ကာကြယ္ေဆးဝယ္ဖို႔ အာရွေတာ္ဝင္ေဆး႐ုံက သိန္း(၂၅၀၀)လႉဒါန္း

ကိုဗစ္ကာကြယ္ေဆးဝယ္ဖို႔ အာရွေတာ္ဝင္ေဆး႐ုံက ဝန္ထမ္းေတြပါ ထည့္ဝင္လႉဒါန္းထားတဲ့ က်ပ္သိန္း ၂၅၀၀ ကို ဒီေန႔မနက္ပိုင္းက လႉဒါန္းလိုက္ပါတယ္။

“ေဆးတစ္လုံး ငါးေဒၚလာေဆးနဲ႔ လူေပါင္းႏွစ္ေသာင္းကို ေဆးထိုးေပးႏိုင္ဖို႔ က်ပ္သိန္း၂၅၀၀ လႉတာပါ။ အခုလႉတဲ့ထဲမွာ အာရွေတာ္ဝင္ဝန္ထမ္းမိသားစုေတြပါပါတယ္။”လို႔ အာရွေတာ္ဝင္ေဆး႐ုံကိုယ္စား အုပ္ခ်ဳပ္မႈဒါ႐ိုက္တာဦးျမတ္သူက ေျပာပါတယ္။

အလႉေငြေထာက္ပံ့တာနဲ႔ ရန္ကုန္တိုင္းအစိုးရရဲ႕ Stop Covid19 Yellow Campaign ပူးေပါင္းေဆာင္႐ြက္တာကိုလည္း ဒီေန႔ ဇန္နဝါရီလ (၁၂) ရက္ေန႔မွာပဲ အာရွေတာ္ဝင္ေဆး႐ုံမွာ လုပ္ေဆာင္ခဲ့ပါတယ္။

အဲဒီအခမ္းနားကိုေတာ့ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ ရန္ကုန္တိုင္းက်န္းမားေရးဦးစီးဌာန ဒုၫႊန္ခ်ဳပ္ ေဒါက္တာထြန္းျမင့္နဲ႔ အာရွေတာ္ဝင္ေဆး႐ုံက တာဝန္ရွိသူေတြတက္ေရာက္ခဲ့ပါတယ္။

အာရွေတာ္ဝင္ေဆး႐ုံးအေနနဲ႔လည္း ကိုဗစ္စစ္ေဆးဖို႔နဲ႔ ကိုဗစ္လူနာေတြကို ကနဦးကုသတာေတြလုပ္ေဆာင္ေပးဖို႔ က်န္းမာေရးဝန္ႀကီးဌာနဆီ တင္ထားပါတယ္။

Credit lucky9

Unicode

ကိုဗစ်ကာကွယ်ဆေးဝယ်ဖို့ အာရှတော်ဝင်ဆေးရုံက ဝန်ထမ်းတွေပါ ထည့်ဝင်လှူဒါန်းထားတဲ့ ကျပ်သိန်း ၂၅၀၀ ကို ဒီနေ့မနက်ပိုင်းက လှူဒါန်းလိုက်ပါတယ်။

“ဆေးတစ်လုံး ငါးဒေါ်လာဆေးနဲ့ လူပေါင်းနှစ်သောင်းကို ဆေးထိုးပေးနိုင်ဖို့ ကျပ်သိန်း၂၅၀၀ လှူတာပါ။ အခုလှူတဲ့ထဲမှာ အာရှတော်ဝင်ဝန်ထမ်းမိသားစုတွေပါပါတယ်။”လို့ အာရှတော်ဝင်ဆေးရုံကိုယ်စား အုပ်ချုပ်မှုဒါရိုက်တာဦးမြတ်သူက ပြောပါတယ်။

အလှူငွေထောက်ပံ့တာနဲ့ ရန်ကုန်တိုင်းအစိုးရရဲ့ Stop Covid19 Yellow Campaign ပူးပေါင်းဆောင်ရွက်တာကိုလည်း ဒီနေ့ ဇန်နဝါရီလ (၁၂) ရက်နေ့မှာပဲ အာရှတော်ဝင်ဆေးရုံမှာ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီအခမ်းနားကိုတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းကျန်းမားရေးဦးစီးဌာန ဒုညွှန်ချုပ် ဒေါက်တာထွန်းမြင့်နဲ့ အာရှတော်ဝင်ဆေးရုံက တာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။

အာရှတော်ဝင်ဆေးရုံးအနေနဲ့လည်း ကိုဗစ်စစ်ဆေးဖို့နဲ့ ကိုဗစ်လူနာတွေကို ကနဦးကုသတာတွေလုပ်ဆောင်ပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနဆီ တင်ထားပါတယ်။

Credit lucky9

Be the first to comment

Leave a Reply

Your email address will not be published.


*