
ဆီးခ်ိဳ၊ ေသြးတိုး နဲ႔ ေသြးတြင္းအဆီဓါတ္ေတြကို ေျခဖ်က္ႏိုင္တဲ့ ဓနိဖူးေျခာက္ .
ဓနိဖူးေျခာက္ ရခိုင္မွာဆိုေတာ့ဓ နိေပါတယ္။
ေရေျခာက္ခပ္သလိုမ်ိဳး ဓနိဖူးေျခာက္ကို ေရေႏြးထဲထည့္ေသာက္လို႔ရတယ္။ အျဖဴေရာင္မျဖစ္မခ်င္း အာနိသင္မေျပဘူး။
အာနိသင္တို႔ကေတာ့ ေသြးတိုး ဆီးခ်ိဳ ေသြးတြင္းအဆီဓါတ္ေတြကို ေျခဖ်က္ႏိုင္တယ္ၿပီးေတာ့ အစာအိမ္သမားမ်ားအတြက္လည္းသက္သာေစတယ္။
အစြမ္းထက္လွပါတယ္ဆိုတဲ့ ကိုရီးယားဂ်င္စင္းထက္ ၄၄ ဆပိုၿပီး အစြမ္းသတၱိရွိတဲ့ ျမန္မာျပည္က ဓနိဖူးေျခာက္အေၾကာင္း
ဓနိပင္သည္ ပင္လယ္ေရငန္ေရာက္ေသာ ဒီေရေတာ မ်ားတြင္ ျဖစ္ထြန္း သည္။ အုန္းပင္ေပါက္ႏွင့္ ဆင္တူပါသည္။
အျခား သီးႏွံမ်ား ကဲ့သို႔ ဓာတ္ေျမၾသဇာ ေကြၽးရျခင္း၊ ေပါင္းျမက္ ရွင္းလင္းျခင္း လုံး၀ လုပ္စရာ မလိုေသာအပင္ျဖစ္ကာ
ဒီေရ မ်ားႏွင့္ ပါလာေသာ ႏုန္းေျမ မ်ားသည္ ဓနိၿခံ အတြင္းတြင္ တင္က်န္ေန ခဲ့ၿပီး သဘာဝေျမၾသဇာ အျဖစ္ႏွင့္
ဓနိပင္ မ်ား ကို ႀကီးထြားေစေသာေၾကာင့္ ဓနိထြက္ အစားအစာမွန္သမွ် သဘာဝစစ္စစ္ ေအာ္ဂင္းနစ္မ်ားသာ ျဖစ္ေပသည္။
ဓနိပင္သည္ လူသားတို႔အတြက္ အသုံးအေဆာင္မ်ားအစားအစာမ်ား ေပးစြမ္းသည္သာမက ဓနိဖူးသည္ ဂ်င္စင္းထက္သာေသာ ေဆးဘက္ဝင္ အဖိုးတန္ရတနာ တပါးျဖစ္ေနသည္ကို သိရွိသူ ရွားပါးလွေပသည္။
ဓနိဖူးေျခာက္သည္ ကိုးရီးယားလူမ်ိဳးအမ်ားစုရဲ႕တန္ဖိုးထားရေသာ ဂ်င္ဆင္းထက္ ဓနိဖူးတြင္ A n t io x i d a n t အဆေပါင္း ၄၄ဆပိုသည္ဟု ကိုရီးယား အစားအစာႏွင့္အဟာရပညာရွင္မ်ား ဆိုပါသည္။
ထို႔ေၾကာင့္ ယခုအခါ ဓနိဖူးေျခာက္သည္ ကိုးရီးယားႏိုင္ငံ၏ VIP အစားအစာအျဖစ္ေနရာယူလ်က္ရွိေနပါသည္။
ဓနိဖူးကို ကိုရီးယားလို 해죽순 ဟဲဂ်ဳ႕ဆြန္းလို႔ ေခၚတယ္။ ဟဲဂ်ဳ႕ဆြန္းကို Y o u t u b e မွာ ရွာၾကည့္လိုက္ေတာ့
အားပါးပါး ဓနိဖူးကို သုေတသနျပဳထားတာေတြ ဓနိဖူးရဲ႕ အက်ိဳးအာနိသင္ေတြ ေျပာျပထားတာ အ့ံၾသစရာပါပဲ ။
ဓနိဖူးေျခာက္ သာက္သုံးျခင္းျဖင့္ ရရွိႏိုင္ေသာ အက်ိဳးေက်းဇူးမ်ား
ဆီးခ်ိဳ ေသြးခ်ိဳ ေသြးတိုး အေရျပားယားနာအမ်ိဳးမ်ိဳး ေသြးတြင္းအဆီမ်ားျခင္းႏွင့္ အစာအိမ္ေရာဂါမ်ား ေပ်ာက္ကင္းႏိုင္ပါသည္။
ေသာက္သုံးနည္းကေတာ့ ေရေႏြးနဲ႔စိမ္ အေရာင္မေျပာင္းမခ်င္း ေရေႏြးထည့္ေသာက ္အာနိသင္မျပယ္ပါ။ အျဖဴေရာင္ျဖစ္မွ ဓနိဖူးအားသြန္ပစ္ပါ။
ျမန္မာျပည္မွာေတာ့ဓနိဖူးေျခာက္ေရေႏြးၾကမ္းကို တြင္တြင္က်ယ္က်ယ္ မေသာက္တတ္က်ေသးေပမယ့္ ဂ်ပန္ႏွင့္ ကိုရီးယားႏိုင္ငံမ်ားမွာေတာ့ ေဈးႀကီးတဲ့ပစၥည္းပါ။
ယခုျမန္မာျပည္မွာ စတင္ထုတ္လုပ္ေနၿပီဆိုေတာ့ မိမိ၏ က်န္းမာေရးကို အထူးအေထာက္အကူျပဳေသာ
ျမန္မာျပည္ဖြား ဓနိဖူးေျခာက္ ေရေႏြးၾကမ္းကို ေန႔စဥ္ေသာက္သုံးသင့္ပါေၾကာင္း ေစတနာမ်ားစြာျဖင့္ ေရးသားတိုက္တြန္းလိုက္ရေလေတာ့သတည္း ။
ျမင့္မိုရ္ဦး (လမ္းျပၾကယ္စင္ စာေပပရဟိတ မဂၢဇင္း) အခ်က္အလက္မ်ားအတြက္ သက္ဆိုင္ရာ ပညာရွင္မ်ားအား ေလးစားစြာျဖင့္
Unicode
ဆီးချို၊ သွေးတိုး နဲ့ သွေးတွင်းအဆီဓါတ်တွေကို ခြေဖျက်နိုင်တဲ့ ဓနိဖူးခြောက် .
ဓနိဖူးခြောက် ရခိုင်မှာဆိုတော့ဓ နိပေါတယ်။
ရေခြောက်ခပ်သလိုမျိုး ဓနိဖူးခြောက်ကို ရေနွေးထဲထည့်သောက်လို့ရတယ်။ အဖြူရောင်မဖြစ်မချင်း အာနိသင်မပြေဘူး။
အာနိသင်တို့ကတော့ သွေးတိုး ဆီးချို သွေးတွင်းအဆီဓါတ်တွေကို ခြေဖျက်နိုင်တယ်ပြီးတော့ အစာအိမ်သမားများအတွက်လည်းသက်သာစေတယ်။
အစွမ်းထက်လှပါတယ်ဆိုတဲ့ ကိုရီးယားဂျင်စင်းထက် ၄၄ ဆပိုပြီး အစွမ်းသတ္တိရှိတဲ့ မြန်မာပြည်က ဓနိဖူးခြောက်အကြောင်း
ဓနိပင်သည် ပင်လယ်ရေငန်ရောက်သော ဒီရေတော များတွင် ဖြစ်ထွန်း သည်။ အုန်းပင်ပေါက်နှင့် ဆင်တူပါသည်။
အခြား သီးနှံများ ကဲ့သို့ ဓာတ်မြေသြဇာ ကျွေးရခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်း လုံး၀ လုပ်စရာ မလိုသောအပင်ဖြစ်ကာ
ဒီရေ များနှင့် ပါလာသော နုန်းမြေ များသည် ဓနိခြံ အတွင်းတွင် တင်ကျန်နေ ခဲ့ပြီး သဘာဝမြေသြဇာ အဖြစ်နှင့်
ဓနိပင် များ ကို ကြီးထွားစေသောကြောင့် ဓနိထွက် အစားအစာမှန်သမျှ သဘာဝစစ်စစ် အော်ဂင်းနစ်များသာ ဖြစ်ပေသည်။
ဓနိပင်သည် လူသားတို့အတွက် အသုံးအဆောင်များအစားအစာများ ပေးစွမ်းသည်သာမက ဓနိဖူးသည် ဂျင်စင်းထက်သာသော ဆေးဘက်ဝင် အဖိုးတန်ရတနာ တပါးဖြစ်နေသည်ကို သိရှိသူ ရှားပါးလှပေသည်။
ဓနိဖူးခြောက်သည် ကိုးရီးယားလူမျိုးအများစုရဲ့တန်ဖိုးထားရသော ဂျင်ဆင်းထက် ဓနိဖူးတွင် A n t io x i d a n t အဆပေါင်း ၄၄ဆပိုသည်ဟု ကိုရီးယား အစားအစာနှင့်အဟာရပညာရှင်များ ဆိုပါသည်။
ထို့ကြောင့် ယခုအခါ ဓနိဖူးခြောက်သည် ကိုးရီးယားနိုင်ငံ၏ VIP အစားအစာအဖြစ်နေရာယူလျက်ရှိနေပါသည်။
ဓနိဖူးကို ကိုရီးယားလို 해죽순 ဟဲဂျု့ဆွန်းလို့ ခေါ်တယ်။ ဟဲဂျု့ဆွန်းကို Y o u t u b e မှာ ရှာကြည့်လိုက်တော့
အားပါးပါး ဓနိဖူးကို သုတေသနပြုထားတာတွေ ဓနိဖူးရဲ့ အကျိုးအာနိသင်တွေ ပြောပြထားတာ အံ့သြစရာပါပဲ ။
ဓနိဖူးခြောက် သာက်သုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
ဆီးချို သွေးချို သွေးတိုး အရေပြားယားနာအမျိုးမျိုး သွေးတွင်းအဆီများခြင်းနှင့် အစာအိမ်ရောဂါများ ပျောက်ကင်းနိုင်ပါသည်။
သောက်သုံးနည်းကတော့ ရေနွေးနဲ့စိမ် အရောင်မပြောင်းမချင်း ရေနွေးထည့်သောက ်အာနိသင်မပြယ်ပါ။ အဖြူရောင်ဖြစ်မှ ဓနိဖူးအားသွန်ပစ်ပါ။
မြန်မာပြည်မှာတော့ဓနိဖူးခြောက်ရေနွေးကြမ်းကို တွင်တွင်ကျယ်ကျယ် မသောက်တတ်ကျသေးပေမယ့် ဂျပန်နှင့် ကိုရီးယားနိုင်ငံများမှာတော့ ဈေးကြီးတဲ့ပစ္စည်းပါ။
ယခုမြန်မာပြည်မှာ စတင်ထုတ်လုပ်နေပြီဆိုတော့ မိမိ၏ ကျန်းမာရေးကို အထူးအထောက်အကူပြုသော
မြန်မာပြည်ဖွား ဓနိဖူးခြောက် ရေနွေးကြမ်းကို နေ့စဉ်သောက်သုံးသင့်ပါကြောင်း စေတနာများစွာဖြင့် ရေးသားတိုက်တွန်းလိုက်ရလေတော့သတည်း ။
မြင့်မိုရ်ဦး (လမ်းပြကြယ်စင် စာပေပရဟိတ မဂ္ဂဇင်း) အချက်အလက်များအတွက် သက်ဆိုင်ရာ ပညာရှင်များအား လေးစားစွာဖြင့်
Be the first to comment