ယခုနှစ်ရဲ့ဒေါ်လာ ၂၉.၅ မီလီယံအထိ ဝင်ငွေရှိတဲ့ YouTuber အဖြစ်သတ်မှတ်ခံလိုက်ရတဲ့ အသက် ၉နှစ်အရွယ်ကလေး

အမေရိကန်နိုင်ငံ Texas ပြည်နယ်မှာနေထိုင်တဲ့ အသက် ၉ နှစ်အရွယ် Ryan Kaji အမည်ရှိကောင်လေးတစ်ဦးဟာ ယခုနှစ်အတွက် ဝင်ငွေအမြင့်ဆုံး YouTuber အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။

Ryan ရဲ့ YouTube channel ဟာ ဒေါ်လာ ၂၉.၅ သန်းကျော်ရရှိပြီး သုံးနှစ်ဆက်တိုက်လုံး ပထမနေရာမှာ ရပ်တည်နေခဲ့ပါတယ်။Ryan ဟာ အစပိုင်းမှာ ကစားစရာများကို ၎င်းတို့ရဲ့အထုပ်များမှထုတ်ယူပြီး ပြန်လည်သုံးသပ်တဲ့ unboxing ဗီဒီယိုများကို ဝေမျှပြီးနောက်

ကြော်ငြာ စပွန်ဆာများစွာကို ဆွဲဆောင်စေခဲ့ပြီး အခုဆိုရင်တော့ သူ့မှာ ကုန်ပစ္စည်းများ ၊ ကစားစရာများ၊ ကျောပိုးအိတ်များ နှင့် သွားတိုက်ဆေးများ စတဲ့ စပွန်ဆာများစွာ ရရှိလာခဲ့ပြီး Nickelodeon channel မှာ TV စီးရီးတစ်ခုလည်း ရှိနေပါတယ်။

အဆိုပါရုပ်သံလိုင်းကလည်း စပွန်ဆာအမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ယခုအချိန်မှာ Ryan ရဲ့ Ryan’s World YouTube channel ဟာ subscribers ပေါင်း ၄၁.၇ သန်း နှင့် ၁၂.၂ ဘီလီယံ viewအထိ ရှိနေပါတယ်။

Ryan ရဲ့မိသားစုက မတူတဲ့ YouTube channel ၉ခုကို အတူတကွ run ပေးခဲ့ကြပြီး Kaji အမည်ရှိတဲ့Ryan ရဲ့onlineနာမည်ကို Guan ဆိုတဲ့အမည်သစ်အဖြစ် ပြောင်းလဲပေးခဲ့ကြပါတယ်။

Forbes စီးပွါးရေးမဂ္ဂဇင်းရဲ့ ” YouTube ရဲ့အကြီးမားဆုံးကြယ်ပွင့်သစ်” စာရင်းအရ နံပါတ် ၂ နေရာမှာ ဒေါ်လာ ၂၄ သန်းဖြင့် Jimmy Donaldson a.k.a. Mr Beast ကရပ်တည်နေခဲ့ပြီး

Dude Perfect က နံပါတ် ၃ နေရာမှာ ဒေါ်လာ ၂၃ သန်း ၊ Rhett & Link က နံပါတ် ၄ နေရာမှာ ဒေါ်လာသန်း ၂၀ အထိရပ်တည်နေခဲ့ကြပြီး Mark Fischbach (Markiplier) က ဒေါ်လာ ၁၉.၅ သန်းဖြင့် နံပါတ် ၅ နေရာမှာ ရှိနေပါတယ်။

ထို့အပြင် Forbes ရဲ့ဖော်ပြချက်အရ YouTube မှာ Nastya လို့လူသိများတဲ့ အသက် ၆နှစ်အရွယ် Anastasia Radzinskaya အမည်ရှိတဲ့ ရုရှားကလေးမလေးကလည်း ဒေါ်လာ ၁၈.၅ သန်း အထိရရှိနေခဲ့ပါတယ်။

Source : elitereaders

Be the first to comment

Leave a Reply

Your email address will not be published.


*