မွတ္သားစရာေကာင္းျပီး က်င့္သုံးဖို့ ဂႏၶီရဲ႕အဖိုးတန္စိတ္ခြန္အားျဖည့္စာမ်ား

သင့္ကို ႏွိမ္ခဲ့တဲ့ သူကို ေက်းဇူးတင္ပါ..သူ႔ေၾကာင့္ သင္ေအာင္ျမင္တဲ့ သူတစ္ေယာက္ ျဖစ္ခ်င္လာတာပါ..သင့္အလွည့္က်ရင္ နိမ့္က်တဲ့ သူေတြကို လက္တဲြေခၚပါ။ သင့္ကို ကဲ့ရဲ႕ခဲ့တဲ့ သူကို ေက်းဇူးတင္ပါ..သူ႔ေၾကာင့္ ကဲ့ရဲ႕ခံ ရရင္ ဘယ္လို ခံစားရလဲ ဆိုတာ သင္သိ ခဲ့တာပါ..သင့္အလွည့္ က်ရင္ ဘယ္သူ႔ကိုမွ ျပန္မကဲ့ရဲ႕ပါနဲ႔။

သင့္ကို အရင္းႏွီးဆုံး သူငယ္ခ်င္း အျဖစ္ေပါင္းၿပီး လိမ္သြားခဲ့တဲ့ သူကို ေက်းဇူးတင္ပါ..သူက ဘဝရဲ႕အေရးႀကီးဆုံး သင္ခန္းစာကို သင္ေပး ခဲ့တာပါ..သူ႔ေၾကာင့္ သင္လူ တစ္ေယာက္ကို မ်က္စိ မွိတ္ယုံၾကည္တတ္မွာ မဟုတ္ေတာ့ဘူး..

ဒါေပမယ့္ သင့္ကို ယုံၾကည္တဲ့ သူကို ဘယ္ေတာ့မွ မလိမ္ပါနဲ႔။ အဲဒီ ခံစားခ်က္က ဘယ္ေလာက္ဆိုးတယ္ဆိုတာ သင္သိၿပီးသားပါ..သင္အကူအညီေတာင္းခဲ့ တိုင္း လွည့္မၾကည့္ခဲ့တဲ့ သူေတြကို ေက်းဇူးတင္ပါ..

သူတို႔ေၾကာင့္ သင့္ကိုသင္ အားကိုးတတ္လာတာပါ..သင့္အလွည့္က်ရင္ သူမ်ားအခက္အခဲကို ကူညီပါ။သင့္ကို ေခါင္းပုံျဖတ္ ခဲ့တဲ့ ေခါင္းေဆာင္ေတြကို ေက်းဇူး တင္ပါ.

.ေခါင္းပုံျဖတ္တဲ့ သူတို႔က ေခါင္းေရွာင္တစ္ေယာက္ေအာက္ မွာလုပ္ရတဲ့ လက္ေအာက္ငယ္သား တစ္ေယာက္ရဲ႕ ခံစားမႈ မ်ိဳးကို သင္နဲ႔ မိတ္ဆက္ေပးခဲ့ လို႔ပါ..သင္ေခါင္းေဆာင္ျဖစ္ တဲ့ေန႔ သင့္လက္ေအာက္ ငယ္သားေတြ ဘယ္ေတာ့မွ အဲ့ဒီလို မခံစားရ ပါေစနဲ႔..

သင္အလုပ္ကို အဆေပါင္း မ်ားစြာ ႀကိဳးစားခဲ့ေပမယ့္ လစာနည္းနည္းက တိုးမေပး ခဲ့တဲ့ အလုပ္ရွင္ကို ေက်းဇူးတင္ပါ..သင္ႀကိဳးစား ခဲ့လို႔ သင့္မွာ အရည္အခ်င္းေတြရွိေနရင္ သင့္အတြက္ အလုပ္ မရွားေတာ့ပါဘူး..

အခြင့္အေရးေပါင္းမ်ားစြာက သင့္ေရွ႕လက္ တစ္ကမ္းမွာ ေရာက္ေနပါၿပီ..သင့္တန္ဖိုးကို အသိအမွတ္ျပဳတဲ့ေနရာသို႔ ေျပာင္း လိုက္ပါ..သင္အလုပ္ ရွင္ျဖစ္တဲ့ေန႔ သင့္ရဲ႕လက္ေအာက္မွာ လုပ္ေနတဲ့ ဝန္ထမ္းေတြကို တန္ဖိုးထားပါ..

သင့္ကို ပစ္ခြာသြား သူကို ေက်းဇူးတင္ပါ..သင့္ကို တန္ဖိုးမထားသူ တစ္ေယာက္ကို သင္ ေစာေစာစီးစီး သိလိုက္ ရတာပါ..ေနာက္က်မွသိရင္ အရာရာေနာက္က်ေန ပါလိမ့္မယ္..သူ႔ေၾကာင့္ သင္နဲ႔ ထိုက္တန္တဲ့သူကိုေတြ႕ဖို႔ လမ္းပြင့္ သြားတာပါ..

သင့္ကို တန္ဖိုးထားတဲ့ လူတစ္ေယာက္ေတြ႕တဲ့ေန႔က် ရင္သင့္ကို သူလုပ္ခဲ့ တဲ့အမွားမ်ိဳး ထပ္မလုပ္ပါနဲ႔..အထက္မွာေဖာ္ျပ ခဲ့တဲ့ လူမ်ိဳးေတြကို ဘယ္ေတာ့မွ မမုန္းပါနဲ႔..သူတို႔က သင္မုန္း ရေလာက္ေအာင္ မထိုက္တန္တဲ့ သူေတြပါ..သင့္ရဲ႕စိတ္ထဲက ႏွမ္းတစ္ေစ့စာေနရာေလာက္ နဲ႔ေတာင္ မထိုက္တန္ တဲ့သူေတြပါ..

သူတို႔ေၾကာင့္ သင့္ရဲ႕ရိုးသားမႈ အက်င့္စာရိတၱေတြ ဘယ္ေတာ့မွ ပ်က္မသြား ပါေစနဲ႔..သူတို႔ သင့္ကိုျပဳမူခဲ့တဲ့အတိုင္း သင္လည္းျပဳမူမယ္ ဆိုရင္သင္လည္း သူတို႔လို ရံြစရာ လူမ်ိဳးျဖစ္လာ ပါလိမ့္မယ္..

သူတို႔ သင့္ကိုေျပာင္းလဲေန တာကို ဘယ္ေတာ့မွ လက္မခံပါနဲ႔..သူတို႔ေၾကာင့္ သင္ႀကိဳးစားတာ ဘယ္ေတာ့မွ ရပ္မသြားေစနဲ႔..သင့္ရဲ႕ျဖဴေနတဲ့ စိတ္ထားကို သူတို႔ေၾကာင့္ အစြန္းမခံနဲ႔..ဘယ္ေတာ့မွလည္းကလဲ့စားေခ်ဖို႔ မႀကိဳးစားပါနဲ႔..မ်က္လုံးတစ္လုံး အတြက္ မ်က္လုံးတစ္လုံး ဆိုတဲ့ အယူအဆက ကမ႓ာႀကီးကိုအေမွာင္က်ေစ တယ္

မဟတၱမဂႏၶီ

Unicode

မှတ်သားစရာကောင်းပြီး ကျင့်သုံးဖို့ ဂန္ဓီရဲ့အဖိုးတန်စိတ်ခွန်အားဖြည့်စာများ
သင့်ကို နှိမ်ခဲ့တဲ့ သူကို ကျေးဇူးတင်ပါ..သူ့ကြောင့် သင်အောင်မြင်တဲ့ သူတစ်ယောက် ဖြစ်ချင်လာတာပါ..သင့်အလှည့်ကျရင် နိမ့်ကျတဲ့ သူတွေကို လက်တွဲခေါ်ပါ။ သင့်ကို ကဲ့ရဲ့ခဲ့တဲ့ သူကို ကျေးဇူးတင်ပါ..သူ့ကြောင့် ကဲ့ရဲ့ခံ ရရင် ဘယ်လို ခံစားရလဲ ဆိုတာ သင်သိ ခဲ့တာပါ..သင့်အလှည့် ကျရင် ဘယ်သူ့ကိုမှ ပြန်မကဲ့ရဲ့ပါနဲ့။

သင့်ကို အရင်းနှီးဆုံး သူငယ်ချင်း အဖြစ်ပေါင်းပြီး လိမ်သွားခဲ့တဲ့ သူကို ကျေးဇူးတင်ပါ..သူက ဘဝရဲ့အရေးကြီးဆုံး သင်ခန်းစာကို သင်ပေး ခဲ့တာပါ..သူ့ကြောင့် သင်လူ တစ်ယောက်ကို မျက်စိ မှိတ်ယုံကြည်တတ်မှာ မဟုတ်တော့ဘူး..

ဒါပေမယ့် သင့်ကို ယုံကြည်တဲ့ သူကို ဘယ်တော့မှ မလိမ်ပါနဲ့။ အဲဒီ ခံစားချက်က ဘယ်လောက်ဆိုးတယ်ဆိုတာ သင်သိပြီးသားပါ..သင်အကူအညီတောင်းခဲ့ တိုင်း လှည့်မကြည့်ခဲ့တဲ့ သူတွေကို ကျေးဇူးတင်ပါ..

သူတို့ကြောင့် သင့်ကိုသင် အားကိုးတတ်လာတာပါ..သင့်အလှည့်ကျရင် သူများအခက်အခဲကို ကူညီပါ။သင့်ကို ခေါင်းပုံဖြတ် ခဲ့တဲ့ ခေါင်းဆောင်တွေကို ကျေးဇူး တင်ပါ.

.ခေါင်းပုံဖြတ်တဲ့ သူတို့က ခေါင်းရှောင်တစ်ယောက်အောက် မှာလုပ်ရတဲ့ လက်အောက်ငယ်သား တစ်ယောက်ရဲ့ ခံစားမှု မျိုးကို သင်နဲ့ မိတ်ဆက်ပေးခဲ့ လို့ပါ..သင်ခေါင်းဆောင်ဖြစ် တဲ့နေ့ သင့်လက်အောက် ငယ်သားတွေ ဘယ်တော့မှ အဲ့ဒီလို မခံစားရ ပါစေနဲ့..

သင်အလုပ်ကို အဆပေါင်း များစွာ ကြိုးစားခဲ့ပေမယ့် လစာနည်းနည်းက တိုးမပေး ခဲ့တဲ့ အလုပ်ရှင်ကို ကျေးဇူးတင်ပါ..သင်ကြိုးစား ခဲ့လို့ သင့်မှာ အရည်အချင်းတွေရှိနေရင် သင့်အတွက် အလုပ် မရှားတော့ပါဘူး..

အခွင့်အရေးပေါင်းများစွာက သင့်ရှေ့လက် တစ်ကမ်းမှာ ရောက်နေပါပြီ..သင့်တန်ဖိုးကို အသိအမှတ်ပြုတဲ့နေရာသို့ ပြောင်း လိုက်ပါ..သင်အလုပ် ရှင်ဖြစ်တဲ့နေ့ သင့်ရဲ့လက်အောက်မှာ လုပ်နေတဲ့ ဝန်ထမ်းတွေကို တန်ဖိုးထားပါ..

သင့်ကို ပစ်ခွာသွား သူကို ကျေးဇူးတင်ပါ..သင့်ကို တန်ဖိုးမထားသူ တစ်ယောက်ကို သင် စောစောစီးစီး သိလိုက် ရတာပါ..နောက်ကျမှသိရင် အရာရာနောက်ကျနေ ပါလိမ့်မယ်..သူ့ကြောင့် သင်နဲ့ ထိုက်တန်တဲ့သူကိုတွေ့ဖို့ လမ်းပွင့် သွားတာပါ..

သင့်ကို တန်ဖိုးထားတဲ့ လူတစ်ယောက်တွေ့တဲ့နေ့ကျ ရင်သင့်ကို သူလုပ်ခဲ့ တဲ့အမှားမျိုး ထပ်မလုပ်ပါနဲ့..အထက်မှာဖော်ပြ ခဲ့တဲ့ လူမျိုးတွေကို ဘယ်တော့မှ မမုန်းပါနဲ့..သူတို့က သင်မုန်း ရလောက်အောင် မထိုက်တန်တဲ့ သူတွေပါ..သင့်ရဲ့စိတ်ထဲက နှမ်းတစ်စေ့စာနေရာလောက် နဲ့တောင် မထိုက်တန် တဲ့သူတွေပါ..

သူတို့ကြောင့် သင့်ရဲ့ရိုးသားမှု အကျင့်စာရိတ္တတွေ ဘယ်တော့မှ ပျက်မသွား ပါစေနဲ့..သူတို့ သင့်ကိုပြုမူခဲ့တဲ့အတိုင်း သင်လည်းပြုမူမယ် ဆိုရင်သင်လည်း သူတို့လို ရွံစရာ လူမျိုးဖြစ်လာ ပါလိမ့်မယ်..

သူတို့ သင့်ကိုပြောင်းလဲနေ တာကို ဘယ်တော့မှ လက်မခံပါနဲ့..သူတို့ကြောင့် သင်ကြိုးစားတာ ဘယ်တော့မှ ရပ်မသွားစေနဲ့..သင့်ရဲ့ဖြူနေတဲ့ စိတ်ထားကို သူတို့ကြောင့် အစွန်းမခံနဲ့..ဘယ်တော့မှလည်းကလဲ့စားချေဖို့ မကြိုးစားပါနဲ့..မျက်လုံးတစ်လုံး အတွက် မျက်လုံးတစ်လုံး ဆိုတဲ့ အယူအဆက ကမ္ဘာကြီးကိုအမှောင်ကျစေ တယ်

မဟတ္တမဂန္ဓီ

Be the first to comment

Leave a Reply

Your email address will not be published.


*