ယေန႔ေဂဟာကသားသမီးေတြနဲ႔အတူ သံဃာအပါး(၂၀၀)ကို ႏွစ္ဦးဆြမ္းကပ္အလႉေလးျပဳလုပ္ခဲ့တဲ့ ခိုင္ႏွင္းေဝ

တစ္ခ်ိန္က ပရိသတ္ေတြရဲ႕ အသည္းစြဲ မင္းသမီေလး ခိုင္ႏွင္းေဝက ကိုယ္က်ိဳးကိုမၾကည့္ပဲ ျပည္သူ႔အက်ိဳးျပဳ လုပ္ငန္းေတြကို စြမ္းစြမ္းတမံ လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ ခိုင္ႏွင္းေဝက ပရဟိတလုပ္ငန္းေတြနဲ႔ မိဘမဲ့ကေလးငယ္ေလးမ်ားအတြက္လည္း ေဂဟာေလး ဖြင့္လွစ္ထားၿပီး

တစ္ဖက္မွာလည္း မိသားစုအတြက္ ဦးေဆာင္ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အဆင္းေရာ အခ်င္းပါျပည့္စုံတဲ့ ခိုင္ႏွင္းေဝကေတာ့ သူမရဲ႕ ဝန္ထမ္းေတြအတြက္လည္း ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ၿပီး ယုံၾကည္အားထားျခင္းခံရသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။

စိတ္ထားေလးေကာင္းသလို အလႉေရစက္ လက္နဲ႔မကြာ လႉဒါန္းတတ္တဲ့ ခိုင္ႏွင္းေဝက ဒီကေန႔မွာလည္း သူမရဲ႕ ေဂဟာက သားသမီးေတြနဲ႔အတူတူ ေရစက္ခ်အလႉေလးတစ္ခုျပဳလုပ္ခဲ့ေၾကာင္း ေျပာလာပါတယ္။ ခိုင္ႏွင္းေဝက “ဘဝတပါး ကူးေျပာင္းသြားေသာ ခုႏွစ္ရက္ သားသမီးအလႉရွင္ မ်ားအား ရည္စူး၍

သံဃာ အပါး (၂၀၀)အား ဆြမ္း၊ ခဲဘြယ္၊ အလႈေငြ မ်ား ကပ္လႈ ပူေဇာ္ျခင္း ကို က်မ တို႔ “ခိုင္” မိသားစု ႏွင့္ ခုႏွစ္ရက္ သားသမီး အလႉရွင္မ်ား မွ ႏွစ္ဦး အလႉ အျဖစ္ ေရစက္ခ် လႉဒါန္း ကုသိုလ္ယူ အမွ်ေဝ ခဲ့ပါတယ္ ရွင္.🙏🙏🙏….” ဆိုၿပီး သူမတို႔ မိသားစုရဲ႕ ကုသိုလ္ေလးကို မွ်ေဝေပးလာပါတယ္။

ခိုင္ႏွင္းေဝကေတာ့ သူမရဲ႕ ေဂဟာက ကေလးေတြနဲ႔အတူတူ အလႉလုပ္ေရစက္ခ်ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ခိုင္ႏွင္းေဝတို႔ မိသားစုရဲ႕ ႏွစ္ဦးအလႉေလးကို ထပ္တူသာဓုေခၚဆိုေပးၾကပါဦးေနာ္။

ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

ဆယ္လီကြန္နက္ရွင္
Credit Swelsone News

Unicode

တစ်ချိန်က ပရိသတ်တွေရဲ့ အသည်းစွဲ မင်းသမီလေး ခိုင်နှင်းဝေက ကိုယ်ကျိုးကိုမကြည့်ပဲ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက ပရဟိတလုပ်ငန်းတွေနဲ့ မိဘမဲ့ကလေးငယ်လေးများအတွက်လည်း ဂေဟာလေး ဖွင့်လှစ်ထားပြီး

တစ်ဖက်မှာလည်း မိသားစုအတွက် ဦးဆောင်နေတဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဆင်းရော အချင်းပါပြည့်စုံတဲ့ ခိုင်နှင်းဝေကတော့ သူမရဲ့ ဝန်ထမ်းတွေအတွက်လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပြီး ယုံကြည်အားထားခြင်းခံရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

စိတ်ထားလေးကောင်းသလို အလှူရေစက် လက်နဲ့မကွာ လှူဒါန်းတတ်တဲ့ ခိုင်နှင်းဝေက ဒီကနေ့မှာလည်း သူမရဲ့ ဂေဟာက သားသမီးတွေနဲ့အတူတူ ရေစက်ချအလှူလေးတစ်ခုပြုလုပ်ခဲ့ကြောင်း ပြောလာပါတယ်။ ခိုင်နှင်းဝေက “ဘဝတပါး ကူးပြောင်းသွားသော ခုနှစ်ရက် သားသမီးအလှူရှင် များအား ရည်စူး၍

သံဃာ အပါး (၂၀၀)အား ဆွမ်း၊ ခဲဘွယ်၊ အလှုငွေ များ ကပ်လှု ပူဇော်ခြင်း ကို ကျမ တို့ “ခိုင်” မိသားစု နှင့် ခုနှစ်ရက် သားသမီး အလှူရှင်များ မှ နှစ်ဦး အလှူ အဖြစ် ရေစက်ချ လှူဒါန်း ကုသိုလ်ယူ အမျှဝေ ခဲ့ပါတယ် ရှင်.🙏🙏🙏….” ဆိုပြီး သူမတို့ မိသားစုရဲ့ ကုသိုလ်လေးကို မျှဝေပေးလာပါတယ်။

ခိုင်နှင်းဝေကတော့ သူမရဲ့ ဂေဟာက ကလေးတွေနဲ့အတူတူ အလှူလုပ်ရေစက်ချခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေတို့ မိသားစုရဲ့ နှစ်ဦးအလှူလေးကို ထပ်တူသာဓုခေါ်ဆိုပေးကြပါဦးနော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်
Credit Swelsone News

Be the first to comment

Leave a Reply

Your email address will not be published.


*