“ ေငြက်ပ္(၂၀၀၀၀)ထက္မနည္းတဲ့ ေထာက္ပံ့ေၾကးမ်ား နိုင္ငံေတာ္မွ ဒီလထဲေနာက္တစ္ခါထပ္ေပးမယ္ ”ဟု ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေျပာ

“ ေငြက်ပ္(၂၀၀၀၀)ထက္မနည္းတဲ့ ေထာက္ပံ့ေၾကးမ်ား နိုင္ငံေတာ္မွ ဒီလထဲေနာက္တစ္ခါထပ္ေပးမယ္ ”

နိုင္ငံေတာ္မွ အေျခခံလူတန္းစားမ်ားအတြက္ေပးအပ္တဲ့ေထာက္ပံ့ေၾကးမ်ားကို ဒီလထဲေနာက္တစ္ခါထပ္ေပးမယ္လို့သိရပါတယ္။ဇန္နဝါရီ၁၂ရက္ နိုင္ငံေတာ္ေထာက္ပံ့ေၾကးႏွင့္ပတ္သက္၍ ဆက္သြယ္ေမးျမန္းရာမွာအုတ္တြင္းၿမိဳ့နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခ်ိဳခ်ိဳကေျပာပါတယ္။



“တစ္နိုင္ငံလုံးအတိုင္းအတာနဲ႔ေပးမွာေပါ့။ႏွုန္းေတာ့ အတိအက်မသိေသးဘူး။ ႏွစ္ေသာင္းထက္ေတာ့မနည္းတာေသခ်ာတယ္။ဒီတစ္ခါေတာ့ ေထာက္ပံ့ေၾကးေတြကို အျပည့္အဝရမွာပါ။ဒီလထဲပဲေပးမွာပါ”ဟု ၎ကေျပာပါတယ္။



နိုင္ငံေတာ္အစိုးရက စတုတၳအႀကိမ္ ေထာက္ပံ့ရာတြင္Stay at Home ျပင္ပတြင္ ရွိေသာ အိမ္ေထာင္စု (၁)စုလၽွင္ (၂၀၀၀၀)က်ပ္ႏွုန္း၊



Stay at Home အတြင္းရွိေသာ အိမ္ေထာင္စု (၁)စုလၽွင္(၄၀၀၀၀)က်ပ္ႏွုန္းျဖင့္ အိမ္ေထာင္စုေပါင္း (၆.၁)သန္းခန႔္ အတြက္ က်ပ္(၁၆၃.၉၀၅)ဘီလီယံကို နိုင္ငံေတာ္အစိုးရက ေထာက္ပံ့ေၾကးမ်ားနိုဝင္ဘာလအတြင္း စတင္ေပးအပ္ေထာက္ပံ့ျခင္းျဖစ္ပါတယ္။



ပုံမွန္ဝင္ေငြမရွိေသာ အေျခခံလူတန္းစားအိမ္ေထာင္စုမ်ားကို ေငြ (၂၀၀၀၀) က်ပ္စီ ေထာက္ပံ့ျခင္းအား ၂၀၂၀ဇူလိုင္လ၊ ဩဂုတ္လႏွင့္ စက္တင္ဘာလအသီးသီး၌ စုစုေပါင္း(၃) ႀကိမ္ ေဆာင္ရြက္ခဲ့ရာ

နိုင္ငံေတာ္အစိုးရအေနျဖင့္ အိမ္ေထာင္စုေပါင္း(၅.၇)သန္းအတြက္ က်ပ္ (၄၀၄.၇၃၅) ဘီလီယံကို ေထာက္ပံ့ေပးနိုင္ခဲ့ပါတယ္။



Credit By မင္းသီဟန္/Myanmar Harp

Unicode ျဖင့္ဖတ္ရန္

“ ငွေကျပ်(၂၀၀၀၀)ထက်မနည်းတဲ့ ထောက်ပံ့ကြေးများ နိုင်ငံတော်မှ ဒီလထဲနောက်တစ်ခါထပ်ပေးမယ် ”

နိုင်ငံတော်မှ အခြေခံလူတန်းစားများအတွက်ပေးအပ်တဲ့ထောက်ပံ့ကြေးများကို ဒီလထဲနောက်တစ်ခါထပ်ပေးမယ်လို့သိရပါတယ်။ဇန်နဝါရီ၁၂ရက် နိုင်ငံတော်ထောက်ပံ့ကြေးနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာမှာအုတ်တွင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုကပြောပါတယ်။



“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပေးမှာပေါ့။နှုန်းတော့ အတိအကျမသိသေးဘူး။ နှစ်သောင်းထက်တော့မနည်းတာသေချာတယ်။ဒီတစ်ခါတော့ ထောက်ပံ့ကြေးတွေကို အပြည့်အဝရမှာပါ။ဒီလထဲပဲပေးမှာပါ”ဟု ၎င်းကပြောပါတယ်။



နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ် ထောက်ပံ့ရာတွင်Stay at Home ပြင်ပတွင် ရှိသော အိမ်ထောင်စု (၁)စုလျှင် (၂၀၀၀၀)ကျပ်နှုန်း၊



Stay at Home အတွင်းရှိသော အိမ်ထောင်စု (၁)စုလျှင်(၄၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၆.၁)သန်းခန့် အတွက် ကျပ်(၁၆၃.၉၀၅)ဘီလီယံကို နိုင်ငံတော်အစိုးရက ထောက်ပံ့ကြေးများနိုဝင်ဘာလအတွင်း စတင်ပေးအပ်ထောက်ပံ့ခြင်းဖြစ်ပါတယ်။



ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများကို ငွေ (၂၀၀၀၀) ကျပ်စီ ထောက်ပံ့ခြင်းအား ၂၀၂၀ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလအသီးသီး၌ စုစုပေါင်း(၃) ကြိမ် ဆောင်ရွက်ခဲ့ရာ

နိုင်ငံတော်အစိုးရအနေဖြင့် အိမ်ထောင်စုပေါင်း(၅.၇)သန်းအတွက် ကျပ် (၄၀၄.၇၃၅) ဘီလီယံကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။



Credit By မင်းသီဟန်/Myanmar Harp

Be the first to comment

Leave a Reply

Your email address will not be published.


*