နှစ်သစ်ရဲ့ပထမဆုံးနေ့လေးမှာ ထီပေါက်လို့ ကံကောင်းချင်းတွေစတင်ခဲ့တာကြောင့် အပျော်ကြီးပျော်နေတဲ့ ဘုန်းလျှံတို့ဇနီးမောင်နှံ







Swelsone News

Unicode

ပရိသတ်ကြီးရေ မင်းသားချောဘုန်းလျှံကတော့ အနုပညာလောကမှာ နေရာတစ်နေရာရရှိခဲ့တဲ့ မင်းသားချောလည်းဖြစ်ပြီးတော့ ဗီဒီယိုဇာတ်ကားများပေါင်းများစွာကို ရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။

ဘုန်းလျှံဟာ ပြစ်ဒဏ်ကလွတ်မြောက်ပြီးနောက်မှာဆိုရင် ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ထောင်ထားပြီးတော့ ချစ်စရာဇနီးချောလေးနဲ့အတူ နေထိုင်နေတာလည်းဖြစ်ပါတယ်။

ဘုန်းလျှံဟာ အခုလက်ရှိမှာဆိုရင်လည်း ဇနီးချောလေးနဲ့အတူ အစားအသောက်တွေရောင်းချနေတာလည်းဖြစ်ပြီးတော့ ရခိုင်ကြက်သောက်ဆမ်း၊ မျှစ်ချက်၊ ရခိုင်ငရုတ်သီးထောင်း၊ အချိုပွဲတို့ကိုပါ ရောင်းချနေတာလည်းဖြစ်ပါတယ်။

သူ့ရဲ့ဇနီးလေးဟာဆိုရင်လည်း ဘုန်းလျှံအပေါ်ကို ကြင်ကြင်နာနာနဲ့ဂရုစိုက်တတ်တဲ့သူလည်းဖြစ်ပြီး သူတို့ဇနီးမောင်နှံလေးဟာလည်း ကြည်နူးအားကျစရာလေးပါနော်။

အခုဆိုရင်လည်း ဘုန်းလျှံတို့ဇနီးမောင်နှံဟာ New Yearကို stay cationသွားရောက်ရင်းဟိုတယ်မှာအပန်းဖြေနေကြတာဖြစ်ပါတယ်။ အပန်းဖြေအနားယူကြရင်း ဘုန်းလျှံတို့ဇနီးမောင်နှံဟာ နှစ်သစ်မှာ ထီဆုကံထူးခဲ့တာဖြစ်ပြီး

မကြာသေးမီက ဘုန်းလျှံဟာသူ့ရဲ့ Facebookစာမျက်နှာမှာ “Happy new year Lucky 2021..နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ ကျွန်တော်တို့ ထီဆု အသေးပေါက် တယ်ဗျာ။ 2021ရဲ့ ကံကောင်းခြင်းတွေစပီဗျာ..” ဆိုပြီးရေးသားထားပါတယ်။ ကဲပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Swelsone News

Be the first to comment

Leave a Reply

Your email address will not be published.


*