အမ်ိဴးသမီးမ်ား မီးယပ္ ႏွင့္ အျဖဴဆင္းျခင္းတို႔အတြက္ ေဆးနည္း

အမ်ိဴးသမီးမ်ား မီးယပ္ ႏွင့္ အျဖဴဆင္းျခင္းတို႔အတြက္ ေဆးနည္း

အမ်ိဳးသမီးတိုင္း အ႐ြယ္ (၃) ပါးမေ႐ြး ျဖစ္တတ္တဲ့ မီးယပ္အျဖဴဆင္းျခင္းအတြက္ လြယ္ကူၿပီး လက္ေတြ႕ေပ်ာက္ကင္းခဲ့တဲ့ နည္းေလးအခ်ိဳ႕ကို မွ်ေဝလိုက္ပါတယ္။အခုု ေဖာ္ျပတဲ့ နည္းေလးေတြကေတာ့ (၁) ရက္ (၂) ရက္စားသုံး႐ုံနဲ႔ေတာ့ မေပ်ာက္ကင္းပါဘူး ။



ဇြဲရွိရွိနဲ႔ ရက္ရွည္ ၊လရွည္ စြဲစားေပးမွ ေဝဒနာ ေပ်ာက္ကင္းေစမွာပါ ။( ပထမနည္း ) – ထမင္းရည္ကို ဟင္းထည့္ပန္းကန္ (၁) လုံးခန႔္ ေရေသာက္သ လိုမ်ိဳး ေန႔စဥ္ ေသာက္ေပးရပါမယ္ ။ရက္အကန႔္ အသတ္ မရွိပဲ ရက္ရွည္ ၊ လရွည္စြဲၿပီး ျဖစ္ႏိုင္ရင္အၿမဲပဲ ေသာက္ေပးရပါမယ္

ဇြဲရွိရွိနဲ႔ ေသာက္ေပးရင္ရာသီအျဖဴ ( အခဲလိုက္က်ဆင္းျခင္း ) ကိုပင္ လက္ေတြ႕ေပ်ာက္ကင္းေစပါတယ္ ။ (ဒုတိယနည္း) – ဇရစ္ဖူးေလးေတြကေတာ့ တစ္စည္းမွ (၅၀) က်ပ္ပဲ ေပးရၿပီး ေစ်းထဲမွာ အလြယ္တကူ ရရွိႏိုင္ပါတယ္ ။

ဇရစ္ဖူးရဲ႕ ႏုတဲ့ အစိိတ္အပိုင္းေလးေတြကို ဓားျပားနဲ႔႐ိုက္ ၊ အေနေတာ္လွီးျဖတ္ၿပီး ဆားနဲ႔ အနည္းငယ္ နယ္ေပးပါ ။တစ္ခဏ ထားၿပီးလွ်င္ ေရနဲ႔ေဆးေၾကာၿပီး ေရညႇစ္ပါ ။ၾကက္သြန္နီ ( သို႔ ) အျဖဴကို ပုဇြန္စို ( သို႔ ) ပုဇြန္ေျခာက္နဲ႔ေရာ၍ ဆီသတ္ၿပီး ဇရစ္ဖူးကိုထည့္ ေၾကာ္ခ်က္ပါ ။



(အရသာ မိမိႏွစ္သက္သလို ထည့္ႏိုင္ပါတယ္ ။) ဇရစ္ဖူးေၾကာ္ခ်က္ကို ထမင္းနဲ႔ စားရပါမယ္ ။တစ္ပတ္လွ်င္ (၄) ႀကိမ္ခန႔္ ။ အရန္ဟင္းအေနနဲ႔ ေန႔စဥ္ စားေပးႏိုင္ရင္ေတာ့အေကာင္းဆုံးပါ ။ဇရစ္ဖူးကို မန္က်ည္းသီးမွည့္နဲ႔ ျပဳတ္ၿပီးတို႔စရာ အေနနဲ႔လည္း စားေပးႏိုင္ပါတယ္ ။

လရွည္ခံစားေနရတဲ့ ေဝဒနာ လက္ေတြ႕ေပ်ာက္ကင္းေစပါတယ္ ။(တတိယနည္း) – ပီေလာပီနံျပဳတ္ ( ကေလာပီနံ ) ကိို ဆား၊ ဆီ တိို႔နဲ႔ တို႔စားေပးပါ ။ဂ်စ္နဲ႔ ျခစ္ၿပီး သၾကား၊ အုန္းသီးျဖဴးၿပီးလည္း စားေပးႏိုင္ပါတယ္ ။

တစ္ပတ္လွ်င္ (၄) ႀကိမ္ခန႔္ စားေပးပါ ။လက္ေတြ႕ေပ်ာက္ ကင္းပါတယ္ ။ ေဆာင္ရန္ ၊ ေရွာင္ရန္ အေနနဲ႔ကေတာ့…အပူ၊ အစပ္မ်ား အတတ္နိိုင္ဆုံး ေရွာင္ပါ ၊ေသာကျဖစ္စရာ၊ စိိတ္ဖိစီးမႈမ်ားကို အတတ္ႏိုင္ဆုံးေလွ်ာ့ခ်ၿပီး စိတ္ကို ေပါ့ေပါ့ပါးပါး ေပ်ာ္႐ႊင္ေအာင္ထားပါ ။



မိိမအသုံးအေဆာင္ ပစၥည္းမ်ားကို သန႔္ရွင္းစင္ၾကယ္စြာ ထားပါ ။ေရာဂါပိုးမႊား မဝင္ေရာက္ေစရန္ တစ္ကိုယ္ေရသန႔္ရွင္းမႈကို ဂ႐ုစိုက္ပါ ။မွတ္ခ်က္ ။ ဒီနည္းေလးေတြကေတာ့ က်မနဲ႔ မိိတ္ေဆြ အစ္မမ်ားရဲ႕ လက္ေတြ႕ေပ်ာက္ ကင္းခဲ့တဲ့ နည္းေလးေတြပါ ။

ဒီလိုေဝဒနာ ခံစားရတဲ့ အစ္မ ၊ ညီမမ်ား ဆႏၵရွိရင္ အသုံးျပဳၾကည့္ ႏိုင္ပါတယ္ရွင္ ။အားလုံးပဲ အသက္ရွည္ က်န္းမာၾကပါေစ

Credit – Kyaw Yimon ( HTD)

Unicode

အမျိူးသမီးများ မီးယပ် နှင့် အဖြူဆင်းခြင်းတို့အတွက် ဆေးနည်း

အမျိုးသမီးတိုင်း အရွယ် (၃) ပါးမရွေး ဖြစ်တတ်တဲ့ မီးယပ်အဖြူဆင်းခြင်းအတွက် လွယ်ကူပြီး လက်တွေ့ပျောက်ကင်းခဲ့တဲ့ နည်းလေးအချို့ကို မျှဝေလိုက်ပါတယ်။အခု ဖော်ပြတဲ့ နည်းလေးတွေကတော့ (၁) ရက် (၂) ရက်စားသုံးရုံနဲ့တော့ မပျောက်ကင်းပါဘူး ။



ဇွဲရှိရှိနဲ့ ရက်ရှည် ၊လရှည် စွဲစားပေးမှ ဝေဒနာ ပျောက်ကင်းစေမှာပါ ။( ပထမနည်း ) – ထမင်းရည်ကို ဟင်းထည့်ပန်းကန် (၁) လုံးခန့် ရေသောက်သ လိုမျိုး နေ့စဉ် သောက်ပေးရပါမယ် ။ရက်အကန့် အသတ် မရှိပဲ ရက်ရှည် ၊ လရှည်စွဲပြီး ဖြစ်နိုင်ရင်အမြဲပဲ သောက်ပေးရပါမယ်

ဇွဲရှိရှိနဲ့ သောက်ပေးရင်ရာသီအဖြူ ( အခဲလိုက်ကျဆင်းခြင်း ) ကိုပင် လက်တွေ့ပျောက်ကင်းစေပါတယ် ။ (ဒုတိယနည်း) – ဇရစ်ဖူးလေးတွေကတော့ တစ်စည်းမှ (၅၀) ကျပ်ပဲ ပေးရပြီး ဈေးထဲမှာ အလွယ်တကူ ရရှိနိုင်ပါတယ် ။

ဇရစ်ဖူးရဲ့ နုတဲ့ အစိတ်အပိုင်းလေးတွေကို ဓားပြားနဲ့ရိုက် ၊ အနေတော်လှီးဖြတ်ပြီး ဆားနဲ့ အနည်းငယ် နယ်ပေးပါ ။တစ်ခဏ ထားပြီးလျှင် ရေနဲ့ဆေးကြောပြီး ရေညှစ်ပါ ။ကြက်သွန်နီ ( သို့ ) အဖြူကို ပုဇွန်စို ( သို့ ) ပုဇွန်ခြောက်နဲ့ရော၍ ဆီသတ်ပြီး ဇရစ်ဖူးကိုထည့် ကြော်ချက်ပါ ။



(အရသာ မိမိနှစ်သက်သလို ထည့်နိုင်ပါတယ် ။) ဇရစ်ဖူးကြော်ချက်ကို ထမင်းနဲ့ စားရပါမယ် ။တစ်ပတ်လျှင် (၄) ကြိမ်ခန့် ။ အရန်ဟင်းအနေနဲ့ နေ့စဉ် စားပေးနိုင်ရင်တော့အကောင်းဆုံးပါ ။ဇရစ်ဖူးကို မန်ကျည်းသီးမှည့်နဲ့ ပြုတ်ပြီးတို့စရာ အနေနဲ့လည်း စားပေးနိုင်ပါတယ် ။

လရှည်ခံစားနေရတဲ့ ဝေဒနာ လက်တွေ့ပျောက်ကင်းစေပါတယ် ။(တတိယနည်း) – ပီလောပီနံပြုတ် ( ကလောပီနံ ) ကို ဆား၊ ဆီ တို့နဲ့ တို့စားပေးပါ ။ဂျစ်နဲ့ ခြစ်ပြီး သကြား၊ အုန်းသီးဖြူးပြီးလည်း စားပေးနိုင်ပါတယ် ။

တစ်ပတ်လျှင် (၄) ကြိမ်ခန့် စားပေးပါ ။လက်တွေ့ပျောက် ကင်းပါတယ် ။ ဆောင်ရန် ၊ ရှောင်ရန် အနေနဲ့ကတော့…အပူ၊ အစပ်များ အတတ်နိုင်ဆုံး ရှောင်ပါ ၊သောကဖြစ်စရာ၊ စိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံးလျှော့ချပြီး စိတ်ကို ပေါ့ပေါ့ပါးပါး ပျော်ရွှင်အောင်ထားပါ ။



မိမအသုံးအဆောင် ပစ္စည်းများကို သန့်ရှင်းစင်ကြယ်စွာ ထားပါ ။ရောဂါပိုးမွှား မဝင်ရောက်စေရန် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ ။မှတ်ချက် ။ ဒီနည်းလေးတွေကတော့ ကျမနဲ့ မိတ်ဆွေ အစ်မများရဲ့ လက်တွေ့ပျောက် ကင်းခဲ့တဲ့ နည်းလေးတွေပါ ။

ဒီလိုဝေဒနာ ခံစားရတဲ့ အစ်မ ၊ ညီမများ ဆန္ဒရှိရင် အသုံးပြုကြည့် နိုင်ပါတယ်ရှင် ။အားလုံးပဲ အသက်ရှည် ကျန်းမာကြပါစေ

Credit – Kyaw Yimon ( HTD)

Be the first to comment

Leave a Reply

Your email address will not be published.


*