သူ့ရဲ့ pageလေး Follower(၉.၇)သန်းပြည့်သွားခဲ့လို့ပျော်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်








Source:Sai Sai Kham Leng

Unicode ဖြင့်ဖတ်ပါ

မြန်မာနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုတော့ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူကတော့အဆိုတော်တစ်ယောက်အနေနဲ့သာမကသရုပ်ဆောင်တစ်ယောက်အနေနဲ့ပါပရိသတ်အားပေးမှုကိုအခိုင်အမာရရှိထားတာဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာသူ့ရဲ့အောင်မြင်မှုတွေနဲ့နုပျိုသွတ်လက်မှုတွေကြောင့် လူကြီးလူငယ်မရွေးလေးစားအားကျနေခြင်းကိုခံနေရသူတစ်ယောက်ပါ။

လက်ရှိမှာတော့ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကြောင့်စိုင်းစိုင်းခမ်းလှိုင်ရဲ့ page လေးဟာ Follower(၉.၇)သန်းပြည့်သွားခဲ့ပါပြီ။ Likeကလည်း(၉)သန်းပြည့်သွားခဲ့ပြီဖြစ်ပြီး(၅၂%)ကအမျိုးသားတွေဖြစ်ကာ(၄၈%)ကသာအမျိုးသမီးတွေဖြစ်တယ်လို့သိရပါတယ်။

အဲဒီအကြောင်းလေးကိုတော့ စိုင်းစိုင်းခမ်းလှိုင်ကဝမ်းသာပီတိဖြစ်စွာနဲ့သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာယခုလိုပဲရေးသားဖော်ပြထားခဲ့ပါတယ်။

”ကျနော့် fan-page လေး Like ၉ သန်းပြည့်သွားပြီFollower ၉.၇ သန်းတဲ့ Like ၉ သန်းမှာ ၅၂% ကအမျိုးသားတွေဖြစ်ပါတယ် ၄၈% ကအမျိုးသမီးတွေပါအသက် ၁၈နှစ်က(၂၄)နှစ်ကြားလူငယ်တွေအများဆုံးဖြစ်ပါတယ်ရန်ကုန်မှာ ၃.၄ သန်းနဲ့အများဆုံးပါ

မန္တလေးမှာ(၁)သန်း(မန်းလေးလူဦးရေ(၁)သန်းကျော်လို့ဖတ်ဖူးတော့(၁)သန်းတောင်ကျနော့်ကို follow လုပ်ထားကြတာကြည်နူးလိုက်တာ )ပြီးတော့ဘန်ကောက်တောင်ကြီးမုံရွာမြစ်ကြီးနားမော်လမြိုင်စသဖြင့်အနှစ်နှစ်အလလကျနော့်ကို

စိတ်ဝင်စားအားပေးခဲ့ကြတဲ့အဆွေတော်များအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်းနဲ့ ဆက်ပြီးကြိုးစားပါဦးမယ်ခင်ဗျား(ကိုယ့်ကိုကိုယ်ဆင်ခြင်မိတာကလောဘပဲ ၁၀ သန်းကပြည့်ချင်သေးတာ)”ဆိုပြီးရေးသားဖော်ပြထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*