ကသာၿမိဳ႕နယ္ထဲက ဘုရားငါးဆူ ဘုရားေရာင္ျခည္ေတာ္ကြန္႔ျမဴးေနတာပါ အမ်ားဖူးေမွ်ာ္နိုင္ေအာင္ ကူညီမွ်ေ၀ေပးျကပါအံုးေနာ္

ကသာၿမိဳ႕နယ္ မင္းလယ္႐ြာ ဘုရားငါးဆူး ဘုရားေရာင္ျခည္ေတာ္ကြန႔္ျမဴးေနတာပါ” အားလုံးဖူးေမွ်ာ္ႏိုင္ၾကပါေစ

ဘုရားရွင္သည္ ပဌာန္းက်မ္းႀကီးကို ခုနစ္ရက္ပတ္လုံး ဆင္ျခင္သုံးသပ္ေတာ္မူေသာအခါ ေျခာက္ျဖာေသာ ေရာင္ျခည္ေတာ္တို႔သည္ ကြန႔္ျမဴးကာထြက္ေပၚလာလ်က္ ထက္ေအာက္ဖီလာ စၾကဝဠာ အနႏၲထုတ္ခ်င္း ေဖာက္မွ် ဝင္းထိန္သြားၿပီးလွ်င္ အေတာင္ (၈၀) အထိ အၿမဲတမ္းကြန႔္ျမဴးလ်က္ရွိေလသည္။

ေဗာဓိဝံသ အဌကထာ၌လည္း ဘုရားရွင္သည္ တာဝတႎသာမွ ဆင္းသက္ႂကြျမန္းေတာ္မူစဥ္ တန္ခိုးျပာဋိကာ ေရာက္ျခည္ေတာ္မ်ားသည္ သာသနာကြယ္သည့္ေန႔အထိ တည္ရွိေနေၾကာင္း အတိအလင္း ေရးသားဖြင့္ဆို ခဲ့သည္။

ဗုဒၶဘုရားရွင္ သက္ေတာ္ထင္ရွား ရွိေတာ္မူစဥ္အခါက ေဝနာဂပုပရ ပုဏၰားႀကီး၏ ႐ြာသို႔ႂကြေရာက္ေတာ္မူ သည္။

ထိုအခါက ဘုရားရွင္၏ အသားေရာင္မွာ ထန္းသီးမွည့္ကဲ့သို႔ လည္းေကာင္း၊ ဇီးယြန္းမွည့္ကဲ့သို႔ လည္းေကာင္း၊ ေလွာ္ဦးသစ္စ ဇမၺဴရာဇ္ ေ႐ႊစင္ကဲ့သို႔ ႐ႊန္းလဲ့ဝင္းအိ၍ ေနသည္ကို ဖူးေတြ႕ရေသာ ပုဏၰား တို႔သည္ ရင္သပ္ရႈေမာ အံ့ဩ၍ ေနၾကကုန္သည္။

ဝစၦေဂါတၳ ပုဏၰားကမူ ပိုးဖဲကတၱီပါ ေနရာေကာင္းမ်ားႏွင့္ ေနၾကရ၍ ဤမွ် အသားအေရ ၾကည္လင္ေတာက္ပရသည္ဟု ယူဆကာ ႏႈတ္မွလည္း ဖြင့္ၿပီး ဘုရားရွင္အား ေလွ်ာက္ထားေမးျမန္းေလသည္။

ထိုအခါ ဘုရားရွင္မွ ရဟန္းတို႔သည္ ႏူးညံ့ေသာ အိပ္ရာတို႔ႏွင့္ မအပ္စပ္ေၾကာင္း မိန႔္ဆိုၿပီးလွ်င္ ရဟန္းတို႔ သုံးစြဲေသာ ျမင့္ျမတ္သည့္ေနရာသုံးမ်ိဳးကို ေဟာၾကားေတာ္မူေလသည္။

ယင္းတို႔မွာ နတ္တို႔၏ ျမတ္ေသာေနျခင္း (ဈာန္ေလးပါးျဖင့္ေနျခင္း)၊ ျဗဟၼာတို႔၏ ျမတ္ေသာေနျခင္း (ျဗဟၼာ ဝိဟာရေလးပါးျဖင့္ေနျခင္း)၊ အရိယာ တို႔၏ ျမတ္ေသာေနျခင္း (သမာပတ္ဝင္စား၍ေနျခင္း) တို႔ျဖစ္ေၾကာင္း။

ယင္းသုံးမ်ိဳးတို႔မွ တစ္မ်ိဳးမ်ိဳးျဖင့္ေနေသာ္ အသားအေရၾကည္လင္ကာ အေရာင္အဝါထြက္ေပၚေၾကာင္း ေဟာၾကားေတာ္ မူေလသည္။

မူလပ႑ာသ အဌကထာ ပါသရာသိသုတ္၌ ဘုရားရွင္ေတာ္ျမတ္ ပဌာန္းေတာ္သုံးသပ္ေတာ္ မူစဥ္က ထြက္ေပၚလာေသ ေရာင္ျခည္ေတာ္မ်ားသည္ ယခုထက္တိုင္ စၾကဝဠာတြင္ ပ်ံ႕ႏွံ႔တည္ရွိလ်က္ရွိေၾကာင္း အတိအက်ဖြင့္ဆို ထား၏။

ဘုရားရွင္၏ ေရာင္ျခည္ေတာ္သည္ေနေရာင္သင့္သျဖင့္ ပြင့္လာေသာ ၾကာပဒုမၼာ၊ ၾကာနီ၊ ၾကာညိဳ၊ ၾကာပုဏရိက္ တို႔ျဖင့္ တန္ဆာဆင္အပ္ေသာ ေရအျပင္ဝယ္ ၾကယ္အေပါင္းတို႔၌ ေရာင္ျခည္ကြန္ရက္ ျဖန႔္ၾကက္လ်က္

ၿပိဳးၿပိဳးျပက္ျပက္ တင့္တယ္စြာေတာက္ပေသာ ေကာင္းကင္အျပင္ကဲ့သို႔ အညိဳ၊ အေ႐ႊ၊ အနီ၊ အဝါ အစရွိေသာ ဆန္းၾကယ္ေသာ ေရာင္ျခည္ေတာ္အဝန္းျဖင့္ တင့္တယ္ေသာဆည္းဆာေရာင္ တို႔ျဖစ္သည္။

Unicode

ကသာမြို့နယ် မင်းလယ်ရွာ ဘုရားငါးဆူး ဘုရားရောင်ခြည်တော်ကွန့်မြူးနေတာပါ” အားလုံးဖူးမျှော်နိုင်ကြပါစေ

ဘုရားရှင်သည် ပဌာန်းကျမ်းကြီးကို ခုနစ်ရက်ပတ်လုံး ဆင်ခြင်သုံးသပ်တော်မူသောအခါ ခြောက်ဖြာသော ရောင်ခြည်တော်တို့သည် ကွန့်မြူးကာထွက်ပေါ်လာလျက် ထက်အောက်ဖီလာ စကြဝဠာ အနန္တထုတ်ချင်း ဖောက်မျှ ဝင်းထိန်သွားပြီးလျှင် အတောင် (၈၀) အထိ အမြဲတမ်းကွန့်မြူးလျက်ရှိလေသည်။

ဗောဓိဝံသ အဌကထာ၌လည်း ဘုရားရှင်သည် တာဝတိံသာမှ ဆင်းသက်ကြွမြန်းတော်မူစဉ် တန်ခိုးပြာဋိကာ ရောက်ခြည်တော်များသည် သာသနာကွယ်သည့်နေ့အထိ တည်ရှိနေကြောင်း အတိအလင်း ရေးသားဖွင့်ဆို ခဲ့သည်။

ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူစဉ်အခါက ဝေနာဂပုပရ ပုဏ္ဏားကြီး၏ ရွာသို့ကြွရောက်တော်မူ သည်။

ထိုအခါက ဘုရားရှင်၏ အသားရောင်မှာ ထန်းသီးမှည့်ကဲ့သို့ လည်းကောင်း၊ ဇီးယွန်းမှည့်ကဲ့သို့ လည်းကောင်း၊ လှော်ဦးသစ်စ ဇမ္ဗူရာဇ် ရွှေစင်ကဲ့သို့ ရွှန်းလဲ့ဝင်းအိ၍ နေသည်ကို ဖူးတွေ့ရသော ပုဏ္ဏား တို့သည် ရင်သပ်ရှုမော အံ့ဩ၍ နေကြကုန်သည်။

ဝစ္ဆဂေါတ္ထ ပုဏ္ဏားကမူ ပိုးဖဲကတ္တီပါ နေရာကောင်းများနှင့် နေကြရ၍ ဤမျှ အသားအရေ ကြည်လင်တောက်ပရသည်ဟု ယူဆကာ နှုတ်မှလည်း ဖွင့်ပြီး ဘုရားရှင်အား လျှောက်ထားမေးမြန်းလေသည်။

ထိုအခါ ဘုရားရှင်မှ ရဟန်းတို့သည် နူးညံ့သော အိပ်ရာတို့နှင့် မအပ်စပ်ကြောင်း မိန့်ဆိုပြီးလျှင် ရဟန်းတို့ သုံးစွဲသော မြင့်မြတ်သည့်နေရာသုံးမျိုးကို ဟောကြားတော်မူလေသည်။

ယင်းတို့မှာ နတ်တို့၏ မြတ်သောနေခြင်း (ဈာန်လေးပါးဖြင့်နေခြင်း)၊ ဗြဟ္မာတို့၏ မြတ်သောနေခြင်း (ဗြဟ္မာ ဝိဟာရလေးပါးဖြင့်နေခြင်း)၊ အရိယာ တို့၏ မြတ်သောနေခြင်း (သမာပတ်ဝင်စား၍နေခြင်း) တို့ဖြစ်ကြောင်း။

ယင်းသုံးမျိုးတို့မှ တစ်မျိုးမျိုးဖြင့်နေသော် အသားအရေကြည်လင်ကာ အရောင်အဝါထွက်ပေါ်ကြောင်း ဟောကြားတော် မူလေသည်။

မူလပဏ္ဍာသ အဌကထာ ပါသရာသိသုတ်၌ ဘုရားရှင်တော်မြတ် ပဌာန်းတော်သုံးသပ်တော် မူစဉ်က ထွက်ပေါ်လာသေ ရောင်ခြည်တော်များသည် ယခုထက်တိုင် စကြဝဠာတွင် ပျံ့နှံ့တည်ရှိလျက်ရှိကြောင်း အတိအကျဖွင့်ဆို ထား၏။

ဘုရားရှင်၏ ရောင်ခြည်တော်သည်နေရောင်သင့်သဖြင့် ပွင့်လာသော ကြာပဒုမ္မာ၊ ကြာနီ၊ ကြာညို၊ ကြာပုဏရိက် တို့ဖြင့် တန်ဆာဆင်အပ်သော ရေအပြင်ဝယ် ကြယ်အပေါင်းတို့၌ ရောင်ခြည်ကွန်ရက် ဖြန့်ကြက်လျက်

ပြိုးပြိုးပြက်ပြက် တင့်တယ်စွာတောက်ပသော ကောင်းကင်အပြင်ကဲ့သို့ အညို၊ အရွှေ၊ အနီ၊ အဝါ အစရှိသော ဆန်းကြယ်သော ရောင်ခြည်တော်အဝန်းဖြင့် တင့်တယ်သောဆည်းဆာရောင် တို့ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*