ဆုတောင်းစာ
Unicode
ပြာသိုလအတွက်အကောင်းဆုံးယတြာ
ပြာသိုလဆန်း(၁)ရက်နေ့ (13.1.2021) မှ ပြာသိုလကွယ်နေ့ (11.2.2021)အထိ တစ်လတာလုံး☸
“ဇီးညွန့် ၃ညွန့် ၊ ရွက်လှညွန့် ၄ညွန့် ၊ ဒါန်းညွန့်၇ညွန့်”အထက်ပါ အညွန့်များကို သေချာ ရေဆေးသန့်စင်ပြီး ရေသန့်ခွက် (သို့) သီးသန့်ပန်းအိုးအသစ် ထဲတွင်ထည့်ပါ။
ထို့နောက် မိမိအိမ်ဘုရားကျောင်းဆောင်ပေါ်တွင်တင်၍ မြတ်စွာဘုရားရှင်အား ရိုသေစွာကပ်လှူပေးပါခင်ဗျ။
အောက်ပါ ဂါထာတော်ကို နေ့စဉ် (၁၄)ခေါက်တိတိ ရွတ်ဖတ်ပေးရပါမယ်။
” ဥုံ ပထဗျာ အာကာသေ ပဗ္ဗတေစေဝ
ဥဒကေ ဝနေ ယံယံ ပတ္တံ ပဝါဒေမိ
သဗ္ဗ လာဘသိဒ္ဓိ ဥပေတုံမေ။”
ဆုတောင်းစာ
“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ပြာသိုလ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊စိတ်ရောချမ်းသာစွာဖြင့်
မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီးကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်ဖြစ်ထွန်း စီးပွားလာဘ်လာဘတိုးတက်အဆင်ပြေရပါလို၏။”
အညွန့်များ ညိုးနွမ်းခြောက်သွေ့မလာမှီ အထက်ပါ အတိုင်း အညွန့်များကို အတိအကျ ပြန်လည် အသစ် လှဲလှယ် လှူဒါန်းပေးသွားရပါတယ်။
ဤယတြာကို ပြာသိုလ တစ်လတာလုံးအတွင်း မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။
ဤယတြာအစီအရင်သည် အလွန်အစွမ်းထက် ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ပြာသိုလ တစ်လတာလုံးစီးပွားလာဘ်ရွှင်စေကာ လိုအင်ဆန္ဒပြည့်ဝစေရပါမည်
ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက်
ဗေဒင်နှင့်အထူးယတြာပေးပညာရှင်
ဆရာပေါက်ကျိုင်း 09776478912
Be the first to comment