ဝတာကို ဗိုက်ကြီးနေတယ်လို့ ထင်နေသူတွေကို ပြန်လည် တုန့်ပြန်လိုက်တဲ့ အိမ့်ချစ်

မကြာသေးခင်အချိန်အတွင်းက ပူပူနွေးနွေးလက်ထပ်ထားတဲ့စုံတွဲတွေထဲမှာတော့ အိမ့်ချစ်တို့စုံတွဲလည်းအပါအဝင်ပါ။

အိမ့်ချစ်ကတော့ အသံချိုချိုလေးနဲ့ပရိသတ်အကြိုက်တေးသီချင်းကောင်းတွေကို သီဆိုလေ့ရှိသူဖြစ်တာကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားတယ်လို့ ဆိုရမှာပါ။

အသံအရမ်းကောင်းတဲ့ အဆိုတော်မလေးအိမ့်ချစ်ကတော့ အမြဲတမ်းပြုံးပြုံးရွှင်ရွှင်‌နေတတ်ပြီး ချစ်စရာကောင်းသူလေးပဲဖြစ်ပါတယ်။(၆.၆.၂၀၂၀)ရက်နေ့လေးမှာဆိုရင်တော့ အဆိုတော်အိမ့်ချစ်က သူမချစ်သူနဲ့အတူ နှစ်ကိုယ်တူဘဝလေးကိုတည်ဆောက် ခဲ့တာဖြစ်ပါတယ်။

ဒီနေ့မှာတော့ အိမ့်ချစ်က သူမရဲ့ My Day မှာ “ဝတောတောင် အေးဆေးမဝရဘူး ဗိုက်ကြီးနေတာဆိုပဲ” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ အိမ့်ချစ်တယောက် အနည်းငယ် ဝနေတာကို တချို့က ကိုယ်ဝန်ရှိနေတယ်လို့ အထင်မှားနေလို့ အခုလို တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီလို ဝေဖန်မှုတွေကို စိတ်ဆိုးပြီး တုန့်ပြန်ခဲ့တာ မဟုတ်ဘဲ၊ ရီစရာ တစ်ခုအနေနဲ့ ပရိသတ်ကို ပြန်လည် ပြောပြပေးတာ ဖြစ်ပါတယ်။ အမြဲတမ်း သဘောကောင်းပြီး ပျော်ရွှင်တတ်တဲ့ အိမ့်ချစ်တို့ရဲ့ အိမ်ထောင်ဦး အချစ်ခရီးလေးကို အားကျနေတဲ့ သူတွေရှိရင် ပြောပေးသွားဦးနော် …

Be the first to comment

Leave a Reply

Your email address will not be published.


*