
ဘုရားဖူးလာတဲ့သူမ်ားအတြက္ ပုဂံမွာတစ္ခုတည္းေသာ အခမဲ့တည္းခိုႏိုင္သည့္ တည္းခိုေဆာင္
ပုဂံေ႐ႊစည္းခုံဘုရားပိုင္ သာသနာ့နယ္ေျမအတြင္းတြင္ ပုဂံဘုရားဖူးလာသူမ်ားအတြက္ အခမဲ့တည္းခိုေဆာင္မ်ားထားရွိထားၿပီး ဧည့္သည္အေယာက္ ၃၀၀ခန႔္ နားေနတည္းခို္ႏိုင္သည္ဟု ေ႐ႊစည္းခုံဘုရားေဂါပကအဖြဲ႕ထံကသိရသည္။
လာေရာက္တည္းခိုခ်င္သူမ်ားအေနျဖင့္ ဘုရားဖူးသက္သက္လာသည့္ဧည့္သည္မ်ားကိုသာ လက္ခံၿပီး အဖြဲ႕လိုက္လာေရာက္တည္းခိုသူမ်ားအေနျဖင့္ အဖြဲ႕ေခါင္းေဆာင္(သို႔) အဖြဲ႕အတြင္းမွတစ္ဦးဦး၏ မွတ္ပုံတင္ တစ္ခုကိုသာ ဧည့္ႀကိဳဌာနသို႔ ေပးထားရသည္ဟုသိရသည္။\
ထို႔ျပင္လာေရာက္တည္းခိုသူမ်ားအေနျဖင့္ ၃ညအိပ္၄ရက္သာလက္ခံသည္ဟုသိရသည္။
တည္းခိုေဆာင္ စုစုေပါင္း ၆ေဆာင္ရွိၿပီး တည္းခိုသူမ်ားအေနျဖင့္ အရက္ေသစာေသာက္စားျခင္းမျပဳရန္ႏွင့္ တည္းခိုခန္းအခေၾကးေငြအျဖစ္ အလႉေငြကို မိမိ သဒၵါေၾကးအျဖစ္္မိမိတတ္ႏိုင္သေလာက္ကိုသာ လႉဒါန္းႏိုင္သည္ဟုသိရသည္။
“တခ်ိဳ႕အဖြဲ႕လိုက္လာတယ္ အေယာက္ ၃၀/၄၀ ေပါ့ ၿပီးလို႔ျပန္တဲ့အခါ တခ်ိဳ႕၂ေသာင္း/၃ေသာင္းလႉသြားၾကတာမ်ိဳးလည္းရွိတယ္
တခ်ိဳ႕ဘုရားဖူးတည္းခိုသူေတြက လႉမသြားတာမ်ိဳးေတြလည္းရွိပါတယ္ က်ေနာ္တို႔ဆီကိုတည္းခိုခ်င္တယ္ဆိုရင္ လႉခ်င္ရင္လႉပါ မလႉခ်င္ရင္လည္းရပါတယ္”ဟု ဧည့္ႀကိဳတာဝန္ခံ ဦးစိုးလွေမာင္ထံကသိရသည္။
ဧည့္သည္အမ်ားဆုံးရက္မ်ားမွာ ဝါတြင္း အဖိတ္ ဥပုသ္ရက္မ်ားျဖစ္ၿပီး ဝါေခါင္လတြင္ ေတာင္ျပဳန္းပြဲႏွင့္ ေတာ္သလင္းလ ပုပၸါးပြဲ တို႔တြင္ ဧည့္သည္အမ်ားဆုံးျဖစ္သည္ဟုသိရသည္။
“ဧည့္သည္၂ဦး ၃ဦးလာရင္ေတာ့ ခုေနာက္ပိုင္းလက္မခံေတာ့ဘူး ဘာလို႔လဲဆိုေတာ့ ၂ဦး /၃ဦး ေလာက္နဲ႔သူတို႔ကို အခန္းမေပးႏိုင္ဘူးေလ အခန္းအပိုမရွိတဲ့အခါ ေနာက္အဖြဲ႕နဲ႔ အဖြဲ႕ခ်င္းေပါင္းထားေပးရင္ ျပသနာေတြတတ္လာႏိုင္လို႔ပါ”ဟု ဦးစိုးလွေမာင္ကေျပာသည္
။ျမန္မာသကၠရာဇ္ ၁၃၂၀ခုႏွစ္ခန႔္ ကတည္းက ထိုအေဆာင္မ်ားသည္ ဇရပ္ပုံစံျဖစ္ၿပီး လြန္ခဲ့သည့္ ၂၅ႏွစ္ခန႔္က အခန္းမ်ားဖြဲ႕ၼ၍ ေ႐ႊစည္းခုံဘုရားေဂါပကအဖြဲ႕မွ တံခါးမ်ားတပ္ဆင္ထားျခင္းမ်ားျပဳလုပ္ထားသည္ဟုသိရသည္။
“အခမဲ့တည္းခိုေဆာင္ဆိုတဲ့ဆိုင္းပုဒ္ကိုေတာ့ မႏွစ္ေလးကမွ အေဆာင္ေတြမွ တပ္ထားခဲ့တာပါ”ဟု ဧည့္ႀကိဳတစ္ဦးထံကသိရသည္။
Credit Original Writer
Unicode ျဖင့္ဖတ္ရန္
ဘုရားဖူးလာတဲ့သူများအတွက် ပုဂံမှာတစ်ခုတည်းသော အခမဲ့တည်းခိုနိုင်သည့် တည်းခိုဆောင်
ပုဂံရွှေစည်းခုံဘုရားပိုင် သာသနာ့နယ်မြေအတွင်းတွင် ပုဂံဘုရားဖူးလာသူများအတွက် အခမဲ့တည်းခိုဆောင်များထားရှိထားပြီး ဧည့်သည်အယောက် ၃၀၀ခန့် နားနေတည်းခိုနိုင်သည်ဟု ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ထံကသိရသည်။
လာရောက်တည်းခိုချင်သူများအနေဖြင့် ဘုရားဖူးသက်သက်လာသည့်ဧည့်သည်များကိုသာ လက်ခံပြီး အဖွဲ့လိုက်လာရောက်တည်းခိုသူများအနေဖြင့် အဖွဲ့ခေါင်းဆောင်(သို့) အဖွဲ့အတွင်းမှတစ်ဦးဦး၏ မှတ်ပုံတင် တစ်ခုကိုသာ ဧည့်ကြိုဌာနသို့ ပေးထားရသည်ဟုသိရသည်။\
ထို့ပြင်လာရောက်တည်းခိုသူများအနေဖြင့် ၃ညအိပ်၄ရက်သာလက်ခံသည်ဟုသိရသည်။
တည်းခိုဆောင် စုစုပေါင်း ၆ဆောင်ရှိပြီး တည်းခိုသူများအနေဖြင့် အရက်သေစာသောက်စားခြင်းမပြုရန်နှင့် တည်းခိုခန်းအခကြေးငွေအဖြစ် အလှူငွေကို မိမိ သဒ္ဒါကြေးအဖြစ်မိမိတတ်နိုင်သလောက်ကိုသာ လှူဒါန်းနိုင်သည်ဟုသိရသည်။
“တချို့အဖွဲ့လိုက်လာတယ် အယောက် ၃၀/၄၀ ပေါ့ ပြီးလို့ပြန်တဲ့အခါ တချို့၂သောင်း/၃သောင်းလှူသွားကြတာမျိုးလည်းရှိတယ်
တချို့ဘုရားဖူးတည်းခိုသူတွေက လှူမသွားတာမျိုးတွေလည်းရှိပါတယ် ကျနော်တို့ဆီကိုတည်းခိုချင်တယ်ဆိုရင် လှူချင်ရင်လှူပါ မလှူချင်ရင်လည်းရပါတယ်”ဟု ဧည့်ကြိုတာဝန်ခံ ဦးစိုးလှမောင်ထံကသိရသည်။
ဧည့်သည်အများဆုံးရက်များမှာ ဝါတွင်း အဖိတ် ဥပုသ်ရက်များဖြစ်ပြီး ဝါခေါင်လတွင် တောင်ပြုန်းပွဲနှင့် တော်သလင်းလ ပုပ္ပါးပွဲ တို့တွင် ဧည့်သည်အများဆုံးဖြစ်သည်ဟုသိရသည်။
“ဧည့်သည်၂ဦး ၃ဦးလာရင်တော့ ခုနောက်ပိုင်းလက်မခံတော့ဘူး ဘာလို့လဲဆိုတော့ ၂ဦး /၃ဦး လောက်နဲ့သူတို့ကို အခန်းမပေးနိုင်ဘူးလေ အခန်းအပိုမရှိတဲ့အခါ နောက်အဖွဲ့နဲ့ အဖွဲ့ချင်းပေါင်းထားပေးရင် ပြသနာတွေတတ်လာနိုင်လို့ပါ”ဟု ဦးစိုးလှမောင်ကပြောသည်
။မြန်မာသက္ကရာဇ် ၁၃၂၀ခုနှစ်ခန့် ကတည်းက ထိုအဆောင်များသည် ဇရပ်ပုံစံဖြစ်ပြီး လွန်ခဲ့သည့် ၂၅နှစ်ခန့်က အခန်းများဖွဲ့္မ၍ ရွှေစည်းခုံဘုရားဂေါပကအဖွဲ့မှ တံခါးများတပ်ဆင်ထားခြင်းများပြုလုပ်ထားသည်ဟုသိရသည်။
“အခမဲ့တည်းခိုဆောင်ဆိုတဲ့ဆိုင်းပုဒ်ကိုတော့ မနှစ်လေးကမှ အဆောင်တွေမှ တပ်ထားခဲ့တာပါ”ဟု ဧည့်ကြိုတစ်ဦးထံကသိရသည်။
Credit Original Writer
Be the first to comment