ဘုရားပန္းအိုး လဲတဲ့ခါ ပန္းအ႐ိုးတံ ပုပ္တာ မျဖစ္ပဲ ပန္းၾကာၾကာ ခံေအာင္ ျပဳလုပ္နည္း

ဘုရားပန္းအိုး လဲတဲ့ခါ ပန္းအ႐ိုးတံ ပုပ္တာ မျဖစ္ပဲ ပန္းၾကာၾကာ ခံေအာင္ ျပဳလုပ္နည္း လွ်ိဳ႕ဝွက္ခ်က္

ပန္းအိုးထိုးတဲ့ အခါ ပန္းေတြ ၾကာၾကာ ခံံေနေစမယ့္ နည္းလမ္းမ်ား

ပန္းအိုး ထိုးတဲ့ အခါ ပန္းေတြကို ၾကာၾကာ ခံေနေစမယ့္ နည္းလမ္းေတြ ရွိပါတယ္ ။ အလုပ္ စားပြဲမွာ အလွ ပန္းအိုး ထိုးတာမ်ိဳး ျဖစ္ျဖစ္၊ သင့္ အိမ္ ဧည့္ခန္းမွာ အလွဆင္ တာမ်ိဳးနဲ႔ ဘုရားမွာ

ပန္းအိုး ထိုးၿပီး ပန္းကပ္ ပူေဇာ္တဲ့အခါ ပန္းေတြ ခဏေလးနဲ႔ ညႇိဳးႏြမ္းေျခာက္ေသြ႕ သြားတတ္လို႔ စိတ္အေႏွာင့္ အယွက္ ျဖစ္ရပါတယ္ ။ အခု ေဖာ္ျပေပးမယ့္ နည္းလမ္းေတြ ကေတာ့ ပန္းအိုးထိုးတဲ့အခါ

ပန္းေတြ ၾကာၾကာ ခံေနေစမယ့္ နည္းလမ္းေတြပဲ ျဖစ္ပါတယ္ ။

( ၁ ) ပန္းေတြ ဝယ္လာတဲ့ အခါ ေရေဆးၿပီး ပန္းအိုး ထိုးတာမ်ိဳးကို ခ်က္ခ်င္း မလုပ္ဘဲ ပန္းအ႐ိုးရဲ႕ ေအာက္ေျခ ပင္စည္ကို ၂ လက္မခန႔္ ခပ္ေစာင္းေစာင္းေလး ျဖတ္ေတာက္ၿပီးမွ ထိုးေပးသင့္ပါတယ္ ။

ဒီလို ျပဳလုပ္ေပးျခင္းဟာ ပန္းေတြ ေရစုပ္အား ပိုမို ေကာင္းမြန္ေစၿပီး ၾကာၾကာခံေစပါတယ္ ။

( ၂ ) ပန္းအိုးထိုးတဲ့ အခါ ပန္းအိုးထဲက ေရနဲ႔ အနီးစပ္ဆုံး ျဖစ္ေနတဲ့ အ႐ြက္ေတြကို ေႁခြေပးရမွာ ျဖစ္ပါတယ္ ။ ဒီလို ျပဳလုပ္ေပးျခင္းဟာ ရက္အနည္းငယ္ ၾကာတဲ့အခါ ပန္းအိုးထဲက ေရပုပ္နံ႔လို

အနံ႔ မေကာင္းတာမ်ိဳးကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ ပန္းအ႐ိုးတံ ပုပ္ၿပီး အညႇိဳးႏြမ္း ျမန္တာမ်ိဳးကိုလည္း မျဖစ္ေစ ႏိုင္ပါဘူး ။

( ၃ ) ပန္းအိုး ထိုးၿပီးတဲ့အခါ အခန္းအပူခ်ိန္ေပၚ မူတည္ၿပီး ေရကို ရက္ျခား ဆိုသလို ပုံမွန္ လဲလွယ္ ေပးသင့္ပါတယ္ ။ ေရလဲတဲ့ အခါတိုင္းလည္း ပန္းအ႐ိုးတံကို လိုအပ္သလို ျဖတ္ေတာက္ေပးသင့္ ပါတယ္ ။

( ၄ ) ပန္းအိုး ထိုးတဲ့အခါ ပန္းအိုးထဲက ေရထဲကို မုန႔္ဖုတ္ ဆိုဒါ လက္ဖက္ရည္ဇြန္း ၁ ဇြန္း စာခန႔္ ထည့္ေပးျခင္းဟာ ပန္းေတြကို ၾကာၾကာ ခံေစႏိုင္တဲ့ အျပင္

ပန္းအိုးထဲကေရေတြ အခ်ိန္ၾကာလို႔ အနံ႔ အသက္ မေကာင္းေတာ့ တာမ်ိဳးလည္း မျဖစ္ေစႏိုင္ပါဘူး ။

( ၅ ) ပန္းေတြ ၾကာၾကာ ခံေစမယ့္ ေနာက္ထပ္ နည္းလမ္းေကာင္း တခုကေတာ့ ပန္းအိုးထိုးတဲ့အခါတိုင္း ပန္းအိုးထဲက ေရထဲကို ပန္းသီး ရွာလကာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းနဲ႔

သၾကား လက္ဖက္ရည္ဇြန္း တဝက္ စာခန႔္ကို ေရာစပ္ၿပီး ထည့္ေပးရမွာပါ ။

ပန္းသီးရွာလကာရည္ဟာ ပန္းအ႐ိုးတံ ေတြကို ပုပ္ေစႏိုင္တဲ့ ဘက္တီးရီးယားေတြကို ေသေစႏိုင္ၿပီး သၾကားကေတာ့ ပန္းေတြကို ၾကာၾကာခံေစႏိုင္တဲ့ အစြမ္း ရွိပါတယ္ ။

စာဖတ္သူမိဘျပည္သူမ်ားအေနျဖင့္ ကြၽန္ေတာ္တို႔တင္ျပေပးထားသည္ကိုဖတ္၍ ဗဟုသုတအျဖစ္မွတ္သားစရာတစ္ခုခုက်န္ခဲ့မယ္ဆိုရင္ အလြန္ဝမ္းေျမာက္မိမွာပါ။
အျခားသူမ်ားလည္းသိေစရန္ျပန္လည္မွ်ေဝျခင္းျဖင့္ ကုသိုလ္ယူေပးၾကပါရန္ ေမတၱာရပ္ခံအပ္ပါသည္

ဟယ္လ္သင္(ဧရာဝတီ)

Unicode

ဘုရားပန်းအိုး လဲတဲ့ခါ ပန်းအရိုးတံ ပုပ်တာ မဖြစ်ပဲ ပန်းကြာကြာ ခံအောင် ပြုလုပ်နည်း လျှို့ဝှက်ချက်

ပန်းအိုးထိုးတဲ့ အခါ ပန်းတွေ ကြာကြာ ခံံနေစေမယ့် နည်းလမ်းများ

ပန်းအိုး ထိုးတဲ့ အခါ ပန်းတွေကို ကြာကြာ ခံနေစေမယ့် နည်းလမ်းတွေ ရှိပါတယ် ။ အလုပ် စားပွဲမှာ အလှ ပန်းအိုး ထိုးတာမျိုး ဖြစ်ဖြစ်၊ သင့် အိမ် ဧည့်ခန်းမှာ အလှဆင် တာမျိုးနဲ့ ဘုရားမှာ

ပန်းအိုး ထိုးပြီး ပန်းကပ် ပူဇော်တဲ့အခါ ပန်းတွေ ခဏလေးနဲ့ ညှိုးနွမ်းခြောက်သွေ့ သွားတတ်လို့ စိတ်အနှောင့် အယှက် ဖြစ်ရပါတယ် ။ အခု ဖော်ပြပေးမယ့် နည်းလမ်းတွေ ကတော့ ပန်းအိုးထိုးတဲ့အခါ

ပန်းတွေ ကြာကြာ ခံနေစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ် ။

( ၁ ) ပန်းတွေ ဝယ်လာတဲ့ အခါ ရေဆေးပြီး ပန်းအိုး ထိုးတာမျိုးကို ချက်ချင်း မလုပ်ဘဲ ပန်းအရိုးရဲ့ အောက်ခြေ ပင်စည်ကို ၂ လက်မခန့် ခပ်စောင်းစောင်းလေး ဖြတ်တောက်ပြီးမှ ထိုးပေးသင့်ပါတယ် ။

ဒီလို ပြုလုပ်ပေးခြင်းဟာ ပန်းတွေ ရေစုပ်အား ပိုမို ကောင်းမွန်စေပြီး ကြာကြာခံစေပါတယ် ။

( ၂ ) ပန်းအိုးထိုးတဲ့ အခါ ပန်းအိုးထဲက ရေနဲ့ အနီးစပ်ဆုံး ဖြစ်နေတဲ့ အရွက်တွေကို ခြွေပေးရမှာ ဖြစ်ပါတယ် ။ ဒီလို ပြုလုပ်ပေးခြင်းဟာ ရက်အနည်းငယ် ကြာတဲ့အခါ ပန်းအိုးထဲက ရေပုပ်နံ့လို

အနံ့ မကောင်းတာမျိုးကို ဖယ်ရှားပေးနိုင်တဲ့အပြင် ပန်းအရိုးတံ ပုပ်ပြီး အညှိုးနွမ်း မြန်တာမျိုးကိုလည်း မဖြစ်စေ နိုင်ပါဘူး ။

( ၃ ) ပန်းအိုး ထိုးပြီးတဲ့အခါ အခန်းအပူချိန်ပေါ် မူတည်ပြီး ရေကို ရက်ခြား ဆိုသလို ပုံမှန် လဲလှယ် ပေးသင့်ပါတယ် ။ ရေလဲတဲ့ အခါတိုင်းလည်း ပန်းအရိုးတံကို လိုအပ်သလို ဖြတ်တောက်ပေးသင့် ပါတယ် ။

( ၄ ) ပန်းအိုး ထိုးတဲ့အခါ ပန်းအိုးထဲက ရေထဲကို မုန့်ဖုတ် ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း စာခန့် ထည့်ပေးခြင်းဟာ ပန်းတွေကို ကြာကြာ ခံစေနိုင်တဲ့ အပြင်

ပန်းအိုးထဲကရေတွေ အချိန်ကြာလို့ အနံ့ အသက် မကောင်းတော့ တာမျိုးလည်း မဖြစ်စေနိုင်ပါဘူး ။

( ၅ ) ပန်းတွေ ကြာကြာ ခံစေမယ့် နောက်ထပ် နည်းလမ်းကောင်း တခုကတော့ ပန်းအိုးထိုးတဲ့အခါတိုင်း ပန်းအိုးထဲက ရေထဲကို ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့

သကြား လက်ဖက်ရည်ဇွန်း တဝက် စာခန့်ကို ရောစပ်ပြီး ထည့်ပေးရမှာပါ ။

ပန်းသီးရှာလကာရည်ဟာ ပန်းအရိုးတံ တွေကို ပုပ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး သကြားကတော့ ပန်းတွေကို ကြာကြာခံစေနိုင်တဲ့ အစွမ်း ရှိပါတယ် ။

စာဖတ်သူမိဘပြည်သူများအနေဖြင့် ကျွန်တော်တို့တင်ပြပေးထားသည်ကိုဖတ်၍ ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်

ဟယ်လ်သင်(ဧရာဝတီ)

Be the first to comment

Leave a Reply

Your email address will not be published.


*