သီခ်င္းတင္ၿပီး (၂၄)နာရီမျပည့္ခင္မွာပဲ ၾကည့္ရႈသူ (၁၀) သိန္းေက်ာ္ခဲ့တဲ့ ေမလသံစဥ္ရဲ႕ သီခ်င္းေလး

ပရိသတ္ႀကီးေရ ေမလသံစဥ္ကေတာ့ ျမန္မာသံစဥ္ သီခ်င္းေလးေတြနဲ႕ ပရိသတ္ရင္ထဲ ေရာက္ရွိလာသူျဖစ္ၿပီး ဆိုကေရးတီးမွာလည္း ဆုတံဆိပ္ေတြ အမ်ားႀကီးရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္ ။ လတ္တေလာမွာေတာ့ ေမလသံစဥ္ရဲ႕ ျပန္လည္ဆန္းသစ္ ႏွောင္းတစ္ေခတ္ဆိုတဲ့ ေခါင္းစဥ္ေလးနဲ႕ သီခ်င္းေတြ ကိုတင္ဆက္ေပးေနၿပီး ပရိသတ္ေတြကလည္း တခဲနက္ ဝန္းရံအားေပးခဲ့ၾကပါတယ္ ။

သူမရဲ႕ ျပန္လည္ဆန္းသစ္ႏွောင္းတစ္ေခတ္ဆိုတဲ့ ေတးသီခ်င္းေတြထဲက(၈) ပုဒ္ေျမာက္သီခ်င္းေလးအျဖစ္ “တစ္လိမ္ႏွစ္လိမ္”သီခ်င္းေလးကို ေတးသံရွင္ၿဖိဳးျပည့္စုံ နဲ႕ အတူသီဆိုထားတာျဖစ္ပါတယ္ ။

ဒီသီခ်င္းေလးကို သူမရဲ႕ Official Page ကေန Live လႊင့္ၿပီး ႏွစ္ကိုယ္ခြဲအျဖစ္ ပရိသတ္ေတြကို တင္ဆက္ထားတာျဖစ္ပါတယ္ ။ Music Video ေလးကိုေတာ့ ၿဖိဳးျပည့္စုံနဲ႕အတူ သ႐ုပ္ေဆာင္ထားၿပီး သီခ်င္းတင္တာ (၂၄) နာရီမျပည့္ခင္မွာပဲ ၾကည့္ရႈအားေပးသူ (၁၀) သိန္းေက်ာ္ ခဲ့ၿပီး ပရိသတ္ေတြက တခဲနက္အားေပးခဲ့ၾကပါတယ္ ။

Live ကေနတဆင့္ သူမနဲ႕အတူ ကူညီသီဆိုေပးခဲ့တဲ့ ၿဖိဳးျပည့္စုံကို ေက်းဇူးတင္စကားဆိုထားၿပီး သူမရဲ႕ ျပန္လည္ဆန္းသစ္ႏွောင္းတစ္ေခတ္ဆိုတဲ့ အယ္လ္ဘမ္ေလးကို လွိုင္းေတးသံသြင္းကေနတဆင့္ ျဖန့္ခ်ီေနၿပီျဖစ္ၿပီး တစ္ရက္ ႏွစ္ရက္ေလာက္ေနရင္ေတာ့ ရန္ကုန္မွာဆိုရင္ City Mart ေတြနဲ႕ တျခားၿမိဳ႕ေတြမွာဆိုရင္ ေတာ့ အေခြဆိုင္ေတြမွာ မၾကာခင္ဝယ္ယူရရွိနိုင္ေတာ့မွာျဖစ္တယ္လို႔သိရပါတယ္ ။

Source : May La Than Sin
Emily (Cele Gabar)

Unicode

ပရိသတ်ကြီးရေ မေလသံစဉ်ကတော့ မြန်မာသံစဉ် သီချင်းလေးတွေနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိလာသူဖြစ်ပြီး ဆိုကရေးတီးမှာလည်း ဆုတံဆိပ်တွေ အများကြီးရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။ လတ်တလောမှာတော့ မေလသံစဉ်ရဲ့ ပြန်လည်ဆန်းသစ် နှောင်းတစ်ခေတ်ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ သီချင်းတွေ ကိုတင်ဆက်ပေးနေပြီး ပရိသတ်တွေကလည်း တခဲနက် ဝန်းရံအားပေးခဲ့ကြပါတယ် ။

သူမရဲ့ ပြန်လည်ဆန်းသစ်နှောင်းတစ်ခေတ်ဆိုတဲ့ တေးသီချင်းတွေထဲက(၈) ပုဒ်မြောက်သီချင်းလေးအဖြစ် “တစ်လိမ်နှစ်လိမ်”သီချင်းလေးကို တေးသံရှင်ဖြိုးပြည့်စုံ နဲ့ အတူသီဆိုထားတာဖြစ်ပါတယ် ။

ဒီသီချင်းလေးကို သူမရဲ့ Official Page ကနေ Live လွှင့်ပြီး နှစ်ကိုယ်ခွဲအဖြစ် ပရိသတ်တွေကို တင်ဆက်ထားတာဖြစ်ပါတယ် ။ Music Video လေးကိုတော့ ဖြိုးပြည့်စုံနဲ့အတူ သရုပ်ဆောင်ထားပြီး သီချင်းတင်တာ (၂၄) နာရီမပြည့်ခင်မှာပဲ ကြည့်ရှုအားပေးသူ (၁၀) သိန်းကျော် ခဲ့ပြီး ပရိသတ်တွေက တခဲနက်အားပေးခဲ့ကြပါတယ် ။

Live ကနေတဆင့် သူမနဲ့အတူ ကူညီသီဆိုပေးခဲ့တဲ့ ဖြိုးပြည့်စုံကို ကျေးဇူးတင်စကားဆိုထားပြီး သူမရဲ့ ပြန်လည်ဆန်းသစ်နှောင်းတစ်ခေတ်ဆိုတဲ့ အယ်လ်ဘမ်လေးကို လှိုင်းတေးသံသွင်းကနေတဆင့် ဖြန့်ချီနေပြီဖြစ်ပြီး တစ်ရက် နှစ်ရက်လောက်နေရင်တော့ ရန်ကုန်မှာဆိုရင် City Mart တွေနဲ့ တခြားမြို့တွေမှာဆိုရင် တော့ အခွေဆိုင်တွေမှာ မကြာခင်ဝယ်ယူရရှိနိုင်တော့မှာဖြစ်တယ်လို့သိရပါတယ် ။

Source : May La Than Sin
Emily (Cele Gabar)

Be the first to comment

Leave a Reply

Your email address will not be published.


*