






unicode

” မြန်မာအမျိုးသမီး တစ်ယောက်ဖြစ်ရတာ ဂုဏ်ယူတဲ့ အပြင် မြန်မာ အမျိုးသမီးတွေ အတွက် ဆုမွန်ကောင်းတောင်းပေး ခဲ့တဲ့ “နီနီခင်ဇော်”

ပရိသတ်ကြီးရေ နီနီခင်ဇော် ကတော့ မြန်မာနိုင် ရဲ့ အအောင်မြင်ဆုံး အမျိုးသမီးအဆိုရှင်တွေထဲက တစ်ယောက်အပါအဝင်လို့ သတ်မှတ်ရမှာပါ။ အသံပါဝါကောင်းကောင်းနဲ့ အလွမ်းအဆွေးသီချင်းတွေသာမက မြုးမြူး ကြွကြွသီချင်းတွေကို ပေါ့ ပါးသွက်လက်စွာကပြနိုင်တဲ့ ထူးခြားတဲ့အဆိုရှင်တစ်ဦးပါ။

Melody Wall သီချင်းပြိုင်ပွဲကနေ အောင်မြင်vတဲ့အဆိုရှင်ဖြစ်လာတဲ့ နီနီကတော့ အခုချိန်မှာ အဆိုပြိုင်ပွဲတွေရဲ့ ဒိုင်တစ်ယောက်အဖြစ်လည်း ပရိသတ်တွေမြင်တွေ့နေရပါပြီနော်။ အနုပညာရှင်တစ်ချို့ကတောင် နီနီခင်ဇော် ရဲ့ ပရိသတ်တွေလို့ ဆိုရမှာပါ။

လက်ရှိမှာလည်း ”မြန်မာအမျိုးသမီး တစ်ယောက်ဖြစ်ရတာ ဂုဏ်ယူပါတယ်။မြန်မာအမျိုးသမီးများ လှပကျော့ရှင်း၊ သိမ်မွေ့ပြီး ထက်မြက်တဲ့ အမျိုးကောင်းသမီးများ ဖြစ်ပါစေ လို့ ဆုမွန်ကောင်းတောင်းလျက်

မြန်မာအမျိုးသမီးများနေ့အတွက်”ဆိုတဲ့စာလေး နဲ့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မြန်မာဆန်ဆန်ပုံရိပ်လေးတွေနဲ့ ကျက်သရေရှိစွာ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးထဲက မြန်မာအမျိုးသမီးတွေ
အတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

Source: NiNiKhinZaw Candy – CeleConnections

Be the first to comment

Leave a Reply

Your email address will not be published.


*