သိန္း ၃၀ စုေဆာင္းေငြရွိမယ္၊ လစဥ္ က်ပ္ ငါးေသာင္း သြင္းႏိုင္ၿပီဆိုတာနဲ႔ ကိုယ္ပိုင္ တိုက္ခန္း တစ္ခန္း ပိုင္ဖို႔ အခြင့္အေရးရွိေနပါၿပီ

သိန္း ၃၀ စုေဆာင္းေငြရွိမယ္၊ လစဥ္ က်ပ္ ငါးေသာင္း သြင္းႏိုင္ၿပီဆိုတာနဲ႔ ကိုယ္ပိုင္ တိုက္ခန္း တစ္ခန္း ပိုင္ဖို႔ အခြင့္အေရးရွိေနပါၿပီ

“တန္ဖိုးနည္း၊ တန္ဖိုးသင့္ တိုက္ခန္းမ်ားကို အရင္းအႏွီးနည္းနည္းျဖင့္ ဝယ္လို႔ရေနပါၿပီ”အဆင္မွီကြန္ဒိုမ်ားကိုလည္း လူလတ္တန္းစားမ်ား လက္လွမ္းမွီေသာတန္ဖိုးမ်ားျဖင့္ ေရာင္းခ်ႏိုင္မယ္ဆို ပိုမိုေကာင္းမြန္မယ္လို႔ ထင္တဲ့အတြက္ ဒီအႀကံေလးကို တင္ျပပါတယ္။

ခုဆို သိန္း ၃၀ စုေဆာင္းေငြရွိမယ္၊ လစဥ္ က်ပ္ ငါးေသာင္း သြင္းႏိုင္ၿပီဆိုတာနဲ႔ ကိုယ္ပိုင္ တိုက္ခန္း တစ္ခန္း ပိုင္ဖို႔ အခြင့္အေရးရွိေနပါၿပီ။



တန္ဖိုးသင့္ဆိုရင္ေတာ့ စုေဆာင္းေငြနဲ႔ လစဥ္သြင္းရတဲ့ေငြ ပိုမ်ားမွာေပါ့။ တိုက္ခန္းတန္ဖိုးေတြက သိန္း ၈၀ ကေနစၿပီး၊ သိန္း ၆၀၀ ေလာက္အတြင္း အစားစားေပါ့။

ေနရာ၊ ကြာလတီ၊ အက်ယ္အဝန္း၊ အလႊာေတြေပၚ မူတည္ၿပီး ေဈးေတြေတာ့ ကြာသြားမွာေပါ့ေနာ္။အစိုးရအေကာင္အထည္ေဖာ္ေနတဲ့ ျမန္မာႏိုင္ငံတစ္ဝန္းမွာရွိတဲ့ တန္ဖိုးနည္း၊ တန္ဖိုးသင့္ အခန္းေပါင္း တစ္သိန္း ေက်ာ္ထဲကေန ကိုယ္နဲ႔ သင့္ေတာ္ရာကို ေ႐ြးခ်ယ္ ဝယ္ယူႏိုင္တဲ့ အခြင့္အေရးရွိမယ္။

ကိုယ္ဖက္ကေတာ့ CHID ဘဏ္မွာ စုေဆာင္းေငြေတာ့ အရင္ရွိရမယ္။ CHID Bank ဆိုတာက (Construction Housing & Infrastructure Development Bank) ေဆာက္လုပ္ေရး၊ အိမ္ယာႏွင့္ အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးေရးဘဏ္ေပါ့။ CHID ဘဏ္က ေ႐ႊတိဂုံဘုရားလမ္းနဲ႔ နဝေဒးလမ္းေထာင့္မွာရွိတယ္။



အဲ့ဒီဘဏ္မွာ ေငြစာရင္းဖြင့္ၿပီး ေငြစုရမယ္။ သိန္း ၃၀ျပည့္ၿပီဆိုတာနဲ႔ တိုက္ခန္း မဲႏႈိက္ဖို႔ အခြင့္အေရးရမယ္။ အားသာခ္ကၠ စုေဆာင္းေငြကိုလည္း ဘဏ္တိုးက တစ္ႏွစ္ကို ၅.၂၅% အတိုးရေနမယ္။ ကိုယ္ သတ္မွတ္ထားတဲ့ စုေဆာင္းေငြလည္းျပည့္မယ္၊

စီနီယာနံပါတ္ အလွည့္ေရာက္မယ္ဆိုရင္ အိမ္ယာတစ္ခုခုမွာ မဲႏႈိက္ခြင့္ရမယ္။အိမ္ယာေတြကိုေတာ့ DUHD Housing Sales page မွာ သြားၾကည့္ရမယ္။

သူကေတာ့ အိုးအိမ္ဦးစီးက တန္ဖိုးနည္း/သင့္ အိမ္ယာေတြကို ေရာင္းတဲ့ဌာနေပါ့။ အဲ့ဒီမွာ ပြင့္လင္းျမင္သာစြာ မဲႏႈိက္ေပးမယ္၊ ကိုယ္ေပါက္တဲ့မဲအလိုက္ အခန္းရမယ္၊ အလႊာေတြဘာေတြ ရတာေတာ့ ကံေပါ့။အားသာခ်က္ေနာက္တစ္ခုက အဲလို ဝယ္ခြင့္ရရင္ အခန္းတန္ဖိုး ၃၀% သြင္းၿပီးတာနဲ႔ တက္ေနႏိုင္တယ္။

က်န္ေငြ ၇၀%ကိုလည္း JICA ODA Loan လို႔ေခၚတဲ့ (Japan International Corporation Agency: ရဲ႕ Official Development Assistant) က တစ္ဆင့္ ေငြေခ်းၿပီး ဝယ္ယူခြင့္ရမယ္။



အဲ့ဒီ Loan က အတိုး နည္းတယ္။ တစ္ႏွစ္လုံးမွ ၅.၅% ပဲ။ ဥပမာ သိန္း ၁၀၀ ေခ်းမွ တစ္ႏွစ္ကို အတိုး ၅သိန္းခြဲ၊ တစ္လကို အတိုး ၄၈၃၀၀က်ပ္ ပဲ ေပးရမယ္။

အရပ္ထဲမွာဆို အနည္းဆုံး တစ္လ ၃ သိန္း ကေန ၅ သိန္း ေပးရမွာေလ။ဒါေတာင္ တစ္ကယ္က JICA က ျမန္မာအစိုးရကို ေခ်းတာက ODA ျဖစ္တဲ့အတြက္ တစ္ႏွစ္ကိုမွ အတိုးႏႈန္း ဝ.၅% ေလာက္နဲ႔ ေခ်းတာ။



ဒါေပမယ့္ ေခ်းတာက ဂ်ပန္ယန္းေငြ (သို႔) ေဒၚလာေငြ နဲ႔ ျဖစ္တဲ့အတြက္ currency risk ကို ဗဟိုဘဏ္က တာဝန္ယူလိုက္တယ္ အဲ့ဒီအတြက္ ၂.၅% ယူလိုက္တယ္။

ေနာက္တစ္ခုက ဘဏ္ဖက္ကလည္း ေငြေခ်းသူေၾကာင့္ ျဖစ္ေပၚလာႏိုင္တဲ့ risk ေတြ၊ transaction cost ေတြ အတြက္ ၂.၅% ယူရတယ္။ အဲ့ဒါေၾကာင့္ ၅.၅% ျဖစ္သြားတာ။ အခ်ိန္တန္ရင္ေတာ့ ေခ်းထားတဲ့ ေငြကို အျပည့္ျပန္ေပးရမွာကိုး။

အခု ေအာက္မွာ ျပထားတဲ့ သီလဝါမွာ ေဆာက္ၿပီးသြားတဲ့ တန္ဖိုးနည္း အိမ္ယာဆိုရင္အက်ဥ္းဆုံးအခန္းျဖစ္တဲ့ ၃၈၄ စတုရန္းေပ ၊ စတုတၳအထပ္ကို ၉၉ သိန္းနဲ႔ ေရာင္းခ်ေပးသြားမွာပဲ ျဖစ္ပါတယ္။

တစ္ေယာက္ထဲ ေနသူ (သို႔) လင္မယားႏွစ္ေယာက္အတြက္ဆို ေနဖို႔ရွိတယ္ ဆို႐ုံေပါ့။ ေဈးနဲ႔ အလႊာေပၚ မူတည္ၿပီး ၃၈၄ စတုရန္းေပ ကေန ၉၄၀ စတုရန္းေပအထိ အမ်ိဳးမ်ိဳးပါဝင္တယ္။



တစ္ႏိုင္ငံလုံးမွာဆို အဲလို အခန္းေပါင္း သိန္းေက်ာ္ ေဖာ္ထုတ္ေနတယ္။ CHID ဘဏ္မွာ ၃၀% ျဖစ္တဲ့ သိန္း ၃၀ ကိုေတာ့ အရင္စု၊ အဲ့လို စုၿပီးလို႔ မဲႏႈိက္ခြင့္က်လို႔ အဲ့လို ၉၉ သိန္း တန္ အခန္း မဲေပါက္တယ္ဆိုရင္။

ေခ်းေငြ စာ႐ြက္စာတမ္းေတြ ျပည့္စုံၿပီ ဆိုတာနဲ႔ တက္ေန႐ုံပဲ၊ တစ္လကို ငါးေသာင္းဝန္းက်င္(အတိုးေကာ၊ အရင္းေကာေပါင္းထား) ေပးေန႐ုံနဲ႔ ၁၅ ႏွစ္ျပည့္ရင္ ဒီအခန္း ကိုယ္ပိုင္မယ္။

တစ္ခ်ိဳ႕အိမ္ယာေတြမွာေတာ့ အိမ္ယာထိမ္းသိန္းခေပးရမယ္။ အိမ္ယာမွာ ေနထိုင္တဲ့သူေတြ ညီတဲ့အေပၚမူတည္ၿပီးေတာ့ ေရရွည္မွာ အိမ္ယာေတြ တန္ဖိုးကြဲသြားမယ္။

တိုက္ခန္းေတြရဲ႕ တန္ဖိုးကေတာ့ တန္တယ္ေျပာရမယ္။ တစ္ေပပတ္လည္ကို အၾကမ္းဖ်ဥ္း ၂ ေသာင္းေက်ာ္ပဲ ရွိတာကိုး။ ဒါက ေဆာက္စရိတ္ပဲ ရွိတယ္ေလ။ အစိုးရက ေျမႀကီးဖိုးလည္းစိုက္တယ္၊ ေရ၊ မီး၊ လမ္း၊ ေျမာင္း၊ နဲ႔ အေျခခံအေဆာက္အအုံဖိုးေတြ က်ခံေပးထားတဲ့သေဘာပဲ။တစ္ခုပဲ ရွိတယ္။



၁၅ႏွစ္ျပည့္လို႔ အခန္းလည္းေငြေၾက၊ တိုက္ကလည္း ေနလို႔မရေအာင္ အရည္အေသြး ညံ့တယ္ဆိုရင္ေတာ့ မတန္ဖူးေပါ့။တန္ဖိုးသင့္ထဲမွာဆိုလည္း ဓာတ္ေလွခါး နဲ႔ ကားပါကင္ ပါတာေတြကို သိန္း ၆၀၀ ေလာက္နဲ႔ ရႏိုင္တယ္။အဲ့လိုမ်ိဳးဆိုရင္ေတာ့ စုေဆာင္ေငြက ၃၀% ျဖစ္တဲ့ သိန္း ၁၈၀ ရွိရမွာေပါ့။

လစဥ္ ျပန္ဆပ္ေငြလည္း မ်ားသြားမွာေပါ့။ဒါေပမယ့္ အတိုးႏႈန္း ၅.၅% ကေတာ့ တန္ပါတယ္။ ပုံမွန္ လုပ္ငန္းလုပ္ဖို႔ ေငြေခ်းရင္ေတာင္ ၁၀% အတိုးနဲ႔ ေတာင္ လြယ္လြယ္ကူကူ မရဘူးေလ။

CHID ဘဏ္အေနနဲ႔ တန္ဖိုးနည္း၊ တန္ဖိုးသင့္တင္မကဘူး၊ အဆင္မွီကြန္ဒိုအခန္းေတြကိုလည္း ေရာင္းေပးသင့္ပါတယ္။ ေဆာက္ထားၿပီးသားမရွိေသးရင္ ရန္ကုန္မွာ ေရာင္းဖို႔ရွိေနတဲ့

private condominium ေတြကို အတိုးႏႈန္းတစ္ခုထားၿပီး ေရာင္းခ်မယ္ဆို၊ ပိုအဆင္ေျပလာမယ္ ထင္ပါတယ္။ အတိုးႏႈန္းကိုလည္း 5.5% ေလာက္မဟုတ္ပဲ၊ 7% ေလာက္ဆို အဆင္ေျပမယ္ထင္ပါတယ္။



အေျခခံလူတန္းစားေတြအတြက္ အတိုးႏႈန္း 5.5% ၊ လူလတ္တန္းစားေတြအတြက္ 7% ဆို ဝယ္တဲ့သူလည္း အတိုးသက္သာ၊ ဘဏ္ဖက္ကလည္း အတိုးပိုရ၊ တိုက္ခန္းေတြမ်ားၿပီး ေငြမလည္တဲ့ ေဆာက္လုပ္ေရး လုပ္ငန္းရွင္ေတြလည္း ေငြေတြလည္သြားမယ္လို႔ ထင္ပါတယ္။

ပုံမွန္ Home loan အတိုးက တစ္ႏွစ္ကို 10% ပါ။ တခ်ိဳ႕ဘဏ္ႀကီးေတြကေတာ့ သူတို႔ဝန္ထမ္းေတြကို အတိုးႏႈန္း 7% နဲ႔ အိမ္ယာေခ်းေငြ လုပ္ေပးေနပါတယ္။ လူလတ္တန္းစားေတြအတြက္ အဲ့လို 7% နဲ႔ အဆင္မွီကြန္ဒိုေတြကိုသာ CHID ကသာ လုပ္ေပးမယ္ဆိုရင္။

ေဆာက္လုပ္ေရး၊ အိမ္ယာႏွင့္ အေျခခံအေဆာက္အအုံေဈးကြက္ ပိုမိုဖြံ႕ၿဖိဳးလာၿပီး၊ လူတိုင္း လက္လွမ္းမွီၿပီး ႀကိဳးစားသူတိုင္းအိမ္ပိုင္ျဖစ္လာမွာျဖစ္ေၾကာင္း ေရးသားတင္ျပလိုက္ပါတယ္ခင္ဗ်ာ။



ေအာင္မိုးလြင္

(ေၾကးမုံမွာပါေသာ သတင္းကို အေျချပဳၿပီး၊ CHID bank page ႏွင့္ DUHD housing sales page မ်ားမွ အခ်က္အလက္မ်ား၊ ပုံမ်ားကို တင္ထားေပးတာပါ။ ကြၽန္ေတာ္ နားလည္မႈလြဲေသာ အခ်က္အလက္မ်ားကိုလည္း ျပင္ေပးပါခင္ဗ်ာ။)

Credit Tatinhtoo

Unicode ျဖင့္ဖတ္ရန္

သိန်း ၃၀ စုဆောင်းငွေရှိမယ်၊ လစဉ် ကျပ် ငါးသောင်း သွင်းနိုင်ပြီဆိုတာနဲ့ ကိုယ်ပိုင် တိုက်ခန်း တစ်ခန်း ပိုင်ဖို့ အခွင့်အရေးရှိနေပါပြီ

“တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို အရင်းအနှီးနည်းနည်းဖြင့် ဝယ်လို့ရနေပါပြီ”အဆင်မှီကွန်ဒိုများကိုလည်း လူလတ်တန်းစားများ လက်လှမ်းမှီသောတန်ဖိုးများဖြင့် ရောင်းချနိုင်မယ်ဆို ပိုမိုကောင်းမွန်မယ်လို့ ထင်တဲ့အတွက် ဒီအကြံလေးကို တင်ပြပါတယ်။

ခုဆို သိန်း ၃၀ စုဆောင်းငွေရှိမယ်၊ လစဉ် ကျပ် ငါးသောင်း သွင်းနိုင်ပြီဆိုတာနဲ့ ကိုယ်ပိုင် တိုက်ခန်း တစ်ခန်း ပိုင်ဖို့ အခွင့်အရေးရှိနေပါပြီ။



တန်ဖိုးသင့်ဆိုရင်တော့ စုဆောင်းငွေနဲ့ လစဉ်သွင်းရတဲ့ငွေ ပိုများမှာပေါ့။ တိုက်ခန်းတန်ဖိုးတွေက သိန်း ၈၀ ကနေစပြီး၊ သိန်း ၆၀၀ လောက်အတွင်း အစားစားပေါ့။

နေရာ၊ ကွာလတီ၊ အကျယ်အဝန်း၊ အလွှာတွေပေါ် မူတည်ပြီး ဈေးတွေတော့ ကွာသွားမှာပေါ့နော်။အစိုးရအကောင်အထည်ဖော်နေတဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့် အခန်းပေါင်း တစ်သိန်း ကျော်ထဲကနေ ကိုယ်နဲ့ သင့်တော်ရာကို ရွေးချယ် ဝယ်ယူနိုင်တဲ့ အခွင့်အရေးရှိမယ်။

ကိုယ်ဖက်ကတော့ CHID ဘဏ်မှာ စုဆောင်းငွေတော့ အရင်ရှိရမယ်။ CHID Bank ဆိုတာက (Construction Housing & Infrastructure Development Bank) ဆောက်လုပ်ရေး၊ အိမ်ယာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ပေါ့။ CHID ဘဏ်က ရွှေတိဂုံဘုရားလမ်းနဲ့ နဝဒေးလမ်းထောင့်မှာရှိတယ်။



အဲ့ဒီဘဏ်မှာ ငွေစာရင်းဖွင့်ပြီး ငွေစုရမယ်။ သိန်း ၃၀ပြည့်ပြီဆိုတာနဲ့ တိုက်ခန်း မဲနှိုက်ဖို့ အခွင့်အရေးရမယ်။ အားသာခ်က္က စုဆောင်းငွေကိုလည်း ဘဏ်တိုးက တစ်နှစ်ကို ၅.၂၅% အတိုးရနေမယ်။ ကိုယ် သတ်မှတ်ထားတဲ့ စုဆောင်းငွေလည်းပြည့်မယ်၊

စီနီယာနံပါတ် အလှည့်ရောက်မယ်ဆိုရင် အိမ်ယာတစ်ခုခုမှာ မဲနှိုက်ခွင့်ရမယ်။အိမ်ယာတွေကိုတော့ DUHD Housing Sales page မှာ သွားကြည့်ရမယ်။

သူကတော့ အိုးအိမ်ဦးစီးက တန်ဖိုးနည်း/သင့် အိမ်ယာတွေကို ရောင်းတဲ့ဌာနပေါ့။ အဲ့ဒီမှာ ပွင့်လင်းမြင်သာစွာ မဲနှိုက်ပေးမယ်၊ ကိုယ်ပေါက်တဲ့မဲအလိုက် အခန်းရမယ်၊ အလွှာတွေဘာတွေ ရတာတော့ ကံပေါ့။အားသာချက်နောက်တစ်ခုက အဲလို ဝယ်ခွင့်ရရင် အခန်းတန်ဖိုး ၃၀% သွင်းပြီးတာနဲ့ တက်နေနိုင်တယ်။

ကျန်ငွေ ၇၀%ကိုလည်း JICA ODA Loan လို့ခေါ်တဲ့ (Japan International Corporation Agency: ရဲ့ Official Development Assistant) က တစ်ဆင့် ငွေချေးပြီး ဝယ်ယူခွင့်ရမယ်။



အဲ့ဒီ Loan က အတိုး နည်းတယ်။ တစ်နှစ်လုံးမှ ၅.၅% ပဲ။ ဥပမာ သိန်း ၁၀၀ ချေးမှ တစ်နှစ်ကို အတိုး ၅သိန်းခွဲ၊ တစ်လကို အတိုး ၄၈၃၀၀ကျပ် ပဲ ပေးရမယ်။

အရပ်ထဲမှာဆို အနည်းဆုံး တစ်လ ၃ သိန်း ကနေ ၅ သိန်း ပေးရမှာလေ။ဒါတောင် တစ်ကယ်က JICA က မြန်မာအစိုးရကို ချေးတာက ODA ဖြစ်တဲ့အတွက် တစ်နှစ်ကိုမှ အတိုးနှုန်း ဝ.၅% လောက်နဲ့ ချေးတာ။



ဒါပေမယ့် ချေးတာက ဂျပန်ယန်းငွေ (သို့) ဒေါ်လာငွေ နဲ့ ဖြစ်တဲ့အတွက် currency risk ကို ဗဟိုဘဏ်က တာဝန်ယူလိုက်တယ် အဲ့ဒီအတွက် ၂.၅% ယူလိုက်တယ်။

နောက်တစ်ခုက ဘဏ်ဖက်ကလည်း ငွေချေးသူကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ risk တွေ၊ transaction cost တွေ အတွက် ၂.၅% ယူရတယ်။ အဲ့ဒါကြောင့် ၅.၅% ဖြစ်သွားတာ။ အချိန်တန်ရင်တော့ ချေးထားတဲ့ ငွေကို အပြည့်ပြန်ပေးရမှာကိုး။

အခု အောက်မှာ ပြထားတဲ့ သီလဝါမှာ ဆောက်ပြီးသွားတဲ့ တန်ဖိုးနည်း အိမ်ယာဆိုရင်အကျဉ်းဆုံးအခန်းဖြစ်တဲ့ ၃၈၄ စတုရန်းပေ ၊ စတုတ္ထအထပ်ကို ၉၉ သိန်းနဲ့ ရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ်။

တစ်ယောက်ထဲ နေသူ (သို့) လင်မယားနှစ်ယောက်အတွက်ဆို နေဖို့ရှိတယ် ဆိုရုံပေါ့။ ဈေးနဲ့ အလွှာပေါ် မူတည်ပြီး ၃၈၄ စတုရန်းပေ ကနေ ၉၄၀ စတုရန်းပေအထိ အမျိုးမျိုးပါဝင်တယ်။



တစ်နိုင်ငံလုံးမှာဆို အဲလို အခန်းပေါင်း သိန်းကျော် ဖော်ထုတ်နေတယ်။ CHID ဘဏ်မှာ ၃၀% ဖြစ်တဲ့ သိန်း ၃၀ ကိုတော့ အရင်စု၊ အဲ့လို စုပြီးလို့ မဲနှိုက်ခွင့်ကျလို့ အဲ့လို ၉၉ သိန်း တန် အခန်း မဲပေါက်တယ်ဆိုရင်။

ချေးငွေ စာရွက်စာတမ်းတွေ ပြည့်စုံပြီ ဆိုတာနဲ့ တက်နေရုံပဲ၊ တစ်လကို ငါးသောင်းဝန်းကျင်(အတိုးကော၊ အရင်းကောပေါင်းထား) ပေးနေရုံနဲ့ ၁၅ နှစ်ပြည့်ရင် ဒီအခန်း ကိုယ်ပိုင်မယ်။

တစ်ချို့အိမ်ယာတွေမှာတော့ အိမ်ယာထိမ်းသိန်းခပေးရမယ်။ အိမ်ယာမှာ နေထိုင်တဲ့သူတွေ ညီတဲ့အပေါ်မူတည်ပြီးတော့ ရေရှည်မှာ အိမ်ယာတွေ တန်ဖိုးကွဲသွားမယ်။

တိုက်ခန်းတွေရဲ့ တန်ဖိုးကတော့ တန်တယ်ပြောရမယ်။ တစ်ပေပတ်လည်ကို အကြမ်းဖျဉ်း ၂ သောင်းကျော်ပဲ ရှိတာကိုး။ ဒါက ဆောက်စရိတ်ပဲ ရှိတယ်လေ။ အစိုးရက မြေကြီးဖိုးလည်းစိုက်တယ်၊ ရေ၊ မီး၊ လမ်း၊ မြောင်း၊ နဲ့ အခြေခံအဆောက်အအုံဖိုးတွေ ကျခံပေးထားတဲ့သဘောပဲ။တစ်ခုပဲ ရှိတယ်။



၁၅နှစ်ပြည့်လို့ အခန်းလည်းငွေကြေ၊ တိုက်ကလည်း နေလို့မရအောင် အရည်အသွေး ညံ့တယ်ဆိုရင်တော့ မတန်ဖူးပေါ့။တန်ဖိုးသင့်ထဲမှာဆိုလည်း ဓာတ်လှေခါး နဲ့ ကားပါကင် ပါတာတွေကို သိန်း ၆၀၀ လောက်နဲ့ ရနိုင်တယ်။အဲ့လိုမျိုးဆိုရင်တော့ စုဆောင်ငွေက ၃၀% ဖြစ်တဲ့ သိန်း ၁၈၀ ရှိရမှာပေါ့။

လစဉ် ပြန်ဆပ်ငွေလည်း များသွားမှာပေါ့။ဒါပေမယ့် အတိုးနှုန်း ၅.၅% ကတော့ တန်ပါတယ်။ ပုံမှန် လုပ်ငန်းလုပ်ဖို့ ငွေချေးရင်တောင် ၁၀% အတိုးနဲ့ တောင် လွယ်လွယ်ကူကူ မရဘူးလေ။

CHID ဘဏ်အနေနဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်တင်မကဘူး၊ အဆင်မှီကွန်ဒိုအခန်းတွေကိုလည်း ရောင်းပေးသင့်ပါတယ်။ ဆောက်ထားပြီးသားမရှိသေးရင် ရန်ကုန်မှာ ရောင်းဖို့ရှိနေတဲ့

private condominium တွေကို အတိုးနှုန်းတစ်ခုထားပြီး ရောင်းချမယ်ဆို၊ ပိုအဆင်ပြေလာမယ် ထင်ပါတယ်။ အတိုးနှုန်းကိုလည်း 5.5% လောက်မဟုတ်ပဲ၊ 7% လောက်ဆို အဆင်ပြေမယ်ထင်ပါတယ်။



အခြေခံလူတန်းစားတွေအတွက် အတိုးနှုန်း 5.5% ၊ လူလတ်တန်းစားတွေအတွက် 7% ဆို ဝယ်တဲ့သူလည်း အတိုးသက်သာ၊ ဘဏ်ဖက်ကလည်း အတိုးပိုရ၊ တိုက်ခန်းတွေများပြီး ငွေမလည်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေလည်း ငွေတွေလည်သွားမယ်လို့ ထင်ပါတယ်။

ပုံမှန် Home loan အတိုးက တစ်နှစ်ကို 10% ပါ။ တချို့ဘဏ်ကြီးတွေကတော့ သူတို့ဝန်ထမ်းတွေကို အတိုးနှုန်း 7% နဲ့ အိမ်ယာချေးငွေ လုပ်ပေးနေပါတယ်။ လူလတ်တန်းစားတွေအတွက် အဲ့လို 7% နဲ့ အဆင်မှီကွန်ဒိုတွေကိုသာ CHID ကသာ လုပ်ပေးမယ်ဆိုရင်။

ဆောက်လုပ်ရေး၊ အိမ်ယာနှင့် အခြေခံအဆောက်အအုံဈေးကွက် ပိုမိုဖွံ့ဖြိုးလာပြီး၊ လူတိုင်း လက်လှမ်းမှီပြီး ကြိုးစားသူတိုင်းအိမ်ပိုင်ဖြစ်လာမှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါတယ်ခင်ဗျာ။



အောင်မိုးလွင်

(ကြေးမုံမှာပါသော သတင်းကို အခြေပြုပြီး၊ CHID bank page နှင့် DUHD housing sales page များမှ အချက်အလက်များ၊ ပုံများကို တင်ထားပေးတာပါ။ ကျွန်တော် နားလည်မှုလွဲသော အချက်အလက်များကိုလည်း ပြင်ပေးပါခင်ဗျာ။)

Credit Tatinhtoo

Be the first to comment

Leave a Reply

Your email address will not be published.


*