သမီးနွစ္ေယာက္ကို ကားထဲထားခဲ့ျပီး ဘီယာသြားေသာက္ေနခဲ့တဲ့မိခင္ေၾကာင့္ ေသဆုံးခဲ့ရတဲ့ ကေလးငယ္နွစ္ဦးရဲ့ ျဖစ္ရပ္

ၿပီးခဲ့တဲ့ေန႔က အသက္ 26ႏွစ္အ႐ြယ္မိခင္တစ္ဦးဟာ သူမရဲ႕သမီးႏွစ္ေယာက္ကိုကားထဲမွာထားခဲ့ၿပီး ဘီယာသြားေသာက္ေနခဲ့လို႔ ကေလးႏွစ္ေယာက္လုံးေသဆုံးသြားခဲ့ရတဲ့အျဖစ္ေၾကာင့္ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္ ။

ဂ်ပန္ႏိုင္ငံမွာေနထိုင္တဲ့ Maria Takeuchi အမည္ရွိတဲ့အလုပ္လက္မဲ့အမ်ိဳးသမီးဟာ သူမရဲ႕သမီးေတြျဖစ္တဲ့ Mayui (6)ႏွစ္ ႏွင့္ Yurie (3)ႏွစ္တို႔ကို September 2 ရက္ေန႔ ည 9နာရီအခ်ိန္ခန႔္ကေန ည12:40 အခ်ိန္ထိ ကားထဲထားရစ္ခဲ့ၿပီး ၊

ကားတံခါးေလာစ့္ခ်ထားခဲ့တဲ့အျပင္ ပုတင္းေပါက္ပိတ္လ်က္နဲ႔ထားရစ္ခဲ့တာပါ ။ေဖာ္ျပခ်က္အရ Takeuchi ဟာ သမီးႏွစ္ေယာက္ကို September 2 ရက္ေန႔ ည 9နာရီအခ်ိန္ခန႔္ကစၿပီး ကားထဲထားရစ္ခဲ့တာပါ ။

သူမရဲ႕ကားဆီသို႔ ျပန္ေရာက္လာခဲ့ခ်ိန္မွာေတာ့ ကေလးငယ္ေတြအေျခအေနမေကာင္းေတာ့ဘူးဆိုတာကိုသိခဲ့လို႔ ကားကိုအိမ္သို႔အျမန္ေမာင္းျပန္ခဲ့ပါတယ္ ။ ကေလးေတြကို ကားထဲထားခဲ့ၿပီးေနာက္ သူမေနအိမ္အထဲကိုဝင္သြားခဲ့ၿပီး ညနက္ 12:40 အခ်ိန္မွ အေရးေပၚဌာနကိုဆက္သြယ္အေၾကာင္းၾကားခဲ့တာပါ ။

ကေလးငယ္ေတြ ေဆး႐ုံေရာက္ခဲ့ခ်ိန္မွာေတာ့ ႏွစ္ေယာက္လုံးေသဆုံးခဲ့ၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ပါတယ္ ။

September 4 ရက္ေန႔မွာေတာ့ ကေလးငယ္ေတြအေလာင္းခြဲစိတ္စစ္ေဆးခ်က္မ်ားအရ ကေလးႏွစ္ေယာက္လုံးဟာ အပူလွ်ပ္ၿပီး ခႏၶာကိုယ္ရွိေရဓာတ္မ်ားကုန္ခန္းသြားလို႔ေသဆုံးခဲ့ရတာျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္ ။

September 3 ရက္ေန႔ရဲ႕ အပူခ်ိန္ဟာ 37.6 ဒီဂရီအထိရွိခဲ့တဲ့အတြက္ ကားထဲမွာဆိုရင္ အပူခ်ိန္ပိုမ်ားႏိုင္ေၾကာင္း သိရွိရပါတယ္ ။

ေမးျမန္းစစ္ေဆးခ်ိန္မွာေတာ့ Takeuchi ဟာႏႈတ္ဆိတ္ေနခဲ့ၿပီး CCTV မွတ္တမ္းမွာေတာ့ သူမဟာကေလးေတြကိုကားထဲထားခဲ့ၿပီး တစ္ညလုံးသူငယ္ခ်င္းေတြနဲ႔ ဘီယာဆိုင္ထဲဝင္သြားခဲ့တာကို ေတြ႕ရွိရမွာပါ ။

သူမအိမ္ျပန္ေရာက္ခ်ိန္မွာေတာင္ အခ်ိန္အေတာ္ၾကာေစာင့္ဆိုင္ေနၿပီး ေနာက္ဆုံးမွ အေရးေပၚဌာနကိုဖုန္းဆက္အေၾကာင္းၾကားခဲ့တာျဖစ္ေၾကာင္း ရဲအရာရွိမ်ားရဲ႕စုံစမ္းစစ္ေဆးမႈအရ သိရွိရပါတယ္ ။

Credit..

Unicode

ပြီးခဲ့တဲ့နေ့က အသက် 26နှစ်အရွယ်မိခင်တစ်ဦးဟာ သူမရဲ့သမီးနှစ်ယောက်ကိုကားထဲမှာထားခဲ့ပြီး ဘီယာသွားသောက်နေခဲ့လို့ ကလေးနှစ်ယောက်လုံးသေဆုံးသွားခဲ့ရတဲ့အဖြစ်ကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။

ဂျပန်နိုင်ငံမှာနေထိုင်တဲ့ Maria Takeuchi အမည်ရှိတဲ့အလုပ်လက်မဲ့အမျိုးသမီးဟာ သူမရဲ့သမီးတွေဖြစ်တဲ့ Mayui (6)နှစ် နှင့် Yurie (3)နှစ်တို့ကို September 2 ရက်နေ့ ည 9နာရီအချိန်ခန့်ကနေ ည12:40 အချိန်ထိ ကားထဲထားရစ်ခဲ့ပြီး ၊

ကားတံခါးလောစ့်ချထားခဲ့တဲ့အပြင် ပုတင်းပေါက်ပိတ်လျက်နဲ့ထားရစ်ခဲ့တာပါ ။ဖော်ပြချက်အရ Takeuchi ဟာ သမီးနှစ်ယောက်ကို September 2 ရက်နေ့ ည 9နာရီအချိန်ခန့်ကစပြီး ကားထဲထားရစ်ခဲ့တာပါ ။

သူမရဲ့ကားဆီသို့ ပြန်ရောက်လာခဲ့ချိန်မှာတော့ ကလေးငယ်တွေအခြေအနေမကောင်းတော့ဘူးဆိုတာကိုသိခဲ့လို့ ကားကိုအိမ်သို့အမြန်မောင်းပြန်ခဲ့ပါတယ် ။ ကလေးတွေကို ကားထဲထားခဲ့ပြီးနောက် သူမနေအိမ်အထဲကိုဝင်သွားခဲ့ပြီး ညနက် 12:40 အချိန်မှ အရေးပေါ်ဌာနကိုဆက်သွယ်အကြောင်းကြားခဲ့တာပါ ။

ကလေးငယ်တွေ ဆေးရုံရောက်ခဲ့ချိန်မှာတော့ နှစ်ယောက်လုံးသေဆုံးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ် ။

September 4 ရက်နေ့မှာတော့ ကလေးငယ်တွေအလောင်းခွဲစိတ်စစ်ဆေးချက်များအရ ကလေးနှစ်ယောက်လုံးဟာ အပူလျှပ်ပြီး ခန္ဓာကိုယ်ရှိရေဓာတ်များကုန်ခန်းသွားလို့သေဆုံးခဲ့ရတာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ် ။

September 3 ရက်နေ့ရဲ့ အပူချိန်ဟာ 37.6 ဒီဂရီအထိရှိခဲ့တဲ့အတွက် ကားထဲမှာဆိုရင် အပူချိန်ပိုများနိုင်ကြောင်း သိရှိရပါတယ် ။

မေးမြန်းစစ်ဆေးချိန်မှာတော့ Takeuchi ဟာနှုတ်ဆိတ်နေခဲ့ပြီး CCTV မှတ်တမ်းမှာတော့ သူမဟာကလေးတွေကိုကားထဲထားခဲ့ပြီး တစ်ညလုံးသူငယ်ချင်းတွေနဲ့ ဘီယာဆိုင်ထဲဝင်သွားခဲ့တာကို တွေ့ရှိရမှာပါ ။

သူမအိမ်ပြန်ရောက်ချိန်မှာတောင် အချိန်အတော်ကြာစောင့်ဆိုင်နေပြီး နောက်ဆုံးမှ အရေးပေါ်ဌာနကိုဖုန်းဆက်အကြောင်းကြားခဲ့တာဖြစ်ကြောင်း ရဲအရာရှိများရဲ့စုံစမ်းစစ်ဆေးမှုအရ သိရှိရပါတယ် ။

Credit..

Be the first to comment

Leave a Reply

Your email address will not be published.


*