နံနက္ အိပ္ရာထ မ်က္ႏွာသစ္ေနစဥ္ ကုသိုလ္ ၅ မ်ိဳး ကို ရေအာင္ယူနည္း

နံနက္ အိပ္ရာထ မ်က္ႏွာသစ္ေနစဥ္ ကုသိုလ္ ၅ မ်ိဳး ကို ရေအာင္ယူနည္း
၁။ “ဒါန ကုသိုလ္”

မနက္အိပ္ယာထ မ်က္ႏွာသစ္ေတာ့မယ္ ဆိုရင္ ေရဖလား ထဲကို ေရထည့္ လိုက္ပါ။ မ်က္စိ နဲ႔ ျမင္သာမယ့္ ရင္ေခါင္းေလာက္မွာ ေရဖလားကို ကိုင္ထားပါ။ ေရဖလားကို အေပၚသို႕ မေျမႇာက္လိုက္ ပါနဲ႔ ေမတၱာပို႔တဲ့အခါ အဆင္မေျပမွာ စိုးလို႔ပါ။

လက္ကကိုင္ ထားတဲ့ ေရဖလားနဲ႔ ” ျမတ္စြာဘုရားအား မ်က္ႏွာ သစ္ေတာ္ေရ ကပ္လႉပါ ၏ဘုရား ဘုရားတပည့္ေတာ္ကို သနားခ်ီးေျမႇာက္ေသာ အားျဖင့္ မ်က္ႏွာ သစ္ေတာ္မူ ပါဘုရား” လို႔ဆိုၿပီး ကပ္လိုက္ပါ။ ဒါဆို ဒါနကုသိုလ္ ျဖစ္သြားပါၿပီ။

၂။ “ဗုဒၶႏုသာတိ ကုသိုလ္”

ျမတ္စြာဘုရား မ်က္ႏွာသစ္ေတာ္ေရ အသုံးျပဳေနပုံ ကို စိတ္ႏွလုံးမွာ အာ႐ုံျပဳၿပီး အရဟံကို အနက္(၃)ခုနဲ႔ ပြါးလိုက္ပါ။

အရဟံ – ကိေလသာ ျမဴမႈန္ပင္ ကင္းစင္ေတာ္မူေသာ ျမတ္စြာဘုရား အရဟံ – ပူေဇာ္အထူးကို အထူးခံယူေတာ္မူထိုက္ေသာ ျမတ္စြာဘုရား အရဟံ – ဆိတ္ကြယ္ရာ အရပ္မွာပင္ မေကာင္းမႈကို မျပဳေတာ္မူေသာျမတ္စြာဘုရား ဒါဆို ဗုဒၶႏုသာတိ ကုသိုလ္ျဖစ္သြားပါၿပီ။

၃။ “ေမတၱာ ကုသိုလ္”

ၾကည္လင္ေနတဲ့ ေရကိုၾကည့္ၿပီး ဤေရ ေအးျမၾကည္လင္ သလို အေဖနဲ႔ အေမ စိတ္ေရာ႐ုပ္ပါ ေအးျမပါေစ။ ဤေရ ေအးျမသလို ငါ့ရဲ႕အလုပ္ရွင္ စိတ္ေရာ႐ုပ္ပါ ေအးျမပါေစ။

ဤေရ ေအးျမသလို ငါ့ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြ စိတ္ေရာ ႐ုပ္ပါ ေအးျမၾကပါေစ။ ဤေရ ေအးျမ သလို သတၱဝါအားလုံး စိတ္ေရာ႐ုပ္ပါ ေအးျမၾကပါေစ… လို႔ ေမတၱာပို႔လိုက္ပါ။

ဒါဆို ေမတၱာကုသိုလ္ ျဖစ္သြား ပါၿပီ။ ဒါ့ေၾကာင့္ ေရဖလား ကို အေပၚမေျမႇာက္ပါနဲ႔လို႔ ေျပာတာပါ။ အေပၚေျမႇာက္ထားရင္ ေမတၱာပို႔ ရတာ အဆင္မေျပပါဘူး။ ေရကိုျမင္တဲ့ေနရာမွာ ေရဖလား ကိုထားၿပီး ေမတၱာပို႔ရတာက ပိုအဆင္ေျပလို႔ပါ။

၄။ “မရဏာႏုႆတိ ကုသိုလ္”

ၿပီးရင္ ငါဒီတစ္ညေတာ့ အသက္ရွင္ ခဲ့ၿပီး ဝင္ေလမဆုံးခင္ ထြက္ေလ မဆုံးခင္ နံနက္၊ ေန႔ည အခ်ိန္မေ႐ြး ေသသြာ းႏိုင္သည္… လို႔ မရဏာႏုသာတိ ပြါး လိုက္ပါ။ ဒါဆို မရဏာႏုသာတိ ကုသိုလ္ ျဖစ္သြားပါၿပီ။

၅။ “အသုဘဘာဝနာ ကုသိုလ္”

မ်က္စိအတြင္းမွာ ရွိေနတဲ့ အညစ္အေၾကးေတြ၊ ႏွာေခါင္းမွာ ရွိေနတဲ့ အညစ္အေၾကးေတြ၊ ပါးစပ္မွာရွိေနတဲ့ အညစ္အေၾကးေတြ ကို အာ႐ုံျပဳၿပီး ငါ့ရဲ႕ မ်က္ႏွာဟာ စက္ဆုပ္ ႐ြံရွာဖြယ္ ပါတကား…. လို႔ အသုဘ ဘာဝနာ ပြါးလိုက္ပါ။

ဒါဆို အသုဘဘာဝနာ ကုသိုလ္ ျဖစ္သြားပါၿပီး အသုဘ ဘာဝနာ ပြါးရတာ အိပ္ယာထဆိုေတာ့ အသုဘရဲ႕ လကၡဏာေတြ ထင္ထင္ရွားရွား ရွိေနတဲ့အတြက္ ပြါးရတာ ပိုၿပီး ထင္သာျမင္သာ ရွိပါေသးတယ္။

အျပင္သြားခါနီး ဖီးလိမ္း ျပင္ဆင္ၿပီးတဲ့အခါ လွလွပပ ဝတ္ဆင္ ထားတဲ့အခါ အသုဘပြါးရတာ အဆင္မေျပလွပါဘူး။ မိတ္ကပ္ေတြ အဝတ္ေတြနဲ႔ ဖုံးထားတဲ့ အတြက္ အသုဘ လကၡဏာေတြက မေပၚပါဘူး။

အသုဘပြါးတာ မနက္ေစာေစာက အဆင္ေျပ ဆုံးပါပဲ။ အားလုံးၿပီးမွ ျမတ္စြာဘုရား မ်က္ႏွာေတာ္သစ္ၿပီးၿပီ ျဖစ္တဲ့အတြက္ ေဆးအျဖစ္ ျပန္စြန႔္ေတာ္မူ ပါဘုရား လို႔ စြန႔္ၿပီး မ်က္ႏွာသစ္ လိုက္ပါ ဒါဆို မ်က္ႏွာသစ္ရင္ ကုသိုလ္(၅)မ်ိဳး ရ သြားပါၿပီ။

ကဲ စာဖတ္သူ အေပါင္းတို႔ေရ…

မ်က္ႏွာသစ္ရင္း ကုသိုလ္ငါးမ်ိဳးပြားၿပီး ကုသိုလ္ေတြ ယူထား လိုက္ပါေနာ္..။

(ရေဝႏြယ္-အင္းမ၏ ရင္ထဲကအရဟံ )

ဓမၼ ရတနာမွ ကူးယူေဖၚျပပါသည္။

Unicode

နံနက် အိပ်ရာထ မျက်နှာသစ်နေစဉ် ကုသိုလ် ၅ မျိုး ကို ရအောင်ယူနည်း
၁။ “ဒါန ကုသိုလ်”

မနက်အိပ်ယာထ မျက်နှာသစ်တော့မယ် ဆိုရင် ရေဖလား ထဲကို ရေထည့် လိုက်ပါ။ မျက်စိ နဲ့ မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်သို့ မမြှောက်လိုက် ပါနဲ့ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာ စိုးလို့ပါ။

လက်ကကိုင် ထားတဲ့ ရေဖလားနဲ့ ” မြတ်စွာဘုရားအား မျက်နှာ သစ်တော်ရေ ကပ်လှူပါ ၏ဘုရား ဘုရားတပည့်တော်ကို သနားချီးမြှောက်သော အားဖြင့် မျက်နှာ သစ်တော်မူ ပါဘုရား” လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ် ဖြစ်သွားပါပြီ။

၂။ “ဗုဒ္ဓနုသာတိ ကုသိုလ်”

မြတ်စွာဘုရား မျက်နှာသစ်တော်ရေ အသုံးပြုနေပုံ ကို စိတ်နှလုံးမှာ အာရုံပြုပြီး အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။

အရဟံ – ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား အရဟံ – ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား အရဟံ – ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား ဒါဆို ဗုဒ္ဓနုသာတိ ကုသိုလ်ဖြစ်သွားပါပြီ။

၃။ “မေတ္တာ ကုသိုလ်”

ကြည်လင်နေတဲ့ ရေကိုကြည့်ပြီး ဤရေ အေးမြကြည်လင် သလို အဖေနဲ့ အမေ စိတ်ရောရုပ်ပါ အေးမြပါစေ။ ဤရေ အေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ရောရုပ်ပါ အေးမြပါစေ။

ဤရေ အေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ရော ရုပ်ပါ အေးမြကြပါစေ။ ဤရေ အေးမြ သလို သတ္တဝါအားလုံး စိတ်ရောရုပ်ပါ အေးမြကြပါစေ… လို့ မေတ္တာပို့လိုက်ပါ။

ဒါဆို မေတ္တာကုသိုလ် ဖြစ်သွား ပါပြီ။ ဒါ့ကြောင့် ရေဖလား ကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလား ကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

၄။ “မရဏာနုဿတိ ကုသိုလ်”

ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင် ခဲ့ပြီး ဝင်လေမဆုံးခင် ထွက်လေ မဆုံးခင် နံနက်၊ နေ့ည အချိန်မရွေး သေသွာ းနိုင်သည်… လို့ မရဏာနုသာတိ ပွါး လိုက်ပါ။ ဒါဆို မရဏာနုသာတိ ကုသိုလ် ဖြစ်သွားပါပြီ။

၅။ “အသုဘဘာဝနာ ကုသိုလ်”

မျက်စိအတွင်းမှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့ အညစ်အကြေးတွေ ကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ် ရွံရှာဖွယ် ပါတကား…. လို့ အသုဘ ဘာဝနာ ပွါးလိုက်ပါ။

ဒါဆို အသုဘဘာဝနာ ကုသိုလ် ဖြစ်သွားပါပြီး အသုဘ ဘာဝနာ ပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့ လက္ခဏာတွေ ထင်ထင်ရှားရှား ရှိနေတဲ့အတွက် ပွါးရတာ ပိုပြီး ထင်သာမြင်သာ ရှိပါသေးတယ်။

အပြင်သွားခါနီး ဖီးလိမ်း ပြင်ဆင်ပြီးတဲ့အခါ လှလှပပ ဝတ်ဆင် ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အဝတ်တွေနဲ့ ဖုံးထားတဲ့ အတွက် အသုဘ လက္ခဏာတွေက မပေါ်ပါဘူး။

အသုဘပွါးတာ မနက်စောစောက အဆင်ပြေ ဆုံးပါပဲ။ အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက် ဆေးအဖြစ် ပြန်စွန့်တော်မူ ပါဘုရား လို့ စွန့်ပြီး မျက်နှာသစ် လိုက်ပါ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရ သွားပါပြီ။

ကဲ စာဖတ်သူ အပေါင်းတို့ရေ…

မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေ ယူထား လိုက်ပါနော်..။

(ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ )

ဓမ္မ ရတနာမှ ကူးယူဖေါ်ပြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*