Live Sale ေရာင္းလို့ရတဲ့ အနုပညာေၾကးေတြအျပင္ လူနာတင္ယာဥ္တစ္စီးနဲ့ အလွဴေငြသိန္း (၃၀) ကို လွဴဒါန္းခဲ့တဲ့ G

နာမည္ၾကီး မိဘမ်ိဳးရိုး အသိုင္းအဝိုင္းက ဆင္းသက္လာတဲ့ TheVoice Myanmar Season (3) ျပိဳင္ပြဲဝင္ G ကေတာ့ ျပိဳင္ပြဲကေန နႈတ္ဆက္ထြက္ခြာသြားခဲ့ေပမယ့္ ပရိသတ္ေတြရဲ့ အားေပးမႈကို ဆက္လက္ရရိွခဲ့တာပဲ ျဖစ္ပါတယ္။

G ကေတာ့ စီးပြားေရးလုပ္ငန္းရွင္ ဖခင္၊ နိုင္ငံေရးေလာကရဲ့ ဂုဏ္သတင္းေက်ာ္ေစာသူ မိခင္နဲ့ အဆိုေတာ္ သရုပ္ေဆာင္ အကယ္ဒမီ ထြန္းအိျႏၵာဗိုလ္တို့ရဲ့ အမွီအခိုကင္းကင္းနဲ့ သူမရဲ့ ဘဝကို ေအးေအးေဆးေဆးနဲ့ ျဖတ္သန္းေနထိုင္ေနတာပဲ ျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း ခ်စ္စရာေကာင္းတဲ့ G ကို သူမရဲ့ အနုပညာကိုသာမကပဲ ရိုးရွင္းျပီး ပကာသနကင္းတဲ့ ေနထိုင္မႈပံုစံေလးကို ခ်စ္ၾကတာပဲ ျဖစ္ပါတယ္။

လက္ရိွမွာေတာ့ G က အလုပ္အားတဲ့အခ်ိန္ေတြမွာ အြန္လိုင္းကေန Live Sale ေလးေတြေရာင္းခ်ေပးျပီး အလွဴလုပ္ဖို့ ပိုက္ဆံရွာေနတဲ့ G က ဒီေန့မွာေတာ့ သူမလုပ္ခ်င္တဲ့ အလွဴေလး အထေျမာက္ခဲ့တာကို ေတြ့ရပါတယ္။

G က “Tuntun Oo Duwon ရွင္သန္ေရးကူညီမႈအသင္းကို ambulance တစ္စီး ႏွင့္ ညီမမိဘမ်ား လႉထားတဲ့ ေရေဘာက္စာကို ျပင္ဖို႔အတြက္ သိန္း (၃၀) လႉလိုက္ပါတယ္ရွင္။

ညီမကို ဒီလိုလႉႏိုင္ေအာင္ အလုပ္ေပးတဲ့ client ေတြအကုန္လုံးကို အရမ္းေက်းဇူးတင္ပါတယ္ရွင္။ အလုပ္ရွာေပးတဲ့ Rose Khin MeeMee Win ကိုလည္းေက်းဇူးတင္ပါတယ္။ အားလုံး က်န္းမာခ်မ္းသာၾကပါေစ။ 🙏🏼” ဆိုျပီး သူမရဲ့ အလွဴေလးကို မွ်ေဝလာပါတယ္။

G ကေတာ့ နွစ္တစ္နွစ္ရဲ့ ေနာက္ဆံုးေန့ေလးကို ကိုယ္ပိုင္လုပ္အားကရတဲ့ ပိုက္ဆံေလးေတြနဲ့ အလွဴေလးျပဳလုပ္ခဲ့ျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း G ရဲ့ မြန္ျမတ္လွတဲ့ ကုသိုလ္ေလးအတြက္ ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။

ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: G Vocals’s fb
Credit – Cele Connections

Unicode

နာမည်ကြီး မိဘမျိုးရိုး အသိုင်းအဝိုင်းက ဆင်းသက်လာတဲ့ TheVoice Myanmar Season (3) ပြိုင်ပွဲဝင် G ကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားခဲ့ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကို ဆက်လက်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

G ကတော့ စီးပွားရေးလုပ်ငန်းရှင် ဖခင်၊ နိုင်ငံရေးလောကရဲ့ ဂုဏ်သတင်းကျော်စောသူ မိခင်နဲ့ အဆိုတော် သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်တို့ရဲ့ အမှီအခိုကင်းကင်းနဲ့ သူမရဲ့ ဘဝကို အေးအေးဆေးဆေးနဲ့ ဖြတ်သန်းနေထိုင်နေတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ G ကို သူမရဲ့ အနုပညာကိုသာမကပဲ ရိုးရှင်းပြီး ပကာသနကင်းတဲ့ နေထိုင်မှုပုံစံလေးကို ချစ်ကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ G က အလုပ်အားတဲ့အချိန်တွေမှာ အွန်လိုင်းကနေ Live Sale လေးတွေရောင်းချပေးပြီး အလှူလုပ်ဖို့ ပိုက်ဆံရှာနေတဲ့ G က ဒီနေ့မှာတော့ သူမလုပ်ချင်တဲ့ အလှူလေး အထမြောက်ခဲ့တာကို တွေ့ရပါတယ်။

G က “Tuntun Oo Duwon ရှင်သန်ရေးကူညီမှုအသင်းကို ambulance တစ်စီး နှင့် ညီမမိဘများ လှူထားတဲ့ ရေဘောက်စာကို ပြင်ဖို့အတွက် သိန်း (၃၀) လှူလိုက်ပါတယ်ရှင်။

ညီမကို ဒီလိုလှူနိုင်အောင် အလုပ်ပေးတဲ့ client တွေအကုန်လုံးကို အရမ်းကျေးဇူးတင်ပါတယ်ရှင်။ အလုပ်ရှာပေးတဲ့ Rose Khin MeeMee Win ကိုလည်းကျေးဇူးတင်ပါတယ်။ အားလုံး ကျန်းမာချမ်းသာကြပါစေ။ 🙏🏼” ဆိုပြီး သူမရဲ့ အလှူလေးကို မျှဝေလာပါတယ်။

G ကတော့ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့လေးကို ကိုယ်ပိုင်လုပ်အားကရတဲ့ ပိုက်ဆံလေးတွေနဲ့ အလှူလေးပြုလုပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း G ရဲ့ မွန်မြတ်လှတဲ့ ကုသိုလ်လေးအတွက် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: G Vocals’s fb
Credit – Cele Connections

Be the first to comment

Leave a Reply

Your email address will not be published.


*