ထမင္းျဖဴဖိုးပဲ ရွိတဲ့ေက်ာင္းသားေလးကို ေန႔တိုင္းေက်ာင္းၿပီးတဲ့ အထိေကြၽးခဲ့တဲ့ ဆိုင္ရွင္လင္မယား

ထမင္းျဖဴဖိုးပဲ ရွိတဲ့ေက်ာင္းသားေလးကို ေန႔တိုင္းေက်ာင္းၿပီးတဲ့ အထိေကြၽးခဲ့တဲ့ ဆိုင္ရွင္လင္မယား

တကၠသိုလ္ေက်ာင္းႏွင့္ အလွမ္းမေဝးလွတဲ့ေနရာ တစ္ေနရာမွာ ထမင္းဆိုင္ေသးေသးေလးတစ္ဆိုင္ရွိတယ္။ ေကာင္ေလးတစ္ေယာက္က ထမင္းလာမွာတယ္ သူ႔ပုံၾကည့္ရတာ တစ္မ်ိဳးပဲ ဆိုင္ရွင္နားကပ္ၿပီး

ေလသံတိုးတိုးေလးႏွင့္ “ဟိုေလသားကို ထမင္းျဖဴ အလြတ္တစ္ပြဲေလာက္ ေရာင္းေပးလို႔ရလားခင္ဗ် သားပိုက္ဆံမေလာက္လို႔ပါ”တဲ့ ဆိုင္ရွင္ကလည္း အစကေတာ့ ဒီကေလးက ဘာလဲေပါ့ တိုးတိုးေလးေျပာတာဆိုေတာ့ ေနာက္ေတာ့

သူပိုက္ဆံမေလာက္လို႔ဆိုမွ ဆိုင္ရွင္က” ရပါတယ္သားရယ္”ဆိုၿပီး ေျပာေျပာ ဆိုဆိုႏွင့္ ဆိုင္ရွင္အေဒၚ ႀကီးက” ေယာက်္ားေရ ထမင္းျဖဴ အလြတ္တစ္ပြဲေလာက္ လုပ္ေပးပါဦး”ေအာ္ဟင္းခ်ိဳနဲ႔ ငါးပိရည္လည္း ထည့္ေပးဖို႔မေမ့နဲ႔ေနာ္..” ဆိုၿပီး

သူ႔ေယာက်္ားျဖစ္သူကို စီစဥ္ခိုင္းလိုက္တယ္။ သူ႔ေယာက်ာ္းကလည္း ထမင္းအျဖဴတစ္ပြဲကို ေကာင္ေလးထိုင္ေနတဲ့ ခုံမွာသြားခ်ေပးလိုက္တယ္။

ေကာင္ေလးက အဲ့လိုနဲ႔ မၿပီးေသးဘူး သူ႔ကိုထပ္မွာတယ္ “ဟိုေလ..သားအတြက္ေနာက္ထပ္ ဟင္းမပါတဲ့ ထမင္းအျဖဴ အလြတ္ တစ္ထုတ္ထပ္လုပ္ေပးလို႔ ရလားခင္ဗ်” ေကာင္းေလးခမ်ာ ေျပာသာေျပာေနရရွာတယ္

သူ႔မ်က္ႏွာက အေတာ္ေလးကို အားနာေနတဲ့ပုံေပၚတယ္။ ဆိုင္ရွင္ကလည္း “ရပါတယ္သားရယ္ ဒါနဲ႔ ဒီထမင္းထုတ္က မင္းဘာသြားလုပ္ဖို႔လည္း

” သား ညေနၾကရင္စားဖို႔ပါဦး ” အဲ့လိုနဲ႔ ဆိုင္ရွင္အဖိုးႀကီးက သူ႔ကိုဂ႐ုနာသက္တဲ့ မ်က္လုံးႏွင့္ၾကည့္ၿပီး “အင္း..ဒီေကာင္ေလးကို ၾကည့္ရတာၿမိဳ႕မွာသာ ေက်ာင္းလာတက္တယ္ အိမ္ကမိဘေတြကေငြေရးေၾကးေရး အခက္ခဲ ရွိပုံရတယ္ေလ” ဆိုၿပီး စိတ္ထဲက ေရ႐ြတ္လိုက္တယ္။

အမွန္တကယ္ေတာ့ ဆိုင္ပိုင္ရွင္ သူတို႔လင္မယားကလည္း တစ္ေန႔လုပ္ တစ္ ေန႔စားပါ အခု ဒီဆိုင္ေနရာေလးကိုလည္း သူမ်ားကငွားေပးလို႔သာ ကံ ေကာင္းၿပီး ေဈးေရာင္းရတဲ့ဘဝပါ မရွိတဲ့သူေတြအခ်င္းခ်င္းမို႔လည္း အဆင္ ေျပတဲ့သူေတြကို စာနာတတ္တဲ့စိတ္ကလည္း သူတို႔လင္မယားမွာ ရွိၿပီးသားပါ။



အဲ့လိုနဲ႔ ဆိုင္ရွင္ေယာက်ာ္းက ဟင္းအိုးမွ ဟင္းေတြကိုခတ္ၿပီး ထမင္းမ်ားနဲ႔ သူဖုံးဖိၿပီးထည့္ေနမိတယ္ ဒါကို မိန္းမျဖစ္သူကျမင္ေတာ့ ”ရွင္ဘာလုပ္ေနတာလည္း”တဲ့ ေယာက်ာ္းျဖစ္သူကလည္း” ငါ ေကာင္းေလးအတြက္ ထမင္းထည့္ေပးေနတာေလ

“ေအာ္ရွင္ကလည္း တုံးလိုက္တာ ေပးခ်င္ေနမွေတာ့ ဝွက္ၿပီးေပးစရာလား ဒီအတိုင္းေပးလည္း ရရဲ႕သားနဲ႔ကို ဘာလဲ ရွင္ကကြၽန္မျမင္မွာ ေၾကာက္လို႔လား?? ေၾကာက္စရာမဟုတ္တာရွင္ ကြၽန္မလည္းစာနာေထာက္ထားတတ္တဲ့ မိန္းမသားတေယာက္ပါ



ဟာ ဒီမိန္းမ!! ဘာေတြလာေျပာေနတာလည္း!! ဒီအတိုင္း ေပၚတင္ေပးလိုက္ေတာ့ သူ႔ကို အထင္ေသးရာေရာက္သြားမွာေပါ့ဟ!!ငါ့မိန္းမကလည္း ၿပီးေတာ့ သူလည္း ရွက္သြားရင္ေနာက္ဆို တို႔ဆိုင္ကို သူဘယ္လိုလုပ္ၿပီး လာရဲေတာ့မလည္းကြ!!

အဲ့လိုေျပာလိုကေတာ့ မိန္းမျဖစ္သူက လင္ေယာက်္ားကိုၾကည့္ၿပီး ပီတိျဖစ္မိသည္” အမေလး ငါ့ေယာက်္ားက သနားတတ္႐ုံ တစ္မ်ိဳးတည္းမဟုတ္ပဲ လူတစ္ေယာက္ကို အဖက္ဖက္ကစာနာစိတ္ကလည္း ႀကီးမားပါေလရဲ႕ေတာ္



” ဒီလိုနဲ႔ပဲ ေကာင္းေလးဟာ သူတို႔ဆိုင္မွာလာၿပီး ေက်ာင္းၿပီးသည္အထိ ထမင္းလာစားခဲ့တယ္ သူတို႔လင္မယားကလည္း တစ္ေန႔တစ္မ်ိဳး မ႐ိုးေလေအာင္ ဟင္းအမ်ိဳးမ်ိဳးကို ထမင္းနဲ႔ဖုံးဖိၿပီး ေပးေလ့ရွိခဲ့တယ္ ဒီလိုနဲ႔ ေက်ာင္းလည္း ၿပီးသြားေတာ့ ေကာင္ေလးက သူတို႔ဆိုင္ကို ၁၀ ႏွစ္ေက်ာ္ၾကာမွ်ေတာင္ တစ္ခါမွ

ေရာက္မလာေတာ့ပါဘူး ဒီလိုနဲ႔ သူတို႔လည္း ထမင္းဆိုင္ေလးကို ပုံမွန္ေရာင္းေပးေနရင္း တစ္ေန႔ေတာ့ ေျမပိုင္ရွင္က ေျမကိုေရာင္းလိုက္ၿပီးျဖစ္ေၾကာင္း ဒီေနရာကေန ဖယ္ေပးရေတာ့မည္ျဖစ္ ေၾကာင္း လာေျပာေသာအခါ



လင္မယားႏွစ္ေယာက္သား စိတ္ပ်က္လက္ပ်က္ျဖစ္ၿပီးအိမ္မွာ ထိုင္မိူင္ေနၾကစဥ္ သူတို႔ေနတဲ့ အိမ္နားသို႔ကားတစ္စီးကထိုးရပ္လာသည္ အဝတ္အစားသန႔္သန႔္ျပန႔္ျပန႔္နဲ႔ လူတေယာက္ ကားေပၚမွ ဆင္းၿပီး သူတို႔ရွိရာသို႔ ေလွ်ာက္လာသည္ ဆိုင္ရွင္လင္မယားေရွ႕လည္းေရာက္

” ကြၽန္ေတာ္က ကုမၼဏီတစ္ခုရဲ႕ မန္ေနဂ်ာတစ္ဦးပါခင္ဗ်ာ ကြၽန္ေတာ့္သူေဌးက အေဒၚတို႔လင္မယားခ်က္တဲ့ဟင္းကို အရမ္းႀကိဳက္တဲ့ သူတစ္ေယာက္ပါ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ ကုမၼဏီအနီးမွာ ဆိုင္ဖြင့္ေပးဖို႔ ေတာင္းဆိုထားလို႔ပါ” ဆိုၿပီး မန္ေနဂ်ာေလးကေျပာေတာ့ လင္မယားႏွစ္ေယာက္လုံး အံ့အားသင့္ သြားတယ္



သူတို႔လို ဆိုင္စုတ္စုတ္ေလးမွာ ဘယ္လိုသူေဌးကမ်ား လာၿပီးစားဖူးပါလိမ့္ေပါ့ ၿပီးေတာ့လည္း သူတို႔မွာရွိတာက အိုးစုတ္ခြက္စုတ္ေတြမို႔ ကုမၼဏီႀကီးအနား ထမင္းဆိုင္သြားဖြင့္ရမွာ ဘယ္လိုမွ မျဖစ္ႏိုင္ဘူးေလ အဲ့လိုနဲ႔ သူတို႔လင္မယားက ေတာင္းဆိုခ်က္ကို ျငင္းခဲ့တယ္ ဒီလိုနဲ႔ မန္ေနဂ်ာေလးကလည္း

“အဲဒီအတြက္ဘာမွ မပူပါနဲ႔ဗ်ာ ကြၽန္ေတာ့္သူေဌးက အစစ အရာရာ ျပင္ဆင္ထားၿပီးသားပါ သြားၿပီးခ်က္ျပဳတ္႐ုံ သက္သက္ပါ ခင္ဗ်ာ” ဆိုေတာ့ အဲဒီသူေဌးက ဘာျဖစ္လို႔ သူတို႔အေပၚ ဒီေလာက္ေကာင္းေနရတာလည္းေပါ့ သူတို႔နားမလည္ခဲ့ ပါ



ေနာက္ဆုံးေတာ့ သူတို႔အေပၚ ေကာင္းတဲ့သူေဌးႀကီးက တစ္ခ်ိန္က သူတို႔ဆီက ထမင္းအျဖဴ တစ္ထုပ္နဲ႔ ေကြၽးခဲ့ဖူးတဲ့ ေက်ာင္းသားေလးမွန္းသိရေတာ့ ဝမ္းသာဝမ္းနည္း ျဖစ္ခဲ့ရတယ္။” ဦးနဲ႔အေဒၚသာ ကြၽန္ေတာ့္ကို မကူညီေပးခဲ့ရင္ ကြၽန္ေတာ္ဒီလိုဘဝမ်ိဳးကို ေရာက္လာမွာ မဟုတ္ပါဘူး

အခုလို ျပန္လည္ေက်းဇူးဆပ္ခြင့္ရတာ ကြၽန္ေတာ္အရမ္းဝမ္းသာပါတယ္ ဗ်ာ လိုတာရွိရင္ေျပာပါ ဘာမွ အားမနာၾကပါနဲ႔ …



(ေစတနာထားတတ္႐ုံနဲ႔ မလုံေလာက္ဘူး အဖက္ဖက္ကၾကည့္ၿပီး စာနာမူ႔လည္း ထားတတ္ရမယ္ ယခုလို IT ေခတ္မွာ မရွိသူကို ကူညီတတ္ၾကတဲ့ သူတစ္ခ်ိဳ႕သတိထားသင့္တယ္

သူတစ္ပါးကို ကူညီလိုလွ်င္ သူ႔ရဲ႕ဂုဏ္သိကၡာကိုလည္း ထည့္ေတြးသင့္တယ္ ကိုယ့္ရဲ႕ေစတနာကို ပုံ႐ိုက္ၿပီး တင္ျပေနစရာမလိုဘူး ေစတနာေအာက္မွာ သူတစ္ပါးရဲ႕ဂုဏ္သိကၡာေတြနစ္ေပ်ာက္သြားတတ္လို႔ပါ)

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါတယ္ ။

Credit တာေတ

Unicode

ထမင်းဖြူဖိုးပဲ ရှိတဲ့ကျောင်းသားလေးကို နေ့တိုင်းကျောင်းပြီးတဲ့ အထိကျွေးခဲ့တဲ့ ဆိုင်ရှင်လင်မယား

တက္ကသိုလ်ကျောင်းနှင့် အလှမ်းမဝေးလှတဲ့နေရာ တစ်နေရာမှာ ထမင်းဆိုင်သေးသေးလေးတစ်ဆိုင်ရှိတယ်။ ကောင်လေးတစ်ယောက်က ထမင်းလာမှာတယ် သူ့ပုံကြည့်ရတာ တစ်မျိုးပဲ ဆိုင်ရှင်နားကပ်ပြီး

လေသံတိုးတိုးလေးနှင့် “ဟိုလေသားကို ထမင်းဖြူ အလွတ်တစ်ပွဲလောက် ရောင်းပေးလို့ရလားခင်ဗျ သားပိုက်ဆံမလောက်လို့ပါ”တဲ့ ဆိုင်ရှင်ကလည်း အစကတော့ ဒီကလေးက ဘာလဲပေါ့ တိုးတိုးလေးပြောတာဆိုတော့ နောက်တော့

သူပိုက်ဆံမလောက်လို့ဆိုမှ ဆိုင်ရှင်က” ရပါတယ်သားရယ်”ဆိုပြီး ပြောပြော ဆိုဆိုနှင့် ဆိုင်ရှင်အဒေါ် ကြီးက” ယောကျ်ားရေ ထမင်းဖြူ အလွတ်တစ်ပွဲလောက် လုပ်ပေးပါဦး”အော်ဟင်းချိုနဲ့ ငါးပိရည်လည်း ထည့်ပေးဖို့မမေ့နဲ့နော်..” ဆိုပြီး

သူ့ယောကျ်ားဖြစ်သူကို စီစဉ်ခိုင်းလိုက်တယ်။ သူ့ယောကျာ်းကလည်း ထမင်းအဖြူတစ်ပွဲကို ကောင်လေးထိုင်နေတဲ့ ခုံမှာသွားချပေးလိုက်တယ်။

ကောင်လေးက အဲ့လိုနဲ့ မပြီးသေးဘူး သူ့ကိုထပ်မှာတယ် “ဟိုလေ..သားအတွက်နောက်ထပ် ဟင်းမပါတဲ့ ထမင်းအဖြူ အလွတ် တစ်ထုတ်ထပ်လုပ်ပေးလို့ ရလားခင်ဗျ” ကောင်းလေးခမျာ ပြောသာပြောနေရရှာတယ်

သူ့မျက်နှာက အတော်လေးကို အားနာနေတဲ့ပုံပေါ်တယ်။ ဆိုင်ရှင်ကလည်း “ရပါတယ်သားရယ် ဒါနဲ့ ဒီထမင်းထုတ်က မင်းဘာသွားလုပ်ဖို့လည်း

” သား ညနေကြရင်စားဖို့ပါဦး ” အဲ့လိုနဲ့ ဆိုင်ရှင်အဖိုးကြီးက သူ့ကိုဂရုနာသက်တဲ့ မျက်လုံးနှင့်ကြည့်ပြီး “အင်း..ဒီကောင်လေးကို ကြည့်ရတာမြို့မှာသာ ကျောင်းလာတက်တယ် အိမ်ကမိဘတွေကငွေရေးကြေးရေး အခက်ခဲ ရှိပုံရတယ်လေ” ဆိုပြီး စိတ်ထဲက ရေရွတ်လိုက်တယ်။

အမှန်တကယ်တော့ ဆိုင်ပိုင်ရှင် သူတို့လင်မယားကလည်း တစ်နေ့လုပ် တစ် နေ့စားပါ အခု ဒီဆိုင်နေရာလေးကိုလည်း သူများကငှားပေးလို့သာ ကံ ကောင်းပြီး ဈေးရောင်းရတဲ့ဘဝပါ မရှိတဲ့သူတွေအချင်းချင်းမို့လည်း အဆင် ပြေတဲ့သူတွေကို စာနာတတ်တဲ့စိတ်ကလည်း သူတို့လင်မယားမှာ ရှိပြီးသားပါ။



အဲ့လိုနဲ့ ဆိုင်ရှင်ယောကျာ်းက ဟင်းအိုးမှ ဟင်းတွေကိုခတ်ပြီး ထမင်းများနဲ့ သူဖုံးဖိပြီးထည့်နေမိတယ် ဒါကို မိန်းမဖြစ်သူကမြင်တော့ ”ရှင်ဘာလုပ်နေတာလည်း”တဲ့ ယောကျာ်းဖြစ်သူကလည်း” ငါ ကောင်းလေးအတွက် ထမင်းထည့်ပေးနေတာလေ

“အော်ရှင်ကလည်း တုံးလိုက်တာ ပေးချင်နေမှတော့ ဝှက်ပြီးပေးစရာလား ဒီအတိုင်းပေးလည်း ရရဲ့သားနဲ့ကို ဘာလဲ ရှင်ကကျွန်မမြင်မှာ ကြောက်လို့လား?? ကြောက်စရာမဟုတ်တာရှင် ကျွန်မလည်းစာနာထောက်ထားတတ်တဲ့ မိန်းမသားတယောက်ပါ



ဟာ ဒီမိန်းမ!! ဘာတွေလာပြောနေတာလည်း!! ဒီအတိုင်း ပေါ်တင်ပေးလိုက်တော့ သူ့ကို အထင်သေးရာရောက်သွားမှာပေါ့ဟ!!ငါ့မိန်းမကလည်း ပြီးတော့ သူလည်း ရှက်သွားရင်နောက်ဆို တို့ဆိုင်ကို သူဘယ်လိုလုပ်ပြီး လာရဲတော့မလည်းကွ!!

အဲ့လိုပြောလိုကတော့ မိန်းမဖြစ်သူက လင်ယောကျ်ားကိုကြည့်ပြီး ပီတိဖြစ်မိသည်” အမလေး ငါ့ယောကျ်ားက သနားတတ်ရုံ တစ်မျိုးတည်းမဟုတ်ပဲ လူတစ်ယောက်ကို အဖက်ဖက်ကစာနာစိတ်ကလည်း ကြီးမားပါလေရဲ့တော်



” ဒီလိုနဲ့ပဲ ကောင်းလေးဟာ သူတို့ဆိုင်မှာလာပြီး ကျောင်းပြီးသည်အထိ ထမင်းလာစားခဲ့တယ် သူတို့လင်မယားကလည်း တစ်နေ့တစ်မျိုး မရိုးလေအောင် ဟင်းအမျိုးမျိုးကို ထမင်းနဲ့ဖုံးဖိပြီး ပေးလေ့ရှိခဲ့တယ် ဒီလိုနဲ့ ကျောင်းလည်း ပြီးသွားတော့ ကောင်လေးက သူတို့ဆိုင်ကို ၁၀ နှစ်ကျော်ကြာမျှတောင် တစ်ခါမှ

ရောက်မလာတော့ပါဘူး ဒီလိုနဲ့ သူတို့လည်း ထမင်းဆိုင်လေးကို ပုံမှန်ရောင်းပေးနေရင်း တစ်နေ့တော့ မြေပိုင်ရှင်က မြေကိုရောင်းလိုက်ပြီးဖြစ်ကြောင်း ဒီနေရာကနေ ဖယ်ပေးရတော့မည်ဖြစ် ကြောင်း လာပြောသောအခါ



လင်မယားနှစ်ယောက်သား စိတ်ပျက်လက်ပျက်ဖြစ်ပြီးအိမ်မှာ ထိုင်မိူင်နေကြစဉ် သူတို့နေတဲ့ အိမ်နားသို့ကားတစ်စီးကထိုးရပ်လာသည် အဝတ်အစားသန့်သန့်ပြန့်ပြန့်နဲ့ လူတယောက် ကားပေါ်မှ ဆင်းပြီး သူတို့ရှိရာသို့ လျှောက်လာသည် ဆိုင်ရှင်လင်မယားရှေ့လည်းရောက်

” ကျွန်တော်က ကုမ္မဏီတစ်ခုရဲ့ မန်နေဂျာတစ်ဦးပါခင်ဗျာ ကျွန်တော့်သူဌေးက အဒေါ်တို့လင်မယားချက်တဲ့ဟင်းကို အရမ်းကြိုက်တဲ့ သူတစ်ယောက်ပါ အဲဒါကြောင့် ကျွန်တော်တို့ ကုမ္မဏီအနီးမှာ ဆိုင်ဖွင့်ပေးဖို့ တောင်းဆိုထားလို့ပါ” ဆိုပြီး မန်နေဂျာလေးကပြောတော့ လင်မယားနှစ်ယောက်လုံး အံ့အားသင့် သွားတယ်



သူတို့လို ဆိုင်စုတ်စုတ်လေးမှာ ဘယ်လိုသူဌေးကများ လာပြီးစားဖူးပါလိမ့်ပေါ့ ပြီးတော့လည်း သူတို့မှာရှိတာက အိုးစုတ်ခွက်စုတ်တွေမို့ ကုမ္မဏီကြီးအနား ထမင်းဆိုင်သွားဖွင့်ရမှာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ အဲ့လိုနဲ့ သူတို့လင်မယားက တောင်းဆိုချက်ကို ငြင်းခဲ့တယ် ဒီလိုနဲ့ မန်နေဂျာလေးကလည်း

“အဲဒီအတွက်ဘာမှ မပူပါနဲ့ဗျာ ကျွန်တော့်သူဌေးက အစစ အရာရာ ပြင်ဆင်ထားပြီးသားပါ သွားပြီးချက်ပြုတ်ရုံ သက်သက်ပါ ခင်ဗျာ” ဆိုတော့ အဲဒီသူဌေးက ဘာဖြစ်လို့ သူတို့အပေါ် ဒီလောက်ကောင်းနေရတာလည်းပေါ့ သူတို့နားမလည်ခဲ့ ပါ



နောက်ဆုံးတော့ သူတို့အပေါ် ကောင်းတဲ့သူဌေးကြီးက တစ်ချိန်က သူတို့ဆီက ထမင်းအဖြူ တစ်ထုပ်နဲ့ ကျွေးခဲ့ဖူးတဲ့ ကျောင်းသားလေးမှန်းသိရတော့ ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့ရတယ်။” ဦးနဲ့အဒေါ်သာ ကျွန်တော့်ကို မကူညီပေးခဲ့ရင် ကျွန်တော်ဒီလိုဘဝမျိုးကို ရောက်လာမှာ မဟုတ်ပါဘူး

အခုလို ပြန်လည်ကျေးဇူးဆပ်ခွင့်ရတာ ကျွန်တော်အရမ်းဝမ်းသာပါတယ် ဗျာ လိုတာရှိရင်ပြောပါ ဘာမှ အားမနာကြပါနဲ့ …



(စေတနာထားတတ်ရုံနဲ့ မလုံလောက်ဘူး အဖက်ဖက်ကကြည့်ပြီး စာနာမူ့လည်း ထားတတ်ရမယ် ယခုလို IT ခေတ်မှာ မရှိသူကို ကူညီတတ်ကြတဲ့ သူတစ်ချို့သတိထားသင့်တယ်

သူတစ်ပါးကို ကူညီလိုလျှင် သူ့ရဲ့ဂုဏ်သိက္ခာကိုလည်း ထည့်တွေးသင့်တယ် ကိုယ့်ရဲ့စေတနာကို ပုံရိုက်ပြီး တင်ပြနေစရာမလိုဘူး စေတနာအောက်မှာ သူတစ်ပါးရဲ့ဂုဏ်သိက္ခာတွေနစ်ပျောက်သွားတတ်လို့ပါ)

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ် ။

Credit တာတေ

Be the first to comment

Leave a Reply

Your email address will not be published.


*