(၅)မိနစ္အတြင္း ဘဏ္အႏုၾကမ္းစီးၿပီး ေဒၚလာတစ္သိန္းေက်ာ္လုသြားတဲ့ ဆယ္လီ႐ူးမေလး

(၅)မိနစ္အတြင္း ဘဏ္အႏုၾကမ္းစီးၿပီး ေဒၚလာတစ္သိန္းေက်ာ္လုသြားတဲ့ ဆယ္လီ႐ူးမေလး

ဗီယက္နမ္ဆယ္လီမေလးတစ္ေယာက္ကေတာ့ သူမရဲ႕ဘဝ ခုတ္ရာတျခား၊ ရွရာတလြဲ ျဖစ္လာတဲ့အခ်ိန္မွာ အေႂကြးႏြံနစ္ေနတဲ့ဒဏ္ကို ေျဖရွင္းဖို႔အတြက္ ဘဏ္အႏုၾကမ္းစီးဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ အသက္(၂၄)ႏွစ္အ႐ြယ္သာရွိေသးတဲ့ အဆိုပါ ေကာင္မေလးရဲ႕အမည္ကိုေတာ့ Kang Pi လို႔ သိရပါတယ္။

သူမဟာ Kang Pi ( Phùng Thị Thắng ) အမည္ရ YouTube ခ်န္နယ္မွာ ဗြီဒီယိုေတြ တင္ထားပါတယ္။

ဒါေပမယ့္ သူမရဲ႕ခ်န္နယ္မွာ Sub လုပ္သူ (၁၀၀)ဦးေတာင္ မရွိေသးပါဘူး။ သူမဟာ သ႐ုပ္ေဆာင္နဲ႔ ေဖ်ာ္ေျဖေရးနယ္ပယ္ကို ဝင္ေရာက္ခ်င္တဲ့အတြက္ အဆိုၿပိဳင္ပြဲေတြ၊ ဂိမ္းရႈိးေတြ၊ တယ္လီေဗးရွင္းအစီအစဥ္ေတြကို ေငြကုန္ေၾကးက်ခံၿပီး ပါဝင္ခဲ့ပါတယ္။

ဒါေပမယ့္ သူမကို ဘယ္သူကမွ အႏုပညာနယ္ပယ္ထဲကို လက္တြဲေခၚယူခ်င္သူ မရွိဘဲ၊ ေငြကုန္သံျပာဘဝနဲ႔ လုံးလည္လိုက္ေနခဲ့ပါတယ္။

အဆိုဘက္မွာ ေသခ်ာေလ့က်င့္ရင္ လမ္းေၾကာင္းတစ္ခု ျဖစ္လာႏိုင္တယ္လို႔ ဝါရင့္အဆိုေက်ာ္ႀကီးက မွတ္ခ်က္ခ်ခံရဘူးတဲ့ သူမဟာ ဗီယက္နမ္ရဲ႕နာမည္ေက်ာ္သ႐ုပ္ေဆာင္ေတြနဲ႔လည္း တစ္ခန္းတဒဂၤမွ် အတူတူသ႐ုပ္ေဆာင္ဖူးပါတယ္။

ဒါေပမယ့္ နာမည္ႀကီးဖို႔ ပါရမီကံနည္းပါးလြန္းလွတဲ့ သူမအတြက္ေတာ့ ႀကိဳစားသမွ်က အရာမထင္ခဲ့ပါဘူး။ ေနာက္ဆုံး အေႂကြးႏြံနစ္ေနတာကို ဘဏ္အႏုၾကမ္းစီးတာနဲ႔ ေျဖရွင္းဖို႔ ႀကိဳးစားခဲ့ပါတယ္။

Kang Pi ဟာ ဟိုခ်ီမင္းၿမိဳ႕က TECHCOM ဘဏ္ကိုသြားေရာက္ၿပီး ေငြေတြလုယူခဲ့တာပါ။ သူမမွာ ေပါက္ကြဲေစႏိုင္တဲ့အရာဝတၳဳ ပါလာေၾကာင္း၊ ေငြေတြကို ထည့္မေပးရင္ စနက္တံကို ျဖဳတ္လိုက္မယ္လို႔ ေျပာခဲ့ပါတယ္။

ဘဏ္ဝန္ထမ္းေတြကလည္း ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ ေငြေတြ ထည့္ေပးခဲ့ရာ၊ ဗီယက္နမ္ေဒါင္ (၂.၁)ဘီလီယံအထိ ပါသြားခဲ့ပါတယ္။ တန္ဖိုးအားျဖင့္ ကန္ေဒၚလာ (၁၂၃၀၀၀)အထိ ရွိပါတယ္။

Kang ဟာ အသင့္ငွားထားတဲ့ တကၠစီနဲ႔ ေဝးရာကိုေျပးကာ အဝတ္အစားေတြ လဲလွယ္ၿပီး ဟန္မပ်က္ေနထိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ျပစ္မႈက်ဴးလြန္ၿပီး (၃)နာရီေလာက္အၾကာမွာပဲ သူမကို ထိန္းသိမ္းႏိုင္ခဲ့တာပါ။

ေပါက္ကြဲေစႏိုင္တယ္ဆိုတဲ့ ပစၥည္းကို ဘဏ္ကေန ဖယ္ရွားခဲ့ပါတယ္။ ေသခ်ာစစ္ေဆးၾကည့္ေတာ့ ဂက္စ္ဘူးေလး(၅)ခုကို ပူးခ်ည္ထားၿပီး၊ LED မီးအနီႀကိဳးတြဲလ်က္နဲ႔ ပတ္ထားပါတယ္။ ေနာက္ မီးျခစ္တစ္လုံးကိုလည္း ဓာတ္ဆီဘူးငယ္တစ္ခုနဲ႔ ပူးခ်ည္ထားပါေသးတယ္။

Kang ကို ဖမ္းဆီးၿပီးေနာက္ စစ္ေဆးတဲ့အခါ သူမ ရယူခဲ့တဲ့ပိုက္ဆံေတြထက္ အေႂကြးက ပိုမ်ားေနေသးတယ္လို႔ ေျပာပါတယ္။ သူမအေနနဲ႔ ဘာမွ ေ႐ြးခ်ယ္စရာမရွိေတာ့လို႔ ႀကံမိႀကံရာ လုပ္မိတာလို႔ ေျပာပါတယ္။

ဗီယက္နမ္ရဲတပ္ဖြဲ႕အေနနဲ႔ တကၠစီဆရာကိုလည္း ဖမ္းဆီးစစ္ေဆးေနပါတယ္။ သူကေတာ့ Kang ေသြး႐ိုးသား႐ိုး ေငြထုတ္မယ္အထင္နဲ႔ လိုက္လာခဲ့မိတာလို႔ ေျပာပါတယ္။ အမႈကို စစ္ေဆးေနဆဲပါ။

Credit https://realthadin.net/

Unicode

(၅)မိနစ်အတွင်း ဘဏ်အနုကြမ်းစီးပြီး ဒေါ်လာတစ်သိန်းကျော်လုသွားတဲ့ ဆယ်လီရူးမလေး

ဗီယက်နမ်ဆယ်လီမလေးတစ်ယောက်ကတော့ သူမရဲ့ဘဝ ခုတ်ရာတခြား၊ ရှရာတလွဲ ဖြစ်လာတဲ့အချိန်မှာ အကြွေးနွံနစ်နေတဲ့ဒဏ်ကို ဖြေရှင်းဖို့အတွက် ဘဏ်အနုကြမ်းစီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အသက်(၂၄)နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါ ကောင်မလေးရဲ့အမည်ကိုတော့ Kang Pi လို့ သိရပါတယ်။

သူမဟာ Kang Pi ( Phùng Thị Thắng ) အမည်ရ YouTube ချန်နယ်မှာ ဗွီဒီယိုတွေ တင်ထားပါတယ်။

ဒါပေမယ့် သူမရဲ့ချန်နယ်မှာ Sub လုပ်သူ (၁၀၀)ဦးတောင် မရှိသေးပါဘူး။ သူမဟာ သရုပ်ဆောင်နဲ့ ဖျော်ဖြေရေးနယ်ပယ်ကို ဝင်ရောက်ချင်တဲ့အတွက် အဆိုပြိုင်ပွဲတွေ၊ ဂိမ်းရှိုးတွေ၊ တယ်လီဗေးရှင်းအစီအစဉ်တွေကို ငွေကုန်ကြေးကျခံပြီး ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် သူမကို ဘယ်သူကမှ အနုပညာနယ်ပယ်ထဲကို လက်တွဲခေါ်ယူချင်သူ မရှိဘဲ၊ ငွေကုန်သံပြာဘဝနဲ့ လုံးလည်လိုက်နေခဲ့ပါတယ်။

အဆိုဘက်မှာ သေချာလေ့ကျင့်ရင် လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ ဝါရင့်အဆိုကျော်ကြီးက မှတ်ချက်ချခံရဘူးတဲ့ သူမဟာ ဗီယက်နမ်ရဲ့နာမည်ကျော်သရုပ်ဆောင်တွေနဲ့လည်း တစ်ခန်းတဒင်္ဂမျှ အတူတူသရုပ်ဆောင်ဖူးပါတယ်။

ဒါပေမယ့် နာမည်ကြီးဖို့ ပါရမီကံနည်းပါးလွန်းလှတဲ့ သူမအတွက်တော့ ကြိုစားသမျှက အရာမထင်ခဲ့ပါဘူး။ နောက်ဆုံး အကြွေးနွံနစ်နေတာကို ဘဏ်အနုကြမ်းစီးတာနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။

Kang Pi ဟာ ဟိုချီမင်းမြို့က TECHCOM ဘဏ်ကိုသွားရောက်ပြီး ငွေတွေလုယူခဲ့တာပါ။ သူမမှာ ပေါက်ကွဲစေနိုင်တဲ့အရာဝတ္ထု ပါလာကြောင်း၊ ငွေတွေကို ထည့်မပေးရင် စနက်တံကို ဖြုတ်လိုက်မယ်လို့ ပြောခဲ့ပါတယ်။

ဘဏ်ဝန်ထမ်းတွေကလည်း ကြောက်ကြောက်လန့်လန့်နဲ့ ငွေတွေ ထည့်ပေးခဲ့ရာ၊ ဗီယက်နမ်ဒေါင် (၂.၁)ဘီလီယံအထိ ပါသွားခဲ့ပါတယ်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ (၁၂၃၀၀၀)အထိ ရှိပါတယ်။

Kang ဟာ အသင့်ငှားထားတဲ့ တက္ကစီနဲ့ ဝေးရာကိုပြေးကာ အဝတ်အစားတွေ လဲလှယ်ပြီး ဟန်မပျက်နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြစ်မှုကျူးလွန်ပြီး (၃)နာရီလောက်အကြာမှာပဲ သူမကို ထိန်းသိမ်းနိုင်ခဲ့တာပါ။

ပေါက်ကွဲစေနိုင်တယ်ဆိုတဲ့ ပစ္စည်းကို ဘဏ်ကနေ ဖယ်ရှားခဲ့ပါတယ်။ သေချာစစ်ဆေးကြည့်တော့ ဂက်စ်ဘူးလေး(၅)ခုကို ပူးချည်ထားပြီး၊ LED မီးအနီကြိုးတွဲလျက်နဲ့ ပတ်ထားပါတယ်။ နောက် မီးခြစ်တစ်လုံးကိုလည်း ဓာတ်ဆီဘူးငယ်တစ်ခုနဲ့ ပူးချည်ထားပါသေးတယ်။

Kang ကို ဖမ်းဆီးပြီးနောက် စစ်ဆေးတဲ့အခါ သူမ ရယူခဲ့တဲ့ပိုက်ဆံတွေထက် အကြွေးက ပိုများနေသေးတယ်လို့ ပြောပါတယ်။ သူမအနေနဲ့ ဘာမှ ရွေးချယ်စရာမရှိတော့လို့ ကြံမိကြံရာ လုပ်မိတာလို့ ပြောပါတယ်။

ဗီယက်နမ်ရဲတပ်ဖွဲ့အနေနဲ့ တက္ကစီဆရာကိုလည်း ဖမ်းဆီးစစ်ဆေးနေပါတယ်။ သူကတော့ Kang သွေးရိုးသားရိုး ငွေထုတ်မယ်အထင်နဲ့ လိုက်လာခဲ့မိတာလို့ ပြောပါတယ်။ အမှုကို စစ်ဆေးနေဆဲပါ။

Credit https://realthadin.net/

Be the first to comment

Leave a Reply

Your email address will not be published.


*