ေဒၚေအာင္ဆန္းစုၾကည္ၿပီးရင္ ကမာၻ႔ ၾသဇာအာဏာအႀကီးဆုံး အမ်ိဳးသမီး စာရင္းမွာေဖာ္ျပခံခဲ့ရတဲ့ ေဒၚဝင္းဝင္းတင့္

ေဒၚေအာင္ဆန္းစုၾကည္ၿပီးရင္ ကမာၻ႔ ၾသဇာအာဏာအႀကီးဆုံး အမ်ိဳးသမီး စာရင္းမွာေဖာ္ျပခံခဲ့ရတဲ့ ေဒၚဝင္းဝင္းတင့္

ေဒၚဝင္းဝင္းတင့္ရဲ႕ မိသားစုဟာ ၁၉၉၆ ခုႏွစ္တုန္းက ရန္ကုန္ၿမိဳ႕မွာ ပထမဦးဆုံးစတိုးဆိုင္တစ္ခုကို စတင္ဖြင့္ လွစ္ခဲ့ပါတယ္။ ဆိုင္ဖြင့္ၿပီး သုံးလအၾကာမွာေတာ့ ဆိုင္ကိုဦးေဆာင္ဖို႔ ေဒၚဝင္းဝင္းတင့္ကို တာဝန္ေပးခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက သူ႔အသက္ ၂၁ ႏွစ္ပဲရွိပါေသးတယ္။



ႏွစ္ေပါင္းမ်ားစြာ ခက္ခဲစြာႀကိဳးစားခဲ့ရၿပီးတဲ့ေနာက္မွာ ဒီစီးပြားေရးလုပ္ငန္းရွင္အမ်ိဳးသမီးဟာ လုပ္ငန္းကို တစ္ဆင့္ၿပီးတစ္ဆင့္ စနစ္တက်တိုးခ်ဲ႕ႏိုင္ခဲ့ၿပီး ႀကီးက်ယ္ခမ္း နားတဲ့ လက္လီဆိုင္လုပ္ငန္းႀကီးကို တည္ေထာင္ႏိုင္ခဲ့ပါတယ္။

ဒီေန႔အခ်ိန္မွာ City Mart supermarket ၂၂ ဆိုင္၊ Ocean Supercenter ၇ ခု နဲ႔City Express ၅၂ ဆိုင္နဲ႔ စုစုေပါင္း ဆိုင္၈၁ ေက်ာ္ ရွိေနၿပီျဖစ္ပါတယ္။



ျမန္မာႏိုင္ငံမွာ လူေတြနဲ႔ ကုမၸဏီေတြဟာ တိုးတက္ႀကီးပြားဖို႔အတြက္ အၿပိဳင္အဆိုင္ႀကိဳးစားေနရတဲ့ အခ်ိန္ျဖစ္ ပါတယ္။ ဘဏ္လုပ္ငန္းပိုင္ရွင္ေတြက ေလေၾကာင္းလိုင္းေတြ တည္ေထာင္ၾကၿပီး အိမ္ၿခံေျမလုပ္ငန္းရွင္ေတြကလည္းက်န္းမာေရးဝန္ေဆာင္မႈလုပ္ငန္းေတြလုပ္ကိုင္ေနၾကပါၿပီ။

ဗိုလ္ခ်ဳပ္ေတြနဲ႔အဆက္အသြယ္ေကာင္းေတြ ရွိတဲ့ သူေဌးႀကီးေတြဟာလည္း အက်ိဳးအျမတ္အမ်ားရႏိုင္မယ့္ လုပ္ငန္းေတြတစ္ခုၿပီးတစ္ခု ေျပာင္းလဲလုပ္ကိုင္ေနပါတယ္။



အသက္ ၃၉ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေဒၚဝင္းဝင္းတင့္ဟာ တည္ၿငိမ္ၿပီး သတိႀကီးတဲ့ သူေဌး တစ္ေယာက္အျဖစ္နဲ႔ ရပ္တည္ၿပီးေတာ့ လုပ္ငန္းကို တိုးခ်ဲ႕ေနပါတယ္။ ေငြကို ဘယ္လိုသုံးမယ္ဆိုတာကို သတိထားဖို႔ အရမ္းအေရး ႀကီးပါတယ္လို႔ သူကေျပာပါတယ္။

အခုေခတ္မွာ အခြင့္အလမ္းေတြလည္း အမ်ားႀကီးရွိေနၿပီးေတာ့ မွားယြင္းတဲ့ လုပ္ငန္းေတြမွာ အလြယ္တကူ လုပ္ကိုင္မိတတ္ပါတယ္။ ရွိၿပီးသားလုပ္ငန္းနဲ႔ မသက္ဆိုင္တဲ့ လုပ္ငန္းေတြကို မလုပ္ကိုင္သင့္ပါဘူး။



အက်ိဳးအျမတ္တစ္ခုကိုပဲ ေတြးၿပီးေတာ့ စီးပြားေရးမလုပ္သင့္ပါဘူး။ အနာဂတ္အတြက္ အစီစဥ္ရွိရမွာျဖစ္ပါတယ္။ ဘာအစီအစဥ္မွမရွိဘူးဆိုရင္အလကားအခ်ိန္ကုန္တာပဲျဖစ္ပါတယ္။ဒီလိုေျပာခဲ့လို႔ သူ႔လုပ္ငန္းဟာ ၿပိဳင္ဘက္ေတြအတြက္ ေႏွးေကြးတဲ့ၿပိဳင္ဘက္မဟုတ္ပါဘူး။

City Mart ရဲ႕ ေရာင္းအားေတြဟာ ႏွစ္ဆႏွစ္ဆ တိုးလာေနၿပီးေတာ့ ၿပီးခဲ့တဲ့မတ္လမွာဆုံးခဲ့တဲ့ ဘ႑ာႏွစ္မွာဆိုရင္ အေမ ရိကန္ေဒၚလာသန္း ၂၀၀ အထိရွိခဲ့ပါတယ္။



အခုအခ်ိန္မွာ ၁၀၀ ရာခိုင္ႏႈန္း မိသားစုပိုင္ျဖစ္တဲ့ျဖစ္တဲ့ ကုမၸဏီဟာ ေနာက္ႏွစ္ေလာက္မွာ အမ်ားပိုင္အျဖစ္ ေျပာင္းလဲႏိုင္ေပမယ့္ city mart က အမ်ားပိုင္အျဖစ္ ေျပာင္းလဲမယ္ဆိုရင္ သူတို႔ရဲ႕အျမတ္ေငြႏႈန္းေတြကို ထုတ္ေဖာ္ျပသရမွာျဖစ္ၿပီး အခုထိေတာ့ မထုတ္ျပေသးပါဘူး။

ဒါေပမဲ့ အခုအခ်ိန္မွာ ေဈးကြက္ေနရာရဖို႔ ၿပိဳင္ဆိုင္ေနရတာက အက်ိဳးအျမတ္ထက္ ပိုအေရးႀကီးေနပါတယ္

။ေလ့လာသူေတြကေတာ့ City Mart ဟာ fast-moving goods(အစားအေသာက္၊ သြားတိုက္ေဆး၊ ေခါင္း ေလွ်ာ္ရည္အစရွိတဲ့ ပစၥည္းေတြ) ေတြရဲ႕ ၆၀ရာခိုင္ႏႈန္း ေဈးကြက္ေနရာကို ရရွိထားတယ္လို႔ဆိုပါတယ္။



ေဒၚဝင္းဝင္းတင့္ဟာ သူရဲ႕ကုမၸဏီရဲ႕လုပ္ငန္းေတြကို၊ စာအုပ္ဆိုင္၊ bakery၊ City Baby Clubsတို႔ကို တိုးခ်ဲ႕ခဲ့ၿပီး မၾကာခင္မွာ fast food လုပ္ငန္းေတြအထိပါ တိုးခ်ဲ႕မွာျဖစ္ပါတယ္။

KFC ဟာလည္း ျမန္မာႏိုင္ငံမွာ မၾကာေသး ခင္ကမွ ပထမဆုံးဆိုင္ကိုဖြင့္ခဲ့ၿပီးေတာ့ City Mart က Pizza Hut နဲ႔ ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။

လြန္ခဲ့တဲ့ႏွစ္ မတ္လတုန္းက ေဒၚဝင္းဝင္းတင့္ဟာ FORBES ASIA ရဲ႕ ႏွစ္စဥ္ထုတ္ျပန္တဲ့50 most powerful business women စာရင္းမွာ ေဖာ္ျပခံခဲ့ရၿပီး ဒီလိုေဖာ္ျပခံရတာဟာျမန္မာႏိုင္ငံမွ ပထမဦးဆုံးျဖစ္ပါတယ္။



ျမန္မာႏိုင္ငံက ဒီမိုကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ FORBES ရဲ႕ the mostpowerfulwomen ကမာၻ႔ ၾသဇာအာဏာအႀကီးဆုံး အမ်ိဳးသမီးစာရင္းမွာအႀကိမ္ေပါင္းမ်ားစြာ ပါဝင္ခဲ့ပါတယ္။

အရင္တုန္းက ျမန္မာႏိုင္ငံရဲ႕ အေမွာင္လႊမ္းခဲ့တဲ့အခ်ိန္ေတြတုန္းကေတာ့ CityMart မွာ ၿပိဳင္ဘက္ေတြ သိပ္မရွိ ခဲ့ပါဘူး၊ ဒါေပမဲ့ အျမတ္လည္း အရမ္းမရခဲ့ပါဘူးလို႔ သူက ေျပာပါတယ္။ အခုေတာ့ ရန္ကုန္ၿမိဳ႕ရဲ႕ လမ္းမေတြ တိုင္းမွာ CityMart ရဲ႕ City Express ေတြကို ေတြ႕ႏိုင္ပါတယ္။



City Express ေတြရဲ႕မလွမ္းမကမ္းမွာတင္ ၿပိဳင္ဘက္ေတြျဖစ္တဲ့ Grab & Go နဲ႔ ABC စတိုးဆိုင္ေတြကိုလည္း ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ၿပိဳင္ဘက္ႀကီးေတြ ကလည္း City Mart ကိုshopping mall ေတြ hypermarket ေတြမွာ လိုက္ယွဥ္ၿပိဳင္ေနၾကပါတယ္

။ေနာက္လာမယ့္ႏွစ္ေတြမွာလည္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြ အမ်ားႀကီးဝင္လာမွာျဖစ္ၿပီးေတာ့ ၿပိဳင္ဆိုင္မႈေတြ ပိုမ်ားလာမွာျဖစ္ပါတယ္။ အခုက အေရအတြက္နဲ႔ပဲ ယွဥ္ၿပိဳင္ေနရတာျဖစ္ပါတယ္လို႔ convenience store ၿပိဳင္ဆိုင္မႈေတြနဲ႔ပတ္သက္ၿပီး ေဒၚဝင္းဝင္းတင့္က ေျပာပါတယ္။



အျမတ္အစြန္း အရမ္းရတာလည္းမဟုတ္ပါဘူး၊ ဒါေပမဲ့ အကုန္လုံးက ပိုၿပီးေတာ့ ေဈးကြက္ကို ျဖန႔္က်က္ထားႏိုင္ဖို႔ ႀကိဳးစားေနတာပါ။ အကုန္လုံးက ဆိုင္ေပါင္း ၁၀၀၊ ၁၂၀ ေလာက္ဖြင့္ႏိုင္ေအာင္ လုပ္ေနၾကပါတယ္လို႔ ေျပာခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ အကုန္လုံးက သူမသာ ကိုယ္မသာပဲျဖစ္ေနပါတယ္။ CityExpress နဲ႔ Capital Diamond Star Group လက္ေအာက္က Grab & Goဆိုင္ေတြဟာ ဆိုင္ေပါင္း ၅၀ ေက်ာ္ေက်ာ္ရွိပါတယ္။

convenience စတိုးေတြကို စတင္ဖြင့္ခဲ့တဲ့ ABC ဆိုင္ေတြကေတာ့ ဆိုင္အေရအတြက္မွာ ဦးေဆာင္ေနၿပီးမႏၲေလးမွာလည္း ဖြင့္ထားတာေတြရွိပါတယ္။

ျမန္မာႏိုင္ငံမွာ စေတာ့ေဈးကြက္ေတြနဲ႔ ႏိုင္ငံတကာ ရင္းႏွီး ျမဳပ္ႏွံမႈေတြေၾကာင့္ ၿပိဳင္ဆိုင္မႈေတြဟာ ပိုၾကမ္းတမ္းလာမွာျဖစ္တယ္လို႔ ႀကိဳတင္ခန႔္မွန္းထားၾကပါတယ္။ ဘာေတြဆက္ျဖစ္မယ္ဆိုတာေတာ့ မသိေသးပါဘူး၊



ႏိုင္ငံျခားကုမၸဏီေတြက အခုလက္ရွိမွာ လက္လီဆိုင္ေတြကို တိုက္႐ိုက္လုပ္ကိုင္ခြင့္ မရရွိေသးပါဘူး။ဒီႏွစ္ကုန္ပိုင္း ဒါမွမဟုတ္ ေနာက္ႏွစ္ထဲမွာ စဖြင့္မယ့္ ျမန္မာ စေတာ့ေဈးကြက္မွာ City Mart မွာ ပထမဦးဆုံး စားရင္းဝင္ကုမၸဏီျဖစ္ေအာင္ ေဆာင္႐ြက္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

City Mart ရဲ႕ Jardine Pacific (Pizza Hut ဆိုင္ဖြင့္ဖို႔)နဲ႔ ေပါင္းတာလိုမ်ိဳး တျခားႏိုင္ငံျခားမိတ္ဖက္ေတြနဲ႔ ေပါင္းၿပီးေတာ့ လုပ္ငန္းေတြလုပ္ကိုင္မယ္လို႔ လည္း ေျပာေနၾကပါတယ္

(City Mart နဲ႔ Jardine Pacificတို႔ ေပါင္းစည္း လုပ္ကိုင္တာဟာ အဓိက ကေတာ့ ေဟာင္ေကာင္လုပ္ငန္းစုျဖစ္တဲ့ Jar Pacific ဟာ Pizza Hut နဲ႔ မိတ္ဖက္လုပ္ငန္းစုျဖစ္ေနတာေၾကာင့္ ျဖစ္ပါတယ္။)

Credit Thatinhtoo

Unicode ျဖင့္ဖတ္ရန္

ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ကမ္ဘာ့ သြဇာအာဏာအကြီးဆုံး အမျိုးသမီး စာရင်းမှာဖော်ပြခံခဲ့ရတဲ့ ဒေါ်ဝင်းဝင်းတင့်

ဒေါ်ဝင်းဝင်းတင့်ရဲ့ မိသားစုဟာ ၁၉၉၆ ခုနှစ်တုန်းက ရန်ကုန်မြို့မှာ ပထမဦးဆုံးစတိုးဆိုင်တစ်ခုကို စတင်ဖွင့် လှစ်ခဲ့ပါတယ်။ ဆိုင်ဖွင့်ပြီး သုံးလအကြာမှာတော့ ဆိုင်ကိုဦးဆောင်ဖို့ ဒေါ်ဝင်းဝင်းတင့်ကို တာဝန်ပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူ့အသက် ၂၁ နှစ်ပဲရှိပါသေးတယ်။



နှစ်ပေါင်းများစွာ ခက်ခဲစွာကြိုးစားခဲ့ရပြီးတဲ့နောက်မှာ ဒီစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးဟာ လုပ်ငန်းကို တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျတိုးချဲ့နိုင်ခဲ့ပြီး ကြီးကျယ်ခမ်း နားတဲ့ လက်လီဆိုင်လုပ်ငန်းကြီးကို တည်ထောင်နိုင်ခဲ့ပါတယ်။

ဒီနေ့အချိန်မှာ City Mart supermarket ၂၂ ဆိုင်၊ Ocean Supercenter ၇ ခု နဲ့City Express ၅၂ ဆိုင်နဲ့ စုစုပေါင်း ဆိုင်၈၁ ကျော် ရှိနေပြီဖြစ်ပါတယ်။



မြန်မာနိုင်ငံမှာ လူတွေနဲ့ ကုမ္ပဏီတွေဟာ တိုးတက်ကြီးပွားဖို့အတွက် အပြိုင်အဆိုင်ကြိုးစားနေရတဲ့ အချိန်ဖြစ် ပါတယ်။ ဘဏ်လုပ်ငန်းပိုင်ရှင်တွေက လေကြောင်းလိုင်းတွေ တည်ထောင်ကြပြီး အိမ်ခြံမြေလုပ်ငန်းရှင်တွေကလည်းကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေလုပ်ကိုင်နေကြပါပြီ။

ဗိုလ်ချုပ်တွေနဲ့အဆက်အသွယ်ကောင်းတွေ ရှိတဲ့ သူဌေးကြီးတွေဟာလည်း အကျိုးအမြတ်အများရနိုင်မယ့် လုပ်ငန်းတွေတစ်ခုပြီးတစ်ခု ပြောင်းလဲလုပ်ကိုင်နေပါတယ်။



အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ဝင်းဝင်းတင့်ဟာ တည်ငြိမ်ပြီး သတိကြီးတဲ့ သူဌေး တစ်ယောက်အဖြစ်နဲ့ ရပ်တည်ပြီးတော့ လုပ်ငန်းကို တိုးချဲ့နေပါတယ်။ ငွေကို ဘယ်လိုသုံးမယ်ဆိုတာကို သတိထားဖို့ အရမ်းအရေး ကြီးပါတယ်လို့ သူကပြောပါတယ်။

အခုခေတ်မှာ အခွင့်အလမ်းတွေလည်း အများကြီးရှိနေပြီးတော့ မှားယွင်းတဲ့ လုပ်ငန်းတွေမှာ အလွယ်တကူ လုပ်ကိုင်မိတတ်ပါတယ်။ ရှိပြီးသားလုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းတွေကို မလုပ်ကိုင်သင့်ပါဘူး။



အကျိုးအမြတ်တစ်ခုကိုပဲ တွေးပြီးတော့ စီးပွားရေးမလုပ်သင့်ပါဘူး။ အနာဂတ်အတွက် အစီစဉ်ရှိရမှာဖြစ်ပါတယ်။ ဘာအစီအစဉ်မှမရှိဘူးဆိုရင်အလကားအချိန်ကုန်တာပဲဖြစ်ပါတယ်။ဒီလိုပြောခဲ့လို့ သူ့လုပ်ငန်းဟာ ပြိုင်ဘက်တွေအတွက် နှေးကွေးတဲ့ပြိုင်ဘက်မဟုတ်ပါဘူး။

City Mart ရဲ့ ရောင်းအားတွေဟာ နှစ်ဆနှစ်ဆ တိုးလာနေပြီးတော့ ပြီးခဲ့တဲ့မတ်လမှာဆုံးခဲ့တဲ့ ဘဏ္ဍာနှစ်မှာဆိုရင် အမေ ရိကန်ဒေါ်လာသန်း ၂၀၀ အထိရှိခဲ့ပါတယ်။



အခုအချိန်မှာ ၁၀၀ ရာခိုင်နှုန်း မိသားစုပိုင်ဖြစ်တဲ့ဖြစ်တဲ့ ကုမ္ပဏီဟာ နောက်နှစ်လောက်မှာ အများပိုင်အဖြစ် ပြောင်းလဲနိုင်ပေမယ့် city mart က အများပိုင်အဖြစ် ပြောင်းလဲမယ်ဆိုရင် သူတို့ရဲ့အမြတ်ငွေနှုန်းတွေကို ထုတ်ဖော်ပြသရမှာဖြစ်ပြီး အခုထိတော့ မထုတ်ပြသေးပါဘူး။

ဒါပေမဲ့ အခုအချိန်မှာ ဈေးကွက်နေရာရဖို့ ပြိုင်ဆိုင်နေရတာက အကျိုးအမြတ်ထက် ပိုအရေးကြီးနေပါတယ်

။လေ့လာသူတွေကတော့ City Mart ဟာ fast-moving goods(အစားအသောက်၊ သွားတိုက်ဆေး၊ ခေါင်း လျှော်ရည်အစရှိတဲ့ ပစ္စည်းတွေ) တွေရဲ့ ၆၀ရာခိုင်နှုန်း ဈေးကွက်နေရာကို ရရှိထားတယ်လို့ဆိုပါတယ်။



ဒေါ်ဝင်းဝင်းတင့်ဟာ သူရဲ့ကုမ္ပဏီရဲ့လုပ်ငန်းတွေကို၊ စာအုပ်ဆိုင်၊ bakery၊ City Baby Clubsတို့ကို တိုးချဲ့ခဲ့ပြီး မကြာခင်မှာ fast food လုပ်ငန်းတွေအထိပါ တိုးချဲ့မှာဖြစ်ပါတယ်။

KFC ဟာလည်း မြန်မာနိုင်ငံမှာ မကြာသေး ခင်ကမှ ပထမဆုံးဆိုင်ကိုဖွင့်ခဲ့ပြီးတော့ City Mart က Pizza Hut နဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် မတ်လတုန်းက ဒေါ်ဝင်းဝင်းတင့်ဟာ FORBES ASIA ရဲ့ နှစ်စဉ်ထုတ်ပြန်တဲ့50 most powerful business women စာရင်းမှာ ဖော်ပြခံခဲ့ရပြီး ဒီလိုဖော်ပြခံရတာဟာမြန်မာနိုင်ငံမှ ပထမဦးဆုံးဖြစ်ပါတယ်။



မြန်မာနိုင်ငံက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ FORBES ရဲ့ the mostpowerfulwomen ကမ္ဘာ့ သြဇာအာဏာအကြီးဆုံး အမျိုးသမီးစာရင်းမှာအကြိမ်ပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။

အရင်တုန်းက မြန်မာနိုင်ငံရဲ့ အမှောင်လွှမ်းခဲ့တဲ့အချိန်တွေတုန်းကတော့ CityMart မှာ ပြိုင်ဘက်တွေ သိပ်မရှိ ခဲ့ပါဘူး၊ ဒါပေမဲ့ အမြတ်လည်း အရမ်းမရခဲ့ပါဘူးလို့ သူက ပြောပါတယ်။ အခုတော့ ရန်ကုန်မြို့ရဲ့ လမ်းမတွေ တိုင်းမှာ CityMart ရဲ့ City Express တွေကို တွေ့နိုင်ပါတယ်။



City Express တွေရဲ့မလှမ်းမကမ်းမှာတင် ပြိုင်ဘက်တွေဖြစ်တဲ့ Grab & Go နဲ့ ABC စတိုးဆိုင်တွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ပြိုင်ဘက်ကြီးတွေ ကလည်း City Mart ကိုshopping mall တွေ hypermarket တွေမှာ လိုက်ယှဉ်ပြိုင်နေကြပါတယ်

။နောက်လာမယ့်နှစ်တွေမှာလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများကြီးဝင်လာမှာဖြစ်ပြီးတော့ ပြိုင်ဆိုင်မှုတွေ ပိုများလာမှာဖြစ်ပါတယ်။ အခုက အရေအတွက်နဲ့ပဲ ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်လို့ convenience store ပြိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး ဒေါ်ဝင်းဝင်းတင့်က ပြောပါတယ်။



အမြတ်အစွန်း အရမ်းရတာလည်းမဟုတ်ပါဘူး၊ ဒါပေမဲ့ အကုန်လုံးက ပိုပြီးတော့ ဈေးကွက်ကို ဖြန့်ကျက်ထားနိုင်ဖို့ ကြိုးစားနေတာပါ။ အကုန်လုံးက ဆိုင်ပေါင်း ၁၀၀၊ ၁၂၀ လောက်ဖွင့်နိုင်အောင် လုပ်နေကြပါတယ်လို့ ပြောခဲ့ပါတယ်။

အခုအချိန်မှာတော့ အကုန်လုံးက သူမသာ ကိုယ်မသာပဲဖြစ်နေပါတယ်။ CityExpress နဲ့ Capital Diamond Star Group လက်အောက်က Grab & Goဆိုင်တွေဟာ ဆိုင်ပေါင်း ၅၀ ကျော်ကျော်ရှိပါတယ်။

convenience စတိုးတွေကို စတင်ဖွင့်ခဲ့တဲ့ ABC ဆိုင်တွေကတော့ ဆိုင်အရေအတွက်မှာ ဦးဆောင်နေပြီးမန္တလေးမှာလည်း ဖွင့်ထားတာတွေရှိပါတယ်။

မြန်မာနိုင်ငံမှာ စတော့ဈေးကွက်တွေနဲ့ နိုင်ငံတကာ ရင်းနှီး မြုပ်နှံမှုတွေကြောင့် ပြိုင်ဆိုင်မှုတွေဟာ ပိုကြမ်းတမ်းလာမှာဖြစ်တယ်လို့ ကြိုတင်ခန့်မှန်းထားကြပါတယ်။ ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ မသိသေးပါဘူး၊



နိုင်ငံခြားကုမ္ပဏီတွေက အခုလက်ရှိမှာ လက်လီဆိုင်တွေကို တိုက်ရိုက်လုပ်ကိုင်ခွင့် မရရှိသေးပါဘူး။ဒီနှစ်ကုန်ပိုင်း ဒါမှမဟုတ် နောက်နှစ်ထဲမှာ စဖွင့်မယ့် မြန်မာ စတော့ဈေးကွက်မှာ City Mart မှာ ပထမဦးဆုံး စားရင်းဝင်ကုမ္ပဏီဖြစ်အောင် ဆောင်ရွက်မယ်လို့ မျှော်လင့်ရပါတယ်။

City Mart ရဲ့ Jardine Pacific (Pizza Hut ဆိုင်ဖွင့်ဖို့)နဲ့ ပေါင်းတာလိုမျိုး တခြားနိုင်ငံခြားမိတ်ဖက်တွေနဲ့ ပေါင်းပြီးတော့ လုပ်ငန်းတွေလုပ်ကိုင်မယ်လို့ လည်း ပြောနေကြပါတယ်

(City Mart နဲ့ Jardine Pacificတို့ ပေါင်းစည်း လုပ်ကိုင်တာဟာ အဓိက ကတော့ ဟောင်ကောင်လုပ်ငန်းစုဖြစ်တဲ့ Jar Pacific ဟာ Pizza Hut နဲ့ မိတ်ဖက်လုပ်ငန်းစုဖြစ်နေတာကြောင့် ဖြစ်ပါတယ်။)

Credit Thatinhtoo

Be the first to comment

Leave a Reply

Your email address will not be published.


*