ကေလးငယ္ေတြေခ်ာင္းအရမ္းဆိုးေနလို႕ ေဆး႐ုံေဆးခန္းသြားဖို႔မလြယ္ရင္

ကေလးငယ္ေတြေခ်ာင္းအရမ္းဆိုးေနရင္

ကေလးငယ္ေလးေတြေခ်ာင္းဆိုးတဲ့အခါ ကေလးလည္းပင္ပန္း၊ မိဘေတြလည္း အိပ္ေရးပ်က္ရ၊စိုးရိမ္ရနဲ႔ အရမ္းကိုအလုပ္ရႈပ္ပါတယ္။

ဒါေၾကာင့္ အိမ္က ကေလးေလးေတြ ေခ်ာင္းဆိုးတဲ့အခါ ေဆး႐ုံေဆးခန္းသြားဖို႔မလြယ္တဲ့အခ်ိန္ေတြမွာ ဒီအေရးေပၚနည္းလမ္းေလးေတြနဲ႔ ေခ်ာင္းဆိုးသက္သာေအာင္ လုပ္ေပးနိုင္ပါတယ္။

ၾကက္သြန္နီ၊ၾကက္သြန္ျဖဴ၊ႏြားနို႔

ၾကက္သြန္နီတစ္လုံးကိုေရစင္ေအာင္ေဆးၿပီး အတုံးေလးေတြတုံးထားပါပါ။ ၾကက္သြန္ျဖဴအမႊာတစ္မႊာကိုအခြံခြာထားပါ။

အိုးတစ္ခုထဲကို ႏြားနို႔တစ္လီတာထည့္ၿပီး အတုံးေလးေတြတုံးထားတဲ့ၾကက္သြန္နီနဲ႔ၾကက္သြန္ျဖဴကိုထည့္ၿပီး ဆူလာသည္အထိက်ိဳေပးပါ။ ၿပီးရင္ မီးဖိုေပၚကခ်ၿပီး အေအးခံကာ ကေလးငယ္ကို မနက္တစ္ခြက္၊ညတစ္ခြက္ တိုက္ေပးနိုင္ပါၿပီ။

နာနတ္သီးေဖ်ာ္ရည္

နာနတ္သီးမွာ bromelain လို႔ေခၚတဲ့ျဒပ္ေပါင္းတစ္မ်ိဳးႂကြယ္ဝစြာပါဝင္တာေၾကာင့္ ခႏၶာကိုယ္တြင္းေရာင္ရမ္းတာေတြကိုသက္သာေစၿပီး လည္ေခ်ာင္းထဲက သလိပ္ေတြကိုရွင္းေစတဲ့အစြမ္းရွိပါတယ္။

ဒါေၾကာင့္ ကေလးငယ္ေတြေခ်ာင္းဆိုးရင္ နာနတ္သီးကိုေဖ်ာ္ၿပီးတိုက္နိုင္ပါတယ္။

ျပဳလုပ္နည္း – နာနတ္သီးတစ္ျခမ္း ၊ ခ်င္းအနည္းငယ္နဲ႔ပ်ားရည္တစ္ဇြန္း၊တို႔ကို blender ထဲထည့္ႀကိတ္ၿပီး ရလာတဲ့အရည္ကို ေရစစ္သန္႔သန္႔နဲ႔စစ္ကာ ကေလးကို နည္းနည္းခ်င္းတိုက္ေပးလိုက္႐ုံပါပဲ။

ခ်င္း

ခ်င္းမႈန္႔အနည္းငယ္ကို အဝတ္စနဲ႔ထုပ္ၿပီး အိပ္ရာမဝင္ခင္ ကေလးရဲ့ရင္ဘတ္မွာ ကပ္ထားေပးၿပီး ကေလးအိပ္ေပ်ာ္သြားခ်ိန္မွာ ခြာေပးပါ။ ကေလးရဲ့အသားအေရကႏုနယ္လြန္းတာေၾကာင့္ အသားနဲ႔တိုက္ရိုက္ထိေတြ႕ၿပီးမကပ္ဘဲ အကၤ်ီေပၚကေနပဲကပ္ေပးရမွာျဖစ္ပါတယ္။

နႏြင္း၊ႏြားနို႔

ႏြားနို႔ကိုဆူပြက္ေအာင္က်ိဳၿပီး နႏြင္းတစ္ဇြန္းထည့္ကာ အိပ္ရာမဝင္ခင္မွာ ကေလးကိုတိုက္ေပးလိုက္ပါ။ ဒါက အိႏၵိယလူမ်ိဳးေတြရဲ့ အစြမ္းထက္ ရိုးရာနည္းလမ္းတစ္ခုျဖစ္ပါတယ္။

ပင္လယ္ဆား

ပင္လယ္ဆားကိုနည္းနည္းေလာက္ေႏြးလာေအာင္အပူေပးၿပီး ကေလးရဲ့ေျခဖဝါးႏွစ္ဖက္မွာကပ္ကာ အဝတ္စေလးနဲ႔စည္းထားေပးလိုက္ပါ။

ဆားေတြလုံးဝေအးသြားတဲ့အထိေစာင့္ၿပီး စည္းထားတဲ့အဝတ္ေတြကို ျပန္ျဖည္ေပးလိုက္ပါ။ ကေလးအသားမေလာင္သြားေအာင္ ဆားကိုအရမ္းႀကီးပူေအာင္ အပူမေပးမိဖို႔ သတိထားပါ။

ေရေႏြးေငြ႕နဲ႔ေရခ်ိဳးေပးပါ

ေရခ်ိဳးခန္းထဲမွာ ေရေႏြးကိုဖြင့္ထားၿပီး တံခါးကိုပိတ္ထားပါ။ ေရခ်ိဳးခန္းထဲ ေရေႏြးေငြ႕ေတြျပည့္လာတဲ့အခ်ိန္မွာ အဲ့ဒီေရခ်ိဳးခန္းထဲမွာ ကေလးကိုေရေႏြးေလးနဲ႔ေရခ်ိဳးေပးပါ။

ေရေႏြးေငြ႕က လည္ပင္းထဲကခၽြဲ သလိပ္ေတြကို ရွင္းလင္းေစၿပီး ေခ်ာင္းဆိုးတာကိုသက္သာေစပါတယ္။

ခရက္ဒစ္မူရင္း

Unicode

ကလေးငယ်တွေချောင်းအရမ်းဆိုးနေရင်

ကလေးငယ်လေးတွေချောင်းဆိုးတဲ့အခါ ကလေးလည်းပင်ပန်း၊ မိဘတွေလည်း အိပ်ရေးပျက်ရ၊စိုးရိမ်ရနဲ့ အရမ်းကိုအလုပ်ရှုပ်ပါတယ်။

ဒါကြောင့် အိမ်က ကလေးလေးတွေ ချောင်းဆိုးတဲ့အခါ ဆေးရုံဆေးခန်းသွားဖို့မလွယ်တဲ့အချိန်တွေမှာ ဒီအရေးပေါ်နည်းလမ်းလေးတွေနဲ့ ချောင်းဆိုးသက်သာအောင် လုပ်ပေးနိုင်ပါတယ်။

ကြက်သွန်နီ၊ကြက်သွန်ဖြူ၊နွားနို့

ကြက်သွန်နီတစ်လုံးကိုရေစင်အောင်ဆေးပြီး အတုံးလေးတွေတုံးထားပါပါ။ ကြက်သွန်ဖြူအမွှာတစ်မွှာကိုအခွံခွာထားပါ။

အိုးတစ်ခုထဲကို နွားနို့တစ်လီတာထည့်ပြီး အတုံးလေးတွေတုံးထားတဲ့ကြက်သွန်နီနဲ့ကြက်သွန်ဖြူကိုထည့်ပြီး ဆူလာသည်အထိကျိုပေးပါ။ ပြီးရင် မီးဖိုပေါ်ကချပြီး အအေးခံကာ ကလေးငယ်ကို မနက်တစ်ခွက်၊ညတစ်ခွက် တိုက်ပေးနိုင်ပါပြီ။

နာနတ်သီးဖျော်ရည်

နာနတ်သီးမှာ bromelain လို့ခေါ်တဲ့ဒြပ်ပေါင်းတစ်မျိုးကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းရောင်ရမ်းတာတွေကိုသက်သာစေပြီး လည်ချောင်းထဲက သလိပ်တွေကိုရှင်းစေတဲ့အစွမ်းရှိပါတယ်။

ဒါကြောင့် ကလေးငယ်တွေချောင်းဆိုးရင် နာနတ်သီးကိုဖျော်ပြီးတိုက်နိုင်ပါတယ်။

ပြုလုပ်နည်း – နာနတ်သီးတစ်ခြမ်း ၊ ချင်းအနည်းငယ်နဲ့ပျားရည်တစ်ဇွန်း၊တို့ကို blender ထဲထည့်ကြိတ်ပြီး ရလာတဲ့အရည်ကို ရေစစ်သန့်သန့်နဲ့စစ်ကာ ကလေးကို နည်းနည်းချင်းတိုက်ပေးလိုက်ရုံပါပဲ။

ချင်း

ချင်းမှုန့်အနည်းငယ်ကို အဝတ်စနဲ့ထုပ်ပြီး အိပ်ရာမဝင်ခင် ကလေးရဲ့ရင်ဘတ်မှာ ကပ်ထားပေးပြီး ကလေးအိပ်ပျော်သွားချိန်မှာ ခွာပေးပါ။ ကလေးရဲ့အသားအရေကနုနယ်လွန်းတာကြောင့် အသားနဲ့တိုက်ရိုက်ထိတွေ့ပြီးမကပ်ဘဲ အင်္ကျီပေါ်ကနေပဲကပ်ပေးရမှာဖြစ်ပါတယ်။

နနွင်း၊နွားနို့

နွားနို့ကိုဆူပွက်အောင်ကျိုပြီး နနွင်းတစ်ဇွန်းထည့်ကာ အိပ်ရာမဝင်ခင်မှာ ကလေးကိုတိုက်ပေးလိုက်ပါ။ ဒါက အိန္ဒိယလူမျိုးတွေရဲ့ အစွမ်းထက် ရိုးရာနည်းလမ်းတစ်ခုဖြစ်ပါတယ်။

ပင်လယ်ဆား

ပင်လယ်ဆားကိုနည်းနည်းလောက်နွေးလာအောင်အပူပေးပြီး ကလေးရဲ့ခြေဖဝါးနှစ်ဖက်မှာကပ်ကာ အဝတ်စလေးနဲ့စည်းထားပေးလိုက်ပါ။

ဆားတွေလုံးဝအေးသွားတဲ့အထိစောင့်ပြီး စည်းထားတဲ့အဝတ်တွေကို ပြန်ဖြည်ပေးလိုက်ပါ။ ကလေးအသားမလောင်သွားအောင် ဆားကိုအရမ်းကြီးပူအောင် အပူမပေးမိဖို့ သတိထားပါ။

ရေနွေးငွေ့နဲ့ရေချိုးပေးပါ

ရေချိုးခန်းထဲမှာ ရေနွေးကိုဖွင့်ထားပြီး တံခါးကိုပိတ်ထားပါ။ ရေချိုးခန်းထဲ ရေနွေးငွေ့တွေပြည့်လာတဲ့အချိန်မှာ အဲ့ဒီရေချိုးခန်းထဲမှာ ကလေးကိုရေနွေးလေးနဲ့ရေချိုးပေးပါ။

ရေနွေးငွေ့က လည်ပင်းထဲကချွဲ သလိပ်တွေကို ရှင်းလင်းစေပြီး ချောင်းဆိုးတာကိုသက်သာစေပါတယ်။

ခရက်ဒစ်မူရင်း

Be the first to comment

Leave a Reply

Your email address will not be published.


*