ခြိမ့်ကေကို အချုပ်မှလွတ်မြောက်ပြီဖြစ်ကြောင်း ပရိသတ်ကို အသိပေးပြောပြလာတဲ့ ဒိန်းဒေါင်







Swelsone News

Unicode

ပရိသတ်ကြီးရေ.. ဒိန်းဒေါင်လို့ ဆိုလိုက်တာနဲ့ ရယ်စရာဟာသလေးတွေနဲ့ ပရ်သတ်တွေကို အမြဲရယ်မောစေသလို ပရဟိတအလုပ်တွေကိုလည်း တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ ပြည်သူချစ်အနုပညာရှင်ကို အားလုံးပဲ မြင်ယောင်မိကြမှာပါနော်..။

ဟာသလူရွှင်တော်တစ်ယောက်အဖြစ် ဇာတ်သဘင်လောကအပြင် သရုပ်ဆောင်အဖြစ်လည်း ဇာတ်ကားတွေများစွာ ရိုက်ကူးထားတဲ့ ဒိန်းဒေါင်ကတော့ အနုပညာလောကမှာလည်း ပရိသတ်အချစ်တွေနဲ့အတူ အောင်မြင်မှုတွေ အခိုင်အမာရရှိထားသူပါ..။

ဒီနေ့ညမှာ ဒိန်းဒေါင်ဟာ အချုပ်ကျခံနေရတဲ့ ခြိမ့်ကေကိုနဲ့ ပတ်သက်ပြီး ဝမ်းသာစကားလေးပြောပြလာတာပဲဖြစ်ပါတယ်။ခြိမ့်ကေကို ဟာ မြစ်သားမြို့နယ်မှာ ကိုဗစ်ဥပဒေ စည်ကမ်းချိုးဖောက်မှုနဲ့ အမှုဖွင့်ခံရပြီး

နောက် တိမ်းရှောင်နေခဲ့ရာမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က သက်ဆိုင်ရာရဲစခန်းသို့ သွားရောက်အဖမ်းခံခဲ့တာဖြစ်ပြီး အချုပ်ကျခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၁၁ ရက် ညပိုင်းမှာတော့ လူရွှင်တော် သရုပ်ဆောင် ဒိန်းဒေါင်းက သူ့ရဲ့လူမှုကွန်ရက်မှတဆင့် “ဌက်ပျောသီး အပြင်ပြန်ရောက်ပါပြီတာဝန်ရှိသူများအားလုံးကိုအထူးကျေးဇူးတင်ပါသည်ခင်ဗျာ” ဆိုတဲ့ စာသား ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက် အချုပ်ကနေလွတ်လာပြီဖြစ်တဲ့ ခြိမ့်ကေကို အကြောင်းလေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်နော်။

Swelsone News

Be the first to comment

Leave a Reply

Your email address will not be published.


*