင်မှု ကို မမီတော့ဘူး ဟျောင့်
ကြားကြားချင်း တော်တော် တုန်လှုပ်သွားသည်..

သေချာရဲ့လားကွာလို့ ပြန်မေးသော လေသံမှာ မသေချာခြင်းများအပြည့်..

မယုံရင် တွက်ကြည့်လေ လို့ သူကပြောသည် ..

တစ်ရက် သိန်းတစ်ရာ လွယ်အောင် ဒေါ်လာတစ်သောင်းပဲထား တစ်လမှ ဒေါ်လာ ၃ သိန်း တစ်နှစ်မှ ဒေါ်လာ ၃.၆ သန်း

ကျတော် အသက် ၃၀ ရှိပြီ နေရလှ နောက် နှစ် ၄၀ ၃.၆ x ၄၀ = ၁၄၄ သန်း ပဲရှိသေးတာ ဖြစ်သည် ..

ဦးတေဇက ဒေါ်လာသန်းပေါင်း ၂၂၀၀ ကျော် ပိုင်ဆိုင်သူဟု ဖော်ပြကြသူ ..

သိန်းတစ်ရာကို နောက် ၁၀ ဆ တိုး တစ်နေ့ သိန်း ၁၀၀၀ ဝင်ရင်တောင် ကျတော် သေဆုံးတဲ့အချိန်မှာ ဒေါ်လာသန်းပေါင်း ၁၄၄၀ ပဲ ရှိနေဦးမှာ အမှန်ပင် ..

အရင်ကတော့ဖြင့် ပေးထားချက်ဆိုသော အရာကို ရယ်သွေးသမ်းခဲ့ဖူးသည် ..

အရင်းအနှီးဆိုသော စကားကို လှိုင်လှိုင်သုံးပြီး ကဲ့ရဲ့ပြစ်တင် ခဲ့ကြဖူးသည် ..

တကယ်လုပ်ကြည့်တော့ မလွယ်မှန်းသိ လေပူတွေ ခိုးထုတ် ..သက်ပြင်းတွေ ကြိတ်ချခဲ့ရတာမျိုး ဖြစ်နေနိုင်သည်..

နားလည်မိတာ တစ်ခုပဲရှိသည် ..တစ်ယောက်တည်းဆိုလျှင်တော့ တစ်ရက်ကို သိန်းတစ်ရာထက် ပိုမရှာနိုင် .
သို့သော် တစ်ရက် တစ်သိန်းရှာပေးသော လူတစ်ထောင်ကို ရှာထားနိုင်ရင် တစ်ရက် သိန်းတစ်ထောင် ဝင်နေနိုင်မည် ဖြစ်သည်..

ဟေ့လူ ဖေ့ဘုတ် ပွတ်မနေနဲ့ သွား အလုပ်သွားလုပ်ချေ ဟု သူကပြောနေပြီ ..

တကယ်တော့ သူဆိုသည်မှာလည်း ဘယ်သူမှမဟုတ် ကျတော့်ရဲ့ Diverse Soul တစ်ခုသာ ..

ကဲ ခင်ဗျားလည်း ဖတ်ပြီးရင် လစ်တော့

Photo Ref -Internet

မူရင်းတင်ထားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်

Be the first to comment

Leave a Reply

Your email address will not be published.


*