မၾကာခဏ ေခါင္းကိုက္တတ္ရင္

ေခါင္းကိုက္တာက ေတာ္ေတာ္ မ်ား မ်ားႀကဳံေတြ႕ရတတ္တဲ့ ျပႆနာ တစ္ခုပါ။ ေခါင္းကိုက္တာ ေဝဒနာႀကီးႀကီး မားမားမဟုတ္ေပမဲ့ ေန႔စဥ္အလုပ္ ေတြမွာ ေတာ့ ေတာ္ေတာ္ေလးထိခိုက္ေစႏိုင္ပါ တယ္။

တစ္ခါတေလမွာဆိုရင္ ေခါင္း ကိုက္တာေၾကာင့္ ေနရထိုင္ရမအီမသာ ျဖစ္တာ၊ ေအာ့အန္တာမ်ိဳးေတြထိေတာင္ ျဖစ္တတ္ ပါေသးတယ္။

ေခါင္းကိုက္တာကို အ မ်ားဆုံး ျဖစ္ ေစႏိုင္တဲ့ အေၾကာင္း အရင္းေတြကေတာ့

စိတၹိစီးတာ

ဖိအားမ်ားတာ

အနားမရေအာင္ အလုပ္ေတြ မ်ားေနတာ

ႏွာေစးႏွာပိတ္ျဖစ္ေနတာ

ေခါင္းတစ္ျခမ္းကိုက္ေဝဒနာခံစား ေနရ တာ

အိပ္ေရးပ်က္တာ

ေရဓာတ္မလုံေလာက္တာေတြၾကာင့္ ေခါင္းကိုက္ၾကတာမ်ားပါတယ္။

သဘာဝနည္းေတြနဲ႔လည္း ေခါင္း ကိုက္ တာကို သက္သာေအာင္လုပ္လို႔ရပါ တယ္။

ဥပမာေျပာျပရရင္ လက္မနဲ႔လက္ ညိဳး ၾကားေနရာေလးကို တစ္မိနစ္ေလာက္ ခပ္ဖြဖြလး ဖိထားတာမ်ိဳး လုပ္ေပးပါ။ ဒီလိုလုပ္ေပးတာက ေခါင္းကိုက္တာကို သက္သာေစႏိုင္တဲ့လြယ္ကူ႐ိုးစင္းတဲ့နည္းလမ္းတစ္ခုပါ။ လက္ကို တစ္ဖက္ၿပီး တစ္ဖက္ႏွိပ္ေပးပါ။

ေရေသာက္ပါ – ေရဓာတ္နည္းလာနဲ႔ အခါ မ်ိဳးမွာလည္း ေခါင္းကိုက္တတ္ပါတယ္။ ဒါေၾကာင့္ ေခါင္းကိုက္လာၿပီဆိုရင္ ေရ တစ္ ခြက္ေလာက္ေသာက္လိုက္ပါေနာ္။

ေရကို ေသာက္လို႔ရသလို ေရနဲ႔အတူ sport drinks တစ္ခုခုကို တြဲေသာက္ေပးလို႔ လည္း ရပါတယ္။ Sport drinks မွာပါတဲ့electrolytes ကလည္းေခါင္းကိုက္တာ ကို သက္သာေစႏိုင္ပါ တယ္။

ေရခဲဝတ္ကပ္ေပးပါ – ေခါင္းကိုက္ရင္ နဖူးေပၚကို ေရခဲဝတ္တင္ေပးပါ။ ဦးေခါင္း ခြံထဲမွာရွိတဲ့ ေသြးေၾကာေတြကို ေျပေလ်ာ့ ေစၿပီး ေသြးစီးဆင္းမႈေကာင္းမြန္ ေစတာ ေၾကာင့္ ေခါင္းကိုက္တာကို သက္သာ ေစ မွာပါ။

ေရေႏြးဝတ္ကပ္ေပးပါ- လည္ဂုတ္ကို ေရ ေႏြးဝတ္ကပ္ေပးတာ ေခါင္းကိုက္တာကို သက္သာေစႏိုင္ပါတယ္။ အေႏြးဓာတ္က ႂကြက္သားေတြကို ေျပေလ်ာ့ေစတာ ေၾကာင့္ ေခါင္းကိုက္တာကိုသက္သာေစ ႏိုင္ပါတယ္။ ေရေႏြးဝတ္မကပ္ ခ်င္ဘူး ဆိုပါက ေရေႏြးေႏြးေလးနဲ႔ ေရခ်ိဳးေပးလို႔ ရပါတယ္။

သံပ႐ိုသီး/ သံပရာသီး – သံပ႐ိုသီး၊ သံပရာ သီးတို႔က ေခါင္းကိုက္တာကိုသိသိသာ သာ သက္သာေစႏိုင္ပါတယ္။ရနံ႔ကလန္း ဆန္း ေစၿပီး အရသာက ေခါင္းၾကည္ေစႏိုင္ပါ တယ္။ ကိုယ္တြင္း acid-alkaline ကို ထိန္း ညႇိေပးႏိုင္စြမ္းရွိပါတယ္။

ေရခပ္ေႏြးေႏြးထဲကို သံပ႐ိုသီး ဒါမွမဟုတ္ သံပရာသီးတစ္ျခမ္းကို ညႇစ္ထည့္ ၿပီး ေသာက္သုံးေပးပါ။ ေခါင္းကိုက္တာ သက္ သာေစမွာ အေသအခ်ာပါ။

ပန္းသီး -ပန္းသီးေရာ ပန္းသီးရွာလကာရည္ကပါေခါင္းကိုက္တာကိုသက္သာ ေစ ႏိုင္ ပါတယ္။ သည္ႏွစ္မ်ိဳးစလုံးက ကိုယ္ တြင္းacid-alkaline ပမာဏကိုထိန္း ညႇိေပးႏိုင္စြမ္းရွိပါတယ္။

ေခါင္းကိုက္ကိုက္နဲ႔ အိပ္ရာကေနႏိုး ထ ခဲ့မယ္ဆိုရင္ေတာ့ ပန္းသီးစိတ္ေလးကို ဆားနဲ႔တို႔စားလိုက္ပါ။ ၿပီးရင္ေတာ့ ေရခပ္ ေႏြးေႏြးေလး ေသာက္ခ်လိုက္ေနာ္။

ေနာက္တစ္နည္းကေတာ့ ေရေႏြးထဲကို ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္း သုံးဇြန္း၊ေလးဇြန္းေလာက္ထည့္ၿပီး ေခါင္း ေပၚမွာ ပဝါအုပ္လို႔ ၁၀ မိနစ္ကေန ၁၅ မိနစ္ေလာက္ေရေႏြးေငြ႕ခံေပးပါ။

ေနာက္ ဆုံး တစ္နည္းကေတာ့ ေရတစ္ဖန္ခြက္ စာထဲကို ပန္းသီးရွာလကာရည္ လက္ဖက္ ရည္ဇြန္း ႏွစ္ ဇြန္းထည့္ၿပီး ပ်ားရည္နဲ႔သံပု ရာ ရည္နည္းနည္းေလးညႇစ္လို႔ ေသာက္ လိုက္ ပါ။

ပူစီနံ -ပူစီနံက ေခါင္းကိုက္သက္သာေစ ႏိုင္ ပါတယ္။ ေရေႏြးထဲကို အေျခာက္ခံ ထားတဲ့ ပူစီနံ႐ြက္နည္းနည္းထည့္ၿပီး ၁၀ မိနစ္ေလာက္ ႏွပ္ထားလိုက္ပါ။ ၿပီးရင္ ပ်ားရည္တစ္ဇြန္းစာေလာက္ေရာထည့္လို႔ ျဖည္းျဖည္းခ်င္းေသာက္ေပးပါ။

ခ်င္း(ဂ်င္း)- ေရာင္ရမ္းမႈကို သက္သာေစ ႏိုင္တဲ့ခ်င္း(ဂ်င္း)က ေခါင္းကိုက္တာကို လည္း သက္သာေစႏိုင္ပါ တယ္။

ဦးေခါင္း ထဲက ေသြး ေၾကာေတြကို ေျပေလ်ာ့ ေစၿပီး ဦးေႏွာက္ ေရာင္ရမ္းတာကို ေလ်ာ့ပါး သက္သာ ေစႏိုင္ပါတယ္။ ေရ ေႏြထဲကို ခ်င္း (ဂ်င္း) တစ္ျပား ႐ိုက္ၿပီး ဆားနည္း နည္း နဲ႔ထည့္လို႔ ၁၀ မိနစ္ေလာက္ႏွပ္ၿပီး ေသာက္ ေပးပါ။

သစ္ႀကံပိုးေခါက္ -သစ္ႀကံပိုးေခါက္ က ေခါင္းကိုက္တာကို သက္သာေစတဲ့သဘာ ဝေဆးတစ္မ်ိဳးေပါ့။ အဖ်ားရွိလို႔ ေခါင္း ကိုက္တာေတြအတြက္ အေကာင္း ဆုံးပါ။ သစ္ႀကံပိုးေခါက္ကို အမႈန႔္ႀကိတ္ လိုက္ပါ။

ၿပီးရင္ေရနည္းနည္းထည့္ၿပီး ခပ္ပ်စ္ပ်စ္ ေလးေဖ်ာ္လိုက္ပါ။ အႏွစ္ျဖစ္ေလ  ေကာင္း ေလပါ။ ၿပီးရင္ေတာ့ နဖူးနဲ႔ နားထင္ေတြမွာလိမ္းၿပီး မိနစ္ ၃၀ ေလာက္ သက္ေသာင့္ သက္သာေလးလွဲေနေပးပါ။ ၿပီးရင္ေတာ့ ေရေႏြးေႏြးေလးနဲ႔ ေဆးခ် ေပးလိုက္ပါ။

ကြမ္း႐ြက္ -ကြမ္း႐ြက္ လတ္လတ္ဆတ္ ဆတ္ ႏွစ္႐ြက္၊ သုံး ႐ြက္ေလာက္ကို ႀကိတ္ ေျခလိုက္ ပါ။ ရလာတဲ့အႏွစ္ကို နဖူးနဲ႔ နား ထင္တို႔မွာ လိမ္းေပးလိုက္ပါ။ နာရီဝက္ ေလာက္ ထား လိုက္ပါ။ ေခါင္းကိုက္ သက္ သာသြား ပါလိမ့္ မယ္။

ဒါမွမဟုတ္ ကြမ္း႐ြက္ အ႐ြယ္ေတာ္ တစ္ ႐ြက္ ဒါမွမဟုတ္ ႏွစ္႐ြက္ကို ေရစင္ စင္ ေလးေဆးၿပီး ဝါးစားလိုက္ပါ။

ေခါင္းကိုက္ရင္ သည္နည္း ေလး ေတြ စမ္းသပ္ၾကည့္လိုက္ပါ။ ေခါင္းက မၾကာခဏဆိုသလို ကိုက္ေနတတ္တယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ ျပသၾကည့္ဖို႔ အႀကံျပဳပါရေစ။

မေအးသီမြန္

Unicode

ခေါင်းကိုက်တာက တော်တော် များ များကြုံတွေ့ရတတ်တဲ့ ပြဿနာ တစ်ခုပါ။ ခေါင်းကိုက်တာ ဝေဒနာကြီးကြီး မားမားမဟုတ်ပေမဲ့ နေ့စဉ်အလုပ် တွေမှာ တော့ တော်တော်လေးထိခိုက်စေနိုင်ပါ တယ်။

တစ်ခါတလေမှာဆိုရင် ခေါင်း ကိုက်တာကြောင့် နေရထိုင်ရမအီမသာ ဖြစ်တာ၊ အော့အန်တာမျိုးတွေထိတောင် ဖြစ်တတ် ပါသေးတယ်။

ခေါင်းကိုက်တာကို အ များဆုံး ဖြစ် စေနိုင်တဲ့ အကြောင်း အရင်းတွေကတော့

စိတ္ဖိစီးတာ

ဖိအားများတာ

အနားမရအောင် အလုပ်တွေ များနေတာ

နှာစေးနှာပိတ်ဖြစ်နေတာ

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစား နေရ တာ

အိပ်ရေးပျက်တာ

ရေဓာတ်မလုံလောက်တာတွေကြာင့် ခေါင်းကိုက်ကြတာများပါတယ်။

သဘာဝနည်းတွေနဲ့လည်း ခေါင်း ကိုက် တာကို သက်သာအောင်လုပ်လို့ရပါ တယ်။

ဥပမာပြောပြရရင် လက်မနဲ့လက် ညိုး ကြားနေရာလေးကို တစ်မိနစ်လောက် ခပ်ဖွဖွလး ဖိထားတာမျိုး လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ခေါင်းကိုက်တာကို သက်သာစေနိုင်တဲ့လွယ်ကူရိုးစင်းတဲ့နည်းလမ်းတစ်ခုပါ။ လက်ကို တစ်ဖက်ပြီး တစ်ဖက်နှိပ်ပေးပါ။

ရေသောက်ပါ – ရေဓာတ်နည်းလာနဲ့ အခါ မျိုးမှာလည်း ခေါင်းကိုက်တတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာပြီဆိုရင် ရေ တစ် ခွက်လောက်သောက်လိုက်ပါနော်။

ရေကို သောက်လို့ရသလို ရေနဲ့အတူ sport drinks တစ်ခုခုကို တွဲသောက်ပေးလို့ လည်း ရပါတယ်။ Sport drinks မှာပါတဲ့electrolytes ကလည်းခေါင်းကိုက်တာ ကို သက်သာစေနိုင်ပါ တယ်။

ရေခဲဝတ်ကပ်ပေးပါ – ခေါင်းကိုက်ရင် နဖူးပေါ်ကို ရေခဲဝတ်တင်ပေးပါ။ ဦးခေါင်း ခွံထဲမှာရှိတဲ့ သွေးကြောတွေကို ပြေလျော့ စေပြီး သွေးစီးဆင်းမှုကောင်းမွန် စေတာ ကြောင့် ခေါင်းကိုက်တာကို သက်သာ စေ မှာပါ။

ရေနွေးဝတ်ကပ်ပေးပါ- လည်ဂုတ်ကို ရေ နွေးဝတ်ကပ်ပေးတာ ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ အနွေးဓာတ်က ကြွက်သားတွေကို ပြေလျော့စေတာ ကြောင့် ခေါင်းကိုက်တာကိုသက်သာစေ နိုင်ပါတယ်။ ရေနွေးဝတ်မကပ် ချင်ဘူး ဆိုပါက ရေနွေးနွေးလေးနဲ့ ရေချိုးပေးလို့ ရပါတယ်။

သံပရိုသီး/ သံပရာသီး – သံပရိုသီး၊ သံပရာ သီးတို့က ခေါင်းကိုက်တာကိုသိသိသာ သာ သက်သာစေနိုင်ပါတယ်။ရနံ့ကလန်း ဆန်း စေပြီး အရသာက ခေါင်းကြည်စေနိုင်ပါ တယ်။ ကိုယ်တွင်း acid-alkaline ကို ထိန်း ညှိပေးနိုင်စွမ်းရှိပါတယ်။

ရေခပ်နွေးနွေးထဲကို သံပရိုသီး ဒါမှမဟုတ် သံပရာသီးတစ်ခြမ်းကို ညှစ်ထည့် ပြီး သောက်သုံးပေးပါ။ ခေါင်းကိုက်တာ သက် သာစေမှာ အသေအချာပါ။

ပန်းသီး -ပန်းသီးရော ပန်းသီးရှာလကာရည်ကပါခေါင်းကိုက်တာကိုသက်သာ စေ နိုင် ပါတယ်။ သည်နှစ်မျိုးစလုံးက ကိုယ် တွင်းacid-alkaline ပမာဏကိုထိန်း ညှိပေးနိုင်စွမ်းရှိပါတယ်။

ခေါင်းကိုက်ကိုက်နဲ့ အိပ်ရာကနေနိုး ထ ခဲ့မယ်ဆိုရင်တော့ ပန်းသီးစိတ်လေးကို ဆားနဲ့တို့စားလိုက်ပါ။ ပြီးရင်တော့ ရေခပ် နွေးနွေးလေး သောက်ချလိုက်နော်။

နောက်တစ်နည်းကတော့ ရေနွေးထဲကို ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း သုံးဇွန်း၊လေးဇွန်းလောက်ထည့်ပြီး ခေါင်း ပေါ်မှာ ပဝါအုပ်လို့ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ရေနွေးငွေ့ခံပေးပါ။

နောက် ဆုံး တစ်နည်းကတော့ ရေတစ်ဖန်ခွက် စာထဲကို ပန်းသီးရှာလကာရည် လက်ဖက် ရည်ဇွန်း နှစ် ဇွန်းထည့်ပြီး ပျားရည်နဲ့သံပု ရာ ရည်နည်းနည်းလေးညှစ်လို့ သောက် လိုက် ပါ။

ပူစီနံ -ပူစီနံက ခေါင်းကိုက်သက်သာစေ နိုင် ပါတယ်။ ရေနွေးထဲကို အခြောက်ခံ ထားတဲ့ ပူစီနံရွက်နည်းနည်းထည့်ပြီး ၁၀ မိနစ်လောက် နှပ်ထားလိုက်ပါ။ ပြီးရင် ပျားရည်တစ်ဇွန်းစာလောက်ရောထည့်လို့ ဖြည်းဖြည်းချင်းသောက်ပေးပါ။

ချင်း(ဂျင်း)- ရောင်ရမ်းမှုကို သက်သာစေ နိုင်တဲ့ချင်း(ဂျင်း)က ခေါင်းကိုက်တာကို လည်း သက်သာစေနိုင်ပါ တယ်။

ဦးခေါင်း ထဲက သွေး ကြောတွေကို ပြေလျော့ စေပြီး ဦးနှောက် ရောင်ရမ်းတာကို လျော့ပါး သက်သာ စေနိုင်ပါတယ်။ ရေ နွေထဲကို ချင်း (ဂျင်း) တစ်ပြား ရိုက်ပြီး ဆားနည်း နည်း နဲ့ထည့်လို့ ၁၀ မိနစ်လောက်နှပ်ပြီး သောက် ပေးပါ။

သစ်ကြံပိုးခေါက် -သစ်ကြံပိုးခေါက် က ခေါင်းကိုက်တာကို သက်သာစေတဲ့သဘာ ဝဆေးတစ်မျိုးပေါ့။ အဖျားရှိလို့ ခေါင်း ကိုက်တာတွေအတွက် အကောင်း ဆုံးပါ။ သစ်ကြံပိုးခေါက်ကို အမှုန့်ကြိတ် လိုက်ပါ။

ပြီးရင်ရေနည်းနည်းထည့်ပြီး ခပ်ပျစ်ပျစ် လေးဖျော်လိုက်ပါ။ အနှစ်ဖြစ်လေ  ကောင်း လေပါ။ ပြီးရင်တော့ နဖူးနဲ့ နားထင်တွေမှာလိမ်းပြီး မိနစ် ၃၀ လောက် သက်သောင့် သက်သာလေးလှဲနေပေးပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချ ပေးလိုက်ပါ။

ကွမ်းရွက် -ကွမ်းရွက် လတ်လတ်ဆတ် ဆတ် နှစ်ရွက်၊ သုံး ရွက်လောက်ကို ကြိတ် ခြေလိုက် ပါ။ ရလာတဲ့အနှစ်ကို နဖူးနဲ့ နား ထင်တို့မှာ လိမ်းပေးလိုက်ပါ။ နာရီဝက် လောက် ထား လိုက်ပါ။ ခေါင်းကိုက် သက် သာသွား ပါလိမ့် မယ်။

ဒါမှမဟုတ် ကွမ်းရွက် အရွယ်တော် တစ် ရွက် ဒါမှမဟုတ် နှစ်ရွက်ကို ရေစင် စင် လေးဆေးပြီး ဝါးစားလိုက်ပါ။

ခေါင်းကိုက်ရင် သည်နည်း လေး တွေ စမ်းသပ်ကြည့်လိုက်ပါ။ ခေါင်းက မကြာခဏဆိုသလို ကိုက်နေတတ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပြုပါရစေ။

မအေးသီမွန်

Be the first to comment

Leave a Reply

Your email address will not be published.


*