ဆရာမင္းသုခရဲ႕ စက္တင္ဘာ တစ္လစာ ေဟာစာတမ္း 1.9.2020မွ 30.9.2020ထိ

တနဂၤေႏြ သားသမီးအတြက္

တနဂၤေႏြေန႔သားသမီးမ်ားသည္ အလုပ္အကိုင္ေအာင္ျမင္မႈႏွင့္ ႀကဳံေတြ႕မည္။ဆရာေကာင္းမိတ္ေဆြမ်ားႏွင့္ဆုံမည္။ မေမွ်ာ္လင့္ထားေသာအကူညီမ်ားရရွိမည္။

ဤလတြင္ အလုပ္ႏွစ္ခု တစ္ၿပိဳင္နက္တည္းမလုပ္သင့္ပါ၊ တစ္ပိုင္းတစ္စျဖစ္တတ္သည္။ အၿပိဳင္အဆိုင္မနာလိုသူေပါမ်ားမည္။ ခရီးရွည္ ရက္ရွည္ခရီး မထြက္သင့္ပါ။

သူမ်ားဦးစီးေသာခရီးေဝး မထြက္သင့္ပါ။ အစားအေသာက္မွား၍ အစာအဆိပ္သင့္တတ္သည္။ အထူးသျဖင့္ ဝမ္းဗိုက္ႏွင့္ပတ္သက္၍ အထူးဂ႐ုစိုက္ပါ။

ခ်စ္သူႏွင့္အိမ္ေထာင္မရွိသူမ်ား ခ်စ္သူ ရည္းစားအသစ္ရမည္၊ အိမ္ေထာင္သည္မ်ား သားသမီး ရတနာထြန္းကားမည့္လျဖစ္မည္။ အိမ္ေထာင္ေရးအဆင္ေျပမည့္လျဖစ္သည္။

ဤအခ်ိန္တြင္ အည့ံမ်ားေျပေပ်ာက္ေစရန္ ယၾတာ အိုးတစ္လုံးတြင္သဲအျပည့္ထည့္ပီး ေရအနည္းငယ္ေလာင္းပါ၊ ပီးလွ်င္ ေ႐ႊထီး၊ ေငြထီးစိုက္၍ ဘုရားတြင္လႉပါ။ မိမိလိုရာ ဆုကိုေတာင္းပါ။

တနလာၤ သားသမီးအတြက္

ဤလအတြင္း ဘယ္သြားသြား၊ ဘယ္လာလာ မိမိထက္ႀကီးသူ၊ ငယ္သူႏွစ္ဦး ဒုကၡေပးမႈကိုခံရမည္။ မိမိရဲ႕အတြင္းကိစၥမ်ားသူတစ္ပါးကို မတိုင္ပင္ေကာင္းပါ။

ေငြေရးေၾကးေရး အေခ်းအဌားအက်ိဳးမေပးပါ။သူတစ္ပါးအတြက္ အာမခံေပးတာတာဝန္ယူေပးတာအက်ိဳးမေပးပါ။သူမ်ားကိစၥ မိမိကိစၥျဖစ္တတ္သည္။ ရပ္ေဝးမွ သတင္းေကာင္းၾကားရမည္၊ ခရီးထြက္ရမည္။

ပညာေရးတြင္ အင္တာဗ်ဴးေအာင္ျမင္ျခင္း၊ ရာထူးရာခံတိုးျခင္း၊ အတန္းစားေမးပြဲမ်ား အမွတ္ေကာင္းမ်ားျဖင့္ေအာင္မည္။ အႀကီးအကဲ အားေပးခ်ီးေျမႇာက္ျခင္းခံရမည္။

အသက္၂၄၊ ၃၂ႏွစ္ အ႐ြယ္ရွိသူမ်ား က်န္းမာေရးဂ႐ုစိုက္ပါ။ အတိုက္အခိုက္မ်ားမည္။ အိမ္ေထာင္ေရး၊ အခ်စ္ေရး ကံမေကာင္းပါ။ အသက္၁၉၊၂၀၊၂၁ႏွစ္ အ႐ြယ္မ်ား အခ်စ္ေရးစန္းပြင့္မည္။အေပါင္းအသင္း ဂ႐ုစိုက္ပါ။

ဤလတြင္အညံမ်ားေျပေပ်ာက္ေစရန္ ယၾတာ အိမ္ဘုရားတြင္ သေဘၤာသီးတစ္လုံး၊ ခ်ိဳခ်ဥ္(11)လုံးႏွင့္ပန္းအဝါေရာင္(15)ပြင့္ကို ကပ္လႉေပးပါ။

အဂၤါ သားသမီးမ်ားအတြက္

ဤလတြင္စကားေျပာရာ၌ပါးနပ္စြာသုံးခ်ရမည္၊ အေျပာအဆိုဆင္ျခင္၍ စကားႏုတ္ကြၽံတာမ်ိဳးမျဖစ္ပါ ေစႏွင့္ ျငင္းပြားစရာလူမႈေရးျပႆနာမ်ားေျဖရွင္းရ တတ္သည္။ မိတ္ေဆြသည္ရန္သူျဖစ္ေစသည္၊

ဥေပကၡာျပဳႏိုင္ေလ မိမိအတြက္အက်ိဳးေပးေလျဖစ္သည္။ လုပ္ငန္းစီးပြားေအာင္ျမင္ေသာကာလျဖစ္သည္ အလုပ္အကိုင္အသစ္လုပ္ရျခင္း၊ တိုးခ်ဲ႕ရျခင္း၊ ေနရာေျပာင္းေ႐ႊ႕ရျခင္းႀကဳံရမည္။

တန္ဖိုးရွိစက္ပစၥည္းမ်ား အပ်က္အေပ်ာက္မ်ားမည္။ က်န္းမာေရးအတြက္ ဝမ္းဗိုက္အထူးဂ႐ုစိုက္ပါ၊ အမ်ိဳးသမီးမ်ားသည္ အမ်ိဳးသမီးေရာဂါ အထူးဂ႐ုစ္ိုက္ရမည္။ ပညာေရးတြင္လူမႈေရး၊ အခ်စ္ေရးကိစၥမ်ားျဖစ္ေပၚပါက ပညာမွာ တစ္ပိုင္းတစ္စျဖစ္ပီး ေႏွာင္ေႏွးလိမ့္မည္။

ဆုံးျဖတ္ခ်က္မွန္ကန္ဖို႔အေရးႀကီးသည္။ အိမ္ေထာင္ရွိသူမ်ား သားသမီးအတြက္ က်န္းမာေရး စိတ္ပူပင္ေသာကေရာက္တတ္သည္။ ဤရက္ပိုင္းတြင္တနဂၤေႏြ ႏွင့္ စေနသားသမီးမ်ားထံမွ ေမွ်ာ္လင့္မထားေသာအကူညီမ်ားရမည္။

အဆိုးအညံ့မ်ားေျပေပ်ာက္ေစရန္ ယၾတာ အိမ္ဘုရားတြင္ ကံ့ေကာ္၉ၫြန႔္ လႉေပးပါ။

ဗုဒၶဟူး သားသမီးအတြက္

အလုပ္အကိုင္အသစ္လုပ္ကိုင္ရမည္၊မကိုင္ဖူးေသာေငြကိုင္ရမည္။ မလႉဖူးေသာအလႉမ်ိဳး လႉရမည္။ ထီထိုးေပးပါ။ အိမ္ေထာင္ေရးသာယာမည္၊ သားသမီး ဝင္ကိန္းရွိသည္။ ေ႐ႊ၊ေငြ ရတနာမ်ားလည္းဝင္မည္။

ပတ္ဝန္းက်င္၏ သပုတ္ေလလြင့္ ေျပာဆိုျခင္းခံရမည္၊ ကိစၥတစ္ခုကိုလြယ္လြယ္ႏွင့္မဆုံးျဖတ္ပါႏွင့္ စိတ္ေအးေအးထားပီး ေျဖရွင္းပါ။

ပတ္ဝန္းက်င္တြင္ နာေရးသတင္းၾကားပါက အကူေငြ တစ္ေထာင့္ခုႏွစ္ရာ၊ တစ္ေသာင္းခုႏွစ္ေထာင္ စသည့္၁ရဂဏန္းကို လႉရမည္။

က်န္းမာေရးတြင္ ေသြး၊ေလေရာဂါႏွင့္ အာ႐ုံေၾကာကိုအထူးဂ႐ုစိုက္ပါ။ အသက္ ၂၆၊၂ရ အ႐ြယ္ရွိသူမ်ား ဆိုင္ကယ္စီး၊ ကားစီး အထူးဂ႐ုစိုက္ သင့္ပါသည္။

ကံဇာတာအျမင့္အခ်ိန္ေရာက္ရွိေနေသာေၾကာင့္ အၿပိဳင္အဆိုင္ေပါမ်ားမည္၊ မနာလိုသူေပါမ်ားမည္။

အညံ့မ်ားေျပေပ်ာက္ေစရန္ ယၾတာ—မိမိ၏ေမြးနံၿဂိဳဟ္ ဗုဒၶဟူးၿဂိဳဟ္နံေဒါင့္ဘုရားမွာ ႐ြက္လွၫြန႔္(17)ၫြန႔္၊ ဖေယာင္းတိုင္(17)တိုင္၊ အေမႊးတိုင္(17)တိုင္ ထြန္းညႇိပူေဇာ္ေပးပါ၊၊

ၾကာသပေတး သားသမီးအတြက္

ဤရက္ပိုင္းအတြင္းတြင္ နာမည္ဂုဏ္သတင္းတိုးတက္မည္၊ ဆုထူးဂုဏ္ထူးရမည္၊ မေမ်ာ္လင့္ပဲ အလႉအတန္းတစ္ခုလႉရတတ္သည္။ ပညာကံအထူးေကာင္းသည္။ ရပ္ေဝးႏိုင္ငံျခားမွ အလုပ္အကိုင္မ်ားအဆက္သြယ္ရမည္။

ျမဳပ္ေနေသာေငြေၾကးမ်ားေပၚမည္၊ ရစရာရွိေသာေငြမ်ားရမည္။ အလုပ္အကိုင္အေျပာင္းအလဲ ႀကဳံေတြ႕ရမည္။လုပ္ငန္းတိုးခ်ဲ႕ျခင္း လုပ္ငန္းအသစ္စတင္ျခင္းေကာင္းမည္။ စပ္တူရွယ္ယာတူ ေရွာင္ၾကဥ္ပါ။

အိမ္ေထာင္အိမ္ဖက္အေျပာင္းအလဲ ႀကဳံေတြ႕ရတတ္သည္။ အထူးသျဖင့္အသက္ ၃၅၊၃၇၊၃၈ႏွစ္အ႐ြယ္ ရာက္သူမ်ားအထူးဂ႐ုစိုက္သင့္ပါသည္။

ေျမ၊မီး၊မိန္းမ၊ မင္းစိုးရာဇ၊မူးယစ္ေဆးဝါး စေသာျပႆနာမ်ားႀကဳံေတြ႕ရတတ္သည္။ဘာသာျခား၊လူမ်ိဳးျခား အတိုက္ အခိုက္ရွိသည္။ က်န္းမာေရးမွာ ေသြးအားနည္းေရာဂါ ျဖစ္တတ္သည္။

ခ်စ္သူရွိၿပီးေသာသူမ်ား စိတ္ခ်မ္းသာ၍ ခ်စ္သူမရွိေသာသူမ်ား ေအာင္သြယ္ေတာ္ကို အားကိုးရမည့္ကာလျဖစ္သည္။

အညံ့မ်ားေျပေပ်ာက္ေစရန္ ယၾတာ တန္ခိုးႀကီးဘုရားတြင္ ပန္းအနီေရာင္(19)ပြင့္၊ ေအာင္သေျပ(19)ၫြန႔္၊ ဖေယာင္းတိုင္း(19)တိုင္၊ အေမႊးတိုင္ (19)တိုင္ ထြန္းညႇိပူေဇာ္ေပးပါ၊၊

ေသာၾကာ သားသမီးအတြက္

ဤရက္ပိုင္းတြင္ ျပည္တြင္း၊ ျပည္ပခရီးထြက္ကိန္းရွိသည္၊ ေအာင္ျမင္မႈရမည္။အဖိုးတန္ပစၥည္းမ်ားဝင္မည္။ တန္ဖိုးရွိေသာလက္ေဆာင္ပစၥည္းမ်ားရတတ္သည္။ ေငြမၿမဲပါ ေငြအထြက္မ်ားမည္။

လူလိမ္ေငြလိမ္ခံရ၍ ေငြေလ်ာ္ကိန္းရွိသည္။ေငြေၾကးအရႈပ္အရွင္း သတိျပဳပါ။မိသားစုႏွင့္စိတ္သေဘာထားမတိုက္ဆိုင္မႈမ်ားျဖစ္ေပၚမည္။ အထူးသျဖင့္ အသက္၂၉ႏွစ္မွ ၃၅ႏွစ္အတြင္းရွိေသာသူမ်ားသည္ ႐ုံးျပင္က႑ အမႈအခင္းမ်ားရင္ဆိုင္ရတတ္သည္။

အခ်စ္ေရးႏွင့္အိမ္ေထာင္ေရးတြင္ တစ္ဖက္သက္ အထင္လြဲမွားျခင္း အစြပ္အစြဲခံရျခင္းႏွင့္ႀကဳံရမည္။ အတြင္းစကား အတြင္းျပႆနာစေသာ ကိစၥမ်ားကိုသူတစ္ပါးအားတိုင္ပင္ျခင္းမျပဳသင့္ပါ။

လူယုံသတိထားပါ။ က်န္းမာေရးတြင္ မျဖစ္ဖူးေသာေရာဂါေဝဒနာ ႏွင့္ေသြးထြက္သံယိုမ်ားမေမွ်ာ္လင့္ပဲႀကဳံေတြ႕ရတတ္သည္။

အညံမ်ားေျပေပ်ာက္ေစရန္ ယၾတာ စကၠဴကန္ေတာ့တြင္ ထန္းလ်က္၈လုံးထည့္၍ ေခြးတစ္ေကာင္အားေကြၽးပါ ကြၽႏ္ုပ္၏အည့ံမ်ားေျပေပ်ာက္ပါေစဟုဆိုကာေကြၽးပါ။ ငါးမ်ားကိုအစာေကြၽးပါ။

စေန သားသမီးအတြက္

စေနသားသမီးမ်ားသည္ ဘဝ၏ေအာင္ျမင္ဆုံးအခ်ိန္ ကိုေရာက္ခါနီးမွ ေရွ႕တိုးရခက္၊ ေနာက္ဆုတ္ရခက္ ျဖစ္တတ္သည္။ ဟိုေယာင္ေယာင္ ဒီေယာင္ေယာင္ျဖင့္အခ်ိန္မ်ားကုန္ေစမည္။

ႀကီးမားေသာ ဒုကၡမဟုတ္ ေသာ္မ်ားလည္း စိတ္ေႏွာက္ယွက္မႈမ်ား ႀကဳံရမည္။ အလုပ္တစ္ခုကို ၿပီးစီးေအာင္လုပ္မွ အက်ိဳးရွိမည္။ တစ္ပိုင္းတစ္စမထားပါႏွင့္။ နာမည္ဆိုးထြက္တတ္သည္။

လက္ေအာက္ငယ္သားမ်ားသတိထားပါ။ မေမွ်ာ္လင့္ပဲအႀကီးအက်ယ္ေငြဝင္ကိန္းရွိသည္။ စက္ပစၥည္းႀကီးႀကီးဝင္တတ္သည္။ မလုပ္ဖူးေသာအလႉတန္းႀကီးႀကီးမားမား မေမွ်ာ္လင့္ပဲလုပ္ရတတ္သည္။

မတူညီေသာအလုပ္တစ္ခုတြင္ေအာင္ျမင္ထင္ရွားမည္ အသက္၂၉ႏွစ္ျပည့္ ၃ဝအဝင္ ၆လတြင္ က်န္းမာေရး ႏွင့္ပတ္သက္၍စိုးရိမ္ရမည္။ေဆးေသာက္ ေဆးမွားဂ႐ုစ္ိုက္ပါ။

စက္ပစၥည္းအဝင္ေကာင္းသည္။ မိသားစု ျပႆနာ အိမ္တြင္းေရးျပႆနာ ရင္ဆိုင္ရမည္။

အညံ့မ်ားေျပေစရန္ ယၾတာ အသက္ႀကီးသူတစ္ဦးကို ဒိန္ခ်ဥ္ သို႔မဟုတ္ ႏြားႏို႔လႉပါ။

ဆရာမင္းသုခ

Unicode

တနင်္ဂနွေ သားသမီးအတွက်

တနင်္ဂနွေနေ့သားသမီးများသည် အလုပ်အကိုင်အောင်မြင်မှုနှင့် ကြုံတွေ့မည်။ဆရာကောင်းမိတ်ဆွေများနှင့်ဆုံမည်။ မမျှော်လင့်ထားသောအကူညီများရရှိမည်။

ဤလတွင် အလုပ်နှစ်ခု တစ်ပြိုင်နက်တည်းမလုပ်သင့်ပါ၊ တစ်ပိုင်းတစ်စဖြစ်တတ်သည်။ အပြိုင်အဆိုင်မနာလိုသူပေါများမည်။ ခရီးရှည် ရက်ရှည်ခရီး မထွက်သင့်ပါ။

သူများဦးစီးသောခရီးဝေး မထွက်သင့်ပါ။ အစားအသောက်မှား၍ အစာအဆိပ်သင့်တတ်သည်။ အထူးသဖြင့် ဝမ်းဗိုက်နှင့်ပတ်သက်၍ အထူးဂရုစိုက်ပါ။

ချစ်သူနှင့်အိမ်ထောင်မရှိသူများ ချစ်သူ ရည်းစားအသစ်ရမည်၊ အိမ်ထောင်သည်များ သားသမီး ရတနာထွန်းကားမည့်လဖြစ်မည်။ အိမ်ထောင်ရေးအဆင်ပြေမည့်လဖြစ်သည်။

ဤအချိန်တွင် အည့ံများပြေပျောက်စေရန် ယတြာ အိုးတစ်လုံးတွင်သဲအပြည့်ထည့်ပီး ရေအနည်းငယ်လောင်းပါ၊ ပီးလျှင် ရွှေထီး၊ ငွေထီးစိုက်၍ ဘုရားတွင်လှူပါ။ မိမိလိုရာ ဆုကိုတောင်းပါ။

တနလာင်္ သားသမီးအတွက်

ဤလအတွင်း ဘယ်သွားသွား၊ ဘယ်လာလာ မိမိထက်ကြီးသူ၊ ငယ်သူနှစ်ဦး ဒုက္ခပေးမှုကိုခံရမည်။ မိမိရဲ့အတွင်းကိစ္စများသူတစ်ပါးကို မတိုင်ပင်ကောင်းပါ။

ငွေရေးကြေးရေး အချေးအဌားအကျိုးမပေးပါ။သူတစ်ပါးအတွက် အာမခံပေးတာတာဝန်ယူပေးတာအကျိုးမပေးပါ။သူများကိစ္စ မိမိကိစ္စဖြစ်တတ်သည်။ ရပ်ဝေးမှ သတင်းကောင်းကြားရမည်၊ ခရီးထွက်ရမည်။

ပညာရေးတွင် အင်တာဗျူးအောင်မြင်ခြင်း၊ ရာထူးရာခံတိုးခြင်း၊ အတန်းစားမေးပွဲများ အမှတ်ကောင်းများဖြင့်အောင်မည်။ အကြီးအကဲ အားပေးချီးမြှောက်ခြင်းခံရမည်။

အသက်၂၄၊ ၃၂နှစ် အရွယ်ရှိသူများ ကျန်းမာရေးဂရုစိုက်ပါ။ အတိုက်အခိုက်များမည်။ အိမ်ထောင်ရေး၊ အချစ်ရေး ကံမကောင်းပါ။ အသက်၁၉၊၂၀၊၂၁နှစ် အရွယ်များ အချစ်ရေးစန်းပွင့်မည်။အပေါင်းအသင်း ဂရုစိုက်ပါ။

ဤလတွင်အညံများပြေပျောက်စေရန် ယတြာ အိမ်ဘုရားတွင် သင်္ဘောသီးတစ်လုံး၊ ချိုချဉ်(11)လုံးနှင့်ပန်းအဝါရောင်(15)ပွင့်ကို ကပ်လှူပေးပါ။

အင်္ဂါ သားသမီးများအတွက်

ဤလတွင်စကားပြောရာ၌ပါးနပ်စွာသုံးချရမည်၊ အပြောအဆိုဆင်ခြင်၍ စကားနုတ်ကျွံတာမျိုးမဖြစ်ပါ စေနှင့် ငြင်းပွားစရာလူမှုရေးပြဿနာများဖြေရှင်းရ တတ်သည်။ မိတ်ဆွေသည်ရန်သူဖြစ်စေသည်၊

ဥပေက္ခာပြုနိုင်လေ မိမိအတွက်အကျိုးပေးလေဖြစ်သည်။ လုပ်ငန်းစီးပွားအောင်မြင်သောကာလဖြစ်သည် အလုပ်အကိုင်အသစ်လုပ်ရခြင်း၊ တိုးချဲ့ရခြင်း၊ နေရာပြောင်းရွှေ့ရခြင်းကြုံရမည်။

တန်ဖိုးရှိစက်ပစ္စည်းများ အပျက်အပျောက်များမည်။ ကျန်းမာရေးအတွက် ဝမ်းဗိုက်အထူးဂရုစိုက်ပါ၊ အမျိုးသမီးများသည် အမျိုးသမီးရောဂါ အထူးဂရုစ်ိုက်ရမည်။ ပညာရေးတွင်လူမှုရေး၊ အချစ်ရေးကိစ္စများဖြစ်ပေါ်ပါက ပညာမှာ တစ်ပိုင်းတစ်စဖြစ်ပီး နှောင်နှေးလိမ့်မည်။

ဆုံးဖြတ်ချက်မှန်ကန်ဖို့အရေးကြီးသည်။ အိမ်ထောင်ရှိသူများ သားသမီးအတွက် ကျန်းမာရေး စိတ်ပူပင်သောကရောက်တတ်သည်။ ဤရက်ပိုင်းတွင်တနင်္ဂနွေ နှင့် စနေသားသမီးများထံမှ မျှော်လင့်မထားသောအကူညီများရမည်။

အဆိုးအညံ့များပြေပျောက်စေရန် ယတြာ အိမ်ဘုရားတွင် ကံ့ကော်၉ညွန့် လှူပေးပါ။

ဗုဒ္ဓဟူး သားသမီးအတွက်

အလုပ်အကိုင်အသစ်လုပ်ကိုင်ရမည်၊မကိုင်ဖူးသောငွေကိုင်ရမည်။ မလှူဖူးသောအလှူမျိုး လှူရမည်။ ထီထိုးပေးပါ။ အိမ်ထောင်ရေးသာယာမည်၊ သားသမီး ဝင်ကိန်းရှိသည်။ ရွှေ၊ငွေ ရတနာများလည်းဝင်မည်။

ပတ်ဝန်းကျင်၏ သပုတ်လေလွင့် ပြောဆိုခြင်းခံရမည်၊ ကိစ္စတစ်ခုကိုလွယ်လွယ်နှင့်မဆုံးဖြတ်ပါနှင့် စိတ်အေးအေးထားပီး ဖြေရှင်းပါ။

ပတ်ဝန်းကျင်တွင် နာရေးသတင်းကြားပါက အကူငွေ တစ်ထောင့်ခုနှစ်ရာ၊ တစ်သောင်းခုနှစ်ထောင် စသည့်၁ရဂဏန်းကို လှူရမည်။

ကျန်းမာရေးတွင် သွေး၊လေရောဂါနှင့် အာရုံကြောကိုအထူးဂရုစိုက်ပါ။ အသက် ၂၆၊၂ရ အရွယ်ရှိသူများ ဆိုင်ကယ်စီး၊ ကားစီး အထူးဂရုစိုက် သင့်ပါသည်။

ကံဇာတာအမြင့်အချိန်ရောက်ရှိနေသောကြောင့် အပြိုင်အဆိုင်ပေါများမည်၊ မနာလိုသူပေါများမည်။

အညံ့များပြေပျောက်စေရန် ယတြာ—မိမိ၏မွေးနံဂြိုဟ် ဗုဒ္ဓဟူးဂြိုဟ်နံဒေါင့်ဘုရားမှာ ရွက်လှညွန့်(17)ညွန့်၊ ဖယောင်းတိုင်(17)တိုင်၊ အမွှေးတိုင်(17)တိုင် ထွန်းညှိပူဇော်ပေးပါ၊၊

ကြာသပတေး သားသမီးအတွက်

ဤရက်ပိုင်းအတွင်းတွင် နာမည်ဂုဏ်သတင်းတိုးတက်မည်၊ ဆုထူးဂုဏ်ထူးရမည်၊ မမျော်လင့်ပဲ အလှူအတန်းတစ်ခုလှူရတတ်သည်။ ပညာကံအထူးကောင်းသည်။ ရပ်ဝေးနိုင်ငံခြားမှ အလုပ်အကိုင်များအဆက်သွယ်ရမည်။

မြုပ်နေသောငွေကြေးများပေါ်မည်၊ ရစရာရှိသောငွေများရမည်။ အလုပ်အကိုင်အပြောင်းအလဲ ကြုံတွေ့ရမည်။လုပ်ငန်းတိုးချဲ့ခြင်း လုပ်ငန်းအသစ်စတင်ခြင်းကောင်းမည်။ စပ်တူရှယ်ယာတူ ရှောင်ကြဉ်ပါ။

အိမ်ထောင်အိမ်ဖက်အပြောင်းအလဲ ကြုံတွေ့ရတတ်သည်။ အထူးသဖြင့်အသက် ၃၅၊၃၇၊၃၈နှစ်အရွယ် ရာက်သူများအထူးဂရုစိုက်သင့်ပါသည်။

မြေ၊မီး၊မိန်းမ၊ မင်းစိုးရာဇ၊မူးယစ်ဆေးဝါး စသောပြဿနာများကြုံတွေ့ရတတ်သည်။ဘာသာခြား၊လူမျိုးခြား အတိုက် အခိုက်ရှိသည်။ ကျန်းမာရေးမှာ သွေးအားနည်းရောဂါ ဖြစ်တတ်သည်။

ချစ်သူရှိပြီးသောသူများ စိတ်ချမ်းသာ၍ ချစ်သူမရှိသောသူများ အောင်သွယ်တော်ကို အားကိုးရမည့်ကာလဖြစ်သည်။

အညံ့များပြေပျောက်စေရန် ယတြာ တန်ခိုးကြီးဘုရားတွင် ပန်းအနီရောင်(19)ပွင့်၊ အောင်သပြေ(19)ညွန့်၊ ဖယောင်းတိုင်း(19)တိုင်၊ အမွှေးတိုင် (19)တိုင် ထွန်းညှိပူဇော်ပေးပါ၊၊

သောကြာ သားသမီးအတွက်

ဤရက်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပခရီးထွက်ကိန်းရှိသည်၊ အောင်မြင်မှုရမည်။အဖိုးတန်ပစ္စည်းများဝင်မည်။ တန်ဖိုးရှိသောလက်ဆောင်ပစ္စည်းများရတတ်သည်။ ငွေမမြဲပါ ငွေအထွက်များမည်။

လူလိမ်ငွေလိမ်ခံရ၍ ငွေလျော်ကိန်းရှိသည်။ငွေကြေးအရှုပ်အရှင်း သတိပြုပါ။မိသားစုနှင့်စိတ်သဘောထားမတိုက်ဆိုင်မှုများဖြစ်ပေါ်မည်။ အထူးသဖြင့် အသက်၂၉နှစ်မှ ၃၅နှစ်အတွင်းရှိသောသူများသည် ရုံးပြင်ကဏ္ဍ အမှုအခင်းများရင်ဆိုင်ရတတ်သည်။

အချစ်ရေးနှင့်အိမ်ထောင်ရေးတွင် တစ်ဖက်သက် အထင်လွဲမှားခြင်း အစွပ်အစွဲခံရခြင်းနှင့်ကြုံရမည်။ အတွင်းစကား အတွင်းပြဿနာစသော ကိစ္စများကိုသူတစ်ပါးအားတိုင်ပင်ခြင်းမပြုသင့်ပါ။

လူယုံသတိထားပါ။ ကျန်းမာရေးတွင် မဖြစ်ဖူးသောရောဂါဝေဒနာ နှင့်သွေးထွက်သံယိုများမမျှော်လင့်ပဲကြုံတွေ့ရတတ်သည်။

အညံများပြေပျောက်စေရန် ယတြာ စက္ကူကန်တော့တွင် ထန်းလျက်၈လုံးထည့်၍ ခွေးတစ်ကောင်အားကျွေးပါ ကျွန်ုပ်၏အည့ံများပြေပျောက်ပါစေဟုဆိုကာကျွေးပါ။ ငါးများကိုအစာကျွေးပါ။

စနေ သားသမီးအတွက်

စနေသားသမီးများသည် ဘဝ၏အောင်မြင်ဆုံးအချိန် ကိုရောက်ခါနီးမှ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ဖြစ်တတ်သည်။ ဟိုယောင်ယောင် ဒီယောင်ယောင်ဖြင့်အချိန်များကုန်စေမည်။

ကြီးမားသော ဒုက္ခမဟုတ် သော်များလည်း စိတ်နှောက်ယှက်မှုများ ကြုံရမည်။ အလုပ်တစ်ခုကို ပြီးစီးအောင်လုပ်မှ အကျိုးရှိမည်။ တစ်ပိုင်းတစ်စမထားပါနှင့်။ နာမည်ဆိုးထွက်တတ်သည်။

လက်အောက်ငယ်သားများသတိထားပါ။ မမျှော်လင့်ပဲအကြီးအကျယ်ငွေဝင်ကိန်းရှိသည်။ စက်ပစ္စည်းကြီးကြီးဝင်တတ်သည်။ မလုပ်ဖူးသောအလှူတန်းကြီးကြီးမားမား မမျှော်လင့်ပဲလုပ်ရတတ်သည်။

မတူညီသောအလုပ်တစ်ခုတွင်အောင်မြင်ထင်ရှားမည် အသက်၂၉နှစ်ပြည့် ၃ဝအဝင် ၆လတွင် ကျန်းမာရေး နှင့်ပတ်သက်၍စိုးရိမ်ရမည်။ဆေးသောက် ဆေးမှားဂရုစ်ိုက်ပါ။

စက်ပစ္စည်းအဝင်ကောင်းသည်။ မိသားစု ပြဿနာ အိမ်တွင်းရေးပြဿနာ ရင်ဆိုင်ရမည်။

အညံ့များပြေစေရန် ယတြာ အသက်ကြီးသူတစ်ဦးကို ဒိန်ချဉ် သို့မဟုတ် နွားနို့လှူပါ။

ဆရာမင်းသုခ

Be the first to comment

Leave a Reply

Your email address will not be published.


*