ယာဉ် ရောင်းမှား/၀ယ်မှာ မဖြစ်စေရန်နဲ့ ယာဉ်အန္တရာယ်ကင်းဝေးစေရန်
















Unicode
ယာဉ်အန္တရာယ်ကင်းဝေးစေရန် အစီအရင်

-ဆရာ မိတ်ဆွေများအားလုံးအတွက် ယာဉ်အန္တရာယ်ကင်းယတြာကောင်း တစ်ခုမျှဝေပါရစေ။

ယာဉ်စီးနေရင်း တိုက်မိသလိုခဏခဏဖြစ်နေသူများ၊ နမိတ်မကောင်းဖြစ်နေသူများ၊စက်ပစ္စည်းနှင့်ကံမဆပ်သူ၊ ယာဉ်အဝယ်မှား၍ ခဏခဏပြင်နေရပါသလား?

-အောက်ပါယတြာကိုပြုလုပ်ခြင်းဖြင့် မိတ်ဆွေများရဲ့ အခက်အခဲများအဆင်ပြေသွားမည်ဆိုပါက ဆရာစေတနာ ယတြာတင်ပေးရကြိုးနပ်ပါတယ်။

ဤယတြာကို အင်္ဂါနေ့ ည(၇)နာရီမှ(၉)နာရီ (သို့)စနေနေ့ နံနက် (၆)နာရီမှ နံနက်(၉)နာရီအတွင်း စီရင်ရပါတယ်။

-သံပုရာသီးတလုံးပေါ်တွင် ဆော့ပင်ဖြင့်” ဓ”အက္ခရာရေးပါ။

-နွားနို့ကိုကျိုချက်၍ အနွေးခံအောင်ထားပါ။

-ထိုနွားနို့ထဲတွင် သံပုရာသီးကိုထားပါ။

-ထို့နောက် လက်ညိုးဖြင့် နွားနို့ကိုမွှေရင်းအောက်ပါဂါထာကို

“သိဒ္ဓိသိဒ္ဓိမဟာသိဒ္ဓိ သိဒ္ဓိအပေါင်း ထောင်းထောင်းထပါစေ” ဟူ၍ (၉)ခါမွှေ (၉)ခါပြောပါ။

-သံပုရာသီးကို အဝတ်စ အနီ (သို့) အနက်ဖြင့်ထုတ်၍ မိမိစီးသော ယာဉ်တွင်ဆောင်ထားပါ။ (သံပုရာသီးပုပ်သွားခြင်း ခြောက်သွားပါက ဤယတြာကိုအသစ်တဖန်ပြုလုပ်ပြီး ဆောင်ထားရပါမည်)

-နွားနို့များကို အောင်သပြေ ၃ညွှန့်ဖြင့် ” အန္တရာယ်ကင်း

ဘေးရှင်းပါစေ” ဟုပြောဆိုပီး မိမိ၏ယာဉ်ကိုပက်ဖျန်းပေးပါ။

၇ရက်သားသမီးအပေါင်းစိတ်၏ချမ်းသာခြင်း

ဗေဒင်နှင့်လက္ခဏာပညာရှင် ဆရာကျော် M.Sc(bot) 09764251903/09978031461

Be the first to comment

Leave a Reply

Your email address will not be published.


*