မြန်မာအသံထွက် “မဟာသမယသုတ်” လက်ကမ်းစာအုပ်လေးတွေ လှူဒါန်းသွားမယ့် မင်းသမီးးချောလေး ဆုပန်ထွာ ရဲ့ ဗီဒီယိုလေး









Credit shwekhit

 

Unicode

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ဆုပန်ထွာကတော့ “မဟာသမယသုတ် မြန်မာအသံထွက် လက်ကမ်းစာအုပ်လေး” တွေကို လှူဒါန်းသွားမယ့် အကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။

အခုလို လှူဒါန်းနိုင်ဖို့ကို ပန်ပန်က (၇)လလောက်ကြိုးစားခဲ့ရတာဖြစ်ပြီး အခုလှူဒါန်းခွင့်ရတော့မှာမို့ ပီတိဖြစ်နေခဲ့ပါတယ်။

ဒီ “မဟာသမယသုတ် မြန်မာအသံထွက် လက်ကမ်းစာအုပ်လေး” လေးရရှိဖို့ကိုတော့ ပန်ပန်ကိုယ်တိုင် မြန်မာအသံထွက်တွေကို စုစည်းကူယူရေးသားခဲ့တာဖြစ်ပြီး ကလေးတစ်ဖက်နဲ့ဖို့ (၆)ရက်လောက်ရေးသားခဲ့ရတာပါတဲ့။

စာအု ပ်လေးထုတ်ဖို့အတွက်ကိုလည်း ပုံနှိပ်တိုက်ပေါင်းများစွာမှာလည်း အခက်အခဲပေါင်းများစွာနဲ့ကို ကြုံတွေခဲ့ရပြီး လှူချင်တာကို လှူခွင့်မရတဲ့အတွက် စိတ်ထဲမွန်းကြပ်ပြီး ငိုခဲ့ရတဲ့ အထိဖြစ်ခဲ့ပါတယ်။

သို့ပေမဲ့လည်း ပန်ပန်ကတော့ အားမလျော့ပဲ ပုံနှိပ်တိုက်တစ်ခုပြီးတစ်ခု ဆက်သွယ်ခဲ့တာကြောင့် နောက်ဆုံးမှာ အခုလို လှူဒါန်းခွင့်ရခဲ့ပါတယ်။

ပန်ပန်အတွက်တော့ ဒီ လက်ကမ်း”မဟာသမယသုတ် မြန်မာအသံထွက်” စာအုပ်လေးက ပိုက်ဆံဘယ်လောက်ကုန်ကျပါစေ ပေးပါမယ်ဆိုတာတောင် လှူဖို့အဆင်မပြေခဲ့၊ လှူခွင့်မရှိခဲ့တဲ့ အခိုက်အတန့်ကြုံခဲ့ရတာမို့ အခုလို လှူဒါန်းခွင့်ရတာကို တော်တော်လေးပီတိဖြစ်နေခဲ့တာပါ။

ပရိသတ်ကြီးရေ ပန်ပန်က ဒီစာအုပ်လေးတွေကို တကယ်လိုချင်တဲ့ သူတွေအားလုံးအတွက် လှူဒါန်းပေးသွားမှာဖြစ်သလို သူရဲ့ Live Saleတွေမှာ ပစ္စည်းဝယ်သူတိုင်းကိုလည်း လက်ဆောင်ပေးသွားမှာပါတဲ့။

ယခုလို ဖတ်ကြားပေးကြတဲ့ ပရိတ်သတ် တွေလည်း နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ လို့ဆုမွန်ကောင်းလေးတေင်းပေး လိုက်ပါတယ်။

Credit shwekhit

Be the first to comment

Leave a Reply

Your email address will not be published.


*