
-လက်ဖက်သား အနည်းငယ်
ပြုလုပ်ပုံ အဆင့်များ
ဒိဝါတပသိ ဂါထာတော်
ဒိဝါတပတိ အာဒိစ္စော
ရတ္တိမာဘာတိ စန္ဒိမာ
ဈာယီတပ္ပဿိ ဗြဟ္မဏော
ဧတေန သစ္စဝိဇ္ဇိန္န
ဿထိမေ ဟောတု သဗ္ဗတ္တာ
Unicode
လစ်ပိုလက်ဖက် စီးပွားတက်
တစ်ခါတစ်ရံမှာ ရစရာငွေတွေရှိရက်နဲ့ ကြန့်ကြာနေရတာမျိုးတွေ၊ ငွေလက်ထဲမမြဲဘဲ ငွေယိုပေါက်များနေတာတွေ၊
ငွေကြေးအလျင်မမီတာမျိုးတွေ မကြာခဏဆိုသလို ဖြစ်ဖူးကြပါလိမ့်မယ်။အတော်လေးလည်း ဗျာများရတဲ့ ပြဿနာပါပဲ။
အခု ဒီလိုပြဿနာမျိုး ကြုံလာရချိန်မှာ ငွေကြေးပိုင်းဆိုင်ရာ လာဘ်လာဘများ ပွင့်လန်းလာစေဖို့အတွက်
လွယ်ကူရိုးရှင်းပြီး ရှာရလွယ်တဲ့ပစ္စည်းလေးတွေနဲ့ ကိုယ်တိုင် ပြုလုပ်ဆောင်ရွက်လို့ရတဲ့ ကံမြင့်လာဘ်ပွင့်အစီအရင်လေးတစ်ခုကို ချပြပေးချင်ပါတယ်။
ဒီအစီအရင်လေးကိုပြုလုပ်ဖို့အတွက်
-လစ်ပိုပုလင်းလွတ်တစ်လုံး
-လက်ဖက်သား အနည်းငယ်
-အစိမ်းရောင်ဖယောင်းတိုင်တစ်တိုင်
-အရွယ်လတ် လင်ဗန်းတစ်ချပ် တို့ လိုအပ်ပါတယ်။
ပြုလုပ်ပုံ အဆင့်များ
-ဦးစွာပထမ မြတ်စွာဘုရားရှေ့မှောက်တွင် ဝတ်ပြုဆုတောင်းကာ ငါးပါးသီလ ခံယူဆောက်တည်ပါ။
-ထို့နောက် လင်ဗန်းထဲတွင် လက်ဖက်သားကို ကိုးပုံရအောင် အဝိုင်းသဏ္ဍာန်ပုံ၍ လစ်ပိုပုလင်းလွတ်အားလင်ဗန်းအလယ်တွင် နေရာချထားပါ။
-ထို့နောက် အစိမ်းရောင်ဖယောင်းတိုင်အား ညာလက်ဖဝါးပေါ်တင်၍ “ဒိဝါတပသိ”ဂါထာတော်မြတ်အား (၁၀၈)ခေါက် ရွတ်ဆိုပူဇော်ပါ။
-ရွတ်ဆိုပြီးပါက မီးတိုင်အား လစ်ပိုပုလင်းပေါ်တင်ထွန်းကာ အလိုရှိရာကိုအာရုံပြု ဆုတောင်းပါ။ မီးတိုင်ကုန်သည်အထိ ကိုယ်နှစ်သက်ရာ လာဘ်ပွင့်ဂါထာ (သို့) မေတ္တာသုတ်ရွတ်ဆိုနေပါက သာ၍ကောင်းပါတယ်။
-အားလုံးပြီးဆုံးသွားတဲ့အခါမှာ ဆုတောင်းမေတ္တာပို့သ၍ ဝေနေယျသတ္တဝါအပေါင်းကို အမျှတမ်း ပေးဝေပေးပါ။
ဒိဝါတပသိ ဂါထာတော်
ဒိဝါတပတိ အာဒိစ္စော
ရတ္တိမာဘာတိ စန္ဒိမာ
သန္နဒ္ဓေါ ခတ္တိရော တပ္ပဿိ
ဈာယီတပ္ပဿိ ဗြဟ္မဏော
အတ္ထသဗ္ဗမဟောရတိံ ဗုဒ္ဓေတပ္ပဿိ တေဇသာ
ဧတေန သစ္စဝိဇ္ဇိန္န
ဿထိမေ ဟောတု သဗ္ဗတ္တာ
ကိုယ်တိုင်ပြုလုပ်ခဲ့ဖူးသော ကံမြင့်အစီအရင်တစ်ခုဖြစ်သောကြောင့် အကျိုးကျေးဇူးတရားများအတွက်အာမခံပါတယ်။
လက်တွေ့ဖြစ်ထွန်းသော အစီအရင်တစ်ခုဖြစ်တာကြောင့် ခုနစ်ရက်သားသမီးတို့အကျိုးအတွက် မျှဝေပေးလိုက်ပါတယ်။
သူငယ်ချင်းမိတ်ဆွေများကိုလည်း မသိသူမရှိရအောင် မျှဝေပေးလိုက်ပါ။
Be the first to comment