နာေရးကူညီမွုအသင္း(ရန္ကုန္) ဥကၠဌ ဦးေက်ာ္သူ ကားငါးစီးဆင့္တိုက္မွုျဖစ္စဥ္အတြင္းပါဝင္ခဲ့

နာေရးကူညီမွုအသင္း(ရန္ကုန္) ဥကၠဌ ဦးေက်ာ္သူ ကားငါးစီးဆင့္တိုက္မွုျဖစ္စဥ္အတြင္းပါဝင္ခဲ့ေသာ္လည္း ဘာမွမျဖစ္

ဇန္နဝါရီ ၁၃

နာေရးကူညီမွုအသင္း(ရန္ကုန္) ဥကၠဌ ဦးေက်ာ္ သူ ကားငါးစီးဆင့္ တိုက္မွုျဖစ္စဥ္အတြင္းပါဝင္ခဲ့ေသာ္လည္း ဘာမွမျဖစ္ဘူးလို့ ဦးေက်ာ္သူက ေျပာၾကားလိုက္ပါတယ္။

ဦးေက်ာ္သူက “ ယေန႔ နာေရးကူညီမွုလမ္းေၾကာင္းေရေဝးသုႆန္သို့အသြား လမ္းတစ္ ေနရာ ရွိျဖတ္လမ္း ရွိေသာေနရာတြင္ ပင္မကားမ်ားရွင္းပါကတစ္ဖက္ လမ္းသို့ ကူးရန္အတြက္ တန္းစီေစာင့္ေနေသာ ကားေလးတစ္စီးႏွင့္ လိုက္ထရပ္ကားအား

ေနာက္မွ အေဝးေျပးခရီးသယ္တင္ကားတစ္စီးမွ တိုက္လိုက္၍ေရွ႕ဆုံးတြင္ရပ္ေနေသာ ကားမွာ တစ္ဆင့္ခ်င္းတိုက္ခံရၿပီး ကၽြန္ေတာ္ေမာင္းလာသည့္ နာေရးနိဗၺာန္ယာဥ္အား ေရွ႕ေဘးမွ ေဆာင့္တိုက္ လိုက္၍ မိမိမွေရွာင္လိုက္ ေသာ္လည္း

မိမိ၏ ညာဖက္ရွိ ဘတ္စ္ကား တစ္စီး၏ ေနာက္ပိုင္းေဘးဖက္ ကိုမိမိမွတစ္ဆင့္တိုက္မိေတာ့သည္။ လူမ်ားဘာမၽွမျဖစ္ ေသာ္လည္း တိုက္ခံရသည့္ကားငယ္(ေရွ႕/ေနာက္)၊ လိုက္ထရပ္(ေရွ႕/ေနာက္)၊ နာကူယာဥ္ ေရွ႕(ဘယ္/ညာ) ၊ဘတ္စ္ကားႀကီး(ေနာက္ဖက္ဘယ္ဖက္ျခမ္း ပြန္း)အသီးသီး ထိသြားခဲ့သည္။

ကားငါးစီးဆင့္ကာ ဆင့္ကာတိုက္ခံရသည့္ျဖစ္ရပ္ပင္ျဖစ္ေတာ့သည္။မိမိမွ လမ္းမွန္၊ပုံမွန္ေမာင္းေသာ္ျငား တစ္ဖက္မွ အႏၲရာယ္သည္ မည္ကဲ့သို့လာမည္ကို အထူးသတိထားရန္ အသိတရားတစ္ခုရွိခဲ့ရပါတယ္” လို့ ေျပာၾကားထားပါတယ္။

ယင္းက “ နိဗၺာန္ယာဥ္ေပၚ ပါလာေသာ ဘဝကူးသြားသည့္႐ုပ္ခႏၶာအား အသင္းမွ နိဗၺာန္ယာဥ္ တစ္စီးအား အျမန္ေခၚ၍ ေဘာ္ဒီအားေျပာင္းေရႊ႕ကာ ေရေဝးသုႆန္သို့ပို့ ေဆာင္သၿဂႋဳလ္ေပးမွုအား တာဝန္မပ်က္၊တာဝန္ေၾကစြာ လုပ္ေဆာင္ေပးခဲ့ပါ သည္။

အသင္းသို့ ျပန္အေရာက္ သုခေဆးခန္းမွတာဝန္ရွိသူမ်ားမွ အတင္းေခၚေဆာင္၍ မိမိအား အာထရာေဆာင္းစက္ျဖင့္ မိမိ၏ႏွလုံးအားစစ္ေဆးပါေတာ့ သည္။ေသြးေပါင္ခ်ိန္ျဖင့္ခ်ိန္ပါေတာ့သည္။ဘာမွမျဖစ္။ ဘာမွမေတြ႕ ။

မိမိတြင္ ဗုဒၶရွိေနသည္။ဘုန္းဘုန္းရွိေနသည္။မည္သို့ျဖစ္ေစေမာ္ေတာ္ကား၊ဆိုင္ကယ္၊စက္ဘီး၊လမ္းေလၽွာက္သည့္ ေန႔စဥ္ လုပ္ရပ္မ်ားတြင္ မိမိသည္ ….ဘယ္ေလာက္မွန္မွန္

ဘယ္ေလာက္ေျဖးေျဖးဘယ္ေလာက္သတိထားထားတစ္ ဖက္မွ အႏၲရာယ္ သည္အခ်ိန္မေရြးထိပ္တိုက္ရင္ဆိုင္နိုင္ သည္ကိုေတာ့ သိထားသင့္ေတာ့တယ္” လို့သတိေပးေျပာၾကားထားပါတယ္။

Credit MyanmaPlatform #News #Domestic

Unicode

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကားငါးစီးဆင့်တိုက်မှုဖြစ်စဉ်အတွင်းပါဝင်ခဲ့သော်လည်း ဘာမှမဖြစ်

ဇန်နဝါရီ ၁၃

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော် သူ ကားငါးစီးဆင့် တိုက်မှုဖြစ်စဉ်အတွင်းပါဝင်ခဲ့သော်လည်း ဘာမှမဖြစ်ဘူးလို့ ဦးကျော်သူက ပြောကြားလိုက်ပါတယ်။

ဦးကျော်သူက “ ယနေ့ နာရေးကူညီမှုလမ်းကြောင်းရေဝေးသုဿန်သို့အသွား လမ်းတစ် နေရာ ရှိဖြတ်လမ်း ရှိသောနေရာတွင် ပင်မကားများရှင်းပါကတစ်ဖက် လမ်းသို့ ကူးရန်အတွက် တန်းစီစောင့်နေသော ကားလေးတစ်စီးနှင့် လိုက်ထရပ်ကားအား

နောက်မှ အဝေးပြေးခရီးသယ်တင်ကားတစ်စီးမှ တိုက်လိုက်၍ရှေ့ဆုံးတွင်ရပ်နေသော ကားမှာ တစ်ဆင့်ချင်းတိုက်ခံရပြီး ကျွန်တော်မောင်းလာသည့် နာရေးနိဗ္ဗာန်ယာဉ်အား ရှေ့ဘေးမှ ဆောင့်တိုက် လိုက်၍ မိမိမှရှောင်လိုက် သော်လည်း

မိမိ၏ ညာဖက်ရှိ ဘတ်စ်ကား တစ်စီး၏ နောက်ပိုင်းဘေးဖက် ကိုမိမိမှတစ်ဆင့်တိုက်မိတော့သည်။ လူများဘာမျှမဖြစ် သော်လည်း တိုက်ခံရသည့်ကားငယ်(ရှေ့/နောက်)၊ လိုက်ထရပ်(ရှေ့/နောက်)၊ နာကူယာဉ် ရှေ့(ဘယ်/ညာ) ၊ဘတ်စ်ကားကြီး(နောက်ဖက်ဘယ်ဖက်ခြမ်း ပွန်း)အသီးသီး ထိသွားခဲ့သည်။

ကားငါးစီးဆင့်ကာ ဆင့်ကာတိုက်ခံရသည့်ဖြစ်ရပ်ပင်ဖြစ်တော့သည်။မိမိမှ လမ်းမှန်၊ပုံမှန်မောင်းသော်ငြား တစ်ဖက်မှ အန္တရာယ်သည် မည်ကဲ့သို့လာမည်ကို အထူးသတိထားရန် အသိတရားတစ်ခုရှိခဲ့ရပါတယ်” လို့ ပြောကြားထားပါတယ်။

ယင်းက “ နိဗ္ဗာန်ယာဉ်ပေါ် ပါလာသော ဘဝကူးသွားသည့်ရုပ်ခန္ဓာအား အသင်းမှ နိဗ္ဗာန်ယာဉ် တစ်စီးအား အမြန်ခေါ်၍ ဘော်ဒီအားပြောင်းရွှေ့ကာ ရေဝေးသုဿန်သို့ပို့ ဆောင်သင်္ဂြိုလ်ပေးမှုအား တာဝန်မပျက်၊တာဝန်ကြေစွာ လုပ်ဆောင်ပေးခဲ့ပါ သည်။

အသင်းသို့ ပြန်အရောက် သုခဆေးခန်းမှတာဝန်ရှိသူများမှ အတင်းခေါ်ဆောင်၍ မိမိအား အာထရာဆောင်းစက်ဖြင့် မိမိ၏နှလုံးအားစစ်ဆေးပါတော့ သည်။သွေးပေါင်ချိန်ဖြင့်ချိန်ပါတော့သည်။ဘာမှမဖြစ်။ ဘာမှမတွေ့ ။

မိမိတွင် ဗုဒ္ဓရှိနေသည်။ဘုန်းဘုန်းရှိနေသည်။မည်သို့ဖြစ်စေမော်တော်ကား၊ဆိုင်ကယ်၊စက်ဘီး၊လမ်းလျှောက်သည့် နေ့စဉ် လုပ်ရပ်များတွင် မိမိသည် ….ဘယ်လောက်မှန်မှန်

ဘယ်လောက်ဖြေးဖြေးဘယ်လောက်သတိထားထားတစ် ဖက်မှ အန္တရာယ် သည်အချိန်မရွေးထိပ်တိုက်ရင်ဆိုင်နိုင် သည်ကိုတော့ သိထားသင့်တော့တယ်” လို့သတိပေးပြောကြားထားပါတယ်။

Credit MyanmaPlatform #News #Domestic

Be the first to comment

Leave a Reply

Your email address will not be published.


*